Knowledge

မိဘနှစ်ပါးလုံးကို မြုပ်နှံထားတဲ့ သင်္ချိုင်းမြေပုံအနား ခဏခဏသွားပြီး “မေမေ”ဆိုပြီး အော်ခေါ်နေခဲ့တဲ့ သားလေးရဲ့အဖြစ်

Written by Aung Lay

လူတိုင်းကတော့ တစ်ချိန်ချိန်တစ်နေ့နေ့မှာ ကိုယ်ချစ်ရသူတွေနဲ့ ကြုံဆုံ၊ ကွဲကွာ၊ ထားရစ် ခဲ့ရမှာပါပဲလေ။

ဒီတစ်ခေါက်မှာလည်း 2နှစ်သားအရွယ် မလေးရှားနိုင်ငံက ကလေးငယ်တစ်ယောက်ဟာ

ကားအက်ဆီးဒင့်ကြောင့် မိဘနှစ်ပါးလုံးကို တစ်ကြိမ်ထဲမှာပဲဆုံးရှုံးသွားခဲ့ရပါတယ်။

မိခင်ကို အတော်လေးလွမ်းဆွတ်နေခဲ့တဲ့ သားငယ်လေးဟာ မိဘနှစ်ပါးလုံးကိုမြုပ်နှံထားတဲ့ သဲမြေပုံလေးအကြား

သဲမြေတွေနဲ့ဆော့ကစားနေခဲ့တာကို မခံစားနိုင်လို့ ကလေးငယ်ရဲ့အဖြစ်ကို အဒေါ်ဖြစ်သူက

Facebook စာမျက်နှာပေါ်မှာ ဝေမျှသွားပေးခဲ့ပါတယ်။ အဒေါ်ဖြစ်သူ ရေးသားထားခဲ့တာကတော့ ” ကလေးငယ်က

အမေနဲ့စကားပြောချင်တယ်ဆိုလို့ သူ့ရဲ့မိဘနှစ်ပါးကို မြုပ်နှံထားတဲ့ နေရာကိုခေါ်လာပေးခဲ့တာပါ။

သူ့ရဲ့ အမေကဒီနေရာမှာရှိနေတယ်ဆိုပြီးပြောပြလိုက်ချိန်မှာတော့ ကလေးငယ်က ‘မေမေ၊ မေမေ ‘ ဆိုပြီးအော်ခေါ်နေခဲ့တာပါ။

ကလေးငယ်က အိမ်ခေါ်ပြန်လို့လည်းမရတော့ပါဘူး။ အိမ်မှာသဲတွေလုံးဝမဆော့တဲ့ကလေးက

ဒီမှာကျသဲမြေတွေနဲ့ဆော့ကစားနေခဲ့တာပါ။ သူ့မိဘတွေကို အတော်လေးသတိရနေပုံပါပဲ….

အိမ်ပြန်ဖို့လည်း ငြင်းနေခဲ့တယ်၊ နောက်တစ်ကြိမ်မှပြန်လာလည်ရအောင် Arfan ဆိုပြီး ပြောခဲ့ရတယ် ” ဆိုပြီး

ကလေးငယ်ရဲ့ ရင်နင့်ဖွယ်အဖြစ်ကို ရေးသားထားခဲ့တာပါ။သားလေးဟာ အခုချိန်မှာတော့ အဘွားဖြစ်သူနဲ့အတူနေထိုင်လျက်ရှိပြီး

မိဘနှစ်ပါးရှိရာနေရာသို့ အမြဲသွားရောက်လည်ပတ်လေ့ရှိကြောင်းလည်း သိရှိရပါတယ်။

ဒါကြောင့်မို့ အခုလိုတန်ဖိုးရှိလွန်းလှတဲ့အချိန်လေးမှာ ကိုယ်ချစ်ရသူတွေကို အချိန်ပေးပြီး

တန်ဖိုးရှိတဲ့ အချိန်မျိုးတွေ၊ အမှတ်တရမျိုးတွေဖန်တီးပြီး အကောင်းဆုံးရှေ့ဆက်လျှောက်လှမ်းကြဖို့ ပြောဆိုလိုက်ရပါတယ်။

ခရက်ဒစ်

Zawgyi

လူတိုင္းကေတာ့ တစ္ခ်ိန္ခ်ိန္တစ္ေန႔ေန႔မွာ ကိုယ္ခ်စ္ရသူေတြနဲ႔ ၾကံဳဆံု၊ ကြဲကြာ၊ ထားရစ္ ခဲ့ရမွာပါပဲေလ။

ဒီတစ္ေခါက္မွာလည္း 2ႏွစ္သားအရြယ္ မေလး႐ွားႏိုင္ငံက ကေလးငယ္တစ္ေယာက္ဟာ

ကားအက္ဆီးဒင့္ေၾကာင့္ မိဘႏွစ္ပါးလံုးကို တစ္ႀကိမ္ထဲမွာပဲဆံုး႐ႈံးသြားခဲ့ရပါတယ္။

မိခင္ကို အေတာ္ေလးလြမ္းဆြတ္ေနခဲ့တဲ့ သားငယ္ေလးဟာ မိဘႏွစ္ပါးလံုးကိုျမဳပ္ႏွံထားတဲ့ သဲေျမပံုေလးအၾကား

သဲေျမေတြနဲ႔ေဆာ့ကစားေနခဲ့တာကို မခံစားႏိုင္လို႔ ကေလးငယ္ရဲ႕အျဖစ္ကို အေဒၚျဖစ္သူက

Facebook စာမ်က္ႏွာေပၚမွာ ေဝမ်ွသြားေပးခဲ့ပါတယ္။ အေဒၚျဖစ္သူ ေရးသားထားခဲ့တာကေတာ့ ” ကေလးငယ္က

အေမနဲ႔စကားေျပာခ်င္တယ္ဆိုလို႔ သူ႔ရဲ႕မိဘႏွစ္ပါးကို ျမဳပ္ႏွံထားတဲ့ ေနရာကိုေခၚလာေပးခဲ့တာပါ။

သူ႔ရဲ႕ အေမကဒီေနရာမွာ႐ွိေနတယ္ဆိုၿပီးေျပာျပလိုက္ခ်ိန္မွာေတာ့ ကေလးငယ္က ‘ေမေမ၊ ေမေမ ‘ ဆိုၿပီးေအာ္ေခၚေနခဲ့တာပါ။

ကေလးငယ္က အိမ္ေခၚျပန္လို႔လည္းမရေတာ့ပါဘူး။ အိမ္မွာသဲေတြလံုးဝမေဆာ့တဲ့ကေလးက

ဒီမွာက်သဲေျမေတြနဲ႔ေဆာ့ကစားေနခဲ့တာပါ။ သူ႔မိဘေတြကို အေတာ္ေလးသတိရေနပံုပါပဲ….

အိမ္ျပန္ဖို႔လည္း ျငင္းေနခဲ့တယ္၊ ေနာက္တစ္ႀကိမ္မွျပန္လာလည္ရေအာင္ Arfan ဆိုၿပီး ေျပာခဲ့ရတယ္ ” ဆိုၿပီး

ကေလးငယ္ရဲ႕ ရင္နင့္ဖြယ္အျဖစ္ကို ေရးသားထားခဲ့တာပါ။သားေလးဟာ အခုခ်ိန္မွာေတာ့ အဘြားျဖစ္သူနဲ႔အတူေနထိုင္လ်က္႐ွိၿပီး

မိဘႏွစ္ပါး႐ွိရာေနရာသို႔ အျမဲသြားေရာက္လည္ပတ္ေလ့႐ွိေၾကာင္းလည္း သိ႐ွိရပါတယ္။

ဒါေၾကာင့္မို႔ အခုလိုတန္ဖိုး႐ွိလြန္းလွတဲ့အခ်ိန္ေလးမွာ ကိုယ္ခ်စ္ရသူေတြကို အခ်ိန္ေပးၿပီး

တန္ဖိုး႐ွိတဲ့ အခ်ိန္မ်ိဳးေတြ၊ အမွတ္တရမ်ိဳးေတြဖန္တီးၿပီး အေကာင္းဆံုးေ႐ွ႕ဆက္ေလ်ွာက္လွမ္းၾကဖို႔ ေျပာဆိုလိုက္ရပါတယ္။

###ခရက္ဒစ္

About the author

Aung Lay

Leave a Comment