Health

လူတိုင်းသိထားသင့်တဲ့ ပုံမှန်သွေးလှူဒါန်းခြင်းရဲ့ အံ့ဖွယ်အကျိုးကျေးဇူးများ

Written by Aung Lay

သွေးလှူခြင်းဟာ မွန်မြတ်တဲ့လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ ကိုယ့်ရဲ့ သန့်ရှင်းတဲ့သွေးကြောင့် သူတစ်ပါးအသက်ဆက်ခွင့်ရတာဟာ အင်မတန်ကုသိုလ်ကြီးမားလှပါတယ်။ သွေးလှူတဲ့ကိစ္စနဲ့ ပတ်သက်လို့ တစ်ချို့က သွေးလှူတာဟာ သူတစ်ပါးအတွက်၊ သူတစ်ပါးကို အကျိုးပြုဖို့သက်သက် ဆိုပြီးတော့သာ သိကြပါတယ်။ ဒါပေမယ့် အလှူရှင်မှာလည်း သွေးလှူတဲ့အခါ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေ ရနေတာကို လူတွေမေ့နေပါတယ်။ ဒါကြောင့် အခုအခါမှာတော့ ပုံမှန်သွေးလှူတဲ့ သွေးအလှူရှင်တွေ ခံစားရရှိနိုင်မယ့် အကျိုးကျေးဇူးလေးတွေကို worldofbuzz ကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။

အခြေခံကျန်းမာရေးစစ်ဆေးမှုတွေ အခမဲ့ရနိုင်တယ်

သွေးမလှူဒါန်းခင်မှာ ကျန်းမာရေးဝန်ထမ်းက သင့်ရဲ့ ကျန်းမာရေးအခြေအနေကို စစ်ဆေးပါလိမ့်မယ်။ သွေးခုန်နှုန်း၊ သွေးပေါင်ချိန်နဲ့ သံဓာတ်ပြည့် မပြည့်ဆိုတာကိုပါ။ သင်ဟာ တကယ်ပဲ အခြားသူကို သွေးလှူဒါန်းနိုင်လောက်အောင် ကျန်းမာရဲ့လားဆိုတာ ဆုံးဖြတ်ဖို့ အခုလို စစ်ဆေးတာ ဖြစ်ပါတယ်။ များသောအားဖြင့် လူတွေဟာ ပုံမှန်ဆေးစစ်တဲ့သူ နည်းပါတယ်။ ဒါကြောင့် ပုံမှန်သွေးလှူတဲ့အခါမှာတော့ ကိုယ့်ကျန်းမာရေးကိုလည်း ပုံမှန်စစ်ဆေးမိမှာ ဖြစ်ပါတယ်။

နှလုံးနဲ့ အသည်းရောဂါ ဖြစ်ပွားမှုကို လျော့ကျစေတယ်

သံဓာတ်ပမာဏများတဲ့သူတွေဟာ နှလုံး၊ အသည်းနဲ့ ပန်ကရိယရောဂါတွေ ဖြစ်ပွားလွယ်ပါတယ်။ သွေးလှူတဲ့အခါမှာတော့ ခန္ဓာကိုယ်ထဲက သံဓာတ်ပမာဏဟာ ပုံမှန်ညီမျှနေမှာ ဖြစ်ပါတယ်။ သွေးပုံမှန် လှူဖြစ်တဲ့အတွက် ခန္ဓာကိုယ်ထဲမှာလည်း သွေးဆဲလ်အသစ်အသစ်တွေက ထပ်မံဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။

ကိုယ်အလေးချိန် ကျစေတယ်

သွေးတစ်ခါလှူဒါန်းတိုင်းမှာ ကယ်လိုရီ (၆၅၀) လောင်ကျွမ်းပါတယ်။ ဒါက မိနစ် (၃၀) ခန့်ပြေးတာနဲ့ ညီမျှပါတယ်။ ဒါပေမယ့် သွေးလှူလို့ ကိုယ်အလေးချိန်ကျတယ်ဆိုပြီး သွေးခဏခဏလှူလို့လည်း မဖြစ်ပြန်ပါဘူး။ ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ သွေးပုံမှန်လှူဒါန်းချင်တယ်ဆိုရင်တောင် အနည်းဆုံး(၃) လခြားပြီးမှ လှူဒါန်းသင့်ပါတယ်။

ရုတ်တရက် နှလုံးရှော့ခ်ရခြင်းကို လျော့ကျစေတယ်

အမေရိကန်ကျန်းမာရေးစာစောင်တစ်ခုက ထုတ်ပြန်တာတော့ သွေးလှူဒါန်းခြင်းဟာ ရုတ်တရက် နှလုံးရှော့ခ်ရခြင်းကို (၈၈) ရာခိုင်နှုန်းကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ တကယ်လို့ ခန္ဓာကိုယ်ထဲမှာ သံဓာတ်ပမာဏ သိပ်များနေရင် သွေးကြောတွေဟာ ပိတ်ဆို့မှုတွေ ဖြစ်နိုင်ပါတယ်။ သွေးခဲတွေ ပိတ်ဆို့မှုများလာတဲ့အခါမှာတော့ နှလုံးရှော့ခ်ရလွယ်ပါတယ်။ သွေးလှူလိုက်ရင်တော့ သွေးထဲ သံဓာတ်ပမာဏနည်းသွားပြီး သွေးကြောတွေကို ပိုမိုကျယ်ပြန့်စေနိုင်တာ ဖြစ်ပါတယ်။

ပုံမှန် သွေးလှူဒါန်းသူတွေဟာ ကင်ဆာဖြစ်ပွားနှုန်းလည်း လျော့နည်းလာကြောင်း အမေရိကန်အမျိုးသားကင်ဆာဂျာနယ်မှာ ဖော်ပြထားပါသေးတယ်။ ဒါကြောင့် သွေးလှူဒါန်းခြင်းဟာ သူတစ်ပါးတင်မဟုတ်ပဲ သွေးအလှူရှင်ကိုပါ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ အများကြီးပေးနိုင်ကြောင်းကို ဖော်ပြပေးလိုက်ရပါတော့တယ်။

Zawgyi

ေသြးလႉျခင္းဟာ မြန္ျမတ္တဲ့လုပ္ရပ္တစ္ခုျဖစ္ပါတယ္။ ကိုယ့္ရဲ့ သန္႔ရွင္းတဲ့ေသြးေၾကာင့္ သူတစ္ပါးအသက္ဆက္ခြင့္ရတာဟာ အင္မတန္ကုသိုလ္ႀကီးမားလွပါတယ္။ ေသြးလႉတဲ့ကိစၥနဲ႔ ပတ္သက္လို႔ တစ္ခ်ိဳ႕က ေသြးလႉတာဟာ သူတစ္ပါးအတြက္၊ သူတစ္ပါးကို အက်ိဳးျပဳဖို႔သက္သက္ ဆိုၿပီးေတာ့သာ သိၾကပါတယ္။ ဒါေပမယ့္ အလႉရွင္မွာလည္း ေသြးလႉတဲ့အခါ က်န္းမာေရးဆိုင္ရာ ေကာင္းက်ိဳးေတြ ရေနတာကို လူေတြေမ့ေနပါတယ္။ ဒါေၾကာင့္ အခုအခါမွာေတာ့ ပုံမွန္ေသြးလႉတဲ့ ေသြးအလႉရွင္ေတြ ခံစားရရွိနိုင္မယ့္ အက်ိဳးေက်းဇူးေလးေတြကို worldofbuzz ကေနတဆင့္ ေဖာ္ျပေပးလိုက္ပါတယ္။

အေျခခံက်န္းမာေရးစစ္ေဆးမႈေတြ အခမဲ့ရနိုင္တယ္

ေသြးမလႉဒါန္းခင္မွာ က်န္းမာေရးဝန္ထမ္းက သင့္ရဲ့ က်န္းမာေရးအေျခအေနကို စစ္ေဆးပါလိမ့္မယ္။ ေသြးခုန္ႏႈန္း၊ ေသြးေပါင္ခ်ိန္နဲ႔ သံဓာတ္ျပည့္ မျပည့္ဆိုတာကိုပါ။ သင္ဟာ တကယ္ပဲ အျခားသူကို ေသြးလႉဒါန္းနိုင္ေလာက္ေအာင္ က်န္းမာရဲ့လားဆိုတာ ဆုံးျဖတ္ဖို႔ အခုလို စစ္ေဆးတာ ျဖစ္ပါတယ္။ မ်ားေသာအားျဖင့္ လူေတြဟာ ပုံမွန္ေဆးစစ္တဲ့သူ နည္းပါတယ္။ ဒါေၾကာင့္ ပုံမွန္ေသြးလႉတဲ့အခါမွာေတာ့ ကိုယ့္က်န္းမာေရးကိုလည္း ပုံမွန္စစ္ေဆးမိမွာ ျဖစ္ပါတယ္။

ႏွလုံးနဲ႔ အသည္းေရာဂါ ျဖစ္ပြားမႈကို ေလ်ာ့က်ေစတယ္

သံဓာတ္ပမာဏမ်ားတဲ့သူေတြဟာ ႏွလုံး၊ အသည္းနဲ႔ ပန္ကရိယေရာဂါေတြ ျဖစ္ပြားလြယ္ပါတယ္။ ေသြးလႉတဲ့အခါမွာေတာ့ ခႏၶာကိုယ္ထဲက သံဓာတ္ပမာဏဟာ ပုံမွန္ညီမၽွေနမွာ ျဖစ္ပါတယ္။ ေသြးပုံမွန္ လႉျဖစ္တဲ့အတြက္ ခႏၶာကိုယ္ထဲမွာလည္း ေသြးဆဲလ္အသစ္အသစ္ေတြက ထပ္မံျဖစ္ေပၚလာမွာ ျဖစ္ပါတယ္။

ကိုယ္အေလးခ်ိန္ က်ေစတယ္

ေသြးတစ္ခါလႉဒါန္းတိုင္းမွာ ကယ္လိုရီ (၆၅၀) ေလာင္ကၽြမ္းပါတယ္။ ဒါက မိနစ္ (၃၀) ခန္႔ေျပးတာနဲ႔ ညီမၽွပါတယ္။ ဒါေပမယ့္ ေသြးလႉလို႔ ကိုယ္အေလးခ်ိန္က်တယ္ဆိုၿပီး ေသြးခဏခဏလႉလို႔လည္း မျဖစ္ျပန္ပါဘူး။ က်န္းမာေရး ထိခိုက္နိုင္ပါတယ္။ ေသြးပုံမွန္လႉဒါန္းခ်င္တယ္ဆိုရင္ေတာင္ အနည္းဆုံး(၃) လျခားၿပီးမွ လႉဒါန္းသင့္ပါတယ္။

႐ုတ္တရက္ ႏွလုံးေရွာ့ခ္ရျခင္းကို ေလ်ာ့က်ေစတယ္

အေမရိကန္က်န္းမာေရးစာေစာင္တစ္ခုက ထုတ္ျပန္တာေတာ့ ေသြးလႉဒါန္းျခင္းဟာ ႐ုတ္တရက္ ႏွလုံးေရွာ့ခ္ရျခင္းကို (၈၈) ရာခိုင္ႏႈန္းကာကြယ္ေပးနိုင္တယ္လို႔ ဆိုပါတယ္။ တကယ္လို႔ ခႏၶာကိုယ္ထဲမွာ သံဓာတ္ပမာဏ သိပ္မ်ားေနရင္ ေသြးေၾကာေတြဟာ ပိတ္ဆို႔မႈေတြ ျဖစ္နိုင္ပါတယ္။ ေသြးခဲေတြ ပိတ္ဆို႔မႈမ်ားလာတဲ့အခါမွာေတာ့ ႏွလုံးေရွာ့ခ္ရလြယ္ပါတယ္။ ေသြးလႉလိုက္ရင္ေတာ့ ေသြးထဲ သံဓာတ္ပမာဏနည္းသြားၿပီး ေသြးေၾကာေတြကို ပိုမိုက်ယ္ျပန္႔ေစနိုင္တာ ျဖစ္ပါတယ္။

ပုံမွန္ ေသြးလႉဒါန္းသူေတြဟာ ကင္ဆာျဖစ္ပြားႏႈန္းလည္း ေလ်ာ့နည္းလာေၾကာင္း အေမရိကန္အမ်ိဳးသားကင္ဆာဂ်ာနယ္မွာ ေဖာ္ျပထားပါေသးတယ္။ ဒါေၾကာင့္ ေသြးလႉဒါန္းျခင္းဟာ သူတစ္ပါးတင္မဟုတ္ပဲ ေသြးအလႉရွင္ကိုပါ က်န္းမာေရးဆိုင္ရာ အက်ိဳးေက်းဇူးေတြ အမ်ားႀကီးေပးနိုင္ေၾကာင္းကို ေဖာ္ျပေပးလိုက္ရပါေတာ့တယ္။

About the author

Aung Lay

Leave a Comment