စာသင္ေက်ာင္းဖြင့္ခ်ိန္တြင္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ေက်ာင္းသားေက်ာင္းသူတစ္ဦးေတြ႕ရွိပါက ၎တက္ေရာက္ေနေသာ ေက်ာင္းကိုယာယီပိတ္ထားမည္ျဖစ္ေၾကာင္း အေျခခံပညာဦးစီးဌာန ညႊန္ၾကားေရးမွူးခ်ဳပ္ဦးကိုေလးဝင္း ကေျပာၾကားသည္။
အေျခခံပညာေက်ာင္းမ်ားကို ဇူလိုင္လ ၂၁ ရက္ေန႔မွစတင္ကာ အထက္တန္းအဆင့္မွစတင္ဖြင့္လွစ္မည္ျဖစ္ၿပီး က်န္အတန္းမ်ားကို အေျခအေနေပၚမူတည္၍ ဆက္လက္ဖြင့္လွစ္မည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာနကေၾကညာထားသည္။ “ဟုတ္တယ္။ေတြ႕တဲ့ေက်ာင္းကိုဘဲပိတ္မွာ။ ပိတ္ၿပီးေတာ့ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနကနဲ႔ ညႇိႏွိုင္းၿပီး Safe ျဖစ္တဲ့အခ်ိန္မွ ျပန္ဖြင့္ရမွာ။
ပိတ္ထားတဲ့အခ်ိန္မွာ က်န္တဲ့ေက်ာင္းသား ၊ ေက်ာင္းသူေတြကိုေတာ့ အိမ္မွာဘဲေနခိုင္းၿပီး Home Learning ဘဲလုပ္ခိုင္းရမွာဘဲ”ဟု ဦးကိုေလးဝင္းက ဆိုသည္။
အေျခခံပညာေက်ာင္းမ်ားဖြင့္လွစ္ရာတြင္ ေက်ာင္းသား ၊ ေက်ာင္းသူမ်ားႏွင့္ ဆရာ ၊ ဆရာမမ်ား လုံျခဳံမွုရွိေစရန္အတြက္ အဝတ္ျဖင့္ခ်ဳပ္ထားသည့္ ႏွာေခါင္းစည္း၊ မ်က္ႏွာဖုံးမ်ားကို အခမဲ့ေထာက္ပံ့ေပးမည္ျဖစ္ၿပီး လက္ေဆးျခင္းမ်ား စနစ္တက်ေဆာင္ရြက္ကာ ေက်ာင္းသား ၊ေက်ာင္းသူမ်ားကို
ေျခာက္ေပခြာထား၍စာသင္ၾကားျခင္း ၊ ထမင္းစားခ်ိန္မ်ားတြင္ တစ္ဦးတည္းသာ ထမင္းစားေစျခင္း၊ အဖြဲ႕လိုက္ထမင္းစားျခင္းမ်ားကို လုံးဝခြင့္မျပဳျခင္း စသည့္အခ်က္မ်ားကို ပညာေရးဝန္ႀကီးဌာနက စီမံထားသည္။ ေက်ာင္းသား ၊ေက်ာင္းသူဦးေရမ်ားျပားေသာ ေက်ာင္းမ်ားတြင္ စာသင္ခ်ိန္မ်ားကို
အေျပာင္းအလဲျပဳလုပ္ၿပီး တစ္ခ်ိန္တည္းတက္ရသည့္ေက်ာင္းကို ႏွစ္ခ်ိန္ေက်ာင္းအျဖစ္ျပဳလုပ္ျခင္း၊ စာသင္ခ်ိန္ကို တစ္ပတ္သင္၊ တစ္ပတ္နားျပဳလုပ္ျခင္းမ်ားျဖင့္ ဖြင့္လွစ္ရန္လည္း စီစဥ္ထားသည္။ တစ္နိုင္ငံလုံးအတိုင္းအတာျဖင့္ အေျခခံပညာအထက္တန္းေက်ာင္းသား ၊ ေက်ာင္းသူ ၁ ဒသမ ၂ သန္းေက်ာ္ရွိၿပီး မူလတန္းအဆင့္ေက်ာင္းသား ၊ေက်ာင္းသူ ငါးသန္းေက်ာ္ရွိေနေၾကာင္း သိရသည္။
Unicode
စာသင်ကျောင်းဖွင့်ချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ကျောင်းသားကျောင်းသူတစ်ဦးတွေ့ရှိပါက ၎င်းတက်ရောက်နေသော ကျောင်းကိုယာယီပိတ်ထားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်း ကပြောကြားသည်။
အခြေခံပညာကျောင်းများကို ဇူလိုင်လ ၂၁ ရက်နေ့မှစတင်ကာ အထက်တန်းအဆင့်မှစတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျန်အတန်းများကို အခြေအနေပေါ်မူတည်၍ ဆက်လက်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနကကြေညာထားသည်။ “ဟုတ်တယ်။တွေ့တဲ့ကျောင်းကိုဘဲပိတ်မှာ။ ပိတ်ပြီးတော့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကနဲ့ ညှိနှိုင်းပြီး Safe ဖြစ်တဲ့အချိန်မှ ပြန်ဖွင့်ရမှာ။
ပိတ်ထားတဲ့အချိန်မှာ ကျန်တဲ့ကျောင်းသား ၊ ကျောင်းသူတွေကိုတော့ အိမ်မှာဘဲနေခိုင်းပြီး Home Learning ဘဲလုပ်ခိုင်းရမှာဘဲ”ဟု ဦးကိုလေးဝင်းက ဆိုသည်။
အခြေခံပညာကျောင်းများဖွင့်လှစ်ရာတွင် ကျောင်းသား ၊ ကျောင်းသူများနှင့် ဆရာ ၊ ဆရာမများ လုံခြုံမှုရှိစေရန်အတွက် အဝတ်ဖြင့်ချုပ်ထားသည့် နှာခေါင်းစည်း၊ မျက်နှာဖုံးများကို အခမဲ့ထောက်ပံ့ပေးမည်ဖြစ်ပြီး လက်ဆေးခြင်းများ စနစ်တကျဆောင်ရွက်ကာ ကျောင်းသား ၊ကျောင်းသူများကို
ခြောက်ပေခွာထား၍စာသင်ကြားခြင်း ၊ ထမင်းစားချိန်များတွင် တစ်ဦးတည်းသာ ထမင်းစားစေခြင်း၊ အဖွဲ့လိုက်ထမင်းစားခြင်းများကို လုံးဝခွင့်မပြုခြင်း စသည့်အချက်များကို ပညာရေးဝန်ကြီးဌာနက စီမံထားသည်။ ကျောင်းသား ၊ကျောင်းသူဦးရေများပြားသော ကျောင်းများတွင် စာသင်ချိန်များကို
အပြောင်းအလဲပြုလုပ်ပြီး တစ်ချိန်တည်းတက်ရသည့်ကျောင်းကို နှစ်ချိန်ကျောင်းအဖြစ်ပြုလုပ်ခြင်း၊ စာသင်ချိန်ကို တစ်ပတ်သင်၊ တစ်ပတ်နားပြုလုပ်ခြင်းများဖြင့် ဖွင့်လှစ်ရန်လည်း စီစဉ်ထားသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာအထက်တန်းကျောင်းသား ၊ ကျောင်းသူ ၁ ဒသမ ၂ သန်းကျော်ရှိပြီး မူလတန်းအဆင့်ကျောင်းသား ၊ကျောင်းသူ ငါးသန်းကျော်ရှိနေကြောင်း သိရသည်။
TheVoice