Knowledge

လက်ကိုင်ဖုန်း များမှားယွင်းစွာ အားသွင်းခြင်းအဓိကအချက် ၆ ချက်ကို ရှောင်ရှားရန်

Written by Aung Lay

လက်ကိုင်ဖုန်း များမှားယွင်းစွာ အားသွင်းခြင်းအဓိကအချက် ၆ ချက်ကို ရှောင်ရှားရန်

ယနေ့မျက်မှောက်ခေတ်မှာ လူအများစုသည် လက်ကိုင်ဖုန်း စမတ်ဖုန်းများကို မဖြစ်မနေအသုံးပြုသူများပြားလာပြီး လူတော်တော်များကလည်း ဖုန်းအားသွင်းနည်းတစ်ချို့ကိုမှားယွင်းစွာအသုံးပြုနေတာမို့ ဒီနေ့မှာတော့ မိတ်ဆွေများအတွက် သင်တို့ရဲ့ Smart ဖုန်း ဘက်ထရီများကြာရှည်ခံနိုင်ရေးအတွက် ဗဟုသုတအဖြစ်ရေးသားဖော်ပြပေးလိုက်ပါရစေခင်ဗျာ

၁ ။ Tablet နဲ့ Smart ဖုန်း ဘက်ထရီတွေကြာရှည်စွာအသုံးပြုနိုင်ဘို့အတွက် အကောင်းဆုံးအနေအထားဟာ ဘက်ထရီလက်ကျန် ၅၀% အထိသာအသုံးပြုသင့်ပါတယ် ၊ ၀ % အထိမကြာခဏအသုံးပြုမိမည်ဆိုပါက ဘက်ထရီရဲ့စွမ်းအားတွေကျဆင်းမှု ၊ ယိုယွင်းမှုနှုန်းပိုမြန်လာတတ်ပါတယ်။

၂ ။ အားသွင်းတဲ့အခါမှာ ၁၀၀% ပြည့်အောင်မသွင်းထားသင့်ပါဘူး ၊ ဒီအချက်ကလည်း ဘက်ထရီရဲ့ကြာရှည်ခံနိုင်မှုသက်တမ်းကို တဖြည်းဖြည်းနဲ့ကျဆင်းလာနိုင်တာမို့ ၄၀% အထိဘက်ထရီလက်ကျန်ကနေအားစသွင်းပြီး ၉၀ % အထိအားသွင်းမှုကိုရပ်ဆိုင်းသင့်ပါတယ်။

၃ ။ ဖုန်းအားသွင်းလျှက်တစ်ညလုံးပစ်မထားသင့်သလို ၁၀၀ % အထိအားသွင်းခြင်းကလည်း တစ်လ တစ်ကြိမ်သာသင့်တော်ပါသည်။

၄ ။ ဘက်ထရီအားပြည့်နေတဲ့အချိန် ချက်ချင်းဖြုယူသင့်ပါတယ် ၊ အားပြည့်နေချိန် ကျွန်ုပ်တို့လိုကြွက်သားတွေတင်းနေချိန် ဖြေလျော့ပေးသည့်သဘောမျ်ုးဖြင့် ဘက်ထရီကိုဖြုတ်ပြီး အနားပေးသည့်ပုံစံမျိုးဖြစ်ပါသည်။

၅ ။ အကောင်းဆုံးကတော့ ဘက်ထရီ ၅၀% အထိသာအသုံးပြုရန်လူတိုင်းလိုက်နာနိုင်လျင်ပိုသင့်တော်ပါသည် ၊ မလိုက်နာပါက အချိန်ရလျှင် ဘက်ထရီကို ၉၀%အထိသာအားသွင်းပါ။

၆ ။ ဖုန်းအားသွင်းထားစဉ်အပူလွန်ကဲနေပါက Phone Cover ကိုချွတ်ထားရပါမယ် ၊ဒါမှသာလျင် အပူချိန်တွေလျော့ကျစေမှာဖြစ်ပြီး မိမိဖုန်းကိုနေရောင်ခြည်နှင့်တိုက်ရိုက်မထိတွေအောင် အဓိကရှောင်ရှားရမှာဖြစ်ပါတယ်။

မိတ်ဆွေတို့သိထားတာလေးတွေရှိခဲ့ရင်လည်းအများ ဗဟုသုတများရစေအတွက် Comment မှာဖြည့်စွက်၍ရေးထားပေးစေလိုပါသည်ခင်ဗျာ …

Zawgyi

လက္ကိုင္ဖုန္း မ်ားမွားယြင္းစြာ အားသြင္းျခင္းအဓိကအခ်က္ ၆ ခ်က္ကို ေရွာင္ရွားရန္

ယေန႔မ်က္ေမွာက္ေခတ္မွာ လူအမ်ားစုသည္ လက္ကိုင္ဖုန္း စမတ္ဖုန္းမ်ားကို မျဖစ္မေနအသုံးျပဳသူမ်ားျပားလာၿပီး လူေတာ္ေတာ္မ်ားကလည္း ဖုန္းအားသြင္းနည္းတစ္ခ်ိဳ႕ကိုမွားယြင္းစြာအသုံးျပဳေနတာမို႔ ဒီေန႔မွာေတာ့ မိတ္ေဆြမ်ားအတြက္ သင္တို႔ရဲ့ Smart ဖုန္း ဘက္ထရီမ်ားၾကာရွည္ခံနိုင္ေရးအတြက္ ဗဟုသုတအျဖစ္ေရးသားေဖာ္ျပေပးလိုက္ပါရေစခင္ဗ်ာ

၁ ။ Tablet နဲ႔ Smart ဖုန္း ဘက္ထရီေတြၾကာရွည္စြာအသုံးျပဳနိုင္ဘို႔အတြက္ အေကာင္းဆုံးအေနအထားဟာ ဘက္ထရီလက္က်န္ ၅၀% အထိသာအသုံးျပဳသင့္ပါတယ္ ၊ ၀ % အထိမၾကာခဏအသုံးျပဳမိမည္ဆိုပါက ဘက္ထရီရဲ့စြမ္းအားေတြက်ဆင္းမႈ ၊ ယိုယြင္းမႈႏႈန္းပိုျမန္လာတတ္ပါတယ္။

၂ ။ အားသြင္းတဲ့အခါမွာ ၁၀၀% ျပည့္ေအာင္မသြင္းထားသင့္ပါဘူး ၊ ဒီအခ်က္ကလည္း ဘက္ထရီရဲ့ၾကာရွည္ခံနိုင္မႈသက္တမ္းကို တျဖည္းျဖည္းနဲ႔က်ဆင္းလာနိုင္တာမို႔ ၄၀% အထိဘက္ထရီလက္က်န္ကေနအားစသြင္းၿပီး ၉၀ % အထိအားသြင္းမႈကိုရပ္ဆိုင္းသင့္ပါတယ္။

၃ ။ ဖုန္းအားသြင္းလၽွက္တစ္ညလုံးပစ္မထားသင့္သလို ၁၀၀ % အထိအားသြင္းျခင္းကလည္း တစ္လ တစ္ႀကိမ္သာသင့္ေတာ္ပါသည္။

၄ ။ ဘက္ထရီအားျပည့္ေနတဲ့အခ်ိန္ ခ်က္ခ်င္းျဖဳယူသင့္ပါတယ္ ၊ အားျပည့္ေနခ်ိန္ ကၽြန္ုပ္တို႔လိုႂကြက္သားေတြတင္းေနခ်ိန္ ေျဖေလ်ာ့ေပးသည့္သေဘာမ်္ုးျဖင့္ ဘက္ထရီကိုျဖဳတ္ၿပီး အနားေပးသည့္ပုံစံမ်ိဳးျဖစ္ပါသည္။

၅ ။ အေကာင္းဆုံးကေတာ့ ဘက္ထရီ ၅၀% အထိသာအသုံးျပဳရန္လူတိုင္းလိုက္နာနိုင္လ်င္ပိုသင့္ေတာ္ပါသည္ ၊ မလိုက္နာပါက အခ်ိန္ရလၽွင္ ဘက္ထရီကို ၉၀%အထိသာအားသြင္းပါ။

၆ ။ ဖုန္းအားသြင္းထားစဥ္အပူလြန္ကဲေနပါက Phone Cover ကိုခၽြတ္ထားရပါမယ္ ၊ဒါမွသာလ်င္ အပူခ်ိန္ေတြေလ်ာ့က်ေစမွာျဖစ္ၿပီး မိမိဖုန္းကိုေနေရာင္ျခည္ႏွင့္တိုက္ရိုက္မထိေတြေအာင္ အဓိကေရွာင္ရွားရမွာျဖစ္ပါတယ္။

မိတ္ေဆြတို႔သိထားတာေလးေတြရွိခဲ့ရင္လည္းအမ်ား ဗဟုသုတမ်ားရေစအတြက္ Comment မွာျဖည့္စြက္၍ေရးထားေပးေစလ္ိုပါသည္ခင္ဗ်ာ …

About the author

Aung Lay

Leave a Comment