က်န္း မာေရးႏွင့္ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည (၈)နာရီထုတ္ျပန္ခ်က္အရ လူနာနံပါတ္ (၂၃၁) ဟာ မူဆယ္မွာေနထိုင္တဲ့ အသက္ (၃၀)ႏွစ္အ႐ြယ္ အမ်ိဳးသမီး တဦးျဖစ္ၿပီး ျပည္ပကျပန္လာတဲ့သူေတြကို က်န္းမာေရးစစ္ေဆးတဲ့ အဖြဲ႕မွာ တာဝန္ထမ္းေဆာင္ေနသူတစ္ဦးျဖစ္တယ္လို႔ သိရပါတယ္။
“သူက က်န္းမာေရးဝန္ထမ္းပါ။ သူတာဝန္ထမ္းေဆာင္ေနတဲ့ ေဆး႐ုံကိုေတာ့ အတိအက်မသိရေသးဘူး။ ဒါေပမယ့္ COVID-19 စျဖစ္ခဲ့ကတည္းက ျပည္ပကျပန္လာတဲ့သူေတြကို က်န္းမာေရး စစ္ေဆးတဲ့ေနရာမွာ လက္ရွိတာဝန္ထမ္းေဆာင္ေနတာပါ။ သူက အဓိကျပည္ပကျပန္လာတဲ့သူေတြဝင္လာတဲ့ နန္းေတာ္ေပါက္ဆိုတာရွိတယ္။ အဲဒီမွာ တာဝန္ထမ္းေဆာင္ေနတဲ့သူပါ” လို႔ မူဆယ္ၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းထြန္းကိုကိုက ေျပာပါတယ္။
ထို႔အတူ ရွမ္းျပည္နယ္ေျမာက္ပိုင္း ျပည္သူ႔က်န္းမာေရး ဦးစီးဌာနမွ ေဒါက္တာ တင္ေမာင္ၫြန႔္ကလည္း “ သူက Quarantine လုပ္ထားတာ မဟုတ္ဘူး၊ က်န္းမာေရးဝန္ထမ္းပါ။ ေရာဂါလကၡဏာ မရွိဘူး နယ္စပ္မွာ တာဝန္ထမ္းေဆာင္တဲ့ အဖြဲ႕ထဲမွာပါေတာ့ စစ္ၾကည့္လိုက္တာပါ။ သူ႔ကို မူဆယ္ ျပည္သူ႔ေဆး႐ုံမွာ ကုသမွာပါ။” ဟု ေျပာပါတယ္။
ဒီကေန႔ည ထပ္တိုးလူနာ (၄)ဦးမွာ (၃)ဦးက ျပည္ပကျပန္လာတဲ့သူေတြျဖစ္ၿပီး အိႏၵိယ၊ တ႐ုတ္နဲ႔ မေလးရွားက ျပန္လာသူမ်ားျဖစ္ပါတယ္။ ေမလ (၁၆) ရက္ေန႔ ေနာက္ပိုင္းက စၿပီး ျပည္တြင္းကူးစက္မႈမ်ား ရပ္တန႔္ခဲ့ၿပီးတဲ့ေနာက္ ဒီကေန႔မွာေတာ့ ခရီးသြားရာဇဝင္မရွိတဲ့ ျပည္တြင္းကသူတစ္္ဦး ကူးဆက္ခံရမႈ စတင္ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။
ဒီကေန႔ ဇြန္လ (၂) ရက္ေန႔ ည (၈) နာရီထုတ္ျပန္ခ်က္အထိ ျမန္မာႏိုင္ငံမွာ COVID-19 အတည္ျပဳလူနာ (၂၃၂) ဦးရွိၿပီး ျပန္လည္ေကာင္းမြန္လာသူ (၁၄၃) ဦးရွိကာ ေသဆုံးသူ (၆) ဦးရွိပါတယ္။
Unicode
ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည (၈)နာရီထုတ်ပြန်ချက်အရ လူနာနံပါတ် (၂၃၁) ဟာ မူဆယ်မှာနေထိုင်တဲ့ အသက် (၃၀)နှစ်အရွယ် အမျိုးသမီး တဦးဖြစ်ပြီး ပြည်ပကပြန်လာတဲ့သူတွေကို ကျန်းမာရေးစစ်ဆေးတဲ့ အဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
“သူက ကျန်းမာရေးဝန်ထမ်းပါ။ သူတာဝန်ထမ်းဆောင်နေတဲ့ ဆေးရုံကိုတော့ အတိအကျမသိရသေးဘူး။ ဒါပေမယ့် COVID-19 စဖြစ်ခဲ့ကတည်းက ပြည်ပကပြန်လာတဲ့သူတွေကို ကျန်းမာရေး စစ်ဆေးတဲ့နေရာမှာ လက်ရှိတာဝန်ထမ်းဆောင်နေတာပါ။ သူက အဓိကပြည်ပကပြန်လာတဲ့သူတွေဝင်လာတဲ့ နန်းတော်ပေါက်ဆိုတာရှိတယ်။ အဲဒီမှာ တာဝန်ထမ်းဆောင်နေတဲ့သူပါ” လို့ မူဆယ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းကိုကိုက ပြောပါတယ်။
ထို့အတူ ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ တင်မောင်ညွန့်ကလည်း “ သူက Quarantine လုပ်ထားတာ မဟုတ်ဘူး၊ ကျန်းမာရေးဝန်ထမ်းပါ။ ရောဂါလက္ခဏာ မရှိဘူး နယ်စပ်မှာ တာဝန်ထမ်းဆောင်တဲ့ အဖွဲ့ထဲမှာပါတော့ စစ်ကြည့်လိုက်တာပါ။ သူ့ကို မူဆယ် ပြည်သူ့ဆေးရုံမှာ ကုသမှာပါ။” ဟု ပြောပါတယ်။
ဒီကနေ့ည ထပ်တိုးလူနာ (၄)ဦးမှာ (၃)ဦးက ပြည်ပကပြန်လာတဲ့သူတွေဖြစ်ပြီး အိန္ဒိယ၊ တရုတ်နဲ့ မလေးရှားက ပြန်လာသူများဖြစ်ပါတယ်။ မေလ (၁၆) ရက်နေ့ နောက်ပိုင်းက စပြီး ပြည်တွင်းကူးစက်မှုများ ရပ်တန့်ခဲ့ပြီးတဲ့နောက် ဒီကနေ့မှာတော့ ခရီးသွားရာဇဝင်မရှိတဲ့ ပြည်တွင်းကသူတစ်ဦး ကူးဆက်ခံရမှု စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့ ဇွန်လ (၂) ရက်နေ့ ည (၈) နာရီထုတ်ပြန်ချက်အထိ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ (၂၃၂) ဦးရှိပြီး ပြန်လည်ကောင်းမွန်လာသူ (၁၄၃) ဦးရှိကာ သေဆုံးသူ (၆) ဦးရှိပါတယ်။