Knowledge
နေအိမ်အနီး သစ်ပင်နိမိတ်များ.နှင့် အိမ်သစ်တွင်ရေးရန် အက္ခရာများ….
Written by Aung Lay
နေအိမ်အနီး သစ်ပင်နိမိတ်များ….
အိမ်အနောက်က သစ်ပင်ကြီးရှိသော် မယားသေမည်…။မင်းပူဇော်ခံရမည်…။
အရှေ့စူးစူးရှိသော် ကျော်စောမည်…။အရှေ့တောင်ရှိသော် ကျော်စောမည်..။
အရှေ့တောင်ရှိသော် ရောဂါရမည်…။တောင်က ရှိသော် လာဘ်ပေါမည်…။
အနောက်တောင်က ရှိသော် အပြစ်များမည်…။အနောက်မြောက်ရှိသော် ဥစ္စာတိုးပွားမည်…။
အိမ်သစ်တွင်ရေးရန် အက္ခရာများ….
အရှေ့တောင်က တိုင်မှာ သိကြားဆိုသဖြင့် “သိ”ကို ရေး၊ အနောက်တောင်ကတိုင်မှာ နဂါးဆိုသဖြင့် “န”ကို ရေး
အနောက်မြောက်ကတိုင်မှာ ဗိဿနိုးဆို သဖြင့် “ဗိ”ကို ရေး ၊အရှေ့မြောက်က တိုင်မှာ ဘုရားရှင်ဆိုသဖြင့် “ဘု”ကိုရေး ၊
ဟင်္သာပြဒါးကို ရွှေရည်ဖျော်ရေးပါ…နေအိမ်စီးပွားတက် အတိုက်အခိုက်ကင်းရှင်းမည်…။
အိမ်ဆောက်ပန်းဆွဲခြင်း အကျိုးများ….
အုန်းနှဲဆွဲသော် ဥစ္စပစ္စည်းပေါများမည်..၊ပညောင်ဆွဲသော် မင်းပူဇော်ခံရမည်..၊
ရေသဖန်းဆွဲသော် ချမ်းသာမည်..၊မြေစာဆွဲသော် အသက်ရှည်မည်..၊ပေါက်ရွက်ဆွဲသော် ဘေးကင်းမည်..၊
သပြေဆွဲသော် သားမြေးများမည်..၊သရက်ဆွဲသော် ချမ်းသာသုခ ရှိမည်…၊မရိုးပွင့်ဆွဲသော် အနာကင်းမည်…။ ။
ဆရာမင်းသော်တာ ညွန့်ပေါင်းကျမ်းမှ ကောက်နှုတ်ဖော်ပြသည်….#အထွေထွေရသစုံ
Zawgyi
About the author
Aung Lay
Leave a Comment