Cele News

တစ်ယောက်အပေါ် တစ်ယောက် ချစ်ခြင်းမေတ္တာတွေနဲ့ အိမ်ထောင်ရေးကို ထူထောင်လိုက်ပြီဖြစ်တဲ့ နေဝင်းနဲ့ အိမ့်ချစ်ချော

Written by Aung Lay




Source: Nay Win’s Facebook

Unicode

ပရိသတ်တွေအားကျရတဲ့ ဆယ်လီစုံတွဲ နေဝင်းနဲ့ အိမ့်ချစ်ချောတို့ စုံတွဲလေးကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ (၂၀၁၉)ခုနှစ်ရဲ့ ဒီဇင်ဘာလ (၃၁)ရက်နေ့မှာ နေဝင်းက အချိန်ကြာကြီး လက်တွဲလာခဲ့တဲ့ ချစ်သူ အိမ့်ချစ်ချောကို New Year ကြိုဆိုတဲ့ ရှိုးပွဲမှာပဲ လက်ထပ်ခွင့်ကို ရိုမက်တစ်ဆန်ဆန် တောင်းခဲ့တာပဲဖြစ်ပါတယ်..။ ချစ်သူအိမ့်ချစ်ချောက လက်ထပ်ခွင့်ကို လက်ခံခဲ့တာကြောင့် ဧပြီလ မှာ လက်ထပ်ဖို့ စီစဉ်ခဲ့ပေမယ့် Covid 19 ကြောင့် လက်ထပ်ပွဲကို မလုပ်ဖြစ်နိုင်ခဲ့တာပဲဖြစ်ပါတယ်..။

လက်ထပ်ပွဲကို လူအစုအဝေးနဲ့ ကျင်းပတော့မှာ မဟုတ်ပေမယ့် တရားရုံးမှာ လက်မှတ်ထိုးပြီး အကျဉ်းရုံးလုပ်သွားဖို့ကို စီစဉ်လိုက်တဲ့ အကြောင်းကို သူတို့ရဲ့ လူမှု့ကွန်ရက်စာမျက်နှာပေါ်မှာ ရေးတင်ခဲ့ဖူးပါတယ်..။ ဒီနေ့ ဧပြီလ (၂၅)ရက်နေ့မှာတော့ နေဝင်းနဲ့ အိမ့်ချစ်ချောတို့ သူတို့နှစ်ဦးလက်ထပ်ပြီးစီးကြောင်းကို Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာ Relationship ချိတ်တင်လာခဲ့တာပဲဖြစ်ပါတယ်..။

(၁၁)နှစ်ကြာတဲ့ ချစ်သူသက်တမ်းမှာ ပျော်ရွှင်မှုတွေ ၊ သစ္စာမေတ္တာတွေနဲ့ တည်ဆောက်ထားတဲ့ နေဝင်းနဲ့ အိမ့်ချစ်ချောတို့ စုံတွဲကတော့ ဒီနေ့ဧပြီလ (၂၅)ရက်နေ့မှာတော့ ချစ်ခင်ကြင်နာတဲ့ အကြင်လင်မယားတွေ ဖြစ်သွားခဲ့ပါပြီနော် ပရိသတ်ကြီး..။ ပရိသတ်ကြီးလည်း တရားဝင် ဇနီးမောင်နှံတွေ ဖြစ်သွားပြီဖြစ်တဲ့ နေဝင်းနဲ့ အိမ့်ချစ်ချောတို့အတွက် ဂုဏ်ပြုစကားလေးတွေ ပြောပေးခဲ့ကြပါဦးနော်..။

About the author

Aung Lay

Leave a Comment