ဂျပန်နိုင်ငံက ဖြစ်ရပ်မှန်လေးတစ်ခုဖြစ်သည်…အိမ်များမှာအများအားဖြင့်သစ်သားနံရံပါးနှစ်ခုကို
အလယ်တွင် နေရာလွတ်လေးထားပိတ်ပြီး နံရံထူတစ်ခုအဖြစ်တည်ဆောက်တတ်ကြသည်။တစ်နေ့ အိမ်ပြင်ရန်
နံရံကိုဖွင့်ဖျက်လိုက်သောအခါ တောက်တဲ့လေးတစ်ကောင်အတွင်းပိုင်း၌ တွယ်ကပ်နေသည်ကိုတွေ့လိုက်ရ၏ ။
အပြင်မှရိုက်သောသံတစ်ချောင်းသည်ထိုအကောင်ငယ်လေး၏ ခြေတစ်ဖက်ကို ထိုးစိုက်ဝင်နေလျက်သားတွေ့လိုက်ရသည်။
သူဒီမြင်ကွင်းလေးကိုမြင်တော့ အတော်လေးသနားသွားသည် ။ ထို့နောက် သံမှိုကိုသေချာစစ်ဆေးကြည့်ရှု လိုက်သောအခါ
လွန်ခဲ့တဲ့ ၅နှစ်ခန့်အချိန် ဤအိမ်ကိုစတင် တည်ဆောက်စဉ်ကတည်း ရိုက်ထားသောသံမှိုဖြစ်နေသောကြောင့်ပင်ပို၍ အံ့သြမှင်သက်သွားမိ၏ ။
ဘယ်လိုဖြစ်တာပါလိမ့် ။ဒီတောက်တဲ့လေးက နေရာမရွေ့နိုင်ပဲ (၅)နှစ်လောက်အသက်ရှင်နေတာ
အိုး…ဒီမှောင်မည်းနေတဲ့ နံရံလွတ်ကြားထဲခြေတစ်ဖက်သံရိုက်ခံထားရလို့ ဘယ်မှမသွားနိုင်တော့ပါပဲ…
(၅)နှစ်တောင်အသက်ရှင်နေသေးတာ ..ဟာ! မဖြစ်နိုင်တာပဲ ဘာလုပ်နေခဲ့တာလဲ ?ဘယ်ကဘယ်လို အစာစားပြီး အသက်ရှင်နေခဲ့တာလဲ ဆိုတဲ့မေးခွန်းပေါင်းများစွာနဲ့စဉ်းစားတွေးကြည့်လို့ မရတောသည့်အဆုံးအံ့သြလွန်းကာ အလုပ်ကိုရပ်လိုက်ပြီး
တောက်တဲ့လေးကိုသာ စောင့်ကြည့်လေ့လာဖို့ဆုံးဖြတ်လိုက်သည် ။
ဒီလိုနဲ့ နံရံကို နဂိုအတိုင်းလေး ပုံမပျက်အတွင်းကိုသူမြင်နိုင်ယုံဟကာ ပြန်ကပ်လိုက်ပြီး တိတ်ဆိတ်စွာ အသာထိုင်စောင့်ကြည့်နေလိုက်၏ တော်တော်လေးကြာတော့ အခြားတောက်တဲ့တစ်ကောင်သည် ပါးစပ်နှင့်အစာအချိူ့ကိုကိုက်ချီပြီးရောက်လာသည် ။ ဘယ်ကရောက်လာမှန်းတော့မသိပေ ။ ထို့နောက် သံမှိုရိုက်ခံထား ရသောအကောင်ကိုအစာခွံ့ကြွေးနေလေ၏ ။ထိုမြင်ကွင်းလေးကို တွေ့ရှိပြီးနောက် သူ…အံ့သြမှင်သက်ကာ နက်ရှိုင်းတဲ့ခံစားမှုကြောင့်ကြက်သီးများပင်ထခဲ့ရသည် ။
ငါးနှစ်ကြာအောင် သံရိုက်ခံထားရတဲ့ တောက်တဲ့လေးရဲ့အဖြစ် မလျော့သောမျှော်လင့်ချက်၊သံရိုက်ခံထားရလို့ ခြေတစ်လှမ်းတောင်
မရွေ့နိုင်တော့တဲ့ အဖော်ဖြစ်သူကို ငါးနှစ်ကြာ ရှာကြွေးခဲ့တဲ့ တောက်တဲ့ကလေးထားမသွား လက်မလျော့သော မျှော်လင့်ချက် ။
စိတ်ကူးကြည့်လို့ ရရဲ့လားဗျာ…အဖော်ဖြစ်သူအပေါ် မျှော်လင့်ချက်ကို မစွန့်လွှတ်ဘဲ ငါးနှစ်ကြာအောင် မဆုတ်မနစ်
ဂရုတစိုက်အစာရှာကြွေးလာခဲ့တာ…။တစ်စုံတစ်ယောက်က သင့်ကိုအမှန်တစ်ကယ် လိုအပ်နေတဲ့အခါ မအားဘူးလို့မပြောလိုက်ပါနဲ့လားဗျာ…သင်ဟာ တစ်စုံတစ်ယောက်သောသူအတွက် မျှော်လင့်ချက် အားကိုးယုံကြည်ရာရှင်သန်မှု သူ့အတွက်သင်ဟာ ကမ္ဘာတစ်ခုတောင်
ဖြစ်နေနိုင်ပါတယ် ။
ဥပေက္ခာပြုလိုက်တဲ့ အခိုက်အတန့် ခဏလေးဟာ သင့်ကို ဘဝတစ်ခုလုံးပုံပြီးချစ်တဲ့သူတွေရဲ့ နှလုံးသားကို ကျိူးပဲ့စေတယ်။
ဖျက်ဆီးဖို့က တစ်ခဏပဲအချိန်ယူရပါတယ်။ဖန်တီးဖို့တော့ ဘဝတစ်ခုလုံးကြာတတ်တယ်ဆိုတာကို
တစ်ခုခုမပြောမိခင် အမြဲတမ်း သတိတရရှိပါစေ… ။ ။
ဘာသာပြန်- Thet Khaing
Zawgyi
ဂ်ပန္နိုင္ငံက ျဖစ္ရပ္မွန္ေလးတစ္ခုျဖစ္သည္…အိမ္မ်ားမွာအမ်ားအားျဖင့္သစ္သားနံရံပါးႏွစ္ခုကို
အလယ္တြင္ ေနရာလြတ္ေလးထားပိတ္ၿပီး နံရံထူတစ္ခုအျဖစ္တည္ေဆာက္တတ္ၾကသည္။တစ္ေန႔ အိမ္ျပင္ရန္
နံရံကိုဖြင့္ဖ်က္လိုက္ေသာအခါ ေတာက္တဲ့ေလးတစ္ေကာင္အတြင္းပိုင္း၌ တြယ္ကပ္ေနသည္ကိုေတြ႕လိုက္ရ၏ ။
အျပင္မွရိုက္ေသာသံတစ္ေခ်ာင္းသည္ထိုအေကာင္ငယ္ေလး၏ ေျခတစ္ဖက္ကို ထိုးစိုက္ဝင္ေနလ်က္သားေတြ႕လိုက္ရသည္။
သူဒီျမင္ကြင္းေလးကိုျမင္ေတာ့ အေတာ္ေလးသနားသြားသည္ ။ ထို႔ေနာက္ သံမွိုကိုေသခ်ာစစ္ေဆးၾကည့္ရႈ လိုက္ေသာအခါ
လြန္ခဲ့တဲ့ ၅ႏွစ္ခန္႔အခ်ိန္ ဤအိမ္ကိုစတင္ တည္ေဆာက္စဥ္ကတည္း ရိုက္ထားေသာသံမွိုျဖစ္ေနေသာေၾကာင့္ပင္ပို၍ အံ့ၾသမွင္သက္သြားမိ၏ ။
ဘယ္လိုျဖစ္တာပါလိမ့္ ။ဒီေတာက္တဲ့ေလးက ေနရာမေရြ႕နိုင္ပဲ (၅)ႏွစ္ေလာက္အသက္ရွင္ေနတာ
အိုး…ဒီေမွာင္မည္းေနတဲ့ နံရံလြတ္ၾကားထဲေျခတစ္ဖက္သံရိုက္ခံထားရလို႔ ဘယ္မွမသြားနိုင္ေတာ့ပါပဲ…
(၅)ႏွစ္ေတာင္အသက္ရွင္ေနေသးတာ ..ဟာ! မျဖစ္နိုင္တာပဲ ဘာလုပ္ေနခဲ့တာလဲ ?ဘယ္ကဘယ္လို အစာစားၿပီး အသက္ရွင္ေနခဲ့တာလဲ ဆိုတဲ့ေမးခြန္းေပါင္းမ်ားစြာနဲ႔စဥ္းစားေတြးၾကည့္လို႔ မရေတာသည့္အဆုံးအံ့ၾသလြန္းကာ အလုပ္ကိုရပ္လိုက္ၿပီး
ေတာက္တဲ့ေလးကိုသာ ေစာင့္ၾကည့္ေလ့လာဖို႔ဆုံးျဖတ္လိုက္သည္ ။
ဒီလိုနဲ႔ နံရံကို နဂိုအတိုင္းေလး ပုံမပ်က္အတြင္းကိုသူျမင္နိုင္ယုံဟကာ ျပန္ကပ္လိုက္ၿပီး တိတ္ဆိတ္စြာ အသာထိုင္ေစာင့္ၾကည့္ေနလိုက္၏ ေတာ္ေတာ္ေလးၾကာေတာ့ အျခားေတာက္တဲ့တစ္ေကာင္သည္ ပါးစပ္ႏွင့္အစာအခ်ိဴ႕့ကိုကိုက္ခ်ီၿပီးေရာက္လာသည္ ။ ဘယ္ကေရာက္လာမွန္းေတာ့မသိေပ ။ ထို႔ေနာက္ သံမွိုရိုက္ခံထား ရေသာအေကာင္ကိုအစာခြံ့ေႂကြးေနေလ၏ ။ထိုျမင္ကြင္းေလးကို ေတြ႕ရွိၿပီးေနာက္ သူ…အံ့ၾသမွင္သက္ကာ နက္ရွိုင္းတဲ့ခံစားမႈေၾကာင့္ၾကက္သီးမ်ားပင္ထခဲ့ရသည္ ။
ငါးႏွစ္ၾကာေအာင္ သံရိုက္ခံထားရတဲ့ ေတာက္တဲ့ေလးရဲ့အျဖစ္ မေလ်ာ့ေသာေမၽွာ္လင့္ခ်က္၊သံရိုက္ခံထားရလို႔ ေျခတစ္လွမ္းေတာင္
မေရြ႕နိုင္ေတာ့တဲ့ အေဖာ္ျဖစ္သူကို ငါးႏွစ္ၾကာ ရွာေႂကြးခဲ့တဲ့ ေတာက္တဲ့ကေလးထားမသြား လက္မေလ်ာ့ေသာ ေမၽွာ္လင့္ခ်က္ ။
စိတ္ကူးၾကည့္လို႔ ရရဲ့လားဗ်ာ…အေဖာ္ျဖစ္သူအေပၚ ေမၽွာ္လင့္ခ်က္ကို မစြန္႔လႊတ္ဘဲ ငါးႏွစ္ၾကာေအာင္ မဆုတ္မနစ္
ဂ႐ုတစိုက္အစာရွာေႂကြးလာခဲ့တာ…။တစ္စုံတစ္ေယာက္က သင့္ကိုအမွန္တစ္ကယ္ လိုအပ္ေနတဲ့အခါ မအားဘူးလို႔မေျပာလိုက္ပါနဲ႔လားဗ်ာ…သင္ဟာ တစ္စုံတစ္ေယာက္ေသာသူအတြက္ ေမၽွာ္လင့္ခ်က္ အားကိုးယုံၾကည္ရာရွင္သန္မႈ သူ႔အတြက္သင္ဟာ ကမၻာတစ္ခုေတာင္
ျဖစ္ေနနိုင္ပါတယ္ ။
ဥေပကၡာျပဳလိုက္တဲ့ အခိုက္အတန္႔ ခဏေလးဟာ သင့္ကို ဘဝတစ္ခုလုံးပုံၿပီးခ်စ္တဲ့သူေတြရဲ့ ႏွလုံးသားကို က်ိဴးပဲ့ေစတယ္။
ဖ်က္ဆီးဖို႔က တစ္ခဏပဲအခ်ိန္ယူရပါတယ္။ဖန္တီးဖို႔ေတာ့ ဘဝတစ္ခုလုံးၾကာတတ္တယ္ဆိုတာကို
တစ္ခုခုမေျပာမိခင္ အျမဲတမ္း သတိတရရွိပါေစ… ။ ။
ဘာသာျပန္- Thet Khaing