Knowledge

မိမိမှာ ဇနီးမယား လင်ယောကျ်ား ရှိရက်နှင့် ဖေါက်ပြန်မိသူများ ခံရမည့်အပြစ်များ …

Written by Aung Lay

မိန်းမလိုက်စားခြင်း၏ ဆိုးကျိုးများ

ဝိဓူရဇာတ်၌ ဝိဓူရပညာရှိအမတ်ကြီးက“မိန်းမလိုက်စားလွန်ကြူးသူ”များကို

တေဇသင်္ခတံ=အားအစွမ်း၊ တန်ခိုးအစွမ်း ပညာအစွမ်းတို့၏ ကုန်ခမ်းခြင်းကို၊သမ္ပသံ(သမ္ပသန္တော)=မြော်မြင်သည်ဖြစ်၍၊

ဣတ္ထိ ံ= မိန်းမ ကို၊ဗဠံ=လွန်လွန်ကြူးကြူး၊နဂစ္ဆေယျ=မသွားလာစေရ။(စေ-ဂစ္ဆေယျ=အကယ်၍သွားလာငြားအံ့။)၊ခီလာ မေဒေါ=အသွေးအဆီ ကြုံလှီခြောက်ခန်းသည်ဖြစ်၍၊

ကာသံ=ချောင်းခြောက် ရောဂါစွဲကပ်ခြင်းသို့ လည်းကောင်း၊ ဒရံ=ကိုယ်ပူရောဂါ။ဆီးပူရောဂါ စွဲကပ်ခြင်းသို့လည်းကောင်း၊

ဗာလျံ=အားအင်ကုန်ခန်း နွမ်းရိခြင်းသို့လည်းကောင်း၊ နိဂစ္ဆတိ=ရောက်တတ်၏။ဟုဆုံးမတော်မူဖူးပါတယ်။

မိန်းမလိုက်စား အပျော်ကြူးသောသူသည် ကိုယ်ပိုင်ဇနီးမယားနှင့် မတင်းတိမ်မရောင့်ရဲနိုင်သည်ဖြစ်၍မြင်သမျှ မိန်းမကို ပူးကပ်သွေးဆောင်တတ်၏။

မိန်းမလိုက်စားလေ့ရှိသူ၏ မျက်နှာမှာမိန်းမနှင့်တွေ့သည့် အခါ မျက်နှာပြောင်တတ် ၍န ှုတ်ချို လျှာတတ်နှင့် အရှက်မရှိ စကားသွက်၏။

မိမိကိုယ်ကို သားနားသပ်ရပ်စွာပြင်ဆင်တတ်၍ မာယာပြစ်ဖုံး ဟိတ်ဟန်သုံးလျှက် လှည့်လည်တတ်သည်။

မိန်းမကိုပေးရန်အတွက်မူ နှမြောခြင်းမရှိ ။ရက်ရက်ရောရောပေးလေ့ရှိ၏။ မိမိ အလိုမလိုက်သေးသ၍ ကိုယ်ရောစိတ်ပါ အညံ့ခံံချဉ်းကပ်တတ်လေသည်။

မိမိချဉ်းကပ်နေသော မိန်းမအလိုကျဆောင်ရွက်ရမည်ဆိုလျှင် ထိုမိန်းမက မျက်စ တစ်ချက်ချီရုံမျှနှင့် စေတနာဇောအဟုန်ကြွ၍ ခြေလက်တို့ သွက်လက်စွာ စက်ကဲ့သို့ ခိုင်းသမျှ လုပ်ပေးတတ်၏။

ပိုးပန်းပေး ကမ်းရခြင်းအတွက် စေတနာ ရေစီးကမ်းပြိုလိုက်၍ အနည်းငယ်မျှတွက်ကပ်ခြင်းမရှိ။

မိန်းမလိုက်စားခြင်း သည် ငွေကြေးကုန်ခန်းခြင်းဖြင့် အစပျိုးကာ ဥစ္စာပျက်စီးကြောင်း အမှန်ဖြစ်လေ၏။

စီးပွားရေးပြုန်းတီးခြင်းမျှသာမဟုတ်သေး။အနာရောဂါထူပြော၍ ကျန်းမာရေးတည်းဟူသော လာဘ်ကြီးလည်းဆုံး၍ လူညွန့်တုံးဘဝ ကျရောက်ကာ ဘဝဆုံးရတတ်ပါတယ်။

မိန်းမလိုက်စားလေ့ရှိသူတိုင်း၏ အကျင့်မှာ တွေ့သမျှမိန်းမ အကောင်းထင်တတ်ခြင်းဖြစ်သည်။

ကိုယ်စိတ် အညံ့ခံပိုးရခြင်း၊ ပစ္စည်းဥစ္စာကုန်ခန်းခြင်းတို့ဖြင့် မိန်းမတစ်ယောက်ကို ပိုင်ပြီးသော အခါတွင်လည်း ထိုမိန်းမ နှင့် မကျေနပ်မရောင့်ရဲပြန်၍နောက်တစ်ယောက်ရှာပြန်သည်။

တွေ့သမျှမိန်းမ အကောင်းထင်လိုက်စား သော်လည်းထိုသို့သော သူမျိုးအဖို့ ဂုဏ်ကျက်သရေ ဣန္ဒြေသိက္ခာ၊ဉာဏ်ပညာရှိသော မိန်းမကိုရသည် မဟုတ်။ပေါ့ပျက်လေလွင့် ညံ့ဖျင်းသော မိန်းမမျိုးကိုသာ တွေ့ကြုံရသည်။

မိန်းမလိုက်စားလေ့ရှိသည်ဟု နာမည်သတင်းကြီးသူမှာမည်မျှပင် ရာထူး၊အာဏာ၊ စီးပွားဥစ္စာ ရှိပင်ငြားသော်လည်း အဖိုးတန် မိန်းမများကရှောင်ရှားကြ၏။

တစ်ခါတစ်ရံ ငွေကြေးဥစ္စာ၊ရာထူး အာဏာ အရှိန်အဝါ ဖြင့် အကုန်အကျခံ၍ ပိုးပန်းပါသော်လည်း ထင်တိုင်းမဖြစ် လွဲချော်၍ အရှက်ကြီးစွာရတတ်၏။

“မယားထိ ဓားကြည့်” ဆိုသည့် လင်ယောင်္ကျား ၊မောင်ဘွားမိဘများနှင့်တွေ့ကြုံလျှင် အသက်ပင် ဆုံးရှုံးတတ်သေး၏။

ထို့ကြောင့် မိန်းမလိုက်စားသူသည် အရာရာနစ်နာဆုံးရှုံးတတ်လေသောကြောင့် မိန်းမလိုက်စား လွန်ကြူးခြင်းကိုပျက်စီးကြောင်းဟု ဟောတော်မူခြင်းဖြစ်ပါတယ်။

ပါဝကော=မီးသည်။

ကဋ္ဌပုဉ္စံ=ထင်းပုံကြီးကို။

ဒဟိတိဣဝ=ပြကျလေအောင် ကျွမ်းလောင်ဘိသကဲ့သို့။

တထာ=ထို့အတူ၊

ပမတ္တဿ= မိန်းမလိုက်စား မိုက်မှားမေ့မောနေသူ၏။

ယသံ=အခြံအရံများခြင်းကို လည်းကောင်း၊

ကိတ္တိ ံ=ဂုဏ်နံ့သတင်း ကျော်ဇောခြင်းကိုလည်းကောင်း၊

ဓိတိ ံ=ခိုင်ခံ့စွာဘိ သမာဓိကြီးရင့်မှု ကိုလည်းကောင်း၊

သူရံ=မဆုတ်မတွန့် ရဲရင့်ထက်မြက်ခြင်းကိုလည်းကောင်း၊

ဗဟုသစ္စံ= အကြားအမြင် ကြွယ်ဝခြင်းကိုလည်းကောင်း။

ပဇာနနံ=မြော်မြင်တုံဘိ အမှန်သိခြင်းကိုလည်းကောင်း၊

ဒဟန္တာ=ပြကျလေ အောင် ကျွမ်းလောင်ကြကုန်လျက်၊

ဟာပယန္တိ=ဆုတ်ယုတ်ပြုန်းတီး၊ပျက်စီးစေကုန်၏။ (တိကနိပါတ်ဇာတ်အဋ္ဌကထာမှကောက်နှုတ်ချက်)

ကာမဘုံသားဖြစ်သော လောကလူသားများအတွက် ယောင်္ကျားသည် မိန်းမ၏ အတွေ့အထိအာရုံ၊မိန်းမသည် ယောင်္ကျား၏ အတွေ့အထိအာရုံတို့မှာ အကောင်းမွန်ဆုံး အရသာအဖြစ် မှတ်ယူခံစားလေ့ရှိကြသည်။

သို့သော် လူ့လောကတွင် အတွေ့အထိ ဖောဋ္ဌဗ္ဗာရုံ၌ လွန်ကဲသူများကို “တဏှာရူးများ”ဟု အများ ခေါ်ဝေါ်ပြောဆိုကြလျှက်

မည်သည့် အာရုံကိုမဆို လွန်လွန်ကဲကဲ တက်မက်တွယ်တာတတ်သူကို “တဏှာ ကြီးသူ” ဟု ခေါ်ဆိုနိုင်ပေသည်။

“ဇာတက အဋ္ဌကထာ” ၌ “အရူးရှစ်မျိုး” ပြဆိုထားသည်။

၁။ကာမုမ္မတ္တက=တဏှာရူးသူ။

၂။ကောဓုမ္မတ္တက=ဒေါသရူးသူ။

၃။ဒိဋ္ဌုမ္မတ္တက =အယူလွဲမှားရူးသူ။

၄။မောဟုမ္မတ္တက =မိုက်မဲတွေဝေရူးသူ။

၅။ယက္ခုမ္မတ္တက =ဘီလူး၊ တစ္ဆေသရဲပူးဝင်၍ရူးသူ။

၆။ဝိတ္တုမ္မတ္တက =သည်းခြေပျက်ရူးသူ။

၇။သုရုမ္မတ္တက =အရက်မူးပြီးရူးသူ။

၈။ဗျသနုမ္မတ္တက =ဥစ္စာ ဆွေမျိုး ပျက်စီး၍ရူးသူ ဟူ၍ဖြစ်၏။

မိမိအလိုဆန္ဒကိုလိုက်၍ တဏှာရမ္မက်ကြီးသူအား အရူးဥပမာတစ်မျိုးပေး၍ ခိုင်းနှိုင်းထားလေသည်။အများထက်ပို၍ တဏှာရာဂ လွန်ကြူးလိုစိတ်သည် ချိုးနှိမ်ပစ်ရမည့် စိတ်ရိုင်းတစ်ခုဖြစ်၏။

စိတ်၏ အညစ်အကြေး စိတ်၏ ရန်သူဖြစ်သော “ရာဂတဏှာ” ကို သတိပညာအထိန်းတို့ဖြင့် ထိန်းသိမ်းနိုင်မှ ဖြူစင်မည်။

စိတ်သည် ပကတိအခါ၌ ဖြူစင်သန့်ရှင်း အပြစ်ကင်းလျက်ရှိ၏။တဏှာစိတ်ဖြင့် အာရုံကို အလွန်အကျူး လိုချင်မက်မောမှု ၊တွယ်တာကပ်ငြိမှုတို့ကြောင့် အပြစ်မကင်း၊မသန့်ရှင်းသော အညစ်အကြေးသဖွယ်ဖြစ်ရသည်။

တဏှာရာဂတည်းဟူသော စိတ်အညစ်အကြေးကို ဆပ်ပြာနှင့်ရေဖြင့် ဆေးကြော၍ မစင်နိုင်ပေ။ စိတ်သတ္တိဖြင့် ဆေးကြောမှသာ သန့်ရှင်းစင်ကြယ်မည်ဖြစ်၏။

တဏှာရာဂဈိတ်မွှန်နေသူသည် ပညာမျက်စိကိုလည်း ကန်းစေ၏။ အကြောင်းအကျိုးကိုလည်းမမြင်၊ အကောင်းအဆိုးကိုလည်း ခွဲခြားမသိ၊ အမှားအမှန်ကို မဝေခွဲနိုင်ဘဲ မှောင်အတိကျကာ မျက်ကန်းပမာ ဖြစ်နေသည်။

သို့ဖြစ်ရာ တဏှာရာဂစိတ်ကြောင့် ဆန့်ကျင်ဘက် အာရုံကို လွန်ကြူးစွာ လိုက်စားလိုစိတ်ကို သတိ၊ပညာ၊အမြော်အမြင် ဆင်ခြင်တုံတရားတို့ဖြင့် ထိန်းသိမ်း၍

လောကီအကျိုးစီးပွား၊လောကုတ္တရာ အကျိုး စီးပွားတို့ ပျက်စီးခြင်းဘေးမှ ဝေးစွာရှောင်ရှားအပ်ပေသတည်း။

စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

[ကိုးကား “အရှင်ဓမ္မပီယ(မြောင်)” ၏ “ပျက်စီးခြင်းဘေးဝေးကြပါစေ” စာအုပ်]

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

Zawgyi

မိိန္းမလုိိက္စားျခင္း၏ ဆုိးက်ဳိးမ်ား

ဝိဓူရဇာတ္၌ ဝိဓူရပညာရွိအမတ္ၾကီးက“မိန္းမလုိက္စားလြန္ၾကဴးသူ”မ်ားကုိ

ေတဇသခၤတံ=အားအစြမ္း၊ တန္ခုိးအစြမ္း ပညာအစြမ္းတုိ႔၏ ကုန္ခမ္းျခင္းကုိ၊သမၸသံ(သမၸသေႏၱာ)=ေျမာ္ျမင္သည္ျဖစ္၍၊

ဣတၳိ ံ= မိန္းမ ကုိ၊ဗဠံ=လြန္လြန္ၾကဴးၾကဴး၊နဂေစၦယ်=မသြားလာေစရ။(ေစ-ဂေစၦယ်=အကယ္၍သြားလာျငားအံ့။)၊ခီလာ ေမေဒါ=အေသြးအဆီ ၾကဳံလွီေျခာက္ခန္းသည္ျဖစ္၍၊

ကာသံ=ေခ်ာင္းေျခာက္ ေရာဂါစြဲကပ္ျခင္းသုိ႔ လည္းေကာင္း၊ ဒရံ=ကုိယ္ပူေရာဂါ။ဆီးပူေရာဂါ စြဲကပ္ျခင္းသုိ႔လည္းေကာင္း၊

ဗာလ်ံ=အားအင္ကုန္ခန္း ႏြမ္းရိျခင္းသုိ႔လည္းေကာင္း၊ နိဂစၦတိ=ေရာက္တတ္၏။ဟုဆုံးမေတာ္မူဖူးပါတယ္။

မိန္းမလုိက္စား အေပ်ာ္ၾကဴးေသာသူသည္ ကုိယ္ပုိင္ဇနီးမယားႏွင့္ မတင္းတိမ္္မေရာင့္ရဲနုိင္သည္ျဖစ္၍ျမင္သမွ် မိန္းမကုိ ပူးကပ္ေသြးေဆာင္တတ္၏။

မိန္းမလုိက္စားေလ့ရွိသူ၏ မ်က္ႏွာမွာမိန္းမႏွင့္ေတြ႔သည့္ အခါ မ်က္ႏွာေျပာင္တတ္ ၍ႏ ႈတ္ခ်ဳိ လွ်ာတတ္ႏွင့္ အရွက္မရွိ စကားသြက္၏။

မိမိကိုယ္ကုိ သားနားသပ္ရပ္စြာျပင္ဆင္တတ္၍ မာယာျပစ္ဖုံး ဟိတ္ဟန္သုံးလွ်က္ လွည့္လည္တတ္သည္။

မိိန္းမကုိေပးရန္အတြက္မူ ႏွေျမာျခင္းမရွိ ။ရက္ရက္ေရာေရာေပးေလ့ရွိ၏။ မိမိ အလုိမလုိက္ေသးသ၍ ကုိယ္ေရာစိတ္ပါ အညံ့ခံံခ်ဥ္းကပ္တတ္ေလသည္။

မိိမိခ်ဥ္းကပ္ေနေသာ မိန္းမအလုိက်ေဆာင္ရြက္ရမည္ဆုိလွ်င္ ထုိမိန္းမက မ်က္စ တစ္ခ်က္ခ်ီရုံမွ်ႏွင့္္ ေစတနာေဇာအဟုန္ႂကြ၍ ေျခလက္တုိိ႔ သြက္လက္စြာ စက္ကဲ့သုိ႔ ခုိင္းသမ်ွ လုပ္ေပးတတ္၏။

ပုိးပန္္းေပး ကမ္းရျခင္းအတြက္ ေစတနာ ေရစီးကမ္းျပိဳလုိက္၍ အနည္းငယ္မ်ွတြက္ကပ္ျခင္းမရွိ။

မိိန္းမလုိက္စားျခင္း သည္ ေငြေၾကးကုန္ခန္းျခင္းျဖင့္ အစပ်ဳိးကာ ဥစၥာပ်က္စီးေၾကာင္း အမွန္ျဖစ္ေလ၏။

စီးပြားေရးျပဳန္းတီးျခင္းမွ်သာမဟုတ္္ေသး။အနာေရာဂါထူေျပာ၍ က်န္းမာေရးတည္းဟူေသာ လာဘ္ၾကီးလည္းဆုံး၍ လူညြန္႔တုံးဘဝ က်ေရာက္ကာ ဘဝဆုံးရတတ္ပါတယ္။

မိိန္းမလုိက္စားေလ့ရွိသူတုိင္း၏ အက်င့္မွာ ေတြ႔သမွ်မိန္းမ အေကာင္းထင္တတ္ျခင္းျဖစ္သည္။

ကုိယ္စိတ္ အည့ံခံပုိးရျခင္း၊ ပစၥည္းဥစၥာကုန္ခန္းျခင္းတုိ႔ျဖင့္ မိန္းမတစ္ေယာက္ကုိ ပုိင္ျပီးေသာ အခါတြင္လည္း ထုိမိန္းမ ႏွင့္ မေက်နပ္မေရာင့္ရဲျပန္၍ေနာက္တစ္ေယာက္ရွာျပန္သည္။

ေတြ႔သမ်ွမိန္းမ အေကာင္းထင္လုိက္စား ေသာ္လည္းထုိသုိ႔ေသာ သူမ်ဳိးအဖုိ႔ ဂုဏ္က်က္သေရ ဣေျႏၵသိကၡာ၊ဥာဏ္ပညာရွိေသာ မိန္းမကုိရသည္ မဟုတ္။ေပါ့ပ်က္ေလလြင့္ ညံ့ဖ်င္းေသာ မိန္းမမ်ဳိးကုိသာ ေတြ႔ၾကဳံရသည္။

မိိန္းမလုိက္စားေလ့ရွိသည္ဟု နာမည္သတင္းၾကီးသူမွာမည္မ်ွပင္ ရာထူး၊အာဏာ၊ စီးပြားဥစၥာ ရွိပင္ျငားေသာ္လည္း အဖုိးတန္ မိန္းမမ်ားကေရွာင္ရွားၾက၏။

တစ္ခါတစ္ရံ ေငြေၾကးဥစၥာ၊ရာထူး အာဏာ အရွိန္အဝါ ျဖင့္ အကုန္အက်ခံ၍ ပုိးပန္းပါေသာ္လည္း ထင္တုိင္းမျဖစ္ လြဲေခ်ာ္၍ အရွက္ၾကီးစြာရတတ္၏။

“မယားထိ ဓားၾကည့္” ဆုိသည့္ လင္ေယာက်ၤား ၊ေမာင္ဘြားမိဘမ်ားႏွင့္ေတြ႔ၾကံဳလွ်င္ အသက္ပင္ ဆုံးရွံဳးတတ္ေသး၏။

ထုိ႔ေၾကာင့္ မိန္းမလုိက္စားသူသည္ အရာရာနစ္နာဆုံးရွံဳးတတ္ေလေသာေၾကာင့္ မိန္းမလုိက္စား လြန္ၾကဴးျခင္းကုိပ်က္စီးေၾကာင္းဟု ေဟာေတာ္မူျခင္းျဖစ္ပါတယ္။

ပါဝေကာ=မီးသည္။

က႒ပုဥၥံ=ထင္းပုံၾကီးကုိ။

ဒဟိတိဣဝ=ျပက်ေလေအာင္ ကြၽမ္းေလာင္ဘိသကဲ့သုိ႔။

တထာ=ထုိ႔အတူ၊

ပမတၱႆ= မိန္းမလုိက္စား မုိက္မွားေမ့ေမာေနသူ၏။

ယသံ=အျခံအရံမ်ားျခင္းကုိ လည္းေကာင္း၊

ကိတၱိ ံ=ဂုဏ္န႔ံသတင္း ေက်ာ္ေဇာျခင္းကုိလည္းေကာင္း၊

ဓိိတိ ံ=ခုိင္ခံ့စြာဘိ သမာဓိၾကီးရင့္မွဳ ကုိလည္းေကာင္း၊

သူရံ=မဆုတ္မတြန္႔ ရဲရင့္ထက္ျမက္ျခင္းကုိလည္းေကာင္း၊

ဗဟုသစၥံ= အၾကားအျမင္ ၾကြယ္ဝျခင္းကုိလည္းေကာင္း။

ပဇာနနံ=ေျမာ္ျမင္တုံဘိ အမွန္သိျခင္းကုိလည္းေကာင္း၊

ဒဟႏၱာ=ျပက်ေလ ေအာင္ ကြၽမ္းေလာင္ၾကကုန္လ်က္၊

ဟာပယႏၱိ=ဆုတ္ယုတ္ျပဳန္းတီး၊ပ်က္စီးေစကုန္၏။ (တိကနိပါတ္ဇာတ္အ႒ကထာမွေကာက္ႏွဳတ္ခ်က္)

ကာမဘုံသားျဖစ္္ေသာ ေလာကလူသားမ်ားအတြက္္ ေယာက်ၤားသည္ မိန္းမ၏ အေတြ႔အထိအာရုံ၊မိိန္းမသည္္ ေယာက်ၤား၏ အေတြ႔အထိအာရုံတုိ႔မွာ အေကာင္းမြန္ဆုံး အရသာအျဖစ္္ မွတ္ယူခံစားေလ့ရွိၾကသည္။

သုိိ႔ေသာ္ လူ႔ေလာကတြင္ အေတြ႔အထိ ေဖာ႒ဗၺာရုံ၌ လြန္ကဲသူမ်ားကုိ “တဏွာရူးမ်ား”ဟု အမ်ား ေခၚေဝၚေျပာဆုိၾကလ်ွက္

မည္သည့္ အာရုံကုိမဆုိ လြန္လြန္ကဲကဲ တက္မက္တြယ္တာတတ္သူကုိ “တဏွာ ၾကီးသူ” ဟု ေခၚဆုိနုိိင္ေပသည္။

“ဇာတက အ႒ကထာ” ၌ “အရူးရွစ္မ်ဳိး” ျပဆုိထားသည္။

၁။ကာမုမၼတၱက=တဏွာရူးသူ။

၂။ေကာဓုမၼတၱက=ေဒါသရူးသူ။

၃။ဒိ႒ဳမၼတၱက =အယူလြဲမွားရူးသူ။

၄။ေမာဟုမၼတၱက =မုိက္မဲေတြေဝရူးသူ။

၅။ယကၡဳမၼတၱက =ဘီလူး၊ တေစၦသရဲပူးဝင္၍ရူးသူ။

၆။ဝိတၱဳမၼတၱက =သည္းေျခပ်က္ရူးသူ။

၇။သုရုမၼတၱက =အရက္မူးျပီးရူးသူ။

၈။ဗ်သနဳမၼတၱက =ဥစၥာ ေဆြမ်ဳိး ပ်က္စီး၍ရူးသူ ဟူ၍ျဖစ္၏။

မိမိအလုိဆႏၵကုိလုိိက္၍ တဏွာရမၼက္ၾကီးသူအား အရူးဥပမာတစ္မ်ဳိးေပး၍ ခုိင္းႏႈိင္းထားေလသည္။အမ်ားထက္ပုိ၍ တဏွာရာဂ လြန္ၾကဴးလုိစိတ္သည္ ခ်ဳိးႏွိမ္ပစ္ရမည့္ စိတ္ရိုင္းတစ္ခုျဖစ္၏။

စိတ္၏ အညစ္အေၾကး စိတ္၏ ရန္သူျဖစ္ေသာ “ရာဂတဏွာ” ကုိ သတိပညာအထိန္းတုိ႔ျဖင့္ ထိန္းသိမ္းနုိင္မွ ျဖဴစင္မည္။

စိိတ္သည္ ပကတိအခါ၌ ျဖဴစင္သန္႔ရွင္း အျပစ္ကင္းလ်က္ရွိ၏။တဏွာစိိတ္ျဖင့္ အာရုံကုိ အလြန္အက်ဴး လုိခ်င္မက္ေမာမွဳ ၊တြယ္တာကပ္ျငိမွဳတုိ႔ေၾကာင့္ အျပစ္မကင္း၊မသန္႔ရွင္းေသာ အညစ္အေၾကးသဖြယ္ျဖစ္ရသည္။

တဏွာရာဂတည္းဟူေသာ စိတ္အညစ္အေၾကးကုိိ ဆပ္ျပာႏွင့္ေရျဖင့္ ေဆးေၾကာ၍ မစင္နုိင္ေပ။ စိတ္သတၱိျဖင့္ ေဆးေၾကာမွသာ သန္႔ရွင္းစင္ၾကယ္မည္ျဖစ္၏။

တဏွွာရာဂစိ်တ္မႊန္ေနသူသည္ ပညာမ်က္စိကုိလည္း ကန္းေစ၏။ အေၾကာင္းအက်ဳိးကုိလည္းမျမင္၊ အေကာင္းအဆုိးကုိလည္း ခြဲျခားမသိ၊ အမွားအမွန္ကုိိ မေဝခြဲနုိင္ဘဲ ေမွာင္အတိက်ကာ မ်က္ကန္းပမာ ျဖစ္ေနသည္။

သုိိ႔ျဖစ္ရာ တဏွာရာဂစိတ္ေၾကာင့္ ဆန္႔က်င္ဘက္ အာရုံကုိ လြန္ၾကဴးစြာ လုိက္စားလုိစိတ္ကုိ သတိ၊ပညာ၊အေျမာ္အျမင္ ဆင္ျခင္တုံတရားတုိ႔ျဖင့္ ထိန္းသိမ္း၍

ေလာကီအက်ဳိးစီးပြား၊ေလာကုတၱရာ အက်ဳိး စီးပြားတုိ႔ ပ်က္စီးျခင္းေဘးမွ ေဝးစြာေရွာင္ရွားအပ္ေပသတည္း။

စာဖတ္သူအားလုံး ကုိယ္စိိတ္ႏွစ္ပါး က်န္းမာခ်မ္းသာၾကပါေစ။

[ကုိးကား “အရွင္ဓမၼပီယ(ေျမာင္)” ၏ “ပ်က္စီးျခင္းေဘးေဝးၾကပါေစ” စာအုပ္]

အရွင္ဝိိမလဝံသ(နာလႏၵာတကၠသုိလ္)

About the author

Aung Lay

Leave a Comment