Cele News

ကျန်းမာရေးမကောင်းဖြစ်နေတဲ့ သရုပ်ဆောင်ဦးဝင်းနိုင်အတွက် အလှူငွေများလှူဒါန်းပေးခဲ့တဲ့ မြင့်မြတ်

Written by Aung Lay

အနုပညာလောကထဲမှာ ပရိသတ်ရဲ့အားပေးမှုများစွာရရှိထားတဲ့ သရုပ်ဆောင်မြင့်မြတ်ကတော့ စေတနာသဒ္ဒါတရားထက်သန်သူပီစွာ အလှူအတန်းတွေကို မကြာခဏပြုလုပ်လေ့ရှိသူပါ။ မြင့်မြတ်ဟာ ယခုလို ကိုရိုနာကပ်ရောဂါဖြစ်ပွားနေစဉ် ကာလတစ်လျှောက်မှာလည်း အကူအညီလိုအပ်နေသူများကို လှူဒါန်းမှုတွေပြုလုပ်နေတာပါ။

ယခုလည်း ကျန်းမာရေးမကောင်းဖြစ်နေတဲ့ သရုပ်ဆောင်ဦးဝင်းနိုင်အတွက် ဆေးဖိုးဝါးခ ကျန်းမာရေးထောက်ပံ့စရိတ်အဖြစ် အလှူငွေ ၁၀ သိန်းကို ကူညီလှူဒါန်းခဲ့ပါတယ်။ ထိုအကြောင်းကိုတော့် ဦးဝင်းနိုင်၏ သမီးဖြစ်သူမှ “ဖေဖေ့အတွက် ကူညီထောက်ပံ့ငွေ1000000 လှူဒါန်းပေးပါသော ကိုမြင့်မြတ်တို့ ဇနီးမောင်နှံအား အထူးကျေးဇူးတင်ရှိပါတယ်..” ဆိုပြီး မြင့်မြတ်ရဲ့ ကူညီလှူဒါန်းမှုကို အများသိအောင် မျှဝေရေးသားထားပါတယ်။

အလှူအတန်းနဲ့ပတ်သက်ရင် အမြဲလက်မနှေးတဲ့ သရုပ်ဆောင်မြင့်မြတ်တို့မိသားစုအလှူလေးကို သာဓုခေါ်နိုင်ကြပါစေ….

Zawgyi




About the author

Aung Lay

Leave a Comment