ၾကားသိရသမ်ွ

ဒီလိုရိုးသား တဲ့ သူတွေရှိနေသေးတာ မြန်မာလူမျိုးတွေအတွက် ဂုဏ်ယူစရာပါ

Written by Aung Lay

ရိုးသားမႈေတြရွိေနျခင္းအတြက္၀မ္းေျမာက္ဂုဏ္ယူမိျခင္း”မေန ့ကနံက္ေစာေစာ (၇)နာရီေလာက္..ဖုန္းတစ္ခု၀င္လာသည္။ ကၽြန္ေတာ့အကိုႀကီးထံမွစိုးရိမ္ပူပန္မႈအျပည့္ႏွင့္ဆက္လာျခင္း ျဖစ္သည္။ 8 Mile Hotel မွ ဆည္ေျမာင္းလမ္းရွိ Lucky Seven လၻက္ရည္ ဆိုင္ထိ က်ပ္ ၁၅၀၀နဲ ့Taxi ငွားၿပီးနံက္စာလာစားၾက၏။ပိုက္ဆံ ရွင္းေတာ့မွ ၄င္းတို.၏ပိုက္ဆံအိတ္မေတြ ့၍စဥ္းစားၾကည့္ေတာ့ခုန City Taxi ေပၚမွာေမ့က်န္ခဲ့ေလၿပီ။

Walletထဲတြင္ $ 700 ႏွင့္က်ပ္၁သိန္းေက်ာ္ပါသြားၿပီး ေငြထက္ အေရးႀကီးသည့္ID Cardsမ်ားပါသြားသျဖင့္ဘယ္လိုနည္းနဲ ့ျပန္ရ ႏိုင္မလဲစဥ္းစားၾကသည္။ ” ေရအဆံုးကုန္းတစ္၀က္ေပါ့” Grab Taxi ဆိုရင္ ေနာက္ေၾကာင္းလိုက္လို ့ရႏိုင္ေသးသည္။ သူတို ့ေတြလည္း ၁၁ နာရီေလယာဥ္နဲ ့US ျပန္ၾကမွာျဖစ္လို ့ID Card မရိွရင္အခက္အခဲေတြရိွလာႏိုင္သည္။ဒါ့ေၾကာင့္Lucky Seven ဆိုင္မွာ Contact message ထားၿပီး 8 Mile Hotel မွာျပန္ၿပီး F.Oမွာလည္းMessage ေပးခဲ့သည္။

Check out လုပ္ဖို ့ျပင္ဆင္ေနရင္းမရီးျဖစ္သူမွ ဘုရားအာရုဏ္ျပဳ ေမတၱာပို ့ေနစဥ္အခန္းကို Receptionist ကေလး မစု မွလာေျပာ ပါတယ္။ F.O မွာလူတေယာက္လာၿပီးပိုက္ဆံအိတ္ေကာက္ရလို ့လာေမးေၾကာင္း၊ သိရရျခင္းဆင္းၾကည့္ေတာ့ခုနငွားခဲ့တဲ့Taxi Driver ႀကီးျဖစ္ေနတယ္။သူလည္းေနာက္စီးတဲ့ခရီးသည္ကေနာက္ခန္းမွာ ပိုက္ဆံအိတ္တစ္ခု ေကာက္ရေၾကာင္း သူထံအပ္ၿပီးေလဆိပ္မွာဆင္းသြားတယ္။ ဖြင့္ၾကည့္ေတာ့ID Cardsနဲ ့ေငြေတြေတြ ့ေတာ့ဘယ္လိုျပန္ေပး ရမလဲစဥ္းစားၿပီး သူတို ့ငွားစီးခဲ့တဲ့Junction 8 ဖက္ျပန္ေမာင္း လာခဲ့တယ္။

ပိုင္ရွင္ထံျပန္ေပးသင့္တယ္ဆိုတဲ့ရိုးသားမႈအရင္းခံ စိတ္နဲ ့လာရွာတာျဖစ္ေၾကာင္းေျပာျပပါတယ္။ကၽြန္ေတာ့အကိုလည္းမေမၽွာ္လင့္ ဘဲပိုက္ဆံအိတ္လက္၀ယ္ျပန္ရ ၍အံဩၿပီးၾကက္ေသ ေသေနစဥ္Taxi Driverႀကီးကျပန္ထြက္သြား ခဲ့ျပီ။သတိရရျခင္းလိုက္သြားၿပီး ဆု ေငြ $100 ေပးေတာ့ျငင္းပါတယ္။ရိုးသားမႈအတြက္ခ်ီးျမႇင့္တာေၾကာင္လက္ခံဖို ့အတင္းေပး မွယူၿပီး သူမိသားစုမွာေငြအခက္အခဲၾကံဳေနရေပမယ့္ကိုယ္ခ်င္းစာ စိတ္နဲ ့လာရွာေပးတာျဖစ္ေၾကာင္းေျပာခဲ့ပါတယ္။ကၽြန္ေတာ္တို ့ျမန္မာလူမ်ိဳးေတြမွာ ရိုးသားမႈအရင္းခံ ကိုယ္ခ်င္းစာ စိတ္ဓာတ္ေကာင္းေတြရိွေနေသးပါလားလို ့ေတြးမိရင္း၀မ္းသာမိပါတယ္။

အကယ္၍ေနာက္ခရီးသည္က မရိုးသားခဲ့ရင္လည္းျပန္ရ စရာအေၾကာင္းမရိွသလို Taxi Driver ႀကီး” ဦးေအးလြင္” မွ တားစီးတဲ.ခရီးသည္ေတြလက္မခံဘဲ အခ်ိန္မီွလာေပးလို ့သာ ကိုႀကီး တို.ျပည္ေတာ္ျပန္စိတ္ခ်မ္းသာခဲ့ရတာမဟုတ္ေပေလာ!ရိုးသားမႈအရင္းခံရိွၿပီးကိုယ္ခ်င္းစာစိတ္ရိွသူအားလံုးကို ေက်းဇူးတင္ေလးစားဂါရ၀ထားလၽွက္…

Thet Lwin Toh

Unicode

ရိုးသားမှုတွေရှိနေခြင်းအတွက်ဝမ်းမြောက်ဂုဏ်ယူမိခြင်း”မနေ့ကနံက်စောစော (၇)နာရီလောက်..ဖုန်းတစ်ခုဝင်လာသည်။ ကျွန်တော့အကိုကြီးထံမှစိုးရိမ်ပူပန်မှုအပြည့်နှင့်ဆက်လာခြင်း ဖြစ်သည်။ 8 Mile Hotel မှ ဆည်မြောင်းလမ်းရှိ Lucky Seven လ္ဘက်ရည် ဆိုင်ထိ ကျပ် ၁၅၀၀နဲ့Taxi ငှားပြီးနံက်စာလာစားကြ၏။ပိုက်ဆံ ရှင်းတော့မှ ၎င်းတို.၏ပိုက်ဆံအိတ်မတွေ့၍စဉ်းစားကြည့်တော့ခုန City Taxi ပေါ်မှာမေ့ကျန်ခဲ့လေပြီ။

Walletထဲတွင် $ 700 နှင့်ကျပ်၁သိန်းကျော်ပါသွားပြီး ငွေထက် အရေးကြီးသည့်ID Cardsများပါသွားသဖြင့်ဘယ်လိုနည်းနဲ့ပြန်ရ နိုင်မလဲစဉ်းစားကြသည်။ ” ရေအဆုံးကုန်းတစ်ဝက်ပေါ့” Grab Taxi ဆိုရင် နောက်ကြောင်းလိုက်လို့ရနိုင်သေးသည်။ သူတို့တွေလည်း ၁၁ နာရီလေယာဉ်နဲ့US ပြန်ကြမှာဖြစ်လို့ID Card မရှိရင်အခက်အခဲတွေရှိလာနိုင်သည်။ဒါ့ကြောင့်Lucky Seven ဆိုင်မှာ Contact message ထားပြီး 8 Mile Hotel မှာပြန်ပြီး F.Oမှာလည်းMessage ပေးခဲ့သည်။

Check out လုပ်ဖို့ပြင်ဆင်နေရင်းမရီးဖြစ်သူမှ ဘုရားအာရုဏ်ပြု မေတ္တာပို့နေစဉ်အခန်းကို Receptionist ကလေး မစု မှလာပြော ပါတယ်။ F.O မှာလူတယောက်လာပြီးပိုက်ဆံအိတ်ကောက်ရလို့လာမေးကြောင်း၊ သိရရခြင်းဆင်းကြည့်တော့ခုနငှားခဲ့တဲ့Taxi Driver ကြီးဖြစ်နေတယ်။သူလည်းနောက်စီးတဲ့ခရီးသည်ကနောက်ခန်းမှာ ပိုက်ဆံအိတ်တစ်ခု ကောက်ရကြောင်း သူထံအပ်ပြီးလေဆိပ်မှာဆင်းသွားတယ်။ ဖွင့်ကြည့်တော့ID Cardsနဲ့ငွေတွေတွေ့တော့ဘယ်လိုပြန်ပေး ရမလဲစဉ်းစားပြီး သူတို့ငှားစီးခဲ့တဲ့Junction 8 ဖက်ပြန်မောင်း လာခဲ့တယ်။

ပိုင်ရှင်ထံပြန်ပေးသင့်တယ်ဆိုတဲ့ရိုးသားမှုအရင်းခံ စိတ်နဲ့လာရှာတာဖြစ်ကြောင်းပြောပြပါတယ်။ကျွန်တော့အကိုလည်းမမျှော်လင့် ဘဲပိုက်ဆံအိတ်လက်ဝယ်ပြန်ရ ၍အံဩပြီးကြက်သေ သေနေစဉ်Taxi Driverကြီးကပြန်ထွက်သွား ခဲ့ပြီ။သတိရရခြင်းလိုက်သွားပြီး ဆု ငွေ $100 ပေးတော့ငြင်းပါတယ်။ရိုးသားမှုအတွက်ချီးမြှင့်တာကြောင်လက်ခံဖို့အတင်းပေး မှယူပြီး သူမိသားစုမှာငွေအခက်အခဲကြုံနေရပေမယ့်ကိုယ်ချင်းစာ စိတ်နဲ့လာရှာပေးတာဖြစ်ကြောင်းပြောခဲ့ပါတယ်။ကျွန်တော်တို့မြန်မာလူမျိုးတွေမှာ ရိုးသားမှုအရင်းခံ ကိုယ်ချင်းစာ စိတ်ဓာတ်ကောင်းတွေရှိနေသေးပါလားလို့တွေးမိရင်းဝမ်းသာမိပါတယ်။

အကယ်၍နောက်ခရီးသည်က မရိုးသားခဲ့ရင်လည်းပြန်ရ စရာအကြောင်းမရှိသလို Taxi Driver ကြီး” ဦးအေးလွင်” မှ တားစီးတဲ.ခရီးသည်တွေလက်မခံဘဲ အချိန်မှီလာပေးလို့သာ ကိုကြီး တို.ပြည်တော်ပြန်စိတ်ချမ်းသာခဲ့ရတာမဟုတ်ပေလော!ရိုးသားမှုအရင်းခံရှိပြီးကိုယ်ချင်းစာစိတ်ရှိသူအားလုံးကို ကျေးဇူးတင်လေးစားဂါရဝထားလျှက်…

Thet Lwin Toh

About the author

Aung Lay

Leave a Comment