ၾကားသိရသမ်ွ

လျှပ်စစ်ဝန် ထမ်းများမှ အိမ်အရောက် ပြည်သူများနှင့်အတူ မီတာဖတ်မည်

Written by Aung Lay

ရန္ကုန္ တိုင္းေဒသႀကီး လွ်ပ္စစ္ဓါတ္အား​ေပး​ေရး​ေကာ္ပို​ေရးရွင္း လၽွပ္စစ္ဝန္ထမ္းမ်ားမွ ျပည္သူမ်ားႏွင့္အတူ အိမ္အေရာက္ မီတာဖတ္ျခင္းမ်ား ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းသိရသည္။

ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္းသည္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ လွ်ပ္စစ္ ဓာတ္အားသုံးစြဲသူ မီးသုံးသူျပည္သူမ်ား၏ ေမလအတြက္ လွ်ပ္စစ္ဓာတ္အားသုံးစြဲမွု ယူနစ္ ဖတ္ရႈျခင္းမ်ားကို ဇြန္လ ၁ ရက္ေန႕မွ ၅ ရက္ေန႕အထိ ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ရန္ကုန္တိုင္း ေဒသႀကီး ၿမိဳ႕နယ္၊ ရပ္ကြက္မ်ားအတြင္းရွိ မီးသုံးစြဲသူ ျပည္သူမ်ား၏ ေနရာသို႔ အေရာက္ မီတာဖတ္ျခင္းမ်ား ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ မီတာဖတ္ရာတြင္ ရန္ကုန္လၽွပ္စစ္ ဓာတ္အားေပးေရးေကာ္ပိုေရးရွင္း မီတာဖတ္ ဝန္ထမ္းမ်ားမွ မီးသုံးသူျပည္သူမ်ား၏ မ်က္ျမင္ေရွ႕ေမွာက္ အတူတကြ မီတာဖတ္ရွု႕ မွတ္တမ္းတင္ျခင္းကို ေဆာင္ရြက္လွ်က္ရွိေၾကာင္း အသိေပးေၾကညာထားသည္။

Covid-19 ကာလအတြင္း မီတာ​ခေကာက္​ခံ​ေငြမ်ားျပားမႈမွာ မီတာဖတ္​ဝန္​ထမ္းမ်ား၏ အားနည္းခ်က္​ႏွင့္ မီတာခယူနစ္​သတ္​မွတ္​ခ်က္​​ေၾကာင့္ျဖစ္​​ေၾကာင္း လွ်ပ္​စစ္​ႏွင့္ စြမ္းအင္​ဝန္​ႀကီးဌာန၊ ဒုတိယအျမဲတန္းအတြင္းဝန္​ ဦးစိုးျမင့္က ​ေျပာၾကားထားသည္​။

လွ်ပ္​စစ္​ႏွင့္ စြမ္းအင္​ဝန္​ႀကီးဌာနမွ ၿပီးခဲ့သည့္ ဧၿပီလအတြင္​းက အိမ္​သုံးအမ်ိဳးအစား လွ်ပ္​စစ္​ဓာတ္​အားသုံးစြဲမႈ (၁၅၀) ယူနစ္​အထိကို ​ေငြ​ေၾကး​ေကာက္​ခံမႈ ကင္းလြတ္​ခြင့္ျပဳ​ခဲ့ေသာ္လည္း အဆိုပါ ယူနစ္ ၁၅၀ ကင္းလြတ္ခြင့္ရရွိသည့္လသည္ ယခင္​လမ်ားထက္​ မီတာခပိုမို မ်ားျပား​ေန​​သည္ဟုဆိုကာ ျပည္​သူမ်ားအၾကား ​ေဝဖန္​မႈ ျမင့္တက္​ခဲ့သည္​။

Unicode

ရန်ကုန် တိုင်းဒေသကြီး လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း လျှပ်စစ်ဝန်ထမ်းများမှ ပြည်သူများနှင့်အတူ အိမ်အရောက် မီတာဖတ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ် ဓာတ်အားသုံးစွဲသူ မီးသုံးသူပြည်သူများ၏ မေလအတွက် လျှပ်စစ်ဓာတ်အားသုံးစွဲမှု ယူနစ် ဖတ်ရှုခြင်းများကို ဇွန်လ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး မြို့နယ်၊ ရပ်ကွက်များအတွင်းရှိ မီးသုံးစွဲသူ ပြည်သူများ၏ နေရာသို့ အရောက် မီတာဖတ်ခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ မီတာဖတ်ရာတွင် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း မီတာဖတ် ဝန်ထမ်းများမှ မီးသုံးသူပြည်သူများ၏ မျက်မြင်ရှေ့မှောက် အတူတကွ မီတာဖတ်ရှု့ မှတ်တမ်းတင်ခြင်းကို ဆောင်ရွက်လျှက်ရှိကြောင်း အသိပေးကြေညာထားသည်။

Covid-19 ကာလအတွင်း မီတာခကောက်ခံငွေများပြားမှုမှာ မီတာဖတ်ဝန်ထမ်းများ၏ အားနည်းချက်နှင့် မီတာခယူနစ်သတ်မှတ်ချက်ကြောင့်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယအမြဲတန်းအတွင်းဝန် ဦးစိုးမြင့်က ပြောကြားထားသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပြီးခဲ့သည့် ဧပြီလအတွင်းက အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှု (၁၅၀) ယူနစ်အထိကို ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့်ပြုခဲ့သော်လည်း အဆိုပါ ယူနစ် ၁၅၀ ကင်းလွတ်ခွင့်ရရှိသည့်လသည် ယခင်လများထက် မီတာခပိုမို များပြားနေသည်ဟုဆိုကာ ပြည်သူများအကြား ဝေဖန်မှု မြင့်တက်ခဲ့သည်။

About the author

Aung Lay

Leave a Comment