News

တသက်မှာ တစ်ခါတောင်မြင်ရခဲတဲ့ ခူကောင် မီးရထားတန်း

Written by Aung Lay

တောင်အာဖရိကရဲ့ နာမည်ကျော် Kruger အမျိုးသားဥယျာဉ်ကို သွားရောက်လည်ပတ်တဲ့ ခရီးသွား တဖွဲ့ဟာ စိတ်ဝင်စားစရာ အရာတခုကို တွေ့ခဲ့ပါတယ်။ တကယ်တော့ ကားမောင်းသမားက အရင်တွေ့တာဖြစ်ပြီး ကားကို ဘရိတ်အုပ်လိုက်တာ ကြောင့် လိုက်ပါလာတဲ့ ခရီးသည်တွေ သတိထားမိသွားတာဖြစ်ပါတယ်။

လမ်းပေါ်မှာ အလွန်ရှည်လျားတဲ့ အရာတခုသွားနေတာကို ကားမောင်းသမားမြင်ပြီး အဲဒီအရာကို မကြိတ်မိခင် လက်မအနည်းငယ်အလိုမှာ ကားကို ရပ်တန့်နိုင်ခဲ့ပါတယ်။ ဒါနဲ့ အားလုံး စိတ်ဝင်တစားနဲ့ ဆင်းကြည့်တဲ့အခါမှာတော့ အဲဒီအရာဟာ အကောင်တကောင်တည်းမဟုတ်ပဲ ခူကောင်( ပေါက်ဖတ်) လေးတွေဟာ တကောင်ချင်းစီရှေ့နောက် ဆက်ကာ မီးရထားသဖွယ် သွားနေခြင်းဖြစ်ပါတယ်။

ဒါနဲ့ အားလုံးတအံတသြ နဲ့ တိုင်းတာကြည့်ရာမှာ စုစုပေါင်းအရှည်က ၁၇ပေ တောင်ရှိပြီး အကောင်အရေအတွက်အားဖြင့် ၁၃၆ကောင်တောင် ရှိပါတယ်။ ဒီအကြောင်းကို သိထားတဲ့သူတွေကတော့ ခူကောင်မီးရထားတန်းဟာ ခြုံပုတ်တွေရှိရာကို ဦးတည်သွားနေတာဖြစ်ပြီး အဲဒီကိုရောက်တဲ့အခါ အခွံချွတ်ကာ ပိုးတုံးလုံးအဖြစ် အဲဒီနေကမှလိပ်ပြာအဖြစ်သို့ ကူးပြောင်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို မီးရထားတန်းသဖွယ် ညီညီညာညာသွားနေတာဟာ သူတို့ရဲ့ အလေ့အထတရပ်ဖြစ်ပြီး ဒီလိုမြင်ကွင်းမျိုးကို သြစတြေးလျမှာလည်း တခါတရံ မြင်ရတတ်တယ်လို့ သိရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာရော မြင်တွေ့ဖူးကြလား မသိဘူး။

Zawgyi

ေတာင္အာဖရိကရဲ႕ နာမည္ေက်ာ္ Kruger အမ်ိဳးသားဥယ်ာဥ္ကို သြားေရာက္လည္ပတ္တဲ့ ခရီးသြား တဖြဲ႕ဟာ စိတ္ဝင္စားစရာ အရာတခုကို ေတြ႕ခဲ့ပါတယ္။ တကယ္ေတာ့ ကားေမာင္းသမားက အရင္ေတြ႕တာျဖစ္ၿပီး ကားကို ဘရိတ္အုပ္လိုက္တာ ေၾကာင့္ လိုက္ပါလာတဲ့ ခရီးသည္ေတြ သတိထားမိသြားတာျဖစ္ပါတယ္။

လမ္းေပၚမွာ အလြန္ရွည္လ်ားတဲ့ အရာတခုသြားေနတာကို ကားေမာင္းသမားျမင္ၿပီး အဲဒီအရာကို မႀကိတ္မိခင္ လက္မအနည္းငယ္အလိုမွာ ကားကို ရပ္တန႔္ႏိုင္ခဲ့ပါတယ္။ ဒါနဲ႔ အားလုံး စိတ္ဝင္တစားနဲ႔ ဆင္းၾကည့္တဲ့အခါမွာေတာ့ အဲဒီအရာဟာ အေကာင္တေကာင္တည္းမဟုတ္ပဲ ခူေကာင္( ေပါက္ဖတ္) ေလးေတြဟာ တေကာင္ခ်င္းစီေရွ႕ေနာက္ ဆက္ကာ မီးရထားသဖြယ္ သြားေနျခင္းျဖစ္ပါတယ္။

ဒါနဲ႔ အားလုံးတအံတၾသ နဲ႔ တိုင္းတာၾကည့္ရာမွာ စုစုေပါင္းအရွည္က ၁၇ေပ ေတာင္ရွိၿပီး အေကာင္အေရအတြက္အားျဖင့္ ၁၃၆ေကာင္ေတာင္ ရွိပါတယ္။ ဒီအေၾကာင္းကို သိထားတဲ့သူေတြကေတာ့ ခူေကာင္မီးရထားတန္းဟာ ၿခဳံပုတ္ေတြရွိရာကို ဦးတည္သြားေနတာျဖစ္ၿပီး အဲဒီကိုေရာက္တဲ့အခါ အခြံခြၽတ္ကာ ပိုးတုံးလုံးအျဖစ္ အဲဒီေနကမွလိပ္ျပာအျဖစ္သို႔ ကူးေျပာင္းမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဒီလို မီးရထားတန္းသဖြယ္ ညီညီညာညာသြားေနတာဟာ သူတို႔ရဲ႕ အေလ့အထတရပ္ျဖစ္ၿပီး ဒီလိုျမင္ကြင္းမ်ိဳးကို ၾသစေၾတးလ်မွာလည္း တခါတရံ ျမင္ရတတ္တယ္လို႔ သိရပါတယ္။ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာေရာ ျမင္ေတြ႕ဖူးၾကလား မသိဘူး။

About the author

Aung Lay

Leave a Comment