Baydin

ဇွန်လဖွားတွရဲ့ ထူးခြားတဲ့ ပင်ကိုယ်စရိုက်လက္ခဏာများ

Written by Aung Lay

ဇွန်လဖွားတွရဲ့ ထူးခြားတဲ့ ပင်ကိုယ်စရိုက်လက္ခဏာများ

လူတစ်ယောက်မွေးဖွားတဲ့လဟာ ထိုသူ့ရဲ့ ပင်ကိုစရိုက်နဲ့ ဆက်စပ်နေတတ်ပါတယ်။ အချို့ပညာရှိတွေကလည်း မွေးလပေါ်မှာမူတည်ပြီး လူတစ်ယောက်ရဲ့ အကျင့်သဘာဝ၊ အပြုအမူနဲ့ သဘောထားတွေကို အကဲခတ်နိုင်တယ်လို့ ဆိုကြပါတယ်။

တကယ်လို့ စာဖတ်သူဟာ ဇွန်လမှာ မွေးဖွားသူဆိုရင်တော့ စာဖတ်သူဆီမှာ ထူးခြားတဲ့ မွေးရာပါဝိသေသလက္ခဏာရပ်တွေ ရှိတယ်လို့ ယူဆနိုင်ပါတယ်။ ဇွန်လဖွားတွေဟာ နှစ်လိုဖွယ်ရာ ရုပ်ရည်နဲ့ အဆင်အပြင်ရှိကြပါတယ်။

သူတို့ဟာ အမြဲတမ်းတက်တက်ကြွကြွနေတတ်သူတွေဖြစ်ပြီး တစ်ပါးသူတွေဟာ ဇွန်လဖွားတွေနားမှာ နေရတဲ့အခါ သက်တောင့်သက်သာ ဖြစ်နေတတ်ကြပါတယ်။ ဇွန်လဖွားတွေဟာ ဘယ်သူနဲ့မဆို မိတ်ဆွေဖွဲ့နိုင်ပါတယ်။

ရန်သူကိုတောင် ပြေပြေလည်လည်ဆက်ဆံပြီး သူငယ်ချင်းဖြစ်အောင် လုပ်နိုင်တာ ဇွန်လဖွားတွေပဲ ဖြစ်ပါတယ်။ မိတ်ဆွေဖွဲ့တဲ့အတတ်မှာတော့ ဇွန်လဖွားတွေဟာ အင်မတန်ပါးနပ်ကြပါတယ်။

ဇွန်လဖွားတွေဟာ အမြင်အာရုံစူးရှပြီး အကြံအစည်များသူတွေလည်း ဖြစ်ပါတယ်။ အကြံအစည်ကောင်းသလို အကြံအစည်အတိုင်းလည်း ဘဝကိုပုံဖော်လိုသူတွေ ဖြစ်ပါတယ်။

သူတို့တွေဟာ တန်ဖိုးကြီးလူ့အသုံးအဆောင်ပစ္စည်းတံဆိပ်တွေကို မက်မောသူတွေဖြစ်ပါတယ်။ အဆင့်အတန်းမြင့်မြင့်နေလိုတယ်၊ တတ်နိုင်တာနဲ့ ပစ္စည်းကောင်းကောင်းဝယ်သုံးမယ်ဆိုတဲ့ စရိုက်တွေဟာ သူတို့ရဲ့ သဘာဝထဲမှာကိုက ပါပြီးသား ဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။ ကိုယ်တိုင်လည်း ပစ္စည်းကောင်းဝယ်သုံးတတ်ရုံတင်မကပဲ သူများတွေကိုလည်း ဘာပစ္စည်းမျိုးသုံးတာ၊ ဘာအမှတ်တံဆိပ်သုံးတာကအစ လိုက်လံကြည့်ရှုတတ်သူတွေ ဖြစ်ပါတယ်။

ဇွန်လဖွားတွေဟာ သူတို့ရဲ့ စိတ်ခံစားမှုကို ထုတ်ပြလေ့မရှိသူတွေ ဖြစ်ပါတယ်။ သူတို့နှလုံးသားထဲမှာ ဘယ်လောက်ပဲ ပြောစရာအကြောင်းအရာတွေများများ ကိုယ့်ခံစားချက်အမှန်ကို အပြင်ကို ဖွင့်ထုတ်ခဲပါတယ်။

လူတွေကြောင့် စိတ်ရှုပ်ရတာ၊ ကိုယ့်ခံစားချက်ကိုလိုက်ပြီး စီးမျောခံစားရတာကို မနှစ်ခြိုက်သူတွေ ဖြစ်ပါတယ်။ သူတို့တွေဟာ စိတ်အပြောင်းအလဲမြန်သလို ချေးများကြသူတွေလည်း ဖြစ်ပါတယ်။

ဘယ်အရာပဲဖြစ်ဖြစ် အရာအားလုံးကို အချိန်မှန် နေရာမှန်မှာ သူတို့လိုချင်တဲ့ပုံစံအတိုင်း တသဝေမတိမ်းရှိနေတာကို သဘောကျပါတယ်။ ဘဝနဲ့ ပတ်သက်လာရင်တော့ အရမ်းကို စိတ်အပြောင်းအလဲမြန်တဲ့သူတွေ ဖြစ်ပါတယ်။

ဇွန်လဖွားတွေဟာ ရာသီဥတုအကူးအပြောင်းကို သိပ်မခံနိုင်ကြပါဘူး။ မိုးနည်းနည်းလေးမိတာနဲ့ နှာချေတာတွေ စဖြစ်တတ်ပါပြီ။ ဇွန်လဖွားတွေဟာ အအေးဓာတ်နဲ့ မတည့်သူတွေဖြစ်ပြီး ဖုန်မှုန့်၊ မီးခိုးငွေ့၊ မိုးရေ စတာတွေနဲ့လည်း ပြဿနာဖြစ်တတ်ပါတယ်။

ဇွန်လဖွားတွေဟာ ဟာသဉာဏ်ရွှင်သူတွေလည်း ဖြစ်ပါတယ်။ ဘယ်သူ့ကိုမဆို ဘယ်အချိန်မှာပဲဖြစ်ဖြစ် ပျော်ရွှင်အာင် လုပ်နိုင်ပါတယ်။ နောက်နောက်ပြောင်ပြောင်နဲ့ ပျော်ပျော်နေတတ်တာမို့ သူငယ်ချင်းတွေထဲမှာတော့ ပွဲစည်စေတဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူတို့ဟာ နူးညံ့စွာ စကားပြောဆိုဆက်ဆံတတ်ပြီး ယဉ်ကျေးသူတွေလည်း ဖြစ်ပါတယ်။

သူတစ်ပါးကို အကူအညီပေးတတ်တာဟာ ဇွန်လဖွားတွေရဲ့ ဝိသေသတစ်ခုပဲ ဖြစ်ပါတယ်။ ဇွန်လဖွားတွေနဲ့ ပတ်သက်ပြီး နောက်ဆုံးဖော်ပြပေးလိုတာကတော့ သူတို့ဟာ အငြင်းသန်တယ်ဆိုတာကိုပါ။

အကြောင်းအရာတစ်ခုနဲ့ ပတ်သက်လို့ အချေအတင်ပြောရပြီဆိုရင် အထောက်အထားခိုင်ခိုင်လုံလုံပြပြီး တစ်ဖက်သားကို

အနိုင်ယူနိုင်သူတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူတို့နဲ့ စကားများတဲ့အခါ တော်တန်ရုံနဲ့ အနိုင်ရဖို့ ခက်ခဲပါတယ်။

အခုဖော်ပြပေးထားတာတွေကတော့ အွန်လိုင်းဝက်ဒ်ဆိုက်ဒ်တစ်ခုဖြစ်တဲ့ i d e a h e r a l d ကနေ တဆင့် ဇွန်လဖွားတွေရဲ့ ဝိသေသလက္ခဏာရပ်တွေကို ကိုးကားဖော်ပြပေးထားပဲဖြစ်ပါတယ်။

Zawgyi

ဇြန္လဖြားတြရဲ႕ ထူးျခားတဲ့ ပင္ကိုယ္စ႐ိုက္လကၡဏာမ်ား

လူတစ္ေယာက္ေမြးဖြားတဲ့လဟာ ထိုသူ႔ရဲ႕ ပင္ကိုစ႐ိုက္နဲ႔ ဆက္စပ္ေနတတ္ပါတယ္။ အခ်ိဳ႕ပညာရွိေတြကလည္း ေမြးလေပၚမွာမူတည္ၿပီး လူတစ္ေယာက္ရဲ႕ အက်င့္သဘာဝ၊ အျပဳအမူနဲ႔ သေဘာထားေတြကို အကဲခတ္ႏိုင္တယ္လို႔ ဆိုၾကပါတယ္။

တကယ္လို႔ စာဖတ္သူဟာ ဇြန္လမွာ ေမြးဖြားသူဆိုရင္ေတာ့ စာဖတ္သူဆီမွာ ထူးျခားတဲ့ ေမြးရာပါဝိေသသလကၡဏာရပ္ေတြ ရွိတယ္လို႔ ယူဆႏိုင္ပါတယ္။ ဇြန္လဖြားေတြဟာ ႏွစ္လိုဖြယ္ရာ ႐ုပ္ရည္နဲ႔ အဆင္အျပင္ရွိၾကပါတယ္။

သူတို႔ဟာ အၿမဲတမ္းတက္တက္ႂကြႂကြေနတတ္သူေတြျဖစ္ၿပီး တစ္ပါးသူေတြဟာ ဇြန္လဖြားေတြနားမွာ ေနရတဲ့အခါ သက္ေတာင့္သက္သာ ျဖစ္ေနတတ္ၾကပါတယ္။ ဇြန္လဖြားေတြဟာ ဘယ္သူနဲ႔မဆို မိတ္ေဆြဖြဲ႕ႏိုင္ပါတယ္။

ရန္သူကိုေတာင္ ေျပေျပလည္လည္ဆက္ဆံၿပီး သူငယ္ခ်င္းျဖစ္ေအာင္ လုပ္ႏိုင္တာ ဇြန္လဖြားေတြပဲ ျဖစ္ပါတယ္။ မိတ္ေဆြဖြဲ႕တဲ့အတတ္မွာေတာ့ ဇြန္လဖြားေတြဟာ အင္မတန္ပါးနပ္ၾကပါတယ္။

ဇြန္လဖြားေတြဟာ အျမင္အာ႐ုံစူးရွၿပီး အႀကံအစည္မ်ားသူေတြလည္း ျဖစ္ပါတယ္။ အႀကံအစည္ေကာင္းသလို အႀကံအစည္အတိုင္းလည္း ဘဝကိုပုံေဖာ္လိုသူေတြ ျဖစ္ပါတယ္။

သူတို႔ေတြဟာ တန္ဖိုးႀကီးလူ႔အသုံးအေဆာင္ပစၥည္းတံဆိပ္ေတြကို မက္ေမာသူေတြျဖစ္ပါတယ္။ အဆင့္အတန္းျမင့္ျမင့္ေနလိုတယ္၊ တတ္ႏိုင္တာနဲ႔ ပစၥည္းေကာင္းေကာင္းဝယ္သုံးမယ္ဆိုတဲ့ စ႐ိုက္ေတြဟာ သူတို႔ရဲ႕ သဘာဝထဲမွာကိုက ပါၿပီးသား ျဖစ္ပါတယ္။

ဒါတင္မကေသးပါဘူး။ ကိုယ္တိုင္လည္း ပစၥည္းေကာင္းဝယ္သုံးတတ္႐ုံတင္မကပဲ သူမ်ားေတြကိုလည္း ဘာပစၥည္းမ်ိဳးသုံးတာ၊ ဘာအမွတ္တံဆိပ္သုံးတာကအစ လိုက္လံၾကည့္ရႈတတ္သူေတြ ျဖစ္ပါတယ္။

ဇြန္လဖြားေတြဟာ သူတို႔ရဲ႕ စိတ္ခံစားမႈကို ထုတ္ျပေလ့မရွိသူေတြ ျဖစ္ပါတယ္။ သူတို႔ႏွလုံးသားထဲမွာ ဘယ္ေလာက္ပဲ ေျပာစရာအေၾကာင္းအရာေတြမ်ားမ်ား ကိုယ့္ခံစားခ်က္အမွန္ကို အျပင္ကို ဖြင့္ထုတ္ခဲပါတယ္။

လူေတြေၾကာင့္ စိတ္ရႈပ္ရတာ၊ ကိုယ့္ခံစားခ်က္ကိုလိုက္ၿပီး စီးေမ်ာခံစားရတာကို မႏွစ္ၿခိဳက္သူေတြ ျဖစ္ပါတယ္။ သူတို႔ေတြဟာ စိတ္အေျပာင္းအလဲျမန္သလို ေခ်းမ်ားၾကသူေတြလည္း ျဖစ္ပါတယ္။

ဘယ္အရာပဲျဖစ္ျဖစ္ အရာအားလုံးကို အခ်ိန္မွန္ ေနရာမွန္မွာ သူတို႔လိုခ်င္တဲ့ပုံစံအတိုင္း တသေဝမတိမ္းရွိေနတာကို သေဘာက်ပါတယ္။ ဘဝနဲ႔ ပတ္သက္လာရင္ေတာ့ အရမ္းကို စိတ္အေျပာင္းအလဲျမန္တဲ့သူေတြ ျဖစ္ပါတယ္။

ဇြန္လဖြားေတြဟာ ရာသီဥတုအကူးအေျပာင္းကို သိပ္မခံႏိုင္ၾကပါဘူး။ မိုးနည္းနည္းေလးမိတာနဲ႔ ႏွာေခ်တာေတြ စျဖစ္တတ္ပါၿပီ။ ဇြန္လဖြားေတြဟာ အေအးဓာတ္နဲ႔ မတည့္သူေတြျဖစ္ၿပီး ဖုန္မႈန႔္၊ မီးခိုးေငြ႕၊ မိုးေရ စတာေတြနဲ႔လည္း ျပႆနာျဖစ္တတ္ပါတယ္။

ဇြန္လဖြားေတြဟာ ဟာသဉာဏ္႐ႊင္သူေတြလည္း ျဖစ္ပါတယ္။ ဘယ္သူ႔ကိုမဆို ဘယ္အခ်ိန္မွာပဲျဖစ္ျဖစ္ ေပ်ာ္႐ႊင္အာင္ လုပ္ႏိုင္ပါတယ္။ ေနာက္ေနာက္ေျပာင္ေျပာင္နဲ႔ ေပ်ာ္ေပ်ာ္ေနတတ္တာမို႔ သူငယ္ခ်င္းေတြထဲမွာေတာ့ ပြဲစည္ေစတဲ့သူတစ္ဦးလည္း ျဖစ္ပါတယ္။ သူတို႔ဟာ ႏူးညံ့စြာ စကားေျပာဆိုဆက္ဆံတတ္ၿပီး ယဥ္ေက်းသူေတြလည္း ျဖစ္ပါတယ္။

သူတစ္ပါးကို အကူအညီေပးတတ္တာဟာ ဇြန္လဖြားေတြရဲ႕ ဝိေသသတစ္ခုပဲ ျဖစ္ပါတယ္။ ဇြန္လဖြားေတြနဲ႔ ပတ္သက္ၿပီး ေနာက္ဆုံးေဖာ္ျပေပးလိုတာကေတာ့ သူတို႔ဟာ အျငင္းသန္တယ္ဆိုတာကိုပါ။

အေၾကာင္းအရာတစ္ခုနဲ႔ ပတ္သက္လို႔ အေခ်အတင္ေျပာရၿပီဆိုရင္ အေထာက္အထားခိုင္ခိုင္လုံလုံျပၿပီး တစ္ဖက္သားကို

အႏိုင္ယူႏိုင္သူေတြလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ သူတို႔နဲ႔ စကားမ်ားတဲ့အခါ ေတာ္တန္႐ုံနဲ႔ အႏိုင္ရဖို႔ ခက္ခဲပါတယ္။

အခုေဖာ္ျပေပးထားတာေတြကေတာ့ အြန္လိုင္းဝက္ဒ္ဆိုက္ဒ္တစ္ခုျဖစ္တဲ့ i d e a h e r a l d ကေန တဆင့္ ဇြန္လဖြားေတြရဲ႕ ဝိေသသလကၡဏာရပ္ေတြကို ကိုးကားေဖာ္ျပေပးထားပဲျဖစ္ပါတယ္။

About the author

Aung Lay

Leave a Comment