အွန်လိုင်းပေါ်က အထူးခြားဆုံးသတင်း၊ မိန်းမကိုယ်တွင်း သရေကွင်းထည့်ထားတာတဲ့ဗျာ။ တကယ်ကြီးလား
မိန်းမကိုယ်အတွင်းမှရရှိသောပစ္စည်းတွေပါ..ရာဘာကွင်းတွေကိုဘယ်လိုတုတ်စည်းပြီး၊ဘယ်လိုထည့်ထားလဲမေးလို့လည်းမရပါ။ သွေးဆုံးပြီးမှသွေးပြန်ဆင်းပြီးအနံ့အသက်မကောင်းတဲ့အသက်(၅၀)ကျော်လူနာအားစမ်းသပ်စစ်ဆေးကြည့်ရာမှ မိန်းမကိုယ်အတွင်းမှရရှိသောပစ္စည်းတွေပါ..ရာဘာကွင်းတွေကိုဘယ်လိုတုတ်စည်းပြီး၊ဘယ်လိုထည့်ထားလဲမေးလို့လည်းမရပါ။
မထည့်ဘူးလို့ပဲငြင်းဆိုနေခဲ့ပါတယ်။ သားအိမ်ထဲကိုပိုးတွေဝင်ရောက်နေပြီဖြစ်လို့ကံမကောင်းရင်သားအိမ်ထုတ်ပစ်ရတော့မှာပါ။
အခုနောက်ပိုင်းမှာ လူတွေဟာ မိမိတဏှာရာဂ အာသာပြေစေဖို့ သဘာဝလွန်လုပ်ဆောင်မှုတွေ လုပ်လာကြပါတယ်။ ယျောကျ်ားလေးများမှာ လိင်အင်္ဂါကြီးဆေး၊ လိင်ဆက်ဆံရာမှာ ကြာရှည်စွာဆက်ဆံနိုင်ရေး၊ မကြာခဏ လိင်ဆက်ဆံလိုစိတ်မြင့်မားစေတဲ့ ဆေးများ အသုံးပြုလာကြပါတယ်။ နောက်တစ်ခုက လိင်အင်္ဂါကို ဆရာဝန်ဖြင့်မဟုတ်ဘဲ အရပ်ထဲမှ လူနဲ့ ခွဲဖြဲပီး ဂေါ်လီထည့်ခြင်း၊
ဆီလီကွန်များထိုးထည့်ခြင်းအပြင် သားရေကွင်း မုတ်ဆိတ်၊ သားရေကွင်း ခရွက်ရှာများ လိင်တံတွင်တပ်ဆင်ခြင်းများပြုလုပ်ကြပါသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် မိမိနှင့် လိင်ဆက်ဆံဖက်ကို ပိုမိုအားရစေသည်၊ အကြိုက်တွေ့စွဲလမ်းစေသည် ဟု ထင်မှတ်ထားကြပီး လျှောက်လုပ်နေကြခြင်းဖြစ်သည်။ အင်မတန်အန္တရာယ်ကြီးမားပါသည်။ နောက်ဆုံးအသက်အန္တရာယ်အထိ ဖြစ်စေနိုင်ပါသည်။
အမျိုးသမီးများမှာလည်း ထိုနည်းတူပင်ဖြစ်သည်။ မိန်မကိုယ် ကျဉ်းဆေး၊ ကျပ်ဆေး၊ သန္ဓေတားဆေးအမျိုးမျိုး၊ ကာမဆန္ဒမြှင့်တက်စေတဲ့ဆေးတွေ သုံးလာကြသလို အသာပြေစေတဲ့ စက်ကိယာများကို သဘာဝနှင့်ဆန့်ကျင်ကာ အသုံးပြုလာကြပါတယ်။ အဲဒီထက်ပိုဆိုးတာတွေကတော့ နားတတ်ကျွမ်းတဲ့ ဆရာဝန်များဖြင့် မကုသဘဲ ရိုးရိုးသာမန်လူတစ်ယောက် အကူအညီဖြင့် မိန်းမ
ကိုယ် ကျဉ်းအောင် ကျုံ့အောင် ကိုယ့်နည်းကိုယ့်ဟန်တွေနဲ့ လုပ်နေကြတာဖြစ်ပါတယ်။
ကျပ်ကျပ်ကလေးဖြစ်နေမှ မိမိချစ်သူ သို့မဟုတ် မိမိယောကျာ်း သို့မဟုတ် မိမိလိင်ဆက်ဆံဖက်မှ မိမိအား စွဲလမ်းချစ်ခင်နေလိမ့်မည်ဆိုတဲ့ အယူအဆအလွဲကြီးပင် ဖြစ်ပါသည်။
နောက်တစ်ခုက မိမိဆန္ဒပြေစေဖို့ လိင်အသာဖြေ ပစ္စည်းများကို မိန်းမကိုယ်တွင်း မကြာခဏထည့်သွင်းအာသာဖြေခြင်း၊ အချိန်ကြာမြင့်စွာ ထည့်သွင်းထားခြင်းတို့ကြောင့် နောက်ဆက်တွဲ မလိုလားအပ်တဲ့ ကျန်းမာရေးပြသနာများဖြစ်ပေါ်လာနိုင်ပီး အသက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။
အဲဒီအခါကျမှ ဒုက္ခပင်လယ်ဝေပီး မိမိအပါအဝင် ဆွေမျိုးသူငယ်ချင်းအသိုင်းအဝိုင်းတစ်ခုလုံး အရှက်တကွဲ အကျိုးနည်းဖြစ်ရပါလိမ့်မည်ဖြစ်ကြောင်း ကျန်းမာရေးသတိပေးလိုက်ပါတယ်နော်
Zawgyi