Unicode
ဆေးရုံ တစ်ရုံရဲ့ မှုန်ပြပြမီးရောင်အောက်တွင် နန်းသီတာ တစ်ယောက် အိမ်သာသွားရန် အိပ်နေရာမှ ထလိုက်သည်။ လူနာခုတင်ထက်တွင် အိပ်ပျော်နေသော နန်းသီတာ ယောင်းမဖြစ်သူကို တစ်ချက်ကြည့် လိုက်သည်။ ယောင်းမကတော့ နှစ်ခြိုက်စွာ အိပ်ပျော်နေလေသည်။ ဘေးခုတင်ကလူနာစောင့်ကို အဖော်ခေါ်ရန် ကြည့်လိုက်တော့လဲ ဘေးခုတင်က လူနာဖြစ်သည့် မကေခိုင်ကလဲ အိပ်မောကျနေလေပီ…….
အိမ်သာသွားချင်လွန်းလို့ ထလာရသော်လည်း.. လူသူကင်းမဲ့နေသော မှိန်ပြပြ မီးရောင်အောက်တွင် တစ်ယောက်တည်း လာခဲ့ရသဖြင့် တိတ်ဆိတ်မှုရဲ့ လှည့်ဖျားမှုအောက်တွင် အလွန်ခြောက်ခြားစရာကောင်းလှပေသည်။ ကော်ရစ်တာ တစ်လျှောက်တွင်လည်း သူမခြေသံမှ အပ အရာအားလုံးတိတ်ဆိတ်လျက်..ဆိုးရွားလှသော အနံ့အသက်များရှိရာ အိမ်သာ တံခါးကိုဖွင့်ရင်း ကိစ္စအမြန်ပြီးစီးအောင် ဖြေရှင်းနေခိုက်တွင် အိမ်သာတံခါးကိုလာခေါက်သံတစ်ခု ကြားလိုက်ရလေသည်။
အိမ်သာအခန်းလွတ်တွေရှိနေတာကိုသူမအခန်းကိုမှ လာခေါက်သောကြောင့် နန်းသီတာ တစ်ယောက်စိတ်တိုခါ “အထဲမှာလူရှိတယ်”ဟု ပြန်အော်လိုက်သည်နှင့် တံခါးခေါက်သံ ရပ်သွားခါ တခါးကိုလက်သည်းနဲ့ခြစ်သံ ထွက်လာပြန် သည် နန်းသီတာ တစ်ယောက် ဒေါသကိုမထိန်းနိုင်တော့ဘဲ ကိစ္စကိုအမြန်ရှင်း၍ တံခါး အဖွင့်တွင် ” ဟင် ဘယ်သူမှ မရှိပါလား ငါသေချာကြားလိုက်တာပါ ” ဘယ်ရောက်သွားတာပါလဲ လို့တွေးရင် လက်ဆေးဘေစင်သို့ သွား၍လက်ဆေးေ နစဉ် အကြည့်ကမှန်ထဲသို့ရောက်သွားသည် မှန်နောက်တည့်တည့်က အိမ်သာအခန်းတွင် မိန်းမတစ်ယောက် အိမ်သာခွက်ပေါ်ခွထိုင်၍ တစ်စုံတစ်ရာကို ကောက်နေပုံတွေ့လိုက်ရသည်။
နန်းသီတာ မင်သေပီးကြည့်နေမိသည် သတိဝင်လာတော့ အနောက်သို့ လှည့်ကြည့်လိုက်ရာ ဘယ်သူမှမရှိ ” ဟင် ငါသေချာမြင်လိုက်တာပါ ဘုရားဘုရား ” နန်းသီတာကြက်သိမ်းတွေ ထလာက ဘုရားသ၍အိမ်သာဘက်သို့ အမြန် ပြေးထွက် ခဲ့လေသည်။
အိမ်သာအပြင်ဘက်ရောက်တော့ အိမ်သာထဲမှာ ညီးသံကြီးတစ်ခုကို ကြားလိုက်ရလေသည် နန်းသီတာ တစ်ယောက် ကြောက်ကြောက်လန့်လန့်နဲ့ယောင်းမဖြစ်သူခုတင်သို့ အပြေးလေးပြေးသွားတော့ပါသည် ယောင်းမခုတင်ရောက်တော့ ယောင်းမကတစ်ရေးနိုးသည် ထင်တယ် ခုတင်ပေါ်တွင် ထိုင်လိုက် နန်းသီတာကို ဘာဖြစ်လို့လဲ မေးလေသည် ယောင်းမ ဖြစ်သူက ဗိုက်ကြီးနဲ့မွေးကာနီးပီ ဖြစ်သောကြောင့် ဆေးရုံကြိုတက်နေခြင်းပင် ယောင်းမဖြစ်သူကြောက်မှာဆိုးတာကြောင့် “ဘာမှမဖြစ်ပါဘူး ဒီလို့ဘဲ ပြေးလာတာပါ မမူ ညအိမ်သာသွားချင်ရင် နန်းကိုနိုးနော် တစ်ယောက်ထဲမသွားနဲ့”ဟု မှာလိုက် သည်
ယောင်းမကတော့ “အေးအေး ငါတစ်ရေးနိုးလာတာ နန်းရဲ့ ငါအိပ်နေတဲ့အချိန်မှာလေ ငါကိုကိုတစ်ယောက်ယောက် ဘေးမှာကြည့်နေသလိုခံစားရတယ် ပီးတော့ ငါလိုဗိုက်ကြီးသည် တစ်ယောက်ကို ခဏခဏတွေ့နေရတယ်“ “မမူ စိတ်ထင်လို့ နေမှာ ပြန်အိပ်တော့လေ နန်းဘေးကနေ ဘုရားစာရွတ်ပေးမယ် “ယောင်းမကြောက်မှဆိုး၍ ပြောလိုက် ရသောလဲ ကိုယ်ကိုတိုင်ကလဲ စောကအိမ်သာထဲတွင် တွေ့ခဲ့ရသော ပုံရိပ်ကို မျက်စိထဲကမထွက် ဒီညတော့ နန်းသီတာ အိပ်ရတော့မယ်မထင် အရင်ထဲက အရမ်းကြောက်တတ်သောနန်းသီတာ ခုလို့တွေ့လိုက်ရတော့ မျက်စိထဲကမထွက် ဆေးရုံကို လူနာစောင့်သွားရမယ်လို့ ပြောထဲက လူကသေချင်စော်နံနေမိသည်။
မသွားလို့ကလဲ မရ နန်းသီတာ အစ်ကိုက စစ်သားတစ်ယောက် မိန်းမရတာ ၁ နှစ်ခန့်မှာ ကိုကိုမိန်းမ ဗိုက်ကြီး၍ ခုမွေးကာနီး စစ်ဆေးရုံတွင် ကြိုတက်ထားတာဖြစ်သည် အဲတော့ အိမ်မှာလုပိုဖြစ်နေသည့် နန်းသီတာကအလိုလိုနေရင်း လူနာစောင့် ဖြစ်နေရလေသည် “ဟူးကြောက်ပါတယ်ဆိုမှာ ငါကိုမှဆေးရုံလူနာစောင့် ရွေးလွှတ်တယ် ခုကြုံခဲ့ရတာကိုေ့ပြာပြရင်လဲ ဘယ်သူမှာယုံမှမဟုတ် ညီးကြောက်လို့ ညီးစိတ်ကဖြစ်နေတာပါလို့ဘဲ အပြောခံရမည်သာ” ဟိုတွေးဒီတွေးတွေးရင် းနန်းသီတာ တစ်ယောက် အိပ်ပျော်သွားလေသည်…
အိပ်ရာကနိုးတော့ ယောင်းမဖြစ်သူကနိုးနေပီ နန်းသီတာ မျက်နှာသစ်ရန်ပင် အိမ်သာဖက်ကိုမသွားရဲတော့ အဲတော့ ဘေးက လူနာစောင့်မကေခိုင်ကို အဖော်ဆက်သည် “မကေ မျက်နှာသွားသစ်ရအောင်လေ”ဆိုတော့ မကေက တစ်ခုခု ရိပ်ပင်ပုံရပီ ဘာမှမပြောဘဲ ထလိုက်လာသည် လမ်းရောက်မှ”နန်း နင်ညက အိမ်သာသွားတယ်မှတ်လား ဘာထူးခြားတာ တွေ့ခဲ့လဲ “ဆိုတော့ နန်းသီတာကလဲ သူတွေ့တာကို ပြောပြချင်နေတာ အတော်ဖြစ်နေတာနဲ့ ညကသူတွေ့ခဲ့ တာတွေပြောပြလေသည်
အဲတော့ မကေခိုင်က “အေး အဲအိမ်သာကအရမ်းခြောက်တာနန်းရဲ့” ဟင် ဟုတ်လားအစ်မ အဲထဲမှာသရဲရှိတာပေါ့နော် “အေး နန်း နောက်နေ့ညတွေဆို နင်အိမ်သာသွားချင်ရင် အဖော်နဲ့သွား အဖော်မရှိရင် ငါကိုနိုး အားမနာနဲ့ ငါလိုက်ခဲ့ပေးမယ် အဲအိမ်သာက ညဘက်ဘယ်သူသွားသွား နင်ကိုေ့ခြာက်သလို အကုန်အခြောက်ခံရတယ် အဲအိမ်သာထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ယောက်ဆုံးဖူးတယ်။
” ဘုရား ရေ ဟုတ်လား အစ်မ ဘယ်လိုဆုံးတာလဲဟင် သိရင်ပြောပြပါလား ဆိုတော့ မကေခိုင်က ” ဒီဆေးရုံမှာဘဲ နန်းအစ်မလို မွေးကာနီး ဆေးရုံလာတက်တဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်ဟ တစ်ရက် အဲအမျိုးသမီးက မွေးကာနီးလို့ ဗိုက်နာကို မသိဘဲ ရိုးရိုး ဗိုက်နာတယ်ထင်ပီတော့ ခု အိမ်သာကိုသွားတယ်လေ တစ်ယောက်ထဲအဖော်ကလဲ မပါဘူး ဟိုရောက်တော့ သူကဘဲ သေဖို့ကံပါလာလို့လား မသိဘူး သူမွေးတော့မယ်သိတဲ့အချိန်မှာ အဖော်ကလဲ မပါတာက တစ်ကြောင်း သူဗိုက်အရမ်းနာနေတော့ အပြင်ဘဲ ပြန်မထွက်လာနိုင်လို့လားတော့မသိဘူး ကလေးက အိမ်သာခွက်ထဲကိုထွက်ကျသွားတယ်လေ
သူလဲ အဲတာကိုမြင်ပီး သွေးလန့်ပီးသေသွားတာဘဲ သူကိုဆေးရုံကလူတွေတွေ့တဲ့အချိန်မှာ ကလေးကလဲ သေနေပီ သူကလဲ သေနေပီ အဲနောက်မှာ အဲအိမ်သာအခန်းထဲမှာမိန်းမတစ်ယောက် အိမ်သာခွက်ကို ခွထိုင်ပီ တစ်ခုခု ကောက်နေ တဲ့ ပုံစံညဘက်အိမ်သာသွားသူတိုင်းတွေ့ရတာဘဲ ငါလဲ အခြောက်ခံပီသွားပီဟ ငါလဲ ဒီဆေးရုံက လူနာအဝတ်တွေကို အခကြေးငွေယူပီး လျော်ပေးနေတဲ့ အန်တီကြီးပြောပြတာ ” ဟုပြောပြလေသည်။
“အံမယ်လေး မကေရယ် ကြားရတာ နဲ့တင် ကြက်သိမ်းထမိတယ် တစ်ကယ် “နန်းသီတာ စကားလဲဆုံးရော အိမ်သာ အပေါက်ဝသို့ ရောက်လာတာနဲ့ ပြောနေတဲ့အကြောင်းကို ဆက်မပြောတော့ဘဲ မျက်နှာကိုအမြန်သစ်ခါ နှစ်ယောက်သား ပြန်ထွက်လာခဲ့သည် နန်းသီတာတစ်ယောက်ကတော့ အဲအိမ်သာအခန်းကို ယောင်လိုပင် လှည့်မကြည့်ခဲ့ နောက်များ အိမ်က ဆေးရုံလူနာစောင့်ခိုင်းရင် ရိုက်ချင်ရိုက်ပါ့စေ လုံးဝမစောင့်ဘူးဟု ဆုံးဖြတ်လိုက်လေသည်….
သရဲ သဘက် ဘီလူး အစရှိသော – ပေတလောကသားများအကြောင်း