Knowledge ၾကားသိရသမ်ွ

ပုရစ်‌ကြော်စားရင်း ဝမ်းလျော ဝမ်းပျက် နေကြတယ် ပြော‌နေလို့ ဘယ်လိုဖမ်းလဲဆိုတာ ဖတ်ကြည့်ပါ

Written by Aung Lay

ပုရစ္‌ေၾကာ္စားရင္း ဝမ္းေလ်ာ ဝမ္းပ်က္ ေနၾကတယ္ ေျပာ‌ေနလို႕ ဘယ္လိုဖမ္းလဲဖတ္ျကည့္ပါအံုးေနာ္

ေလ်ာၾက ပ်က္ၾက မွာေပါ့ဗ် ေခ်ာင္းေဘး ျမစ္ေဘးက သဲ / ႏုန္း ေသာင္ျပင္မွာ မီးစက္နိုး မီးတိုင္ထြန္းၿပီး မိုးကာ ဇလားနဲ႔ ဖမ္းတဲ့ ေခတ္သစ္ အထာက အဲ့ဒီ ပုရစ္ေတြ ဇလားထဲ က်ၿပီး အေပၚျပန္မတက္နိုင္ေအာင္ မိုးကာမွာ ဆပ္ျပာရည္ သုတ္ၿပီး ဖမ္းၾကတာ

(အမ်ားစု) မိုးကာ ဇလားထဲက ဆပ္ျပာရည္ေတြ အင္းဆက္ အေသးေလးေတြ စားထားတဲ့ ပုရစ္က အဆင္ေျပမေနဘူးေနာ္ အဲ့‌ေတာ့ သန႔္ရွင္း‌ေနေအာင္ ခ်ီး အကုန္ မေဖာက္ပဲ ေတာင္ပံ နဲ႔ အေနာက္ ‌ေျခေထာက္ ႏွစ္‌ေခ်ာင္းပဲျဖဳတ္စားတဲ့ အငတ္ႀကီးက်ေတြကေတာ့

ဝမ္းေလ်ာတာ ဆန္းလား ၿပီးေတာ့ မိုးတြင္းဆိုတာ ဘက္တီးရီယားအလြန္မ်ားတယ္ အဲ့ဒီမိုးပုရစ္ေတြစားထားတဲ့ အင္းဆက္ အေသးေလးေတြကလည္း လူေတြစားမိရင္ အဆိပ္အေတာက္ ျဖစ္ေစတယ္ ၿပီးေတာ့ မိုးပုရစ္ေတြက ေပ်ာ့တယ္ အိလြယ္တယ္

ေသရင္ နံလြယ္တယ္ ကၽြန္ေတာ္တို့ ဖက္မွာ အရင္က မိုးပုရစ္ ဘယ္သူမွ မစားဘူး ေဆာင္းပုရစ္ပဲ စားၾကတယ္ အခုေတာ့ ေဈးကြက္ရဲ့ ငတ္ႀကီးက်ခ်က္အရ အကုန္ဖမ္းၾကေတာ့တာပဲ ေအာက္ျပည္ေအာက္ရြာေတြက အဝယ္လိုက္ေတာ့ ဒညင္းသီး

အႏု‌ေလး‌ေတြေတာင္ မရင့္ေသးပဲ ခူးၿပီး ပို့ေနၾကတာကိုး အခုလည္း ေအာက္ျပည္ေအာက္ရြာက အသားကုန္ ဝယ္လိုအားတက္ေတာ့ စားစမ္းကြာ ဆိုၿပီး ဖမ္းၿပီး ပိုက္ဆံရွာကုန္ေတာ့တာပဲ မိုးပုရစ္က စားလို့ရပါတယ္ ေသခ်ာ လုပ္ရင္ေပါ့ အိမ္မွာ

ကၽြန္ေတာ္တို့စားတဲ့ လုပ္နည္းကိုင္နည္း ေျပာျပမယ္ ေတာင္ပံခ်ိဳးတယ္ ေရွ႕‌ေျခေထာက္ ေလးေခ်ာင္းရဲ့ ထိပ္ဖ်ားေလးေတြ ျဖတ္တယ္ အေနာက္က ဆူးပါတဲ့ ‌ေျခေထာက္ႏွစ္ေခ်ာင္းခ်ိဳးတယ္ ဖင္ကေန ခ်ီးကို အကုန္ ေဖာက္ရတယ္ မိုးပုရစ္က ဥမွ မပါတာ

ဗိုက္ထဲ အကုန္ ေဟာင္းေလာင္းပဲ ၿပီးေတာ့ ေခါင္း ျဖဳတ္တယ္ (ေခါင္းကို ဆြဲျဖဳတ္လိုက္ရင္ ဘူစီေဖာင္း လို အစာအိမ္ အိတ္ကေလး ထြက္လာတယ္ အဲ့ထဲမွာ စားထားသမၽွ အဓိကပဲ ေခါင္း မျဖဳတ္ခ်င္ရင္ ဂုတ္ၾကားထဲက ဆြဲထုတ္လို့ေတာ့ရတယ္

ဒါေပမယ့္ ပုရစ္က ဇက္က်ိဳးပုံပ်က္သြားတယ္ ) ၿပီးေတာ့ ေရေႏြးဆူ ေအာင္တည္ၿပီး ဆားနဲ႔ အရင္ ျပဳတ္လိုက္တယ္ အဲ့တာ Main ပဲ ျပဳတ္ထားတဲ့ အရည္က မည္းညစ္ေနတာပဲ ဆယ္လိုက္ေတာ့ ေဖြးေဖြးသန႔္သန႔္ေလး ျဖစ္သြားတယ္ အဲ့အဆင့္ထိ

ေရာက္နိုင္ရင္ေတာ့ မိုးပုရစ္စားလို့ ဝမ္းကိုက္တယ္ ဆိုတာ No ပါ မနက္ေရာင္းဖို့ ညကို ဖမ္း တယ္ ပုရစ္ေတြ ကို စုျပဳံထည့္ထားေတာ့ အခ်င္းခ်င္း ကိုက္ၿပီး အနာေပါက္ေတြ ျဖစ္ေနတတ္တယ္ အဲ့ေနရာေတြက မည္းေနတတ္တယ္ ေဈးကြက္အရေတာ့

အေရာင္းပန္းလွေအာင္ ခ်ီးေသခ်ာ မေဖာက္ပဲ ေတာင္ပံနဲ႔ ‌အေနာက္‌ေျခပဲ ျဖဳတ္တဲ့ မန္းေလးက လမ္းေဘးမွာ ေၾကာ္ေရာင္းတာေတြ စားၿပီး ေဒသထြက္ အစားအစာကို လက္ညိဳး မထိုးပါနဲ႔လို့ အဲ့တာ ခင္ဗ်ားတို့ ငတ္လို့ ခင္ဗ်ားတို့ ခံရတာ ကၽြန္ေတာ္တို့က ကိုယ္တိုင္ အပင္ပန္းခံၿပီး ဖမ္းတယ္

(သူတို့ မီးထြန္းထားတဲ့ ဇလား ေဘးမွာ က်သမၽွ အကုန္ေကာက္လို့ရတယ္) ကိုယ္တိုင္ ခ်ီးေဖာက္တယ္ (ေညာင္းကိုက္ အီဆိမ့္ေနတာပဲ) ကိုယ္တိုင္လည္း စားမွာမို့ သန႔္သန႔္ရွင္းရွင္းလုပ္တယ္ ကိုယ္တကူးတက ပို့ေပးတဲ့သူေတြကလည္း ကိုယ့္အေပၚ ေက်းဇူးရွိထားသူေတြမို့ ပိုဂ႐ုစိုက္ရတယ္

မိုးပုရစ္က ေသးတယ္ အရသာေပါ့တယ္ ဥ မပါဘူး ေဆာင္းပုရစ္ လို မဆိမ့္ဘူး မိုးတြင္းအစားအစာေတြက အဆိပ္အေတာက္မ်ားတယ္ အဲ့ေတာ့ စဥ္းစားခ်င့္ခ်ိန္ၿပီး ‌ေျဖးေျဖးစားၾကပါ က်န္းမာေရးက ပိုအေရးႀကီးပါတယ္။ Credit

Unicode

ပုရစ်‌ကြော်စားရင်း ဝမ်းလျော ဝမ်းပျက် နေကြတယ် ပြော‌နေလို့ ဘယ်လိုဖမ်းလဲဖတ်ကြည့်ပါအုံးနော်

လျောကြ ပျက်ကြ မှာပေါ့ဗျ ချောင်းဘေး မြစ်ဘေးက သဲ / နုန်း သောင်ပြင်မှာ မီးစက်နိုး မီးတိုင်ထွန်းပြီး မိုးကာ ဇလားနဲ့ ဖမ်းတဲ့ ခေတ်သစ် အထာက အဲ့ဒီ ပုရစ်တွေ ဇလားထဲ ကျပြီး အပေါ်ပြန်မတက်နိုင်အောင် မိုးကာမှာ ဆပ်ပြာရည် သုတ်ပြီး ဖမ်းကြတာ

(အများစု) မိုးကာ ဇလားထဲက ဆပ်ပြာရည်တွေ အင်းဆက် အသေးလေးတွေ စားထားတဲ့ ပုရစ်က အဆင်ပြေမနေဘူးနော် အဲ့‌တော့ သန့်ရှင်း‌နေအောင် ချီး အကုန် မဖောက်ပဲ တောင်ပံ နဲ့ အနောက် ‌ခြေထောက် နှစ်‌ချောင်းပဲဖြုတ်စားတဲ့ အငတ်ကြီးကျတွေကတော့

ဝမ်းလျောတာ ဆန်းလား ပြီးတော့ မိုးတွင်းဆိုတာ ဘက်တီးရီယားအလွန်များတယ် အဲ့ဒီမိုးပုရစ်တွေစားထားတဲ့ အင်းဆက် အသေးလေးတွေကလည်း လူတွေစားမိရင် အဆိပ်အတောက် ဖြစ်စေတယ် ပြီးတော့ မိုးပုရစ်တွေက ပျော့တယ် အိလွယ်တယ်

သေရင် နံလွယ်တယ် ကျွန်တော်တို့ ဖက်မှာ အရင်က မိုးပုရစ် ဘယ်သူမှ မစားဘူး ဆောင်းပုရစ်ပဲ စားကြတယ် အခုတော့ ဈေးကွက်ရဲ့ ငတ်ကြီးကျချက်အရ အကုန်ဖမ်းကြတော့တာပဲ အောက်ပြည်အောက်ရွာတွေက အဝယ်လိုက်တော့ ဒညင်းသီး

အနု‌လေး‌တွေတောင် မရင့်သေးပဲ ခူးပြီး ပို့နေကြတာကိုး အခုလည်း အောက်ပြည်အောက်ရွာက အသားကုန် ဝယ်လိုအားတက်တော့ စားစမ်းကွာ ဆိုပြီး ဖမ်းပြီး ပိုက်ဆံရှာကုန်တော့တာပဲ မိုးပုရစ်က စားလို့ရပါတယ် သေချာ လုပ်ရင်ပေါ့ အိမ်မှာ

ကျွန်တော်တို့စားတဲ့ လုပ်နည်းကိုင်နည်း ပြောပြမယ် တောင်ပံချိုးတယ် ရှေ့‌ခြေထောက် လေးချောင်းရဲ့ ထိပ်ဖျားလေးတွေ ဖြတ်တယ် အနောက်က ဆူးပါတဲ့ ‌ခြေထောက်နှစ်ချောင်းချိုးတယ် ဖင်ကနေ ချီးကို အကုန် ဖောက်ရတယ် မိုးပုရစ်က ဥမှ မပါတာ

ဗိုက်ထဲ အကုန် ဟောင်းလောင်းပဲ ပြီးတော့ ခေါင်း ဖြုတ်တယ် (ခေါင်းကို ဆွဲဖြုတ်လိုက်ရင် ဘူစီဖောင်း လို အစာအိမ် အိတ်ကလေး ထွက်လာတယ် အဲ့ထဲမှာ စားထားသမျှ အဓိကပဲ ခေါင်း မဖြုတ်ချင်ရင် ဂုတ်ကြားထဲက ဆွဲထုတ်လို့တော့ရတယ်

ဒါပေမယ့် ပုရစ်က ဇက်ကျိုးပုံပျက်သွားတယ် ) ပြီးတော့ ရေနွေးဆူ အောင်တည်ပြီး ဆားနဲ့ အရင် ပြုတ်လိုက်တယ် အဲ့တာ Main ပဲ ပြုတ်ထားတဲ့ အရည်က မည်းညစ်နေတာပဲ ဆယ်လိုက်တော့ ဖွေးဖွေးသန့်သန့်လေး ဖြစ်သွားတယ် အဲ့အဆင့်ထိ

ရောက်နိုင်ရင်တော့ မိုးပုရစ်စားလို့ ဝမ်းကိုက်တယ် ဆိုတာ No ပါ မနက်ရောင်းဖို့ ညကို ဖမ်း တယ် ပုရစ်တွေ ကို စုပြုံထည့်ထားတော့ အချင်းချင်း ကိုက်ပြီး အနာပေါက်တွေ ဖြစ်နေတတ်တယ် အဲ့နေရာတွေက မည်းနေတတ်တယ် ဈေးကွက်အရတော့

အရောင်းပန်းလှအောင် ချီးသေချာ မဖောက်ပဲ တောင်ပံနဲ့ ‌အနောက်‌ခြေပဲ ဖြုတ်တဲ့ မန်းလေးက လမ်းဘေးမှာ ကြော်ရောင်းတာတွေ စားပြီး ဒေသထွက် အစားအစာကို လက်ညိုး မထိုးပါနဲ့လို့ အဲ့တာ ခင်ဗျားတို့ ငတ်လို့ ခင်ဗျားတို့ ခံရတာ ကျွန်တော်တို့က ကိုယ်တိုင် အပင်ပန်းခံပြီး ဖမ်းတယ်

(သူတို့ မီးထွန်းထားတဲ့ ဇလား ဘေးမှာ ကျသမျှ အကုန်ကောက်လို့ရတယ်) ကိုယ်တိုင် ချီးဖောက်တယ် (ညောင်းကိုက် အီဆိမ့်နေတာပဲ) ကိုယ်တိုင်လည်း စားမှာမို့ သန့်သန့်ရှင်းရှင်းလုပ်တယ် ကိုယ်တကူးတက ပို့ပေးတဲ့သူတွေကလည်း ကိုယ့်အပေါ် ကျေးဇူးရှိထားသူတွေမို့ ပိုဂရုစိုက်ရတယ်

မိုးပုရစ်က သေးတယ် အရသာပေါ့တယ် ဥ မပါဘူး ဆောင်းပုရစ် လို မဆိမ့်ဘူး မိုးတွင်းအစားအစာတွေက အဆိပ်အတောက်များတယ် အဲ့တော့ စဉ်းစားချင့်ချိန်ပြီး ‌ဖြေးဖြေးစားကြပါ ကျန်းမာရေးက ပိုအရေးကြီးပါတယ်။

About the author

Aung Lay

Leave a Comment