Cele News
သူ့ကိုပိန်တယ်လို့ ဝေဖန်နေတဲ့သူတွေကြောင့် လက်ရှိခန္ဓာကိုယ်ပုံစံရဖို့ ကြိုးစားခဲ့တာပါဆိုတဲ့ တိုင်ရွန်
Written by Aung Lay
Source: Tyron Bejay’s Facebook
Credit : Cele Connections
Unicode
အမိုက်စား ဘော်ဒီနဲ့ ကြည့်ကောင်းပြီး ဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသားချော တိုင်ရွန်ကို Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ တိုင်ရွန်ကတော့ ကာရိုက်တာအတွက် ခန္ဓာကိုယ်ပုံစံတွေကို ပြောင်းလဲအောင် လုပ်ဆောင်ကာ ပီပြင်အောင် သရုပ်ဆောင်တဲ့သူပဲဖြစ်ပါတယ်..။ အမိုက်စား ဘော်ဒီကောက်ကြောင်းရအောင် စနစ်တကျ လုပ်ဆောင်တဲ့သူတစ်ဦး။လည်းဖြစ်ပါသေးတယ်..။
ဧပြီလ (၂၄)ရက်နေ့မှာတော့ တိုင်ရွန်က သူလုပ်နိုင်တဲ့ အရာမှန်သမျှကို မလုပ်ဘဲ မရှိအောင် ဘဝမှာ နေထိုင်မယ့် အကြောင်းကို “ကျွန်တော့်မှာ ကိုယ့်ထက်သာတဲ့သူတွေကို အားကျ တာပဲရှိမယ်.။ စိတ်ဓာတ်ကျတယ်ဆိုတာ မရှိဘူး.။ သူများနဲ့ယှဉ်လို့ အရပ်ပုတယ်၊ အသားမဲတယ် ၊ ရုပ်ဆိုးတယ် ပြောရင် ကျွန်တော် စိတ်မဆိုးဘူး .။ ဘာလို့ဆိုတော့ အရပ်ဆိုတာ ဘုရားကပေးတာ၊ ရုပ်ရည်ဆိုတာ သဘာဝကပေးတာ လုပ်ယူလို့မရဘူး ။ အဲ့အတွက် ဝမ်းမနည်းဘူး.။ ဒါပေမဲ့ ပိန်လိုက်တာလို့ပြောရင်တော့ ခံစားရမယ် .။ ဘာလို့ဆိုတော့ ကျွန်တော် ဝအောင်လုပ်နိင်ရဲ့သားနဲ့ ကျွန်တော်ပျင်းလို့ ပြောခံရတာ တနေ့ အဲ့လိုပြောနေတာတွေ ရပ်စေရမယ် .။
ဒါအနီးစပ်ဆုံးဥပမာပါ.။ ကျွန်တော်လုပ်နိုင်တဲ့အရာတွေအတွက် ကျွန်တော်လုပ်မယ် .။ လုပ်နိုင်ရဲ့သားနဲ့ မလုပ်ဘူးဆိုတာမရှိအောင်နေမယ်” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ ထူးခြားတဲ့ ရုပ်ရည်မဟုတ်ပေမယ့် ကြည့်ကောင်းအောင်နေကာ သူလုပ်နိုင်တဲ့ အရာမှန်သမျှကို လုပ်နိင်အောင်ပဲ နေထိုင်သွားမယ့်အကြောင်းကို တင်လာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း ကိုယ့်ကိုယ်ကို ပြောင်းလဲအောင် လုပ်ဆောင်နိုင်တဲ့ တိုင်ရွန်ကို အားပေးချစ်ခင်ရင် မှတ်ချက်လေးတွေ ရေးပေးသွားခဲ့ပါဦးနော်.။
About the author
Aung Lay
Leave a Comment