News

ဆပ်ပြာဘူးတင်မက လက်ဆေးကန်ကြီးကိုပါ “မ” သွားတာပါတဲ့ အဖြစ်က (ဒီလိုတောင် ဖြစ်နေကြပြီလားး???)

Written by Aung Lay

ကဲ လာပြန်ပြီဗျာ။ ဒီတခါကတော့ ဆပ်ပြာဘူး မဟုတ်တော့ပါဘူး။ လက်ဆေးကန် ဘေစင်ကို ဖြုတ်ခိုးကြတာပါတဲ့။

စိတ်ဓာတ်မြင့်မား ရွှေမြန်မာများလို့ပဲ ပြောလိုက်ချင်ပါတော့တယ်။ ရောဂါ ကာကွယ်ဖို့အတွက် စေတနာရှင်တွေက

လက်ဆေးကန်နဲ့ ဆပ်ပြာရည်ဘူးတွေကို မဖြစ်ဖြစ်အောင် လုပ်ပေးထားတာကို ဒီလိုလူတွေကြောင့် စေတနာရှင်တွေ

စိတ်အချဉ်ပေါက်သွားမှာပဲ စိုးရိမ် ရပါတယ်…ပြန်ရောင်းစားလည်း ဘယ်လောက်မှ မရနိုင်တဲ့

သုံးပြီးသား လက်ဆေးကန်ကိုတောင် ဖြုတ်ခိုးတယ်ဆိုတာတော့ အတော်ကို လွန်သွားပြီလို့ ဆိုနိုင်ပါတယ်။

CCTVတပ်ထားတာကိုလည်း သိလို့ လျှာတောင် ထုတ်ပြသွားပါတယ်တဲ့။ အောက်မှာ မူရင်းပို့စ်ကို ဖော်ပြလိုက်ပါတယ်…

“လက်ဆေးကန် ဖြုတ်ခိုးနေသူများရှိလို့ ဆိုင်ရှင်များ သတိပြုနိုင်ရန် – ကိုဗစ် ကာလမှာ ဆိုင်ရှေ့မှာ

လက်ဆေးကန်လေး လုပ်ပေးထားတယ်။ သူတို့က ဖြုတ်ယူသွားတယ်။အမှိုက်ကောက်သမားပုံစံနဲ့ အမှိုက်ပုံး၊

လက်ဆေးကန်တွေ လိုက်ခိုးနေတာ ကိုယ့်ဆိုင်ရှေမှာထားတဲ့ မိတ်ဆွေများ အလုပ်သိမ်းချိန် ပြန်ဖြုတ်သိမ်းခဲ့ကြပါ။

CCTV ပြန်ကြည့်တော့ ဗီဒီယိုထဲမှာ ဖြုတ်ခိုးသွားပြီး လျှာတောင်ထုတ်ပြသွားသေးဗျာ။”

မေတ္တာဖြင့်သတိပေးခြင်းပါ… Credit Kyaw Min Tun

Zawgyi

ကဲ လာျပန္ၿပီဗ်ာ။ ဒီတခါကေတာ့ ဆပ္ျပာဘူး မဟုတ္ေတာ့ပါဘူး။ လက္ေဆးကန္ ေဘစင္ကုိ ျဖဳတ္ခုိးၾကတာပါတဲ့။

စိတ္ဓာတ္ျမင့္မား ေရႊျမန္မာမ်ားလုိ႔ပဲ ေျပာလုိက္ခ်င္ပါေတာ့တယ္။ ေရာဂါ ကာကြယ္ဖုိ႔အတြက္ ေစတနာရွင္ေတြက

လက္ေဆးကန္နဲ႔ ဆပ္ျပာရည္ဘူးေတြကို မျဖစ္ျဖစ္ေအာင္ လုပ္ေပးထားတာကုိ ဒီလုိလူေတြေၾကာင့္ ေစတနာရွင္ေတြ

စိတ္အခ်ဥ္ေပါက္သြားမွာပဲ စုိးရိမ္ ရပါတယ္…ျပန္ေရာင္းစားလည္း ဘယ္ေလာက္မွ မရႏုိင္တဲ့

သံုးၿပီးသား လက္ေဆးကန္ကုိေတာင္ ျဖုတ္ခုိးတယ္ဆုိတာေတာ့ အေတာ္ကုိ လြန္သြားၿပီလုိ႔ ဆုိႏုိင္ပါတယ္။

CCTVတပ္ထားတာကုိလည္း သိလုိ႔ လွ်ာေတာင္ ထုတ္ျပသြားပါတယ္တဲ့။ ေအာက္မွာ မူရင္းပုိ႔စ္ကုိ ေဖာ္ျပလုိက္ပါတယ္…

“လက္ေဆးကန္ ျဖဳတ္ခိုးေနသူမ်ားရွိလို႔ ဆိုင္ရွင္မ်ား သတိျပဳႏိုင္ရန္ – ကုိဗစ္ ကာလမွာ ဆိုင္ေရွ႕မွာ

လက္ေဆးကန္ေလး လုပ္ေပးထားတယ္။ သူတို႔က ျဖဳတ္ယူသြားတယ္။အမႈိက္ေကာက္သမားပုံစံနဲ႔ အမႈိက္ပုံး၊

လက္ေဆးကန္ေတြ လိုက္ခိုးေနတာ ကိုယ့္ဆိုင္ေရွမွာထားတဲ့ မိတ္ေဆြမ်ား အလုပ္သိမ္းခ်ိန္ ျပန္ျဖဳတ္သိမ္းခဲ့ၾကပါ။

CCTV ျပန္ၾကည့္ေတာ့ ဗီဒီယုိထဲမွာ ျဖဳတ္ခိုးသြားၿပီး လွ်ာေတာင္ထုတ္ျပသြားေသးဗ်ာ။”

ေမတၱာျဖင့္သတိေပးျခင္းပါ… Credit Kyaw Min Tun

About the author

Aung Lay

Leave a Comment