လတ်တလော ကိုဗစ် ကာလမှာတော့ လူစုလူဝေးမဖြစ်အောင် ပန်းခြံ၊ ရုပ်ရှင်ရုံတွေနဲ့ အခြားအများပြည်သူနေရာများကို ယာယီပိတ်ကာ ရောဂါပိုးပျံ့နှံ့မှုကို တတ်နိုင်သမျှထိန်းချုပ်လျက်ရှိပါတယ်။ ဒီလိုယာယီပိတ်ထားတဲ့ထဲမှာတော့ သဘာဝဘေးမဲ့ဥယျာဉ်ဖြစ်တဲ့ လှော်ကားဥယျာဉ်လည်း အပါအဝင်ပါပဲ။
ပုံမှန်လာရောက်လည်ပတ်သူမရှိဘဲ ခြောက်ကပ်နေတဲ့လှော်ကားဥယျာဉ်ကိုတော့ တိရိစ္ဆာန်ချစ်သူတချို့ကတော့ ခွင့်ပြုချက်ယူကာ အစာသွားကျွေးလျက်ရှိပါတယ်။ မနေ့ကတော့ ပရိသတ်အချစ်တော်ကော်နီတစ်ယောက် မျောက်လေးတွေနဲ့ ဆင်တွေကို အစာသွားကျွေးခဲ့ပြီး သူ့ရဲ့အတွေ့အကြုံကို ပြန်လည်မျှဝေခဲ့ပါတယ်။
“တိလေးတွေကိုချစ်တဲ့ကျွန်မအတွက်တော့ ကြည်နူးခဲ့ရသလို, ကြေကွဲနာကျင်ခြင်းတွေပါခံစားခဲ့ရတာမျိုးပါ,,ကိုယ်ယူသွားတဲ့အစာတွေများနေမယ်ထင် မိတာ,တကယ်တမ်း,မလောက်ငှခဲ့ပါဘူးရှင်,စားဖို့ယူသွားတဲ့မုန့်တွေပါချကျွေးခဲ့ရပါတယ်။
တောထဲကသူ့သဘာဝအတိုင်း, ကြီးနိုင် ငယ်ညှဉ်းဆိုသလို, တချို့ခလေးတွေကကြောက်ပြီးအစာလာမယူရဲကြရှာဘူး,ကိုယ်ဝန်ဆောင်ထားရတဲ့မျောက်လေးတွေ ခလေးအမေလေးတွေများစွာကိုမြင်ရတာ ရင်ထဲ နာကျင်ခဲ့ရပါတယ်။
တကောင်ဆိုမွေးနေရင်းအချင်းတန်းလန်း သွေးရဲရဲခလေးစိုစိုလေးနဲ့ကိုပြေးလာတောင်း အစာလေးရတော့ပြန်ပြေးတာမြင်လိုက်ရပါတယ်…နောက်တခါသွားရင်တော့,သူတို့ကြိုက်တဲ့အစာတွေချည်းဘဲ ကားတစီးတင် လူများများနဲ့မှ သေချာဝေမျှကျွေးလို့ရမှာပါ။
ဒါမှ အဝေးကကြောက်တဲ့ခလေးတွေပါစားရမှာပါ ကိုယ်တိုင်တော့မကြောက်မရွံ့ကိုရအောင် ကျွေးခဲ့ပါတယ်” ဆိုပြီး စိတ်မကောင်းစရာ မျှဝေခဲ့ပါတယ်။
အခုလို အချိန်ကတော့ သတ္တဝါတွေတင်မကဘဲ လူတွေပါ စားဝတ်နေရေးခက်ခဲနေကြတဲ့အချိန်ပါ။ တိရိစ္ဆာန်လေးတွေကို ချစ်တတ်သူကော်နီကတော့လူတွေက ပိုအရေးပါတယ်ဆိုပေမယ့်
အတိတ်ကံမကောင်းလို သူများကျွေးမှ စားရတဲ့ သူတို့လေးတွေကို အစာတော့ ဝဝလင်လင်စားစေချင်ပါတယ်ဆိုပြီး ရင်ထဲက ခံစားချက်တွေကို ရေးသားခဲ့ပါတယ်။ မနေ့ကတော့ သူတို့လေးတွေအတွက်
အစာဖိုး(၂)သိန်း ကုန်ကျခံကာ သွားကျွေးခဲ့ပေမယ့် ထင်သလို မလောက်ငှခဲ့တာကြောင့် တိချစ်သူတွေလည်း ဖြစ်နိုင်ရင် တစ်ပတ်တစ်ခါလောက်ဖြစ်ဖြစ် သွားကျွေးပေးကြဖို့ သူ့ရဲ့ဆန္ဒကို လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။
Source : Tun Coonie’s Facebook
Zawgyi
လတ္တေလာ ကိုဗစ္ ကာလမွာေတာ့ လူစုလူေဝးမျဖစ္ေအာင္ ပန္းၿခံ၊ ႐ုပ္ရွင္႐ုံေတြနဲ႔ အျခားအမ်ားျပည္သူေနရာမ်ားကို ယာယီပိတ္ကာ ေရာဂါပိုးပ်ံ႕ႏွံ႔မႈကို တတ္ႏိုင္သမွ်ထိန္းခ်ဳပ္လ်က္ရွိပါတယ္။ ဒီလိုယာယီပိတ္ထားတဲ့ထဲမွာေတာ့ သဘာဝေဘးမဲ့ဥယ်ာဥ္ျဖစ္တဲ့ ေလွာ္ကားဥယ်ာဥ္လည္း အပါအဝင္ပါပဲ။
ပုံမွန္လာေရာက္လည္ပတ္သူမရွိဘဲ ေျခာက္ကပ္ေနတဲ့ေလွာ္ကားဥယ်ာဥ္ကိုေတာ့ တိရိစာၦန္ခ်စ္သူတခ်ိဳ႕ကေတာ့ ခြင့္ျပဳခ်က္ယူကာ အစာသြားေကြၽးလ်က္ရွိပါတယ္။ မေန႔ကေတာ့ ပရိသတ္အခ်စ္ေတာ္ေကာ္နီတစ္ေယာက္ ေမ်ာက္ေလးေတြနဲ႔ ဆင္ေတြကို အစာသြားေကြၽးခဲ့ၿပီး သူ႔ရဲ႕အေတြ႕အႀကဳံကို ျပန္လည္မွ်ေဝခဲ့ပါတယ္။
“တိေလးေတြကိုခ်စ္တဲ့ကြၽန္မအတြက္ေတာ့ ၾကည္ႏူးခဲ့ရသလို, ေၾကကြဲနာက်င္ျခင္းေတြပါခံစားခဲ့ရတာမ်ိဳးပါ,,ကိုယ္ယူသြားတဲ့အစာေတြမ်ားေနမယ္ထင္ မိတာ,တကယ္တမ္း,မေလာက္ငွခဲ့ပါဘူးရွင္,စားဖို႔ယူသြားတဲ့မုန႔္ေတြပါခ်ေကြၽးခဲ့ရပါတယ္။
ေတာထဲကသူ႔သဘာဝအတိုင္း, ႀကီးႏိုင္ ငယ္ညႇဥ္းဆိုသလို, တခ်ိဳ႕ခေလးေတြကေၾကာက္ၿပီးအစာလာမယူရဲၾကရွာဘူး,ကိုယ္ဝန္ေဆာင္ထားရတဲ့ေမ်ာက္ေလးေတြ ခေလးအေမေလးေတြမ်ားစြာကိုျမင္ရတာ ရင္ထဲ နာက်င္ခဲ့ရပါတယ္။
တေကာင္ဆိုေမြးေနရင္းအခ်င္းတန္းလန္း ေသြးရဲရဲခေလးစိုစိုေလးနဲ႔ကိုေျပးလာေတာင္း အစာေလးရေတာ့ျပန္ေျပးတာျမင္လိုက္ရပါတယ္…ေနာက္တခါသြားရင္ေတာ့,သူတို႔ႀကိဳက္တဲ့အစာေတြခ်ည္းဘဲ ကားတစီးတင္ လူမ်ားမ်ားနဲ႔မွ ေသခ်ာေဝမွ်ေကြၽးလို႔ရမွာပါ။
ဒါမွ အေဝးကေၾကာက္တဲ့ခေလးေတြပါစားရမွာပါ ကိုယ္တိုင္ေတာ့မေၾကာက္မ႐ြံ႕ကိုရေအာင္ ေကြၽးခဲ့ပါတယ္” ဆိုၿပီး စိတ္မေကာင္းစရာ မွ်ေဝခဲ့ပါတယ္။
အခုလို အခ်ိန္ကေတာ့ သတၱဝါေတြတင္မကဘဲ လူေတြပါ စားဝတ္ေနေရးခက္ခဲေနၾကတဲ့အခ်ိန္ပါ။ တိရိစာၦန္ေလးေတြကို ခ်စ္တတ္သူေကာ္နီကေတာ့လူေတြက ပိုအေရးပါတယ္ဆိုေပမယ့္
အတိတ္ကံမေကာင္းလို သူမ်ားေကြၽးမွ စားရတဲ့ သူတို႔ေလးေတြကို အစာေတာ့ ဝဝလင္လင္စားေစခ်င္ပါတယ္ဆိုၿပီး ရင္ထဲက ခံစားခ်က္ေတြကို ေရးသားခဲ့ပါတယ္။ မေန႔ကေတာ့ သူတို႔ေလးေတြအတြက္
အစာဖိုး(၂)သိန္း ကုန္က်ခံကာ သြားေကြၽးခဲ့ေပမယ့္ ထင္သလို မေလာက္ငွခဲ့တာေၾကာင့္ တိခ်စ္သူေတြလည္း ျဖစ္ႏိုင္ရင္ တစ္ပတ္တစ္ခါေလာက္ျဖစ္ျဖစ္ သြားေကြၽးေပးၾကဖို႔ သူ႔ရဲ႕ဆႏၵကို လူမႈကြန္ရက္စာမ်က္ႏွာမွာ မွ်ေဝခဲ့ပါတယ္။
Source : Tun Coonie’s Facebook