News
ဖုန်းအားသွင်းရင်း ပလတ်ပေါက်အနီးမှာအိပ်ပျော်သွားခဲ့တဲ့ ကောင်လေးရဲ့ အဖြစ်…
Written by Aung Lay
လူတွေမကြာခဏ ဓာတ်လိုက်သေဆုံးကြတဲ့အကြောင်းမျိုးစုံကို ကြားဖူးကြမှာပါ ။
ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်အကြောင်းအရာအများစုကတော့ ဖုန်းသုံးရင်းနဲ့ ဓာတ်လိုက်သေဆုံးကြတာဖြစ်ပါတယ် ။
ပြီးခဲ့တဲ့ စက်တင်ဘာလ (26)ရက်နေ့ကထိုင်းနိုင်ငံမှာနေထိုင်တဲ့အမျိုးသားတစ်ဦးဟာ သူ၏ တူလေးဖြစ်တဲ့
အသက် (18)နှစ်အရွယ် ၊ Suthee အမည်ရှိတဲ့ကောင်လေးဟာ အိပ်ရာပေါ်မှာသေဆုံးနေခဲ့တာကိုတွေ့ရှိခဲ့တဲ့အတွက်
ရဲဌာနသို့အကြောင်းကြားမှုဖြစ်ပွားခဲ့ပါတယ် ။ သတင်းအရင်းအမြစ်အရ Suthee ဟာ ပလတ်ပေါက်နဲ့အားသွင်းထားတဲ့
ဖုန်းအပေါ်အိပ်ပျော်သွားခဲ့တာဖြစ်ပြီး ၊ ထိုမှတစ်ဆင့် ဓာတ်လိုက်သွားကာသေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ် ။
Suthee၏ရုပ်အလောင်းကို ဖြူ ဖျော့နေတဲ့ နှုတ်ခမ်းနှင့် သူ၏လက်မှာလည်း အားသွင်းထားတဲ့ပလတ်ပေါက်အပေါ်သို့
တင်ထားသောအနေအထားဖြင့်တွေ့ရှိခဲ့ရပါတယ် ။Suthee ၏ဦးလေးဖြစ်သူပြောပြချက်အရ ပြီးခဲ့တဲ့ညက
Suthee ၏အခန်းထဲမှကျယ်လောင်သောအော်ဟစ်ငိုကြွေးသံမျိုးကိုကြားခဲ့ရကြောင်း သို့ပေမဲ့လည်းSuthee ကအမြဲလိုလို
mobile games ဆော့နေခဲ့တာမျိုးဖြစ်တဲ့အတွက် အခန်းထဲသို့လာရောက်စစ်ဆေးခဲ့ခြင်းမျိုးမပြုလုပ်ခဲ့မိကြောင်
း ပြောဆိုခဲ့ပါတယ် ။မနက်ခင်းရောက်တော့ တူလေးကိုလာရောက်ခေါ်ထတဲ့အချိန်မှာတော့ ပြန်လည်ဖြေကြားခဲ့ခြင်း
မျိုးမရှိတော့ပဲသေဆုံးနေခဲ့ပြီးဖြစ်ကြောင်းသိရှိရပါတယ် ။ ထို့ကြောင့် ရဲအရာရှိများက ကလေးမိဘများကို အားသွင်းနေချိန်
အတွင်းဖုန်းအသုံးပြုခြင်းက အတော်လေးကိုအန္တရာယ်များတဲ့အတွက် ကလေးများကိုပိုပြီးဂရုတစိုက်ပြောပြ ၊ ကြည့်ရှုေ
ပးကြဖို့ သတိပေးခဲ့ကြပါတယ် ။ဖုန်းကိုအားသွင်းနေချိန်အတွင်း အသုံးပြုခဲ့ကြလို့ဓာတ်လိုက်သေဆုံးကြတာမျိုးကို
အမြဲလိုလိုကြားဖူးခဲ့ပေမဲ့လည်း ၊ Suthee ရဲ့ဖြစ်စဉ်မှာတော့ဖုန်းအသုံးပြုနေတာမဟုတ်ဘဲ အားသွင်းနေချိန်အတွင်း
ဖုန်အပေါ်ဖိပြီးအိပ်မိခဲ့၍ဖြစ်ကြောင်း သိရှိရပါတယ် ။ဒါကြောင့်မို့ ကိုယ့်ရဲ့အနီးအနားမှာ ဖုန်းကိုထားပြီးအားသွင်းခြင်းက
အန္တရာယ်အလွန်များပါတယ် ။အထူးသဖြင့် ညဖက်တွေမှာပါ ။ ဒီရဲ့အဖြစ်အပျက်လေးက စာဖတ်သူတိုင်းကို
ပိုပြီးသတိဝီရိယပိုရှိစေမယ်လို့ မျှော်လင့်မိပါတယ်…။
Zawgyi
About the author
Aung Lay
Leave a Comment