ေနျပည္ေတာ္ ၊ ဇြန္ (၂)
ျပည္ထဲေရးဝန္ႀကီး အေျပာင္း အလဲျဖစ္ၿပီးေနာက္ ပထမဦးဆုံး အေနျဖင့္ ရဲမႉးခ်ဳပ္တစ္ဦး ကို ရဲတပ္ဖြဲ႕ မွ ထုတ္ပယ္ၿပီး ေထာင္ဒဏ္ ၁ ႏွစ္ခ်မွတ္ လိုက္ေၾကာင္း သိရသည္ ။ ရဲတပ္ဖြဲ႕မွ ထုတ္ပယ္ခံရၿပီး ေထာင္ဒဏ္ခ်ခံရသူမွာ ရထားရဲတပ္ဖြဲ႕ တပ္ဖြဲ႕မႉးအျဖစ္တာဝန္ထမ္းေဆာင္သြားသူ ရဲမႉးခ်ဳပ္ မိုးသန္းေအာင္ ဆိုသူျဖစ္ေၾကာင္း ခိုင္မာေသာ သတင္းရင္းျမစ္တစ္ဦးက သတင္းတမန္သို႔ အတည္ျပဳ သည္။
မည္သည့္အေၾကာင္းအရာေၾကာင့္ ယခုကဲ့သို႔ ျပစ္ဒဏ္ခ်ခံရသည္ကိုမူ ၎က အေသးစိတ္ေျပာျပျခင္းေတာ့မရွိေပ။ ရဲမႉးခ်ဳပ္မိုးသန္းေအာင္ကို စုံခုံဖြဲ႕စစ္ေဆးခဲ့ကာ ယမန္ေန႔ (ဇြန္ ၁ ရက္ေန႔)က ရမည္းသင္းအက်ဥ္းေထာင္သို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သတင္းအတိအက်သိရသည္။
သို႔ေသာ္ ယင္းကိစၥႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ တာဝန္ရွိသူ အခ်ိဳ႕ကိုဆက္သြယ္ေမးျမန္းေသာ္လည္း ျပန္လည္ေျဖၾကားလိုသူမရွိခဲ့ေပ။ ရဲတပ္ဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ ကို ဖုန္းဆက္သြယ္ခဲ့ေသာ္လည္း တယ္လီဖုန္း ကိုင္ျခင္းမျပဳခဲ့ေပ။
ေငြေရးေၾကးေရးပိုင္းႏွင့္ ပတ္သက္သည္ ဟု ေကာလဟာလမ်ားေျပာဆို မႈရွိေနေသာ္လည္း ယင္းအေပၚ အတည္ျပဳႏိုင္ျခင္း မရွိေသးေပ။
သတင္းတမန္အေနျဖင့္ အတည္ျပဳႏိုင္ခဲ့သည္မွာ ရဲမႉးခ်ဳပ္ မိုးသန္းေအာင္သည္ ရဲတပ္ဖြဲ႕မွ ထုတ္ပယ္ခံရၿပီး ေထာင္ဒဏ္ ၁ ႏွစ္ခ်မွတ္ခံရျခင္း၊ ရမည္းသင္းအက်ဥ္းေထာင္သို႔ ဇြန္ ၁ ရက္ေန႔တြင္ ပို႔ေဆာင္ခဲ့ေၾကာင္း စသည့္အခ်က္မ်ားကို သာ အတည္ျပဳ သိရသည္။
ယခုကဲ့သို႔ ရဲမႉးခ်ဳပ္ ၁ ဦး အေရးယူခံရသည္ ျပည္ထဲေရးဝန္ႀကီး အေျပာင္း အလဲျဖစ္ၿပီးေနာက္ပိုင္း ပထမဆုံးျဖစ္ေၾကာင္း သိ ရသည္။
ေလးစားမွုျဖင္႔ ခရစ္ဒက္ News Ambassador – သတင္းတမန္
Unicode
နေပြည်တော် ၊ ဇွန် (၂)
ပြည်ထဲရေးဝန်ကြီး အပြောင်း အလဲဖြစ်ပြီးနောက် ပထမဦးဆုံး အနေဖြင့် ရဲမှူးချုပ်တစ်ဦး ကို ရဲတပ်ဖွဲ့ မှ ထုတ်ပယ်ပြီး ထောင်ဒဏ် ၁ နှစ်ချမှတ် လိုက်ကြောင်း သိရသည် ။ ရဲတပ်ဖွဲ့မှ ထုတ်ပယ်ခံရပြီး ထောင်ဒဏ်ချခံရသူမှာ ရထားရဲတပ်ဖွဲ့ တပ်ဖွဲ့မှူးအဖြစ်တာဝန်ထမ်းဆောင်သွားသူ ရဲမှူးချုပ် မိုးသန်းအောင် ဆိုသူဖြစ်ကြောင်း ခိုင်မာသော သတင်းရင်းမြစ်တစ်ဦးက သတင်းတမန်သို့ အတည်ပြု သည်။
မည်သည့်အကြောင်းအရာကြောင့် ယခုကဲ့သို့ ပြစ်ဒဏ်ချခံရသည်ကိုမူ ၎င်းက အသေးစိတ်ပြောပြခြင်းတော့မရှိပေ။ ရဲမှူးချုပ်မိုးသန်းအောင်ကို စုံခုံဖွဲ့စစ်ဆေးခဲ့ကာ ယမန်နေ့ (ဇွန် ၁ ရက်နေ့)က ရမည်းသင်းအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သတင်းအတိအကျသိရသည်။
သို့သော် ယင်းကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူ အချို့ကိုဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားလိုသူမရှိခဲ့ပေ။ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကို ဖုန်းဆက်သွယ်ခဲ့သော်လည်း တယ်လီဖုန်း ကိုင်ခြင်းမပြုခဲ့ပေ။
ငွေရေးကြေးရေးပိုင်းနှင့် ပတ်သက်သည် ဟု ကောလဟာလများပြောဆို မှုရှိနေသော်လည်း ယင်းအပေါ် အတည်ပြုနိုင်ခြင်း မရှိသေးပေ။
သတင်းတမန်အနေဖြင့် အတည်ပြုနိုင်ခဲ့သည်မှာ ရဲမှူးချုပ် မိုးသန်းအောင်သည် ရဲတပ်ဖွဲ့မှ ထုတ်ပယ်ခံရပြီး ထောင်ဒဏ် ၁ နှစ်ချမှတ်ခံရခြင်း၊ ရမည်းသင်းအကျဉ်းထောင်သို့ ဇွန် ၁ ရက်နေ့တွင် ပို့ဆောင်ခဲ့ကြောင်း စသည့်အချက်များကို သာ အတည်ပြု သိရသည်။
ယခုကဲ့သို့ ရဲမှူးချုပ် ၁ ဦး အရေးယူခံရသည် ပြည်ထဲရေးဝန်ကြီး အပြောင်း အလဲဖြစ်ပြီးနောက်ပိုင်း ပထမဆုံးဖြစ်ကြောင်း သိ ရသည်။
လေးစားမှုဖြင့် ခရစ်ဒက် News Ambassador – သတင်းတမန်