Knowledge

အခုခေတ်လူငယ်တွေမသိတော့တဲ့ ဘုရားထဲမှာ ဌာပနာထည့်သွင်းခြင်းရည်ရွယ်ချက်

Written by Aung Lay

ဘုရားထဲမှာ ဌာပနာထည့်သွင်းခြင်းရည်ရွယ်ချက်

ဘုရားထဲမှာ တန်ဖိုးရှိတဲ့အရာတွေ ဘာလို့ထည့်သွင်းထားတာတုန်း၊တချို့လည်းပဲစဉ်းစားချင်မှစဉ်းစားမှာ၊ ဘုရားထဲမှာ ဌာပနာတယ်၊ ဌာပနာဆိုတာ ထည့်သွင်းတာ၊ထည့်သွင်းခြင်း တည်ထားခြင်းလို့အဓိပ္ပါယ်ရတယ်၊

အဲဒီတော့ ရတနာတွေ ဘာကိစ္စဘုရားထဲမှာထည့်ကြတာတုန်း၊နိုင်ငံခြားသားတွေအမြင်နဲ့ကြည့်ရင်တော့ ဒါဟာ အကျိုးမရှိဘူးပြောမှာပေါ့နော်၊ ဒါတွေထည့်လိုက်လို့ဘာအကျိုးရှိမှာတုန်း၊ ဘုရားရုပ်ပွားဆင်းတုတော်ထည့်တာတော့ထားပါတော့၊

ရတနာတွေထည့်တယ်၊ အခုခေတ်လည်းထည့်တာပဲ၊ ကြည်ညိုတဲ့ပုဂ္ဂိုလ်တွေက ကိုယ့်သဒ္ဒါတရားနဲ့ကိုယ် ထည့်ကြတယ်၊ ဘာအတွက် ထည့်တာလဲဆိုတော့ကြည်ညိုလို့လှူတာပဲသိတယ်။

သို့သော် တကယ့်အစစ်အမှန်ကရည်ရွယ်ချက်ရှိတယ်၊ မြတ်စွာဘုရားပရိနိဗ္ဗာန်စံတဲ့အခါ ဘုရားရဲ့ဓာတ်တော်တွေကို ရှစ်ပြည်ထောင်မင်းတွေကိုခွဲဝေပြီးပေးလိုက်တယ်၊

ဓာတ်တော်တွေက ရှစ်ပြည်တောင်ရောက်သွားတယ်၊ ဒီဓာတ်တော်တွေကိုအန္တရာယ် ဖြစ်မှာစိုးလို့ရှင်မဟာကဿပတို့ကအဇာတသတ်မင်းနဲ့တိုင်ပင်ပြီးတော့ ဓာတ်တော်တိုက်ကြီးတစ်ခုလုပ်ပြီးဓာတ်တော်တွေစုထည့်ထားတယ်၊

အဲဒီလို စုထည့်ထားပြီးအင်မတန်တန်ဖို းရှိတဲ့ပတ္တမြားတစ်လုံးကို အဲဒီထဲမှာထည့်ထားပြီးစာရေးထားတယ်။ “နောင်တစ်ချိန်ကျရင် ဒီဓာတ်တော်တိုက်ကြီးပျက်စီးလို့ပြင်ဆင်ဖို့အတွက် ငွေကြေးမတတ်နိုင်ဘူးဆိုရင် ဒီပတ္တမြားတုံးကြီးကိုရောင်းချပြီးပြင်ပါတဲ့”။

အဲဒီတော့ ရတနာတွေထည့်သွင်းထားခဲ့တယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ သင်္ခါရသဘောတရားအရ တစ်နေ့ကျ ပျက်မှာပဲ၊ maintenance လိုတယ်လေ၊ maintenance အတွက်ထည့်ခဲ့တာ၊

ဒီလိုဆိုလို့ရှိရင်တော့ ရည်ရွယ်ချက်ကောင်းတယ်ပေါ့၊ maintenance အတွက် d e p o s i t လုပ်ထားခဲ့တာ၊ ဒါတွေကိုယူပြီးဘုရားပြင်ရမယ်ပေါ့၊ အဲဒီရည်ရွယ်ချက်ပဲ၊ နောက်ကျတော့ ဒီရည်ရွယ်ချက်ကတဖြည်းဖြည်းပျောက်လာတဲ့သဘောပဲ။

မြန်မာပြည်မှာ ကုသိုလ်ရှင်တွေဆိုင်းဘုတ်ထိုးလေ့ရှိကြတယ်လေ၊ ဘုရားတံတိုင်း တို့ဘာတို့ညာတို့အကုန်လုံးပေါ့၊ ကုသိုလ်ရှင်တွေဘာလို့ထိုးတာတုန်း၊ နာမည်ကြေငြာတာလား၊ ရည်ရွယ်ချက်ကဘာလဲ၊ ကိုယ့်ကိုလူသိစေချင်လို့ထိုးတာလား၊ မသိလည်းဘာဖြစ်လဲ၊ လှူတာကလှူတာပဲပေါ့။

အဲဒီတော့ဆိုင်းဘုတ်ထိုးခြင်းရဲ့ရည်ရွယ်ချက်ကဘာလဲဆိုရင် အမျှဝေတဲ့သဘော၊ မြင်တဲ့ပုဂ္ဂိုလ်က သာဓုခေါ်ရအောင်လို့၊

ဒါ့ကြောင့်မို့ရှေးတုန်းက မိသားစုကောင်းမှုဆိုတာရဲ့နောက်မှာ “နတ်လူသာဓုခေါ်စေသော်” ဆိုတာလေးပါတယ်၊ အခုခေတ်တော့ အဲဒီ “နတ်လူသာဓုခေါ်စေသော်” ဆိုတာလေး ပျောက်သွားပြီး နာမည်ကြေငြာတာဖြစ်သွားတယ်၊

ဒါကပြောင်းလဲလာတဲ့သဘောပေါ့နော်၊ မူရင်းအဓိပ္ပါယ်ပျောက်သွားပြီးတော့ ပြောင်းလဲလာတဲ့သဘောဟာ ဒီလိုပဲရှိတယ်ပေ့ါ။ စပြီးလုပ်တဲ့အချိန်ကတော့ အဓိပ္ပါယ်ရှိတယ်၊ အဲဒီအဓိပ္ပါယ်ရှိတာတွေဟာ နောက်ပိုင်းအဓိပ္ပါယ်မသိတော့ဘူး။တစ်မျိုးတစ်မည်ပြောင်းလဲသွားတတ်တယ်။

ဒေါက်တာ အရှင် နန္ဒမာလာဘိဝံသဆရာတော် ဘုရား ဟောကြားတော်မူသော ပါရာယနဒေသနာမှ

Zawgyi

ဘုရားထဲမွာ ဌာပနာထည့္သြင္းျခင္းရည္႐ြယ္ခ်က္

ဘုရားထဲမွာ တန္ဖိုးရွိတဲ့အရာေတြ ဘာလို႔ထည့္သြင္းထားတာတုန္း၊တခ်ိဳ ့လည္းပဲစဥ္းစားခ်င္မွစဥ္းစားမွာ၊ ဘုရားထဲမွာ ဌာပနာတယ္၊ ဌာပနာဆိုတာ ထည့္သြင္းတာ၊ထည့္သြင္းျခင္း တည္ထားျခင္းလို႔အဓိပၸါယ္ရတယ္၊

အဲဒီေတာ့ ရတနာေတြ ဘာကိစၥဘုရားထဲမွာထည့္ၾကတာတုန္း၊ႏိုင္ငံျခားသားေတြအျမင္နဲ႔ၾကည့္ရင္ေတာ့ ဒါဟာ အက်ိဳးမရွိဘူးေျပာမွာေပါ့ေနာ္၊ ဒါေတြထည့္လိုက္လို႔ဘာအက်ိဳးရွိမွာတုန္း၊ ဘုရား႐ုပ္ပြားဆင္းတုေတာ္ထည့္တာေတာ့ထားပါေတာ့၊

ရတနာေတြထည့္တယ္၊ အခုေခတ္လည္းထည့္တာပဲ၊ ၾကည္ညိဳတဲ့ပုဂၢိဳလ္ေတြက ကိုယ့္သဒၵါတရားနဲ႔ကိုယ္ ထည့္ၾကတယ္၊ ဘာအတြက္ ထည့္တာလဲဆိုေတာ့ၾကည္ညိဳလို႔လႉတာပဲသိတယ္။

သို႔ေသာ္ တကယ့္အစစ္အမွန္ကရည္႐ြယ္ခ်က္ရွိတယ္၊ ျမတ္စြာဘုရားပရိနိဗၺာန္စံတဲ့အခါ ဘုရားရဲ႕ဓာတ္ေတာ္ေတြကို ရွစ္ျပည္ေထာင္မင္းေတြကိုခြဲေဝၿပီးေပးလိုက္တယ္၊

ဓာတ္ေတာ္ေတြက ရွစ္ျပည္ေတာင္ေရာက္သြားတယ္၊ ဒီဓာတ္ေတာ္ေတြကိုအႏၲရာယ္ ျဖစ္မွာစိုးလို႔ရွင္မဟာကႆပတို႔ကအဇာတသတ္မင္းနဲ႔တိုင္ပင္ၿပီးေတာ့ ဓာတ္ေတာ္တိုက္ႀကီးတစ္ခုလုပ္ၿပီးဓာတ္ေတာ္ေတြစုထည့္ထားတယ္၊

အဲဒီလို စုထည့္ထားၿပီးအင္မတန္တန္ဖို းရွိတဲ့ပတၱျမားတစ္လုံးကို အဲဒီထဲမွာထည့္ထားၿပီးစာေရးထားတယ္။ “ေနာင္တစ္ခ်ိန္က်ရင္ ဒီဓာတ္ေတာ္တိုက္ႀကီးပ်က္စီးလို႔ျပင္ဆင္ဖို႔အတြက္ ေငြေၾကးမတတ္ႏိုင္ဘူးဆိုရင္ ဒီပတၱျမားတုံးႀကီးကိုေရာင္းခ်ၿပီးျပင္ပါတဲ့”။

အဲဒီေတာ့ ရတနာေတြထည့္သြင္းထားခဲ့တယ္ဆိုတဲ့ အဓိပၸါယ္ဟာ သခၤါရသေဘာတရားအရ တစ္ေန႔က် ပ်က္မွာပဲ၊ maintenance လိုတယ္ေလ၊ maintenance အတြက္ထည့္ခဲ့တာ၊

ဒီလိုဆိုလို႔ရွိရင္ေတာ့ ရည္႐ြယ္ခ်က္ေကာင္းတယ္ေပါ့၊ maintenance အတြက္ d e p o s i t လုပ္ထားခဲ့တာ၊ ဒါေတြကိုယူၿပီးဘုရားျပင္ရမယ္ေပါ့၊ အဲဒီရည္႐ြယ္ခ်က္ပဲ၊ ေနာက္က်ေတာ့ ဒီရည္႐ြယ္ခ်က္ကတျဖည္းျဖည္းေပ်ာက္လာတဲ့သေဘာပဲ။

ျမန္မာျပည္မွာ ကုသိုလ္ရွင္ေတြဆိုင္းဘုတ္ထိုးေလ့ရွိၾကတယ္ေလ၊ ဘုရားတံတိုင္း တို႔ဘာတို႔ညာတို႔အကုန္လုံးေပါ့၊ ကုသိုလ္ရွင္ေတြဘာလို႔ထိုးတာတုန္း၊ နာမည္ေၾကျငာတာလား၊ ရည္႐ြယ္ခ်က္ကဘာလဲ၊ ကိုယ့္ကိုလူသိေစခ်င္လို႔ထိုးတာလား၊ မသိလည္းဘာျဖစ္လဲ၊ လႉတာကလႉတာပဲေပါ့။

အဲဒီေတာ့ဆိုင္းဘုတ္ထိုးျခင္းရဲ႕ရည္႐ြယ္ခ်က္ကဘာလဲဆိုရင္ အမွ်ေဝတဲ့သေဘာ၊ ျမင္တဲ့ပုဂၢိဳလ္က သာဓုေခၚရေအာင္လို႔၊

ဒါ့ေၾကာင့္မို႔့ေရွးတုန္းက မိသားစုေကာင္းမႈဆိုတာရဲ႕ေနာက္မွာ “နတ္လူသာဓုေခၚေစေသာ္” ဆိုတာေလးပါတယ္၊ အခုေခတ္ေတာ့ အဲဒီ “နတ္လူသာဓုေခၚေစေသာ္” ဆိုတာေလး ေပ်ာက္သြားၿပီး နာမည္ေၾကျငာတာျဖစ္သြားတယ္၊

ဒါကေျပာင္းလဲလာတဲ့သေဘာေပါ့ေနာ္၊ မူရင္းအဓိပၸါယ္ေပ်ာက္သြားၿပီးေတာ့ ေျပာင္းလဲလာတဲ့သေဘာဟာ ဒီလိုပဲရွိတယ္ေပ့ါ။ စၿပီးလုပ္တဲ့အခ်ိန္ကေတာ့ အဓိပၸါယ္ရွိတယ္၊ အဲဒီအဓိပၸါယ္ရွိတာေတြဟာ ေနာက္ပိုင္းအဓိပၸါယ္မသိေတာ့ဘူး။တစ္မ်ိဳးတစ္မည္ေျပာင္းလဲသြားတတ္တယ္။

ေဒါက္တာ အရွင္ နႏၵမာလာဘိဝံသဆရာေတာ္ ဘုရား ေဟာၾကားေတာ္မူေသာ ပါရာယနေဒသနာမွ

About the author

Aung Lay

Leave a Comment