ကျနော် ရန်ကုန်ရောက်လာပြီးတော့ ယောင်ခြောက်ဆယ်နဲ့ ယက်ယက်ကန်ကန်ဖြစ်နေတဲ့အချိန်မှာ (စာရေးဆရာ) ဆရာနီကိုရဲနဲ့ စပြီးခင်ပါတယ် ကျနော်က ဘုရင့်နောင်မှာနေတယ် သူက သင်္ကန်းကျွန်းမှာ နှစ်ယောက်သား သုဝဏ္ဏက လက်ဖက်ရည်ဆိုင်မှာ သွားသွားထိုင်တယ် ကျနော်မတောက်တခေါက်ရေးထားတဲ့စာတွေလည်း အတင်းဖတ်ခိုင်းတာပေါ့
ကိုရဲက ဇာတ်ညွှန်းရေးဆရာလည်းဖြစ်တော့ သူနဲ့အတူတူ ရှုတင်တွေလည်း လျှောက်လိုက်ပေါ့ဗျာ
တစ်ရက်တော့ ကိုရဲက ဗီဒီယိုရိုက်ရအောင်ကွာ ငါ့မှာပိုက်ဆံဒီလောက်ရှိတယ် မင်းမှာဘယ်လောက်ရှိလဲတဲ့ ကျနော်လည်း သူငယ်ချင်း ၃ ယောက်ကို မြှောက်ပေးပြီး ပိုက်ဆံစုကြတယ် RC2 က queen မမ တစ်ယာက်ကိုလည်း သူ့အိမ်မှာ သွားစည်းရုံးတယ် ပထမဆုံး camera ရှေ့မှာ စရိုက်ဖူးခဲ့တဲ့ဟာပေါ့ အဲဒီနေ့က အခုလိုမိုးတွင်းတစ်ရက်ပဲဆိုတာ မှတ်မိတယ်
အဲ့ဇာတ်ကားလည်း ပြီးအောင် မရိုက်လိုက်ရပါဘူး ထွက်လာဖို့ဆိုတာဝေးရော
ပထမဆုံး ရှုတင်စတည်တဲ့နေ့က ကိုရဲဒါရိုက်တာလုပ်တာဟေ့ဆိုပြီး ဆရာကျောင်း (ဒီဇိုင်းမျိုးဆွေသန်း ) က လာရှိုးတာခင်ဗျ အဲ့နေ့မှာ ဆရာကျောင်းနဲ့ ရင်းနှီးသွားတယ်ဆိုပါတော့ နောက်ရက်ကျတော့ ဆရာကျောင်းကျနော့်ကိုဖုန်းဆက်လာပြီးတော့ စီးရီးကြော်ငြာ ရိုက်စရာရှိလို့ သန်လျင်မှာသွားရိုက်ကြရအောင်တဲ့ .. အိုကေ ချမယ်ဗျာ.. ကျိုက်ခေါက်ဘုရားနားမှာရိုက်တာ မြန်မာသံသီချင်း ပုဆိုးနဲ့ ဘာနဲ့ ..
ကြော်ငြာရိုက်တဲ့နေ့လည်မှာ ဓာတ်ပုံဦးပီတာက ဆိုင်ကယ်ကြီးနဲ့ပေါက်ချလာတယ် ဘာတွေလုပ်နေကြပြန်ပြီလဲဆိုပြီး လာရှိုးတာပါပဲ အဲဒီနေ့မှာပဲ ဦးပီတာနဲ့ ရင်းနှီးသွားပြန်ပါတယ် နောက်တစ်ပတ်လောက်ကျတော့ ဦးပီတာဖုန်းဆက်လာပြီး ငါလည်း စီးရီးကြော်ငြာရိုက်မလို့တဲ့ ကန်တော်ကြီးဗိုလ်ချုပ်ပန်းခြံတဲ့ ကျနော်လည်း အဲ့ဒီတော့မှ ကန်တော်ကြီးဆိုတာရောက်ဖူးတာပဲ အိုက်တင် ဘယ်လိုသင်လဲဆိုတော့ မင်းလုပ်တတ်သလို လုပ်ကွာတဲ့
အဲလိုနဲ့ ကြော်ငြာတစ်ခုရိုက်ဖြစ်ကြတယ် နောက်တစ်ပတ်ကျတော့ နောက်ထပ်တစ်ခွေတဲ့ အဲဒီအခါကျတော့မှ Smile နဲ့ ကျနော်နဲ့ကို တနိုင်ငံလုံးသတိထားမိခဲ့ကြတာပါ ကို Alex ဆိုတဲ့သီချင်းနဲ့
ကျနော်လည်း အတွဲခွေကြော်ငြာမှန်သမျှရိုက်ရတော့တာပဲ အဲဒီကနေ VCD ဆိုတာကြီးပေါ်လာတော့ VCD မင်းသားအလုပ်ရသွားတာပေါ့ တစ်ပုဒ် ၄၀၀၀ တစ်ရက် ၂ ပုဒ်ရိုက်ရင် ၈၀၀၀ ယူပြီးပြန် လွမ်းတတ်ရင်တော့ လွမ်းချင်စရာ
ကျနော့်ဘဝဖြစ်စဉ်မှာ ကိုနီကိုရဲ ဒီဇိုင်းဆရာကျောင်းနဲ့ ဓာတ်ပုံဦးပီတာတို့ကို ဒီစာနဲ့ ဂါရဝပြုပါတယ် အံ့ဩစရာ ဒီပုဂ္ဂိုလ်တွေနဲ့ ကျနော် အမှတ်တရဓာတ်ပုံ တစ်ပုံမှကိုမရှိတာပဲ ဒါနဲ့ ငယ်ငယ်က ကျနော်တို့ သူငယ်ချင်း ၂ ယောက်ပုံပဲ ဒီစာမှာအမှတ်တရထည့်သွင်းပါတယ် ဒီပုံတောင် Smile ပေးထားလို့ ကျနော့်မှာရှိနေတာ
#ကျနော်နဲ့တခါက
Source – Sai Sai
Zawgyi
က်ေနာ္ ရန္ကုန္ေရာက္လာၿပီးေတာ့ ေယာင္ေျခာက္ဆယ္နဲ႔ ယက္ယက္ကန္ကန္ျဖစ္ေနတဲ့အခ်ိန္မွာ (စာေရးဆရာ) ဆရာနီကိုရဲနဲ႔ စၿပီးခင္ပါတယ္ က်ေနာ္က ဘုရင့္ေနာင္မွာေနတယ္ သူက သကၤန္းကြၽန္းမွာ ႏွစ္ေယာက္သား သုဝဏၰက လက္ဖက္ရည္ဆိုင္မွာ သြားသြားထိုင္တယ္ က်ေနာ္မေတာက္တေခါက္ေရးထားတဲ့စာေတြလည္း အတင္းဖတ္ခိုင္းတာေပါ့
ကိုရဲက ဇာတ္ၫႊန္းေရးဆရာလည္းျဖစ္ေတာ့ သူနဲ႔အတူတူ ရႈတင္ေတြလည္း ေလွ်ာက္လိုက္ေပါ့ဗ်ာ
တစ္ရက္ေတာ့ ကိုရဲက ဗီဒီယို႐ိုက္ရေအာင္ကြာ ငါ့မွာပိုက္ဆံဒီေလာက္ရွိတယ္ မင္းမွာဘယ္ေလာက္ရွိလဲတဲ့ က်ေနာ္လည္း သူငယ္ခ်င္း ၃ ေယာက္ကို ေျမႇာက္ေပးၿပီး ပိုက္ဆံစုၾကတယ္ RC2 က queen မမ တစ္ယာက္ကိုလည္း သူ႔အိမ္မွာ သြားစည္း႐ုံးတယ္ ပထမဆုံး camera ေရွ႕မွာ စ႐ိုက္ဖူးခဲ့တဲ့ဟာေပါ့ အဲဒီေန႔က အခုလိုမိုးတြင္းတစ္ရက္ပဲဆိုတာ မွတ္မိတယ္
အဲ့ဇာတ္ကားလည္း ၿပီးေအာင္ မ႐ိုက္လိုက္ရပါဘူး ထြက္လာဖို႔ဆိုတာေဝးေရာ
ပထမဆုံး ရႈတင္စတည္တဲ့ေန႔က ကိုရဲဒါ႐ိုက္တာလုပ္တာေဟ့ဆိုၿပီး ဆရာေက်ာင္း (ဒီဇိုင္းမ်ိဳးေဆြသန္း ) က လာရႈိးတာခင္ဗ် အဲ့ေန႔မွာ ဆရာေက်ာင္းနဲ႔ ရင္းႏွီးသြားတယ္ဆိုပါေတာ့ ေနာက္ရက္က်ေတာ့ ဆရာေက်ာင္းက်ေနာ့္ကိုဖုန္းဆက္လာၿပီးေတာ့ စီးရီးေၾကာ္ျငာ ႐ိုက္စရာရွိလို႔ သန္လ်င္မွာသြား႐ိုက္ၾကရေအာင္တဲ့ .. အိုေက ခ်မယ္ဗ်ာ.. က်ိဳက္ေခါက္ဘုရားနားမွာ႐ိုက္တာ ျမန္မာသံသီခ်င္း ပုဆိုးနဲ႔ ဘာနဲ႔ ..
ေၾကာ္ျငာ႐ိုက္တဲ့ေန႔လည္မွာ ဓာတ္ပုံဦးပီတာက ဆိုင္ကယ္ႀကီးနဲ႔ေပါက္ခ်လာတယ္ ဘာေတြလုပ္ေနၾကျပန္ၿပီလဲဆိုၿပီး လာရႈိးတာပါပဲ အဲဒီေန႔မွာပဲ ဦးပီတာနဲ႔ ရင္းႏွီးသြားျပန္ပါတယ္ ေနာက္တစ္ပတ္ေလာက္က်ေတာ့ ဦးပီတာဖုန္းဆက္လာၿပီး ငါလည္း စီးရီးေၾကာ္ျငာ႐ိုက္မလို႔တဲ့ ကန္ေတာ္ႀကီးဗိုလ္ခ်ဳပ္ပန္းၿခံတဲ့ က်ေနာ္လည္း အဲ့ဒီေတာ့မွ ကန္ေတာ္ႀကီးဆိုတာေရာက္ဖူးတာပဲ အိုက္တင္ ဘယ္လိုသင္လဲဆိုေတာ့ မင္းလုပ္တတ္သလို လုပ္ကြာတဲ့
အဲလိုနဲ႔ ေၾကာ္ျငာတစ္ခု႐ိုက္ျဖစ္ၾကတယ္ ေနာက္တစ္ပတ္က်ေတာ့ ေနာက္ထပ္တစ္ေခြတဲ့ အဲဒီအခါက်ေတာ့မွ Smile နဲ႔ က်ေနာ္နဲ႔ကို တႏိုင္ငံလုံးသတိထားမိခဲ့ၾကတာပါ ကို Alex ဆိုတဲ့သီခ်င္းနဲ႔
က်ေနာ္လည္း အတြဲေခြေၾကာ္ျငာမွန္သမွ်႐ိုက္ရေတာ့တာပဲ အဲဒီကေန VCD ဆိုတာႀကီးေပၚလာေတာ့ VCD မင္းသားအလုပ္ရသြားတာေပါ့ တစ္ပုဒ္ ၄၀၀၀ တစ္ရက္ ၂ ပုဒ္႐ိုက္ရင္ ၈၀၀၀ ယူၿပီးျပန္ လြမ္းတတ္ရင္ေတာ့ လြမ္းခ်င္စရာ
က်ေနာ့္ဘဝျဖစ္စဥ္မွာ ကိုနီကိုရဲ ဒီဇိုင္းဆရာေက်ာင္းနဲ႔ ဓာတ္ပုံဦးပီတာတို႔ကို ဒီစာနဲ႔ ဂါရဝျပဳပါတယ္ အံ့ဩစရာ ဒီပုဂၢိဳလ္ေတြနဲ႔ က်ေနာ္ အမွတ္တရဓာတ္ပုံ တစ္ပုံမွကိုမရွိတာပဲ ဒါနဲ႔ ငယ္ငယ္က က်ေနာ္တို႔ သူငယ္ခ်င္း ၂ ေယာက္ပုံပဲ ဒီစာမွာအမွတ္တရထည့္သြင္းပါတယ္ ဒီပုံေတာင္ Smile ေပးထားလို႔ က်ေနာ့္မွာရွိေနတာ
#က်ေနာ္နဲ႔တခါက
Source – Sai Sai