ဦးေဇာ္ေဇာ္ပိုင္ဆိုင္ေသာ စီးပြားေရးကုမၸဏီတစ္ခုျဖစ္တဲ့ ဧရာ၀တီေဖာင္ေဒးရွင္းမွ ေဝဘာဂီအထူးကုေဆး႐ုံႀကီးတြင္ COVID-19 ေရာဂါအတြက္ တာဝန္ထမ္းေဆာင္ေနၾကေသာ ဆရာဝန္၊ သူနာျပဳမ်ားႏွင့္ က်န္းမာေရးဝန္ထမ္းမ်ားကို ဂုဏ္ျပဳေသာအားျဖင့္ လုပ္ခတစ္လစာစီ ခ်ီးျမႇင့္လႉဒါန္းခဲ့တယ္လို႔ သိရပါတယ္။
ဦးေဇာ္ေဇာ္၏ စီစဥ္ေဆာင္႐ြက္မႈျဖင့္ ဧရာဝတီေဖာင္ေဒးရွင္းမွ တာဝန္ရွိသူမ်ားသည္ ဧၿပီလ (၂၁)ရက္ေန႔တြင္ ေဝဘာဂီ အထူးကုေဆး႐ုံႀကီးမွ ပါေမာကၡ ေဒါက္တာစံပယ္ျဖဴ၊ ေဆး႐ုံအုပ္ႀကီး ေဒါက္တာေအးေအးေအာင္တို႔ႏွင့္ ေတြ႕ဆုံေဆြးေႏြးကာ အထူးကုဆရာဝန္ႀကီးမ်ား၊ ဆရာဝန္မ်ား၊ သူနာျပဳမ်ား၊ အျခား က်န္းမာေရးဝန္ထမ္းမ်ား၊ အေထြေထြဝန္ထမ္း (၁၂၀) ဦးႏွင့္ Volunteer အျဖစ္ လာေရာက္တာဝန္ ထမ္းေဆာင္ေနၾကေသာ အထူးကု ဆရာဝန္ႀကီးမ်ား၊ ဆရာဝန္၊ သူနာျပဳ၊ က်န္းမာေရးဝန္ထမ္း (၁၅၇)ဦး၊ စုစုေပါင္း (၂၂၇) ဦးအတြက္ ေငြက်ပ္ (၃၇၅) သိန္းကို ေပးအပ္ခ်ီးျမႇင့္ လႉဒါန္းခဲ့ပါတယ္။
ဧရာဝတီ ေဖာင္ေဒးရွင္းအေနျဖင့္ ေဝဘာဂီ အထူးကုေဆး႐ုံႀကီး၏ ကာကြယ္၊ ကုသေရးဆိုင္ရာ အေထာက္အကူျပဳပစၥည္းမ်ား ဝယ္ယူႏိုင္ရန္အတြက္ မတ္လ (၁၈) ရက္ေန႔တြင္ ေငြက်ပ္ သိန္း(၅၀၀)၊ ဧၿပီလ (၁၈)ရက္ေန႔တြင္ ေငြက်ပ္ သိန္း(၂၀၀) အပါအဝင္ စုစုေပါင္း ေငြက်ပ္ (၁၀၇၅) သိန္းကိုလည္း ပံ့ပိုးလႉဒါန္းခဲ့ၿပီး ျဖစ္ပါတယ္။
ထို႔အတူ တစ္ႏိုင္ငံလုံးမွ COVID-19 အေရး ေဆာင္႐ြက္ေနၾကေသာ ဆရာဝန္၊ သူနာျပဳမ်ား၊ က်န္းမာေရး ဝန္ထမ္းမ်ား အားလုံးအတြက္ က်န္းမာေရး အာမခံရန္ပုံေငြအျဖစ္ ေငြက်ပ္ သိန္း(၅၀၀၀)တိတိကို ဗဟိုက်န္းမာေရး ေကာ္မတီသို႔ လႉဒါန္းထားတယ္လို႔လည္း သိရွိရပါတယ္။
Source : AYA Bank
Unicode
ဦးဇော်ဇော်ပိုင်ဆိုင်သော စီးပွားရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ ဧရာဝတီဖောင်ဒေးရှင်းမှ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် COVID-19 ရောဂါအတွက် တာဝန်ထမ်းဆောင်နေကြသော ဆရာဝန်၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများကို ဂုဏ်ပြုသောအားဖြင့် လုပ်ခတစ်လစာစီ ချီးမြှင့်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ဦးဇော်ဇော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူများသည် ဧပြီလ (၂၁)ရက်နေ့တွင် ဝေဘာဂီ အထူးကုဆေးရုံကြီးမှ ပါမောက္ခ ဒေါက်တာစံပယ်ဖြူ၊ ဆေးရုံအုပ်ကြီး ဒေါက်တာအေးအေးအောင်တို့နှင့် တွေ့ဆုံဆွေးနွေးကာ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများ၊ အခြား ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေဝန်ထမ်း (၁၂၀) ဦးနှင့် Volunteer အဖြစ် လာရောက်တာဝန် ထမ်းဆောင်နေကြသော အထူးကု ဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်း (၁၅၇)ဦး၊ စုစုပေါင်း (၂၂၇) ဦးအတွက် ငွေကျပ် (၃၇၅) သိန်းကို ပေးအပ်ချီးမြှင့် လှူဒါန်းခဲ့ပါတယ်။
ဧရာဝတီ ဖောင်ဒေးရှင်းအနေဖြင့် ဝေဘာဂီ အထူးကုဆေးရုံကြီး၏ ကာကွယ်၊ ကုသရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ဝယ်ယူနိုင်ရန်အတွက် မတ်လ (၁၈) ရက်နေ့တွင် ငွေကျပ် သိန်း(၅၀၀)၊ ဧပြီလ (၁၈)ရက်နေ့တွင် ငွေကျပ် သိန်း(၂၀၀) အပါအဝင် စုစုပေါင်း ငွေကျပ် (၁၀၇၅) သိန်းကိုလည်း ပံ့ပိုးလှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။
ထို့အတူ တစ်နိုင်ငံလုံးမှ COVID-19 အရေး ဆောင်ရွက်နေကြသော ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများ အားလုံးအတွက် ကျန်းမာရေး အာမခံရန်ပုံငွေအဖြစ် ငွေကျပ် သိန်း(၅၀၀၀)တိတိကို ဗဟိုကျန်းမာရေး ကော်မတီသို့ လှူဒါန်းထားတယ်လို့လည်း သိရှိရပါတယ်။
Source : AYA Bank