Cele News

မေမေအေသင်ကို လိုက်နှောင့်ယှက် ပျော်ရွှင်စွာ ကနေတဲ့ အိုင်ဗီးလေးရဲ့ ဗီဒီယိုဖိုင်လေး

Written by Aung Lay




 


Unicode

ပထမဆုံးထွက်တဲ့ တေးအယ်လ်ဘမ်လေးနဲ့ စတင်ကာ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိခဲ့တဲ့ အေသင်ချိုဆွေကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ အေသင်ကတော့ ချစ်စရာကောင်းလွန်းတဲ့ သမီးလေး သင်မြတ်နိုးနဲ့အတူ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းနေတဲ့သူပဲဖြစ်ပါတယ်..။ သူမရဲ့ “Easy Goin” သီချင်းလေးဟာ ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ သီချင်းလေးတစ်ပုဒ် ပဲဖြစ်ပါတယ်နော်..။

သူမနဲ့ တူပြီး ချစ်ဖို့ကောင်းလွန်းတဲ့ သမီးလေးကလည်း ပရိသတ်တွေချစ်ရတဲ့ အသည်းကျော်လေးတစ်ယောက် ဖြစ်လို့ နေပါပြီ..။ အေသင်က သူမရဲ့ နေ့စဉ် လှုပ်ရှားမှု ပုံရိပ်လေးတွေနဲ့ သမီးလေး သင်မြတ်နိုးရဲ့ ပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ..။ ဧပြီလ (၂၁)ရက်နေ့မှာတော့ သမီးလေး သင်မြတ်နိုးတစ်ယောက် သူမTik Tok ဆော့တာ နှောင့်ယှက်နေတဲ့ ဗီဒီယိုဖိုင်လေးကို “မေမေ tiktok ရိုက်နေစဉ်အတွင်းမှာ သူတော်တော်ဖွလိုက်ပါတယ်” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

Tik Tok ဆော့နေတဲ့ မေမေဖြစ်သူ အေသင်ကို လိုက်နှောင့်ယှက်ကာ သူပါ ဝင်ကရင်း ပျော်ရွှင်နေတဲ့ သမီးလေးသင်မြတ်နိုးလေးကတော့ ချစ်ဖို့ကောင်းလွန်းပါတယ်နော် ပရိသတ်ကြီး..။ ပရိသတ်ကြီးအတွက်လည်း မေမေကို လိုက်နှောင့်ယှက်ရလို့ အပျော်ကြီးပျော်နေတဲ့ သမီးလေးသင်မြတ်နိုးရဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Source: Athen Cho Swe’s Facebook

About the author

Aung Lay

Leave a Comment