News

ထီ (၂) စောင်တည်းထိုးပြီး ကံထူးသွားတဲ့ ယခုလ အောင်ဘာလေထီ သိန်း (၅၀၀၀) ကံထူးရှင်

Written by Aung Lay

ထီ (၂) စောင်တည်းထိုးပြီး ကံထူးသွားတဲ့ ယခုလအောင်ဘာလေထီ သိန်း (၅၀၀၀) ကံထူးရှင်…

ယခုလ (၁၆) ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် ပဲခူးတိုင်းအနောက်ခြမ်း၊ နတ္တလင်းမြို့၊ ကံကြီးလမ်းက ကိုမင်းမင်းထီဆိုင်မှ တာပွန်မြို့သားတဦး ကျပ်သိန်းငါးထောင်ဆု ဆွတ်ခူးခဲ့တယ်လို့ သိရပါတယ်။

နတ်တလင်းမြို့နယ် တာပွန်မြို့မှာနေထိုင်တဲ့ ကိုဝေယံဦးက ကဂ-၃၈၈၉၈၀ ထီနံပါတ်နဲ့ ကျပ်သိန်း (၅၀၀၀) ဆု ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။

“ထီပေါက်သူက တာပွန်မြို့က ကိုဝေယံဦးပါ။ သူကထီနှစ်စောင်တည်းထိုးပြီးအခုလို ကျပ်သိန်း (၅၀၀၀) ဆု ပေါက်တာပါ။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ်ခုနှစ်ရက်သားသမီးအားလုံးဘယ်မှာပဲဖြစ်ဖြစ်ထီ ကံစမ်းစေချင်ပါတယ်။ ၇ ရက်သားသမီးအားလုံးလည်းသိန်း ၁၅၀၀၀ သိန်းတစ်သောင်း သိန်းငါးထောင် ပေါက်စေချင်ပါတယ်” လို့ ထီဆိုင်ပိုင်ရှင် ကိုမင်းမင်းကပြောပါတယ်။

အဲဒီထီဆိုင်ကနေပြီး ကျပ်သိန်းတစ်သောင်းဆု အောင်ဘာလေထီဖွင့်လှစ်စဉ်ကလည်း ကျပ်သိန်းတထောင်ဆုနဲ့ ကျပ်သိန်းတစ်ရာနှစ်ဆု ဆွတ်ခူးခဲ့ပြီး ကျပ်သိန်းတစ်သောင်းခွဲဆု ၁၃ ကြိမ်မြောက်အောင်ဘာလေထီဖွင့်ပွဲကလည်း ကျပ်သိန်းငါးဆယ်ဆု ဆွတ်ခူးခဲ့တယ်လို့ ထီဆိုင်ပိုင်ပိုင်ရှင်ကိုမင်းမင်းထံက သိရပါတယ်။

(မြေလတ်အသံ)

Zawgyi

ထီ (၂) ေစာင္တည္းထိုးၿပီး ကံထူးသြားတဲ့ ယခုလေအာင္ဘာေလထီ သိန္း (၅၀၀၀) ကံထူးရွင္…

ယခုလ (၁၆) ႀကိမ္ေျမာက္ ေအာင္ဘာေလထီဖြင့္ပြဲတြင္ ပဲခူးတိုင္းအေနာက္ျခမ္း၊ နတၱလင္းၿမိဳ႕၊ ကံႀကီးလမ္းက ကိုမင္းမင္းထီဆိုင္မွ တာပြန္ၿမိဳ႕သားတဦး က်ပ္သိန္းငါးေထာင္ဆု ဆြတ္ခူးခဲ့တယ္လို႔ သိရပါတယ္။

နတ္တလင္းၿမိဳ႕နယ္ တာပြန္ၿမိဳ႕မွာေနထိုင္တဲ့ ကိုေဝယံဦးက ကဂ-၃၈၈၉၈၀ ထီနံပါတ္နဲ႔ က်ပ္သိန္း (၅၀၀၀) ဆု ဆြတ္ခူးခဲ့တာျဖစ္ပါတယ္။
“ထီေပါက္သူက တာပြန္ၿမိဳ႕က ကိုေဝယံဦးပါ။ သူကထီႏွစ္ေစာင္တည္းထိုးၿပီးအခုလို က်ပ္သိန္း (၅၀၀၀) ဆု ေပါက္တာပါ။ ဒါေၾကာင့္ ဘယ္လိုပဲျဖစ္ျဖစ္ခုႏွစ္ရက္သားသမီးအားလုံးဘယ္မွာပဲျဖစ္ျဖစ္ထီ ကံစမ္းေစခ်င္ပါတယ္။ ၇ ရက္သားသမီးအားလုံးလည္းသိန္း ၁၅၀၀၀ သိန္းတစ္ေသာင္း သိန္းငါးေထာင္ ေပါက္ေစခ်င္ပါတယ္” လို႔ ထီဆိုင္ပိုင္ရွင္ ကိုမင္းမင္းကေျပာပါတယ္။

အဲဒီထီဆိုင္ကေနၿပီး က်ပ္သိန္းတစ္ေသာင္းဆု ေအာင္ဘာေလထီဖြင့္လွစ္စဥ္ကလည္း က်ပ္သိန္းတေထာင္ဆုနဲ႔ က်ပ္သိန္းတစ္ရာႏွစ္ဆု ဆြတ္ခူးခဲ့ၿပီး က်ပ္သိန္းတစ္ေသာင္းခြဲဆု ၁၃ ႀကိမ္ေျမာက္ေအာင္ဘာေလထီဖြင့္ပြဲကလည္း က်ပ္သိန္းငါးဆယ္ဆု ဆြတ္ခူးခဲ့တယ္လို႔ ထီဆိုင္ပိုင္ပိုင္ရွင္ကိုမင္းမင္းထံက သိရပါတယ္။

(ေျမလတ္အသံ)

About the author

Aung Lay

Leave a Comment