Knowledge

ကိုယ်ကြိုးစားသလောက် အရာမထင်ဘူးလို့ထင်တဲ့ချိန်မှာ ဝါးပင်လေးကို သတိရစေချင်ပါတယ်။

Written by Aung Lay

ဝါးပင်တစ်ပင်က 3 cm ကြီးဖို့ 4 နှစ်အချိန်သုံးရပါတယ်
အဲ့ဒီ 4 နှစ်နောက်ပိုင်း ဝါးပင်တစ်ပင်ဟာ 1 ရက်ကို 30cm ကြီးနိုင်ပါတယ်။
6 ပတ်အတွင်း 15 m လောက်အမြင့်ကိုရောက်နိုင်တယ်
တကယ်ဆိုရင် ပထမဆုံး 4 နှစ်မှာ အဲ့ဒီဝါးပင်က အမြစ်မှာ အခြေခိုင်အောင်အားစိုက်နေလို့ပဲဖြစ်ပါတယ်

ဒါကြောင့် ဒီနေ့
ကိုယ်လုပ်သမျှ အကျိုးရလာဒ်မမြင်ရတဲ့ချိန်မှာ
ကိုယ်ကြိုးစားသလောက် အရာမထင်ဘူးလို့ထင်တဲ့ချိန်မှာ
ဝါးပင်လေးကို သတိရစေချင်ပါတယ်။
ကိုယ်က 10 m မြင့်ချင်ရင် 10 m အတွက်အခြေခိုင်အောင်လုပ်ရမယ်
အဲ့တော့ 1 နှစ်ကြာချင်ကြာမယ်။

ကိုယ်က 100 m မြင့်ချင်ရင် 100 m အမြင့်ကိုခံနိုင်တဲ့အခြေခံရှိရမယ်လေ
အဲ့တော့ 10 နှစ်အချိန်ပေးရင်ပေးရမယ် လို့ထင်ပါတယ်။

ဒါကြောင့် ကိုယ်ကြိုးစားသလောက် ချက်ချင်းအကျိုးမမြင်ရရင်လဲ
စိတ်ဓာတ်ကျပြီးတော့ နောက်မဆုတ်ပါနဲ့လို့ပြောချင်ပါတယ်။
ကိုယ်သာအခြေခိုင်အောင် အမြစ်ပွား၊ကြိုးစားနေသ၍
တစ်ရက်ကျရင် အမြင့်ကိုရောက်နိုင်ပါလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့ လူအများစုက အဲ့ဒီ 3cm ကနေ မကျော်နိုင်ကြပါဘူး
အဲ့ဒါကြောင့် ကျရှုံးသူက အောင်မြင်သူထက်များနေတာပေါ့

ကိုယ့်ရဲ့ 3cm ကိုကျော်ဖြတ်နိုင်ရင်တော့ သင်က အမြင့်ကိုမကြာခင်ရောက်မယ့်သူတွေပါပဲ
စိတ်ဓာတ်ကျရင် 3 cm ကိုသတိရပါ
ငါရဲ့ 3 cm ပဲလို့ပြောပြီး အားအင်ပြန်ပြည့်နိုင်ပါစေရှင့်

သာယာသောနေ့လေးဖြစ်ပါစေရှင့် 🌻
နန်းယုယုထွေး

Zawgyi



ဒါကြောင့် ဒီနေ့








နန်းယုယုထွေး

About the author

Aung Lay

Leave a Comment