ပခုက္ကူမြို့ က သ ရဲအခြောက်ဆုံး နေ ရာ (၁၀) ခု (လမ်းကြုံရင် ဝင်လေ့လာကြည့်ကြပါ)
ပ ခုက္ကူမြို့က သရဲအခြောက်ဆုံး နေရာ (၁၀) ခုကို ဖော်ပြပေးလိုက်ပါတယ်။ မိတ်ဆွေတို့ လေ့လာချင်ရင်လည်း ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာနိုင်အောင် လိပ်စာတွေပါ ပြည့်ပြည့်စုံစုံ ထည့်ပေးထားပါတယ် ခင်ဗျာ။
(၁) ခေါင်းကြီးတစ္ဆေ – မြို့ရှောင်လမ်းကနေ ပခုက္ကူတက္ကသိုလ်ကိုအသွား၊ မုခ်ဝနားက ရေကာတာရယ်၊ ထနောင်းပင်ရယ် ရဲ့အကြားမှာ တစ်ခုခုရှိတယ်။ ကျွန်တော်ကတော့ အလွယ်ပဲ ခေါင်းကြီး တစ္ဆေလို့ခေါ်တယ်။ ဟီလီယံမဝတဲ့ မိုးပျံပူဖောင်းကြီးလို ပိန်လိုက်ဖောင်းလိုက်နဲ့ အနက်ရောင် အရိပ်လိုလို တစ်ခုခုက မိတ်ဆွေကို စောင့်ကြိုနေပါတယ်။ နံနက်ခင်း ငါးနာရီခွဲ သို့မဟုတ် ညနေ ခုနစ်နာရီဝန်းကျင်မှာ မိတ်ဆွေသွားကြည့်ပါ။ တကယ်လား၊ ကောလဟာလ လားဆိုတာကတော့ မိတ်ဆွေရင်ဆိုင်ရမယ့် အကျပ်အတည်း ပါပဲ။
(၂) ရွှေလမ်းထောင့်က ဆိုင်ကယ်သမား – မိတ်ဆွေ ဦးထုတ်မပါပဲဆိုင်ကယ်မစီးပါနဲ့။ ရွှေလမ်းထောင့်က ဆိုင်းဘုတ်ကနေ ကျောင်းဂိတ်ဟောင်းအလွန်အထိ ဆိုင်ကယ်တရကြမ်းစီးမယ်ဆိုရင် မိတ်ဆွေနဲ့အပြိုင်စီးမယ့် တစ်စုံတစ်ဦးပေါ်လာနိုင်ပါတယ်။ သို့သော် မစိုးရိမ်ပါနဲ့။ သူက ဆောင်းအကုန်လောက်မှ ထွက်လာတက်တာပါ။ ဒါပေမယ့် သူမှထွက်လာပြီဆိုရင် မိတ်ဆွေ့ဦးခေါင်းအတွက် ရင်လေးစရာပါပဲ။
(၃) သညိုပင်က မီးခွက်တစ္ဆေ – မိတ်ဆွေ တစ္ဆေမီးလုံးကိုအယုံအကြည်ရှိပါသလား? မယုံလို့အတက်စမ်းချင်ရင် အမှတ်ခြောက်ရဲ့ သညိုပင်ဆီကို လာခဲ့လိုက်ပါ။ ည၊ ကိုးနာရီခွဲဝန်းကျင် တစ်ယောက်တည်း ထနှောင်းပင်နဲ့ သညိုပင်တို့ကြား ဆက်ထားတဲ့နွယ်ပင်ဆီကိုကြည့်လိုက်ပါ။ ဘာမြင်ရမလဲဆိုတာကတော့ မိတ်ဆွေ တစ်ဦးတည်းအတွက် မေးခွန်းနဲ့အဖြေပါပဲ။
(၄) အထက (၁) ရဲ့ကျောင်းစောင့်ကြီး – ညနေ နေဝင်ရိုးရီအချိန်မှာ ခုနစ်တန်းဆောင်ကြီး ခေါင်မိုးပေါ်ကိုလှမ်းကြည့်လိုက်ပါ။ တစ်ခုခုငုတ်တုတ်ထိုင်နေတာကိုမြင်ရင်တော့ မိတ်ဆွေ ခြေထောက်ကသာ ကိုးကွယ်ရာဖြစ်ပါလိမ့်မယ်။
(၅) အထက (၁) ကျောင်း ငါးတန်းဆောင် – ထ(၁) ကျောင်းရဲ့ ငါးတန်း E ခန်းကို ကျောင်းဆင်းချိန် လူတစ်ယောက်မှ မရှိတော့တဲ့အချိန်မှာ နားကပ်ထောင်ကြည့်ပါ။ တစ်ခုခုပြေးလွှားနေတာကြားရလိမ့်မယ်။
(၆) အထက (၁) ကျောင်း ခြောက်တန်းဆောင်သစ် – ခြောက်တန်းဆောင်သစ်ရဲ့ နောက်ဘက် တစ်ယောက်တည်းသွားရဲလား? ကိစ္စမရှိပါဘူး။ ဒုတ်တစ်ချောင်းကိုသာယူမသွားနဲ့ပေါ့။ တချို့ကလေးတွေက ဒုတ်ပါရင် ဆရာလို့ပဲထင်ပြီး နှုတ်ဆက်တက်ကြတယ်။
(၇) ဘုန်းကြီးလမ်းက တိုက်ဟောင်းကြီး – အလယ်တိုက်လို့ခေါ်တဲ့ ဘုန်းကြီးကျောင်းလမ်းက တိုက်ဟောင်းကြီးရဲ့ဝရန်တာကနေ မိတ်ဆွေကို တစ်စုံတစ်ယောက်ကများ လက်ပြလိုက်ပြီဆိုရင် ကြာကြာမကြည့်မိစေနဲ့။ ….မေမေ သားကိုလက်ပြနေတယ်…..မေမေ…..လာခဲ့တဲ့….မေမေ….သားကိုခေါ်နေပြီ……
(၈) တီတီစီ မိန်းကလေးဆောင် – တီတီစီရဲ့ အိမ်သာခြောင်ဘက်က မိန်းကလေးဆောင်မှာ တီချယ်တစ်ယောက်ရှိတယ်။ သူမကအမြဲနောက်ကျောယားနေတက်တယ်။ သူအကုတ်ခိုင်းလို့ ဆရာမ စကားနားထောင်ပြီး နောက်ကျောကိုကြည့်မိပြီဆိုရင်တော့…….
(၉) ရွှေချောင်းတံတားကြီး – ရွှေချောင်းတံတားကြီးပေါ်မှာ မနက်သုံးနာရီလောက် ဆိုင်ကယ်စီးရဲလား? ခေါင်းမပါတဲ့မိန်းကလေးတစ်ယောက်ကလွဲလို့ မိတ်ဆွေကိုဘယ်သူမှ နှောက်ယှက်မှာမဟုတ်ပါဘူး။
(၁၀) ပခုက္ကူတက္ကသိုလ် အီးမေဂျာဆောင်က F2-B ရဲ့ငိုရှိုက်သံ – ပခုက္ကူတက္ကသိုလ် အီးမေဂျာဆောင်ကိုအလည်သွားရင် ညနေလေးနာရီခွဲဝန်းကျင် အိမ်သာဘက်ကိုမသွားမိပါစေနဲ့။ ဂျပန်မှာ Hanako၊ အင်္ဂလန်မှာ Charlie, အဲ၊ မြန်မာမှာတော့ သိချင်ရင်နာမည်သွားမေးလေဗျာ…..သဘောကောင်းမှာပါ။
ကဲ၊ ချစ်စရာကောင်းတဲ့ပခုက္ကူမြို့ကလေးကနေ မိတ်ဆွေကို လှိုက်လှဲစွာကြိုဆိုနေပါတယ်။
Phyo Thant Zin
Zawgyi
ပခုကၠဴၿမဳိ႕ က သ ရဲအေျခာက္ဆံုး ေန ရာ (၁၀) ခု (လမ္းႀကံဳရင္ ဝင္ေလ့လာၾကည့္ၾကပါ)
ပ ခုကၠဴၿမဳိ႕က သရဲအေျခာက္ဆံုး ေနရာ (၁၀) ခုကုိ ေဖာ္ျပေပးလုိက္ပါတယ္။ မိတ္ေဆြတုိ႔ ေလ့လာခ်င္ရင္လည္း ကုိယ္တုိင္ကုိယ္က် သြားေရာက္ေလ့လာႏုိင္ေအာင္ လိပ္စာေတြပါ ျပည့္ျပည့္စံုစံု ထည့္ေပးထားပါတယ္ ခင္ဗ်ာ။
(၁) ေခါင္းႀကီးတေစၦ – ၿမိဳ႕ေရွာင္လမ္းကေန ပခုကၠဴတကၠသိုလ္ကိုအသြား၊ မုခ္ဝနားက ေရကာတာရယ္၊ ထေနာင္းပင္ရယ္ ရဲ႕အၾကားမွာ တစ္ခုခုရွိတယ္။ ကြၽန္ေတာ္ကေတာ့ အလြယ္ပဲ ေခါင္းႀကီး တေစၦလို႔ေခၚတယ္။ ဟီလီယံမဝတဲ့ မိုးပ်ံပူေဖာင္းႀကီးလို ပိန္လိုက္ေဖာင္းလိုက္နဲ႔ အနက္ေရာင္ အရိပ္လိုလို တစ္ခုခုက မိတ္ေဆြကို ေစာင့္ႀကိဳေနပါတယ္။ နံနက္ခင္း ငါးနာရီခြဲ သို႔မဟုတ္ ညေန ခုနစ္နာရီဝန္းက်င္မွာ မိတ္ေဆြသြားၾကည့္ပါ။ တကယ္လား၊ ေကာလဟာလ လားဆုိတာကေတာ့ မိတ္ေဆြရင္ဆိုင္ရမယ့္ အက်ပ္အတည္း ပါပဲ။
(၂) ေ႐ႊလမ္းေထာင့္က ဆိုင္ကယ္သမား – မိတ္ေဆြ ဦးထုတ္မပါပဲဆိုင္ကယ္မစီးပါနဲ႔။ ေ႐ႊလမ္းေထာင့္က ဆိုင္းဘုတ္ကေန ေက်ာင္းဂိတ္ေဟာင္းအလြန္အထိ ဆိုင္ကယ္တရၾကမ္းစီးမယ္ဆိုရင္ မိတ္ေဆြနဲ႔အၿပိဳင္စီးမယ့္ တစ္စုံတစ္ဦးေပၚလာႏိုင္ပါတယ္။ သို႔ေသာ္ မစိုးရိမ္ပါနဲ႔။ သူက ေဆာင္းအကုန္ေလာက္မွ ထြက္လာတက္တာပါ။ ဒါေပမယ့္ သူမွထြက္လာၿပီဆိုရင္ မိတ္ေဆြ႕ဦးေခါင္းအတြက္ ရင္ေလးစရာပါပဲ။
(၃) သညိဳပင္က မီးခြက္တေစၦ – မိတ္ေဆြ တေစၦမီးလုံးကိုအယုံအၾကည္ရွိပါသလား? မယုံလို႔အတက္စမ္းခ်င္ရင္ အမွတ္ေျခာက္ရဲ႕ သညိဳပင္ဆီကို လာခဲ့လိုက္ပါ။ ည၊ ကိုးနာရီခြဲဝန္းက်င္ တစ္ေယာက္တည္း ထေႏွာင္းပင္နဲ႔ သညိဳပင္တို႔ၾကား ဆက္ထားတဲ့ႏြယ္ပင္ဆီကိုၾကည့္လိုက္ပါ။ ဘာျမင္ရမလဲဆိုတာကေတာ့ မိတ္ေဆြ တစ္ဦးတည္းအတြက္ ေမးခြန္းနဲ႔အေျဖပါပဲ။
(၄) အထက (၁) ရဲ႕ေက်ာင္းေစာင့္ႀကီး – ညေန ေနဝင္႐ိုးရီအခ်ိန္မွာ ခုနစ္တန္းေဆာင္ႀကီး ေခါင္မိုးေပၚကိုလွမ္းၾကည့္လိုက္ပါ။ တစ္ခုခုငုတ္တုတ္ထိုင္ေနတာကိုျမင္ရင္ေတာ့ မိတ္ေဆြ ေျခေထာက္ကသာ ကိုးကြယ္ရာျဖစ္ပါလိမ့္မယ္။
(၅) အထက (၁) ေက်ာင္း ငါးတန္းေဆာင္ – ထ(၁) ေက်ာင္းရဲ႕ ငါးတန္း E ခန္းကို ေက်ာင္းဆင္းခ်ိန္ လူတစ္ေယာက္မွ မရွိေတာ့တဲ့အခ်ိန္မွာ နားကပ္ေထာင္ၾကည့္ပါ။ တစ္ခုခုေျပးလႊားေနတာၾကားရလိမ့္မယ္။
(၆) အထက (၁) ေက်ာင္း ေျခာက္တန္းေဆာင္သစ္ – ေျခာက္တန္းေဆာင္သစ္ရဲ႕ ေနာက္ဘက္ တစ္ေယာက္တည္းသြားရဲလား? ကိစၥမရွိပါဘူး။ ဒုတ္တစ္ေခ်ာင္းကိုသာယူမသြားနဲ႔ေပါ့။ တခ်ိဳ႕ကေလးေတြက ဒုတ္ပါရင္ ဆရာလို႔ပဲထင္ၿပီး ႏႈတ္ဆက္တက္ၾကတယ္။
(၇) ဘုန္းႀကီးလမ္းက တုိက္ေဟာင္းႀကီး – အလယ္တိုက္လို႔ေခၚတဲ့ ဘုန္းႀကီးေက်ာင္းလမ္းက တိုက္ေဟာင္းႀကီးရဲ႕ဝရန္တာကေန မိတ္ေဆြကို တစ္စုံတစ္ေယာက္ကမ်ား လက္ျပလိုက္ၿပီဆိုရင္ ၾကာၾကာမၾကည့္မိေစနဲ႔။ ….ေမေမ သားကိုလက္ျပေနတယ္…..ေမေမ…..လာခဲ့တဲ့….ေမေမ….သားကိုေခၚေနၿပီ……
(၈) တီတီစီ မိန္းကေလးေဆာင္ – တီတီစီရဲ႕ အိမ္သာေျခာင္ဘက္က မိန္းကေလးေဆာင္မွာ တီခ်ယ္တစ္ေယာက္ရွိတယ္။ သူမကအၿမဲေနာက္ေက်ာယားေနတက္တယ္။ သူအကုတ္ခိုင္းလို႔ ဆရာမ စကားနားေထာင္ၿပီး ေနာက္ေက်ာကိုၾကည့္မိၿပီဆိုရင္ေတာ့…….
(၉) ေရႊေခ်ာင္းတံတားႀကီး – ေ႐ႊေခ်ာင္းတံတားႀကီးေပၚမွာ မနက္သုံးနာရီေလာက္ ဆိုင္ကယ္စီးရဲလား? ေခါင္းမပါတဲ့မိန္းကေလးတစ္ေယာက္ကလြဲလို႔ မိတ္ေဆြကိုဘယ္သူမွ ေႏွာက္ယွက္မွာမဟုတ္ပါဘူး။
(၁၀) ပခုကၠဴတကၠသုိလ္ အီးေမဂ်ာေဆာင္က F2-B ရဲ႕ငိုရႈိက္သံ – ပခုကၠဴတကၠသိုလ္ အီးေမဂ်ာေဆာင္ကိုအလည္သြားရင္ ညေနေလးနာရီခြဲဝန္းက်င္ အိမ္သာဘက္ကိုမသြားမိပါေစနဲ႔။ ဂ်ပန္မွာ Hanako၊ အဂၤလန္မွာ Charlie, အဲ၊ ျမန္မာမွာေတာ့ သိခ်င္ရင္နာမည္သြားေမးေလဗ်ာ…..သေဘာေကာင္းမွာပါ။
ကဲ၊ ခ်စ္စရာေကာင္းတဲ့ပခုကၠဴၿမိဳ႕ကေလးကေန မိတ္ေဆြကို လႈိက္လွဲစြာႀကိဳဆိုေနပါတယ္။
Phyo Thant Zin