News

အလှူတွေ လုပ်သွားမယ်။ စစ်ဘေးရှောင်တွေကိုလည်း လှူသွားမယ်။ ထီကိုယ်စားလှယ်ကိုလည်း ကားတစ်စီးဝယ်ပေးဖို့ စိတ်ကူးထားပါတယ်။”ဟု ပြောလာတဲ့သိန်းတစ်သောင်းခွဲကံထူးရှင် မကြည်ဖြူစင်သိန်း

Written by Aung Lay

စစ်တွေမြို့က ရခိုင်သားချေ ကျပ်သိန်းတစ်သောင်းခွဲဆု
ကံထူးတဲ့အတွက် ရခိုင်တိုင်းရင်းသားများနဲ့ ထပ်တူ ဝမ်းသာမိပါတယ် ။

(၁၆) ကြိမ် ကျပ်သိန်းတစ်သောင်းခွဲထီဆု စစ်တွေမြို့မှ ဆွတ်ခူး

မာန်ယုကျော် ၊ အိမ်စိုးဖြူ
စစ်တွေ၊ ဇွန် ၁ / ၂ဝ၂ဝ

ယနေ့ ဇွန်လ ၁ ရက်နေ့တွင်ဖွင့်လှစ်လိုက်သည့် (၁၆) ကြိမ်မြောက် အောင်ဘာလေထီ ကျပ်သိန်းတစ်သောင်းခွဲဆုကို ရခိုင်ပြည်နယ် စစ်တွေမြို့မှ ဆွတ်ခူးသွားသည်။

စစ်တွေမြို့၊ ရွာကြီးတောင်ရပ်ကွက် ငပိန်လမ်းနေ ဦးအောင်ဆန်းဝင်းနှင့် ဒေါ်မေကြီးဖြူတို့၏ သမီး မကြည်ဖြူစင်သိန်းက ဃ ၃၁၃၁ဝ၂ ဂဏန်းဖြင့် သိန်းတစ်သောင်းခွဲထီဆုကြီးကို ဆွတ်ခူးရရှိသွားခြင်းဖြစ်သည်။

“အခုလို ထီဆုကြီးပေါက်လို့ အတိုင်းမသိ ပျော်မိပါတယ်။ အလှူတွေ လုပ်သွားမယ်။ စစ်ဘေးရှောင်တွေကိုလည်း လှူသွားမယ်။ ထီကိုယ်စားလှယ်ကိုလည်း ကားတစ်စီးဝယ်ပေးဖို့ စိတ်ကူးထားပါတယ်။”ဟု မကြည်ဖြူစင်သိန်း၏ မိခင် ဒေါ်မေကြီးဖြူက နိရဉ္စရာသို့ပြောသည်။

ထီပေါက်ကြောင်းကို ထီကိုယ်စားလှယ်က လာရောက်အကြောင်းကြားလာခြင်းဖြစ်သည်ဟုလည်း သူမက ဆက်ပြောသည်။

ထီပေါက်သည့် မကြည်ဖြူစင်သိန်းသည် ရွာကြီးတောင်မူလွန်ကျောင်းတွင် တတိယတန်းကို ဖြေဆိုထားသူဖြစ်သည်။

ဒေါ်မေကြီးဖြူတို့သည် မေလ လဆန်းပိုင်းတွင် တွန်းလှည်းဖြင့်လည်၍ ရောင်းချသည့် ထီးကိုယ်စားလှယ်ထံမှ ထီ ၅ စောင်တွဲကို သမီးဖြစ်သူအမည်ဖြင့် ထိုးခဲ့ခြင်းဖြစ်သည်။

ထီပေါက်သည့် မကြည်ဖြူစင်သိန်း၏ ဖခင်သည် သုံးဘီးဆိုင်ကယ်မောင်းပြီး မိခင်ဖြစ်သူမှာ အိမ်တွင် ကြက်ဥနှင့် မုန့်တီဖတ်ရောင်းချကြကြောင်း သိရသည်။ သူတို့မိသားစုတွင် မုန့်တီဖတ်လုပ်သည့်ဖိုတစ်ခုရှိသည်ဟုလည်း သိရသည်။

၂ဝ၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က ပထမဆုံးအကြိမ် ဖွင့်လှစ်ခဲ့သည့် ကျပ်သိန်းတစ်သောင်းထီဆုကြီးကိုလည်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ နာရီစင်အနီးတွင် နေထိုင်သူ ဦးစံရွှေခိုင်က ဆွတ်ခူးခဲ့ဖူးသည်။

Source: Narinjara

ZN.H 🇦🇺

Zawgyi

စစ္ေတြၿမိဳ႕က ရခိုင္သားေခ် က်ပ္သိန္းတစ္ေသာင္းခြဲဆု
ကံထူးတဲ့အတြက္ ရခိုင္တိုင္းရင္းသားမ်ားနဲ႔ ထပ္တူ ဝမ္းသာမိပါတယ္ ။

(၁၆) ႀကိမ္ က်ပ္သိန္းတစ္ေသာင္းခြဲထီဆု စစ္ေတြၿမိဳ႕မွ ဆြတ္ခူး

မာန္ယုေက်ာ္ ၊ အိမ္စိုးျဖဴ
စစ္ေတြ၊ ဇြန္ ၁ / ၂ဝ၂ဝ

ယေန႔ ဇြန္လ ၁ ရက္ေန႔တြင္ဖြင့္လွစ္လိုက္သည့္ (၁၆) ႀကိမ္ေျမာက္ ေအာင္ဘာေလထီ က်ပ္သိန္းတစ္ေသာင္းခြဲဆုကို ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕မွ ဆြတ္ခူးသြားသည္။

စစ္ေတြၿမိဳ႕၊ ႐ြာႀကီးေတာင္ရပ္ကြက္ ငပိန္လမ္းေန ဦးေအာင္ဆန္းဝင္းႏွင့္ ေဒၚေမႀကီးျဖဴတို႔၏ သမီး မၾကည္ျဖဴစင္သိန္းက ဃ ၃၁၃၁ဝ၂ ဂဏန္းျဖင့္ သိန္းတစ္ေသာင္းခြဲထီဆုႀကီးကို ဆြတ္ခူးရရွိသြားျခင္းျဖစ္သည္။

“အခုလို ထီဆုႀကီးေပါက္လို႔ အတိုင္းမသိ ေပ်ာ္မိပါတယ္။ အလႉေတြ လုပ္သြားမယ္။ စစ္ေဘးေရွာင္ေတြကိုလည္း လႉသြားမယ္။ ထီကိုယ္စားလွယ္ကိုလည္း ကားတစ္စီးဝယ္ေပးဖို႔ စိတ္ကူးထားပါတယ္။”ဟု မၾကည္ျဖဴစင္သိန္း၏ မိခင္ ေဒၚေမႀကီးျဖဴက နိရၪၥရာသို႔ေျပာသည္။

ထီေပါက္ေၾကာင္းကို ထီကိုယ္စားလွယ္က လာေရာက္အေၾကာင္းၾကားလာျခင္းျဖစ္သည္ဟုလည္း သူမက ဆက္ေျပာသည္။

ထီေပါက္သည့္ မၾကည္ျဖဴစင္သိန္းသည္ ႐ြာႀကီးေတာင္မူလြန္ေက်ာင္းတြင္ တတိယတန္းကို ေျဖဆိုထားသူျဖစ္သည္။

ေဒၚေမႀကီးျဖဴတို႔သည္ ေမလ လဆန္းပိုင္းတြင္ တြန္းလွည္းျဖင့္လည္၍ ေရာင္းခ်သည့္ ထီးကိုယ္စားလွယ္ထံမွ ထီ ၅ ေစာင္တြဲကို သမီးျဖစ္သူအမည္ျဖင့္ ထိုးခဲ့ျခင္းျဖစ္သည္။

ထီေပါက္သည့္ မၾကည္ျဖဴစင္သိန္း၏ ဖခင္သည္ သုံးဘီးဆိုင္ကယ္ေမာင္းၿပီး မိခင္ျဖစ္သူမွာ အိမ္တြင္ ၾကက္ဥႏွင့္ မုန္႔တီဖတ္ေရာင္းခ်ၾကေၾကာင္း သိရသည္။ သူတို႔မိသားစုတြင္ မုန္႔တီဖတ္လုပ္သည့္ဖိုတစ္ခုရွိသည္ဟုလည္း သိရသည္။

၂ဝ၁၇ ခုႏွစ္၊ ဧၿပီလ ၁ ရက္ေန႔က ပထမဆုံးအႀကိမ္ ဖြင့္လွစ္ခဲ့သည့္ က်ပ္သိန္းတစ္ေသာင္းထီဆုႀကီးကိုလည္း ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕ နာရီစင္အနီးတြင္ ေနထိုင္သူ ဦးစံေ႐ႊခိုင္က ဆြတ္ခူးခဲ့ဖူးသည္။

Source: Narinjara

ZN.H 🇦🇺

About the author

Aung Lay

Leave a Comment