မႏၲေလးသို႔ လာေရာက္သူမ်ား ဇြန္(၁)ရက္မွ စတင္ကာ Quarantine ဝင္ရန္မလိုေတာ့၊
အေဝးေျပးခရီးသည္တင္ ယာဥ္လိုင္းမ်ားလည္း ဇြန္(၁)ရက္မွ စတင္ကာ ျပန္လည္ေျပးဆြဲခြင့္ျပဳမည္
COVID-19 ေရာ ဂါ ကူးစက္ျပန္ပြားမႈ ကာကြယ္ေရး ေရာဂါပိုး ေတြ႕ရွိမႈမ်ားသည့္ ေဒသမ်ားမွ မႏၲေလးသို႔ လာေရာက္သူမ်ား Quarantine (အသြားအလာ ကန႔္သတ္ေစာင့္ၾကည့္ျခင္း) ဝင္ရန္ သတ္မွတ္ထားမႈကို ဇြန္(၁)ရက္မွ စတင္ကာ ပယ္ဖ်က္မည္ ျဖစ္ေၾကာင္း မႏၲေလးတိုင္း အစိုးရ တာဝန္ရွိသူမ်ားက ေျပာသည္။
ယမန္ေန႔ ေမ(၂၉)ရက္တြင္ က်င္းပခဲ့သည့္ အစိုးရအဖြဲ႕ အစည္းအေဝးဆုံးျဖတ္ခ်က္အရ COVID-19 ေရာဂါ ကာကြယ္ေရး ခ်မွတ္ထားသည့္ တားျမစ္ကန႔္သတ္ခ်က္ အခ်ိဳ႕ကို ျပန္လည္ေျဖေလွ်ာ့မည္ဟု မႏၲေလးတိုင္းအစိုးရ လွ်ပ္စစ္၊စြမ္းအင္ႏွင့္ ေဆာက္လုပ္ေရး ဝန္ႀကီး ဦးဇာနည္ေအာင္က သတင္းမီဒီယာမ်ားအား ေျပာသည္။
ေရာဂါပိုး ေတြ႕ရွိမႈမ်ားသည့္ ေဒသမ်ားမွ မႏၲေလးသို႔ လာေရာက္သူမ်ား Quarantine (၂၈)ရက္ ေနထိုင္ရန္ သတ္မွတ္ထားမႈကို ဇြန္(၁)ရက္မွ စတင္ကာ ေျဖေလွ်ာ့ေပးမည္ ျဖစ္သလို အေဝးေျပခရီးသည္တင္ ယာဥ္လိုင္းမ်ားကိုလည္း ဇြန္(၁)ရက္မွစတင္ကာ မႏၲေလးတိုင္းအတြင္းသို႔ ဝင္ေရာက္ခ်ိတ္ဆက္ ေျပးဆြဲခြင့္ ျပဳမည္ဟု ၎က ဆိုသည္။
ထို႔အျပင္ စားေသာက္ဆိုင္မ်ား၊ ဟိုတယ္၊မိုတယ္၊ တည္းခိုခန္းမ်ားကိုလည္း ဇြန္(၁)ရက္မွစတင္ကာ ျပန္လည္ဖြင့္လွစ္ လုပ္ကိုင္ခြင့္ျပဳမည္ဟု ဆိုသည္။
“ေျဖေလွ်ာ့မႈ တခ်ိဳ႕ လုပ္ပါမယ္၊ လုပ္လိမ့္မယ္၊ ဥပမာ ေမာ္ေတာ္ယာဥ္လိုင္းေတြကို ျပည္ေထာင္စု က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက သတ္မွတ္ထာတဲ့ စံသတ္မွတ္ခ်က္ေတြနဲ႔ အညီ ျပန္လည္ေျပးဆြဲေစတာမ်ိဳး၊ ဒါမ်ိဳးေတြ လုပ္လိမ့္မယ္။ ေနာက္တစ္ခုကေတာ့ စားေသာက္ဆိုင္ေတြေပါ့။ စားေသာက္ဆိုင္ေတြကို ဆိုင္ထိုင္စနစ္နဲ႔ ျပည္ေထာင္စု က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက သတ္မွတ္ထားတဲ့
စံသတ္မွတ္ခ်က္ေတြနဲ႔အညီ ဆိုင္ထိုင္စနစ္ ျပန္လည္ေဆာင္႐ြက္ႏိုင္ဖို႔ ဒါေတြ ရွိလာမွာပါ။ ေနာက္တစ္ခုကေတာ့ ဘာရွိမလဲ၊ နံပတ္သုံး အေနနဲ႔က Quarantine ဟာ ျပည္ေတာ္ျပန္ အမ်ားစုသာလွ်င္ Quarantine စနစ္တက် လုပ္ေဆာင္ဖို႔ပဲ ရွိမွာေပါ့။ က်န္တဲ့ Entertainment လုပ္ငန္းေတြက ယာယီအားျဖင့္ ရပ္ဆိုင္းထားရဦးမွာ ျဖစ္တယ္။ Entertainment ဆိုေတာ့ အကုန္ပါၿပီေပါ့”ဟု ဝန္ႀကီး ဦးဇာနည္ေအာင္က ေမ(၂၉)ရက္ ညပိုင္းက သတင္းမီဒီယာမ်ားအား ေျပာသည္။
အထက္ပါအတိုင္း ေျဖေလွ်ာ့မည္ ျဖစ္ေသာ္လည္း ျပန္လည္ဖြင့္လွစ္ လုပ္ကိုင္မည့္ လုပ္ငန္းမ်ားအေနျဖင့္ သက္ဆိုင္ရာ ဝန္ႀကီးဌာနမ်ားက ခ်မွတ္ထားသည့္ စည္းကမ္းခ်က္မ်ားႏွင့္ ကိုက္ညီရန္ လိုအပ္မည္ ျဖစ္ၿပီး ဝန္ႀကီးဌာနမ်ား၏ သတ္မွတ္ခ်က္မ်ားအတိုင္း စနစ္တက် ျပင္ဆင္လုပ္ကိုင္ရမည္ဟု ဆိုသည္။
ေရာဂါပိုး ေတြ႕ရွိမႈမ်ားသည့္ ေဒသမ်ားမွ မႏၲေလးသို႔ လာေရာက္သူမ်ား Quarantine ေနထိုင္ရမည့္ ကန႔္သတ္ခ်က္ ပယ္ဖ်က္ေသာ္လည္း ျပည္ပႏိုင္ငံမ်ားမွ ျပန္လည္ေရာက္ရွိ လာသူမ်ာအေနျဖင့္မူ Quarantine ေနထိုင္ရမည္ဟု ဝန္ႀကီး ဦးဇာနည္ေအာင္က ေျပာသည္။
မႏၲေလးတိုင္းအတြင္းသို႔ အေဝးေျပးခရီးသည္တင္ ယာဥ္လိုင္မ်ား ဝင္ေရာက္ေျပးဆြဲခြင့္ကို ဧၿပီ(၇)ရက္မွ စတင္ကာ ပိတ္ပင္ထားျခင္း ျဖစ္ၿပီး ေရာဂါပိုး ေတြ႕ရွိမႈမ်ားသည့္ ေဒသမ်ားမွ မႏၲေလးသို႔ လာေရာက္သူမ်ား Facility Quarantine (၂၁)ရက္ႏွင့္ Home Quarantine (၇)ရက္ ေနထိုင္ရန္ ဧၿပီ(၂၁)ရက္ ကတည္းက သတ္မွတ္ထားျခင္း ျဖစ္သည္။
မႏၲေလးတိုင္းအတြင္း ထုတ္ျပန္ထားသည့္ COVID-19 ကာကြယ္ေရး တားျမစ္ကန႔္သတ္ခ်က္ အမိန႔္အခ်ိဳ႕မွာ မနက္ျဖန္ ေမ(၃၁)ရက္တြင္ သက္တမ္းကုန္မည္ ျဖစ္သည္။
COVID-19 ေရာဂါ ကူးက္ျပန႔္ပြားမႈ ကာကြယ္ေရး ခ်မွတ္ထားသည့္ တားျမစ္ကန႔္သတ္ခ်က္ အခ်ိဳ႕ကို ဇြန္(၁)ရက္မွ စတင္ကာ ေျဖေလွ်ာ့ေပးမည္ ျဖစ္ေၾကာင္း ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က အသိေပးေၾကညာထားသည္။ ေျဖေလွ်ာ့မႈမ်ားမွ လြဲ၍ က်န္ရွိေနေသးေသာ ကန႔္သတ္ပိတ္ပင္မႈမ်ားကိုမူ ဇြန္(၁၅)ရက္အထိ တိုးျမင့္မည္ဟု COVID-19 ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚ တုန႔္ျပန္ေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီက ေၾကညာသည္။
COVID-19 ကာကြယ္ေရးအတြက္ ကြၽဲဆည္ကန္ကားကြင္း ပိတ္သိမ္းထားသည္ကို ေတြ႕ရစဥ္/ Photo – Aung Kyaw Lin FB.
Mandalay_Indepth_News
Unicode
မန္တလေးသို့ လာရောက်သူများ ဇွန်(၁)ရက်မှ စတင်ကာ Quarantine ဝင်ရန်မလိုတော့၊
အဝေးပြေးခရီးသည်တင် ယာဉ်လိုင်းများလည်း ဇွန်(၁)ရက်မှ စတင်ကာ ပြန်လည်ပြေးဆွဲခွင့်ပြုမည်
COVID-19 ရော ဂါ ကူးစက်ပြန်ပွားမှု ကာကွယ်ရေး ရောဂါပိုး တွေ့ရှိမှုများသည့် ဒေသများမှ မန္တလေးသို့ လာရောက်သူများ Quarantine (အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်း) ဝင်ရန် သတ်မှတ်ထားမှုကို ဇွန်(၁)ရက်မှ စတင်ကာ ပယ်ဖျက်မည် ဖြစ်ကြောင်း မန္တလေးတိုင်း အစိုးရ တာဝန်ရှိသူများက ပြောသည်။
ယမန်နေ့ မေ(၂၉)ရက်တွင် ကျင်းပခဲ့သည့် အစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ COVID-19 ရောဂါ ကာကွယ်ရေး ချမှတ်ထားသည့် တားမြစ်ကန့်သတ်ချက် အချို့ကို ပြန်လည်ဖြေလျှော့မည်ဟု မန္တလေးတိုင်းအစိုးရ လျှပ်စစ်၊စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်က သတင်းမီဒီယာများအား ပြောသည်။
ရောဂါပိုး တွေ့ရှိမှုများသည့် ဒေသများမှ မန္တလေးသို့ လာရောက်သူများ Quarantine (၂၈)ရက် နေထိုင်ရန် သတ်မှတ်ထားမှုကို ဇွန်(၁)ရက်မှ စတင်ကာ ဖြေလျှော့ပေးမည် ဖြစ်သလို အဝေးပြေခရီးသည်တင် ယာဉ်လိုင်းများကိုလည်း ဇွန်(၁)ရက်မှစတင်ကာ မန္တလေးတိုင်းအတွင်းသို့ ဝင်ရောက်ချိတ်ဆက် ပြေးဆွဲခွင့် ပြုမည်ဟု ၎င်းက ဆိုသည်။
ထို့အပြင် စားသောက်ဆိုင်များ၊ ဟိုတယ်၊မိုတယ်၊ တည်းခိုခန်းများကိုလည်း ဇွန်(၁)ရက်မှစတင်ကာ ပြန်လည်ဖွင့်လှစ် လုပ်ကိုင်ခွင့်ပြုမည်ဟု ဆိုသည်။
“ဖြေလျှော့မှု တချို့ လုပ်ပါမယ်၊ လုပ်လိမ့်မယ်၊ ဥပမာ မော်တော်ယာဉ်လိုင်းတွေကို ပြည်ထောင်စု ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတ်မှတ်ထာတဲ့ စံသတ်မှတ်ချက်တွေနဲ့ အညီ ပြန်လည်ပြေးဆွဲစေတာမျိုး၊ ဒါမျိုးတွေ လုပ်လိမ့်မယ်။ နောက်တစ်ခုကတော့ စားသောက်ဆိုင်တွေပေါ့။ စားသောက်ဆိုင်တွေကို ဆိုင်ထိုင်စနစ်နဲ့ ပြည်ထောင်စု ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့
စံသတ်မှတ်ချက်တွေနဲ့အညီ ဆိုင်ထိုင်စနစ် ပြန်လည်ဆောင်ရွက်နိုင်ဖို့ ဒါတွေ ရှိလာမှာပါ။ နောက်တစ်ခုကတော့ ဘာရှိမလဲ၊ နံပတ်သုံး အနေနဲ့က Quarantine ဟာ ပြည်တော်ပြန် အများစုသာလျှင် Quarantine စနစ်တကျ လုပ်ဆောင်ဖို့ပဲ ရှိမှာပေါ့။ ကျန်တဲ့ Entertainment လုပ်ငန်းတွေက ယာယီအားဖြင့် ရပ်ဆိုင်းထားရဦးမှာ ဖြစ်တယ်။ Entertainment ဆိုတော့ အကုန်ပါပြီပေါ့”ဟု ဝန်ကြီး ဦးဇာနည်အောင်က မေ(၂၉)ရက် ညပိုင်းက သတင်းမီဒီယာများအား ပြောသည်။
အထက်ပါအတိုင်း ဖြေလျှော့မည် ဖြစ်သော်လည်း ပြန်လည်ဖွင့်လှစ် လုပ်ကိုင်မည့် လုပ်ငန်းများအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ချမှတ်ထားသည့် စည်းကမ်းချက်များနှင့် ကိုက်ညီရန် လိုအပ်မည် ဖြစ်ပြီး ဝန်ကြီးဌာနများ၏ သတ်မှတ်ချက်များအတိုင်း စနစ်တကျ ပြင်ဆင်လုပ်ကိုင်ရမည်ဟု ဆိုသည်။
ရောဂါပိုး တွေ့ရှိမှုများသည့် ဒေသများမှ မန္တလေးသို့ လာရောက်သူများ Quarantine နေထိုင်ရမည့် ကန့်သတ်ချက် ပယ်ဖျက်သော်လည်း ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိ လာသူမျာအနေဖြင့်မူ Quarantine နေထိုင်ရမည်ဟု ဝန်ကြီး ဦးဇာနည်အောင်က ပြောသည်။
မန္တလေးတိုင်းအတွင်းသို့ အဝေးပြေးခရီးသည်တင် ယာဉ်လိုင်များ ဝင်ရောက်ပြေးဆွဲခွင့်ကို ဧပြီ(၇)ရက်မှ စတင်ကာ ပိတ်ပင်ထားခြင်း ဖြစ်ပြီး ရောဂါပိုး တွေ့ရှိမှုများသည့် ဒေသများမှ မန္တလေးသို့ လာရောက်သူများ Facility Quarantine (၂၁)ရက်နှင့် Home Quarantine (၇)ရက် နေထိုင်ရန် ဧပြီ(၂၁)ရက် ကတည်းက သတ်မှတ်ထားခြင်း ဖြစ်သည်။
မန္တလေးတိုင်းအတွင်း ထုတ်ပြန်ထားသည့် COVID-19 ကာကွယ်ရေး တားမြစ်ကန့်သတ်ချက် အမိန့်အချို့မှာ မနက်ဖြန် မေ(၃၁)ရက်တွင် သက်တမ်းကုန်မည် ဖြစ်သည်။
COVID-19 ရောဂါ ကူးက်ပြန့်ပွားမှု ကာကွယ်ရေး ချမှတ်ထားသည့် တားမြစ်ကန့်သတ်ချက် အချို့ကို ဇွန်(၁)ရက်မှ စတင်ကာ ဖြေလျှော့ပေးမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အသိပေးကြေညာထားသည်။ ဖြေလျှော့မှုများမှ လွဲ၍ ကျန်ရှိနေသေးသော ကန့်သတ်ပိတ်ပင်မှုများကိုမူ ဇွန်(၁၅)ရက်အထိ တိုးမြင့်မည်ဟု COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ကြေညာသည်။
COVID-19 ကာကွယ်ရေးအတွက် ကျွဲဆည်ကန်ကားကွင်း ပိတ်သိမ်းထားသည်ကို တွေ့ရစဉ်/ Photo – Aung Kyaw Lin FB.
Mandalay_Indepth_News