မုန့် ဖိုး ရ တိုင်း တရုတ် အသား တုမုန့် ဝယ်စားတဲ့ ကလေးလေးရဲ့ ဗိုက်ထဲက ထွက် လာတာတဲ့ …
လူနာ က ၉ နှစ် ယောင်္ကျားလေး ပင်လယ်ဘက် ကရွာလေးက ဗိုက်နာနေတာ တပတ်လောက်ရှိပီ ရွာကဆရာမလေးက သံချ ဆေးပေးတယ် သုံးရက် လောက်ကြာတော့ ဗိုက်က ပိုနာလာတယ် ဗိုက်ပို ဖောင်းလာတယ် အန်တယ် ဝမ်းချုပ်တယ် ဆေးရုံရောက်လာတယ် အူလမ်းကြောင်း ပိတ်တဲ့ ပုံပဲ သံလုံး သံခဲ တေကြောင့်လားပေါ့
စမ်းသပ်ကြည့်တော့ အူခေါက်၊ အူသိမ် ကျယ်နေ၊ သံကောင် အများအပြား မတွေ့။ ဒါနဲ့ SE ပေးပြီး စောင့်ကြည့်နေတာ ၃ ရက်ကျော် မသက်သာလာတာနဲ့ ဗိုက်ဖွင့်ကြရော တွေ့ရတာက အူသိမ်မှာ အလုံးအကြိတ်ကြီးတခု။ အပြင်ကကိုင်ကြည့်တော့ မာမာလေး ရွှေ့ လို့လည်းရတယ် သံလုံး သံခဲ လည်းမဟုတ် အူသိမ်ထဲဆိုတော့ အီး တုံးလည်း မဟုတ်ပေါ့။
ဒါနဲ့ အူဖွင့် ထုတ်ကြည့် လိုက်တော့ အောင်ပန်း ဘက်ကလာတဲ့ အာလူး လောက်ရှိ တဲ့ အစိမ်းရောင် အလုံးကြီးတလုံး ထွက်လာ ပါရော ဟ ဘာကြီးလည်း ဟ ကိုဗစ်လုံးကြီလားပေါ့(ကိုဗစ် က ဘာရောင်မှန်းတော့မသိပါဘူး) ကိုင်ကြည့်တော့ လည်း ပေါ့ပေါ့လေး ပွစိစိနဲ့ ခွဲကြည့် လိုက်တော့လည်း အထဲမှာ ရေမြှုပ်လို ဗွစိစိ နဲ့
ဒါနဲ့ ကျန်တဲ့ အူတွေ စစ်ကြည့် ပုံမှန်ဆိုတော့ လုပ်စရာ ရှိတာလုပ် ဗိုက်ပြန်ပိတ် အပြင်ရောက် မှ ကလေးအူထဲက အလုံးကိုပြပီး ကလေးအမေကို မေးကြည့်ရတာပေါ့။ အမေကလည်း ဗိုက်တလုံး နဲ့ ရွာမှာလည်း ကလေး ၅ ယောက်ကျန်ခဲ့တယ် ခုဖြစ်တာ တတိယကလေးတဲ့ ဒါနဲ့ ကလေးဗိုက်မနာခင်ရက်တေက ဘာတွေမြန်း ထူးထူးဆန်းဆန်း စားတာ ရှိလည်း – အူထဲမှာတော့ ဒါကြီးနဲ့ပိတ်နေတာဆိုတော့ အမေကလည်းမပြောတတ်။
နောက်နေ့ လူနာကြည့်ရင်း နဲ့ အမေ ရော ကလေးရော မေးကြည့် မှ မုန့်ဖိုး တစ်ရာ နှစ်ရာလောက် ရရင် တရုတ်ကလာတဲ့ အသားတု မုန့်ထုပ်လေးတွေ ဝယ်စားတတ်ကြတယ် ဝါးလို့ကောင်းတယ် အရသာ ရှိတယ် အလဲုးလေးတွေတဲ့။ တခါ မီးနဲ့ စမ်း ရှို့ကြည့်တာ ကော်ဗတ်စကို မီးရှို့ရသလိုပဲ တဖြစ်ဖြစ် နဲ့လောင်လို့ ကလေးတွေက ကော်ဗတ် မုန့်လို့ပြောဝယ်ကြတယ်တဲ့ (ဒီဒေသမှာ ရာဘာ ကို ကော်ဗတ်လို့ခေါ်ကြပါတယ်)
သေချာတာကတော့ ဒီလောက်ကြီးတဲ့အလုံးကြီးကို ကလေးပါးစပ်က မမြိုနိုင်ပါဘူး အီးတုံးလည်း မဟုတ်ပါဘူး အူထဲရောက်မှ တဖြည်ဖြည်း ပွလာပီးအူလမ်းကြောင်း ပိတ်သွားတာဖြစ်မှာပါ ခုတော့ ကလေးလည်း ကောင်းကောင်းမွန်မွန်နဲ့ ဆေးရုံ ကဆင်းသွားပါပြီ။
မြန်မာပြည်ကြီး —–ကျန်းမာပါစေ။ တရုတ်ကြီး — ချမ်းသါမြဲပါ။
Moe Min Zaw
Zawgyi
မုန႔္ ဖိုး ရ တိုင္း တ႐ုတ္ အသား တုမုန႔္ ဝယ္စားတဲ့ ကေလးေလးရဲ႕ ဗိုက္ထဲက ထြက္ လာတာတဲ့ …
လူနာ က ၉ ႏွစ္ ေယာက်ၤားေလး ပင္လယ္ဘက္ က႐ြာေလးက ဗိုက္နာေနတာ တပတ္ေလာက္ရွိပီ ႐ြာကဆရာမေလးက သံခ် ေဆးေပးတယ္ သုံးရက္ ေလာက္ၾကာေတာ့ ဗိုက္က ပိုနာလာတယ္ ဗိုက္ပို ေဖာင္းလာတယ္ အန္တယ္ ဝမ္းခ်ဳပ္တယ္ ေဆး႐ုံေရာက္လာတယ္ အူလမ္းေၾကာင္း ပိတ္တဲ့ ပုံပဲ သံလုံး သံခဲ ေတေၾကာင့္လားေပါ့
စမ္းသပ္ၾကည့္ေတာ့ အူေခါက္၊ အူသိမ္ က်ယ္ေန၊ သံေကာင္ အမ်ားအျပား မေတြ႕။ ဒါနဲ႔ SE ေပးၿပီး ေစာင့္ၾကည့္ေနတာ ၃ ရက္ေက်ာ္ မသက္သာလာတာနဲ႔ ဗိုက္ဖြင့္ၾကေရာ ေတြ႕ရတာက အူသိမ္မွာ အလုံးအႀကိတ္ႀကီးတခု။ အျပင္ကကိုင္ၾကည့္ေတာ့ မာမာေလး ေ႐ႊ႕ လို႔လည္းရတယ္ သံလုံး သံခဲ လည္းမဟုတ္ အူသိမ္ထဲဆိုေတာ့ အီး တုံးလည္း မဟုတ္ေပါ့။
ဒါနဲ႔ အူဖြင့္ ထုတ္ၾကည့္ လိုက္ေတာ့ ေအာင္ပန္း ဘက္ကလာတဲ့ အာလူး ေလာက္ရွိ တဲ့ အစိမ္းေရာင္ အလုံးႀကီးတလုံး ထြက္လာ ပါေရာ ဟ ဘာႀကီးလည္း ဟ ကိုဗစ္လုံးႀကီလားေပါ့(ကိုဗစ္ က ဘာေရာင္မွန္းေတာ့မသိပါဘူး) ကိုင္ၾကည့္ေတာ့ လည္း ေပါ့ေပါ့ေလး ပြစိစိနဲ႔ ခြဲၾကည့္ လိုက္ေတာ့လည္း အထဲမွာ ေရျမႇဳပ္လို ဗြစိစိ နဲ႔
ဒါနဲ႔ က်န္တဲ့ အူေတြ စစ္ၾကည့္ ပုံမွန္ဆိုေတာ့ လုပ္စရာ ရွိတာလုပ္ ဗိုက္ျပန္ပိတ္ အျပင္ေရာက္ မွ ကေလးအူထဲက အလုံးကိုျပပီး ကေလးအေမကို ေမးၾကည့္ရတာေပါ့။ အေမကလည္း ဗိုက္တလုံး နဲ႔ ႐ြာမွာလည္း ကေလး ၅ ေယာက္က်န္ခဲ့တယ္ ခုျဖစ္တာ တတိယကေလးတဲ့ ဒါနဲ႔ ကေလးဗိုက္မနာခင္ရက္ေတက ဘာေတြျမန္း ထူးထူးဆန္းဆန္း စားတာ ရွိလည္း – အူထဲမွာေတာ့ ဒါႀကီးနဲ႔ပိတ္ေနတာဆိုေတာ့ အေမကလည္းမေျပာတတ္။
ေနာက္ေန႔ လူနာၾကည့္ရင္း နဲ႔ အေမ ေရာ ကေလးေရာ ေမးၾကည့္ မွ မုန႔္ဖိုး တစ္ရာ ႏွစ္ရာေလာက္ ရရင္ တ႐ုတ္ကလာတဲ့ အသားတု မုန႔္ထုပ္ေလးေတြ ဝယ္စားတတ္ၾကတယ္ ဝါးလို႔ေကာင္းတယ္ အရသာ ရွိတယ္ အလဲုးေလးေတြတဲ့။ တခါ မီးနဲ႔ စမ္း ရႈိ႕ၾကည့္တာ ေကာ္ဗတ္စကို မီးရႈိ႕ရသလိုပဲ တျဖစ္ျဖစ္ နဲ႔ေလာင္လို႔ ကေလးေတြက ေကာ္ဗတ္ မုန႔္လို႔ေျပာဝယ္ၾကတယ္တဲ့ (ဒီေဒသမွာ ရာဘာ ကို ေကာ္ဗတ္လို႔ေခၚၾကပါတယ္)
ေသခ်ာတာကေတာ့ ဒီေလာက္ႀကီးတဲ့အလုံးႀကီးကို ကေလးပါးစပ္က မၿမိဳႏိုင္ပါဘူး အီးတုံးလည္း မဟုတ္ပါဘူး အူထဲေရာက္မွ တျဖည္ျဖည္း ပြလာပီးအူလမ္းေၾကာင္း ပိတ္သြားတာျဖစ္မွာပါ ခုေတာ့ ကေလးလည္း ေကာင္းေကာင္းမြန္မြန္နဲ႔ ေဆး႐ုံ ကဆင္းသြားပါၿပီ။
ျမန္မာျပည္ႀကီး —–က်န္းမာပါေစ။ တ႐ုတ္ႀကီး — ခ်မ္းသါၿမဲပါ။
Moe Min Zaw