ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ခိုလမ္ၿမိဳ႕ အနီးတြင္လုံၿခဳံေရး ေဆာင္႐ြက္ေနေသာ တပ္ဖြဲ႕ဝင္မ်ားသည္ ကြၽန္းသစ္မ်ား တင္ေဆာင္ထားေသာ ေမာ္ေတာ္ယာဥ္ ၁၃ စီးကို ယာဥ္ေမာင္း တစ္ဦးႏွင့္အတူ ဇြန္လ ၁ ရက္၊ ေန႔လယ္ပိုင္းက ဖမ္းမိခဲ့ေၾကာင္း သိရသည္။
လုံၿခဳံေရး ေဆာင္႐ြက္ေနေသာ တပ္ဖြဲ႕ဝင္မ်ားသည္ ခိုလမ္-ကြန္ဟိန္းသြား ျပည္ေထာင္စုကားလမ္းမေပၚ၌ သတင္းအရ ယာဥ္ျဖတ္သန္းသြားလာမႈမ်ားအား စစ္ေဆးစဥ္ ခိုလမ္ၿမိဳ႕ ၏ အေရွ႕ေျမာက္ဘက္ မီတာ ၆၅၀၀ ခန႔္အကြာႏွင့္ အနီးဝန္းက်င္တစ္ဝိုက္၌ မသကၤာဖြယ္ ရပ္တန႔္ထားေသာ စူပါကာစတန္ အမ်ိဳးအစားေမာ္ေတာ္ယာဥ္ ၁၃ စီးအား စစ္ေဆးရာ ယာဥ္ေမာင္းျဖစ္သူ ဆီဝမ္း အား ေတြ႕ရွိရၿပီး က်န္ယာဥ္ေမာင္းမ်ားမွာ ထြက္ေျပးသြားခဲ့သျဖင့္ ေမာ္ေတာ္ယာဥ္မ်ားကို စစ္ေဆးရာ လိုင္စင္မဲ့ယာဥ္မ်ား ျဖစ္ၿပီး ၎ယာဥ္မ်ားေပၚမွ ကြၽန္းသစ္ ခြဲသားဆိုဒ္စုံ ၁၅ တန္ခန႔္ကို ေတြ႕ရွိ၊ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္ေၾကာင္း တပ္မေတာ္က သတင္းထုတ္ျပန္ထားသည္။
အဆိုပါ ဖမ္းဆီးရမိသူ၊ ေမာ္ေတာ္ယာဥ္မ်ားႏွင့္ သစ္မ်ားကို ခိုလမ္ၿမိဳ႕နယ္၊ သစ္ေတာဦးစီးဌာနႏွင့္ ၿမိဳ႕နယ္ရဲစခန္းသို႔ တပ္မေတာ္က လႊဲေျပာင္းအပ္ႏွံထားေၾကာင္း သိရသည္။
Unicode
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ အနီးတွင်လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ကျွန်းသစ်များ တင်ဆောင်ထားသော မော်တော်ယာဉ် ၁၃ စီးကို ယာဉ်မောင်း တစ်ဦးနှင့်အတူ ဇွန်လ ၁ ရက်၊ နေ့လယ်ပိုင်းက ဖမ်းမိခဲ့ကြောင်း သိရသည်။
လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ခိုလမ်-ကွန်ဟိန်းသွား ပြည်ထောင်စုကားလမ်းမပေါ်၌ သတင်းအရ ယာဉ်ဖြတ်သန်းသွားလာမှုများအား စစ်ဆေးစဉ် ခိုလမ်မြို့ ၏ အရှေ့မြောက်ဘက် မီတာ ၆၅၀၀ ခန့်အကွာနှင့် အနီးဝန်းကျင်တစ်ဝိုက်၌ မသင်္ကာဖွယ် ရပ်တန့်ထားသော စူပါကာစတန် အမျိုးအစားမော်တော်ယာဉ် ၁၃ စီးအား စစ်ဆေးရာ ယာဉ်မောင်းဖြစ်သူ ဆီဝမ်း အား တွေ့ရှိရပြီး ကျန်ယာဉ်မောင်းများမှာ ထွက်ပြေးသွားခဲ့သဖြင့် မော်တော်ယာဉ်များကို စစ်ဆေးရာ လိုင်စင်မဲ့ယာဉ်များ ဖြစ်ပြီး ၎င်းယာဉ်များပေါ်မှ ကျွန်းသစ် ခွဲသားဆိုဒ်စုံ ၁၅ တန်ခန့်ကို တွေ့ရှိ၊ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ဖမ်းဆီးရမိသူ၊ မော်တော်ယာဉ်များနှင့် သစ်များကို ခိုလမ်မြို့နယ်၊ သစ်တောဦးစီးဌာနနှင့် မြို့နယ်ရဲစခန်းသို့ တပ်မတော်က လွှဲပြောင်းအပ်နှံထားကြောင်း သိရသည်။