“Probability”ဟူသော ဖြစ်နိုင်ခြေသဘောတရား ရာခိုင်နှုန်းဟူသည့် သင်္ချာသဘော တရားကို
အလယ်တန်း ကျောင်းသား ဘဝကတည်းက လူတိုင်းကိုယ်စီသင်ကြားခံ ခဲ့ရဖူးပါ တယ်။ ခြောက်မျက်နှာရှိတဲ့ အန်စာတုံးတစ်တုံးကို
လှိမ့်လိုက်ရင် တစ်ဂဏန်းကနေ ခြောက် ဂဏန်းအထိ ဂဏန်းခြောက်လုံးစလုံးဟာ ကျနိုင်ခြေအညီအမျှရှိပါတယ်။
တစ်ဂဏန်း ဖြစ် နိုင်ချေ ၁၆.၆၇ ရာခိုင်နှုန်းရှိသလို ၂၊ ၃၊ ၄၊ ၅၊ ၆ ဖြစ်နိုင်ချေကလည်း ၁၆.၆၇ ရာခိုင် နှုန်းအသီးသီး အညီအမျှရှိပါတယ်။
ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ တရားမဝင်ဘူးဆိုတဲ့ နှစ်လုံးထီမှာ ၀၀ ကနေ ၉၉ အထိ ဂဏန်းအလုံးရေ စုစုပေါင်း ၁၀၀ ပဲရှိတဲ့အတွက်
ဂဏန်းတစ်လုံးထဲ ထီထိုးထားရင် တောင်မှ ထီပေါက်နိုင်ခြေ တစ်ရာခိုင်နှုန်းကြီးများတောင်မှရှိပါတယ်။ ဘယ်ဂဏန်းဖြစ် ဖြစ်ပါ။
လေးငါးလုံးထိုးထားရင် ထီပေါက်နိုင်ခြေ ၄.၅ %ရာခိုင်နှုန်း အထိတက်လာပြီး ထီပေါက်ဖို့ ဖြစ်နိုင် ခြေရာခိုင်နှုန်းများလာပါတယ်။
သို့သော်လည်း ဂဏန်းသုံးလုံးရှိတဲ့ ချဲထီ မှာတော့ (၀၀၀) သုည သုံးလုံးကနေ ကိုးသုံးလုံး (၉၉၉) အထိ ဂဏန်းပေါင်း တစ်ထောင်ရှိ လာတဲ့အတွက်
ဂဏန်းတစ်လုံးကို ထီထိုးထားမယ်ဆိုရင် ထီပေါက်နိုင်ခြေ Probabilityက ဝ.၁ ရာခိုင်နှုန် ပဲရှိပါတော့တယ်။ ထီဂဏန်း ၁၀ လုံးထိုးထားမှ
ထီပေါက်နိုင်ခြေ ၁ ရာခိုင်နှုန်းပဲရှိတော့တဲ့ အတွက် ထီပေါက်ဖို့ အလားအလာနည်းလာပါတယ်။ ဂဏန်း နှစ်လုံးထက် ဂဏန်းသုံးလုံးက ထီပေါက်ဖို့ပိုပြီး ခက်ခဲလာပါတယ်။
သူများနိုင်ငံတွေက အောင်ဘာလေလို အစိုးရထီတွေမှာ ဂဏန်း ၆ လုံးပဲရှိတဲ့အတွက် ၀၀၀,၀၀၀ ကနေ ၉၉၉,၉၉၉ အထိ ဆိုရင်
ဂဏန်းအလုံးရေတစ်သန်း၊ ထီအစောင်ရေ တစ်သန်းပဲရှိပါတယ်။ ထီတစ်စောင်ထိုးထားရင် တစ်သန်းမှာ တစ်စောင် ထီပေါက်နှုန်းဖြစ် တာမို့
ရာခိုင်နှုန်းအားဖြင့် ဝ.၀၀၀၁ ရာခိုင်နှုန်းရှိတာမို့ သိပ်မဆိုးလှပါဘူး။ မြန်မာ့အောင်ဘာလေထီမှာ ကျတော့ ပြည်သူတွေကို စေတနာမထားလိုက်ပုံက
ဂဏန်းခြောက်လုံးရှေ့မှာ အက်္ခရာ ၄၀ လုံးကို ထပ်ထည့်ပါတယ်။ စုစုပေါင်းထီဂဏန်းအလုံးရေအကြမ်းဖျင်း ၄၀ သန်း၊
ထီစောင်ရေ ၄၀ သန်းအထိ ဖောင်းပွများပြားလာ ပါတယ်။ ၄၀ သန်း မှာ တစ် စောင်ဖြစ်တဲ့အတွက် ထီပေါက်ဖို့ ၄၀ ဆပိုမိုပြီး ခက်ခဲသွားပါပြီ။
ထွက်လာတဲ့ ထီပေါက်မဲ က ရောင်းမကုန်တဲ့ ထီလက်မှတ်ထဲက ဖြစ်နေလို့၊ ပယ်တဲ့အထဲကဖြစ်နေလို့
အစားထိုးဆုမဲ ပြန်ပြန်နှိုက်နှိုက်နေရတာလည်း စနစ်မကျ ပုံစံမကျ မမှန်ကန်ပြန်ပါဘူး။
ထီကို တစ်စောင်တည်းထိုးချင်ရင်လည်း လုံးဝမလွယ်ပါဘူး။ သုံးစောင်တွဲ၊ ငါးစောင်တွဲ၊ ဆယ်စောင်တွဲ၊ ထီအစောင်ရေ ၃၀၊ ၄၀ ကျော်ပါတဲ့
မင်္ဂလာစုံတွဲဆိုပြီး ဂျင်းထည့်ခံရပြန် ပါတယ်။ ပေါက်မဲဆုကြီးဆိုတာ ထီလက်မှတ်တစ်စောင်ချင်းစီနဲ့ပဲ သက်ဆိုင်တာဖြစ်ပါတယ်။
သို့သော် ထီကိုတစ်စောင်တည်းထိုးဖို့ဆိုတာ မြန်မာပြည်မှာမလွယ်ကူပါဘူး။ ငါးစောင်တွဲ၊ ဆယ်စောင်တွဲစသဖြင့် ထီရောင်းတဲ့ထီသည် တွဲချင်သလို တွဲထားတာတွေကို လိုက်ထိုးနေ ရပါတယ်။ လွတ်လပ်စွာ ရွေးချယ်ခွင့် အပြည့်အဝမရဘဲ ကန့်သတ်ထားတဲ့ ရွေးချယ်ခွင့် သာရပါတယ်။ ထီသည်တွဲထားတဲ့ ဆယ်စောင် တွဲစတဲ့ အထဲက ကိုယ်ကြိုက်တဲ့ ထီတစ် စောင်တည်း ရွေးထိုးချင်တယ်ဆိုရင် ထီသည်ကမကြိုက်ပါဘူး။ သူတွဲထားတဲ့အတွဲ ပျက် သွားတာကိုး။
ဒါပေမဲ့ ငါးစောင်တွဲ၊ ဆယ်စောင်တွဲ ဘယ်လိုပဲထိုးပါစေ သူများနိုင်ငံထက် ထီပေါက် ဖို့အဆ ၄၀ လောက်ပိုပြီး ခက်ခဲနေ တာပါပဲ။ သူများနိုင်ငံရဲ့ ထီတစ်စောင်ပေါက်နိုင်ချေ ရာခိုင်နှုန်းကိုမီချင်ရင် ထွက်သမျှအက်္ခရာ ၄၀ လုံးထွက်ရင် ထီအစောင် ၄၀၊ အက်္ခရာ ၅၀ ထွက်ရင် ထီအစောင် ၅၀ လိုက်ထိုးမှသာ တူညီနိုင်၊ မီနိုင်ပါတယ်။ မြန်မာနိုင်ငံ လူဦး ရေ ၅၅ သန်းမှာ ၆၁ ရာခိုင်နှုန်း က မိခင်နဲ့ကလေးတွေလို့ဆိုတယ်။
ဒီလိုဆိုရင် ၃၃.၃၅ သန်းဟာ မိခင်နဲ့ကလေးတွေဖြစ်ပြီး ၂၁.၆၅ သန်းသာ လျှင် အရွယ်ရောက်ပြီး လူကြီးများ၊ ယောက်ျားများလို့ယူဆရပါမယ်။
အိမ်ထောင်ဦးစီးနဲ့အရွယ်ရောက်ပြီးသား ပျိုပျိုအိုအို ယောက်ျား ၂၁ သန်းကျော်မှာ အောင်ဘာလေထီအစောင်ရေက ၄၄ သန်းဝန်းကျင်ပါ။
ကံကိုအားမကိုးလို့၊ ကံမကောင်း တတ်လို့ ထီမထိုးဘူးဆိုတဲ့သူတွေကလည်း အများကြီးပါ။ ဒါကြောင့် ထီလက် မှတ်တွေ လစဉ်ရောင်း မကုန် တာ၊ ပိုလျှံနေတာဟာ မထူးဆန်းပါဘူး။
လူဦးရေ ၇ သန်းရှိတဲ့ စင်ကာပူမှာ အစိုးရထီဟာ ဂဏန်းခြောက်လုံး၊ စောင်ရေ တစ်သန်းပဲထုတ်ပါတယ်။ လူဦးရေ သန်း ၇၀ လောက်ရှိတဲ့
ထိုင်းနိုင်ငံမှာ ဂဏန်းခုနစ်လုံး၊ စောင်ရေ ၁၀ သန်းပဲထုတ်ပါတယ်။ မြန်မာနိုင်ငံလူဦးရေ ၅၅ သန်းမှာ စောင်ရေ ၁၀ သန်း၊
ဂဏန်းခုနစ်လုံးဆိုရင်တောင်မှ လွန်ချင်ချင်ဖြစ်နေ ပါပြီ။ အက်္ခရာတွေထပ်ထည့်ပြီး ထီကစားတာဟာ တရားလွန်ပါ တယ်။
ထီရောင်းရငွေကျပြန်တော့ ခေတ်အဆက်ဆက်မှာ တစ်ဝက်လောက်က ၄၀ ရာခိုင်နှုန်း အစိုးရက ယူပါတယ်။ ပိုင်ရှင်မဲ့ ထီဆုတွေ၊ ဆုငွေလာ မထုတ်တဲ့
ထီလက်မှတ်တွေကလည်း တစ်နှစ်တစ်နှစ်မှာ သိန်းပေါင်းသောင်းချီ သိမ်းယူရ ပြန်ပါတယ်။ တကယ်ကတော့ အခွန်ကောက်သလို ၁၅-၂၀ ရာခိုင် နှုန်းလောက်ပဲ အစိုးရကယူပြီး ၈၀ ရာခိုင်နှုန်း ကို ဆုကြေးအဖြစ် ချီးမြှင့်သင့်ပါတယ်။ အခုတော့ ဆင်းရဲမွဲတေမှုလျှော့ချဖို့လိုအပ် နေတဲ့ ဆင်းရဲတဲ့နိုင်ငံမှာ အစိုးရက အမြတ်ကြီးစားသလို ဖြစ်နေပါ တယ်။
ဆုကြေးတွေကိုလည်း ခေတ်ကာလနဲ့အညီ ပြောင်းလဲရမှာပါ။ ကလေးကလား ကျပ်ငွေငါးသောင်းဆု (ဒေါ်လာ ၃၀) တော့ မလုပ် သင့်ပါဘူး။ ငါးသောင်းဆုပေါက်လို့ နီးစပ်ရာထီဆိုင်မှာ ပြန်ရောင်း ရင် ထီဆိုင်က လမ်းစရိတ် သုံးလေးငါးထောင် ဖြတ်တဲ့ အတွက် ထီပေါက်သူက မစို့မပို့ငွေကလေး ၄၅,၀၀၀ လောက်ပဲရပါတယ်။ ကိုယ်တိုင်ကိုယ်ကျ ဆုကြေးထုတ်ပေး ရာဌာနကို လာဖို့ဆိုတာကလည်း
အချိန်ရော ငွေပါကုန်တာမို့ ငါးသောင်းဆုနဲ့တော့ မလာကြ တာများပါတယ်။ တကယ် တော့ ခုခေတ်ငွေတန်ဖိုးကျဆင်းပုံအရ ဆိုရင် အနိမ့်ဆုံးဆုကြေးဟာ ငါးသိန်းဆုလောက်ဖြစ်ရမှာပါ။ ငါးသောင်းဆု ဆုပေါင်း တစ်သိန်းအစား ငါးသိန်းဆုစောင်ရေ ၅,၀၀၀ ဆိုတာမျိုး စသည်ဖြင့် လုပ်ရမှာဖြစ်ပါတယ်။
ကိုယ့်အိတ်ထဲက ပိုက်ဆံထုတ်ပေးရတာမဟုတ်ဘဲ ခေတ်အဆက်ဆက် အောင်ဘာလေထီဌာန တာဝန်ရှိသူတွေဟာ ပြည်သူတွေ အပေါ် တာဝန်မကျေခဲ့၊
စေတနာမထားနိုင်ခဲ့ကြပါဘူး။ ထီပေါက်ဖို့ အက်္ခရာတွေနဲ့ ခက်ခဲအောင်လုပ်ရုံသာမက ၂၀၀ တန်ထီလက်မှတ်ကို ၂၀၀ နဲ့ထိုးနိုင်အောင်၊
၅၀၀ တန်ထီလက်မှတ် ကို ၅၀၀ နဲ့ထိုးနိုင်အောင် လုပ်ပေးနိုင်ခဲ့ခြင်း မရှိပါဘူး။
ချဲထီကို တရားမဝင်၊ မကောင်းပြောပြီး ချဲထီထက် အမြတ်ကြီးစားနေတာ၊ ဆိုးနေတာ အောင်ဘာလေထီ ဖြစ်နေပါတယ်။ ထီရောင်းကောင်း တဲ့လကျပြန်တော့
ထီစောင်ရေကုန်ရင်ကုန်သလို အက်္ခရာသစ်တွေ ထပ်တိုးပြီး အက်္ခရာ ၅၀ ကျော်အထိ ထပ်ပြီးရိုက်ထုတ်ရောင်းစား ပါသေးတယ်။ အဲဒီတော့ ထီပေါက်ဖို့
ရာခိုင်နှုန်းပိုပြီး ကျဆင်းလာပါ တယ်။ သန်း ၄၀ မှာ တစ်စောင်ရမယ့် ထီဆုကြီးတွေဟာ သန်း ၅၀ မှာ တစ်စောင်ဆိုတာမျိုး ဖောင်းပွလာပါတယ်။
ကိုယ့်အိတ်ထဲက ပိုက်ဆံမပေးရဘဲနှင့် ပြည်သူတွေအပေါ် စေတနာနည်းပါးလွန်းတယ်လို့ အောင်ဘာလေထီဌာနက တာဝန်ရှိ လူကြီးတွေကို ထင်မြင်ယူဆပါတယ်။
ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးတွေက အစိုးရတွေ ရပ်တည်လည်ပတ်နေတာဟာ အခွန်ဘဏ္ဍာငွေနဲ့ ဖြစ်ပါတယ်။ ထီဆိုတဲ့လောင်းကစားက ငွေရှာပြီး အစိုးရအဖွဲ့လည် ပတ်နေတာ မဟုတ်ပါဘူး။
တိုင်းပြည်ဘဏ္ဍာအတွက်ဆိုသော်လည်း ကစားပွဲတစ်ခုအနေနဲ့ မျှမျှတတ “Fair Play” ဖြစ်ဖို့လိုပါတယ်။ ထိုင်းနဲ့စင်ကာပူက ထီနည်းစနစ်တွေကို လေ့လာအတုယူ ကြဖို့၊ ပြုပြင်ပြောင်းလဲဖို့ အောင်ဘာလေထီဌာနက တာဝန်ရှိသော လူပုဂ်္ဂိုလ်များကို တိုက်တွန်းလိုပါတယ်။
ထွန်းမြတ်ချို (Freeman)
Zawgyi
“Probability”ဟူေသာ ျဖစ္ႏိုင္ေျခသေဘာတရား ရာခိုင္ႏႈန္းဟူသည့္ သခ်ၤာသေဘာ တရားကို
အလယ္တန္း ေက်ာင္းသား ဘ၀ကတည္းက လူတိုင္းကိုယ္စီသင္ၾကားခံ ခဲ့ရဖူးပါ တယ္။ ေျခာက္မ်က္ႏွာရွိတဲ့ အန္စာတုံးတစ္တုံးကို
လွိမ့္လိုက္ရင္ တစ္ဂဏန္းကေန ေျခာက္ ဂဏန္းအထိ ဂဏန္းေျခာက္လုံးစလုံးဟာ က်ႏိုင္ေျခအညီအမွ်ရွိပါတယ္။
တစ္ဂဏန္း ျဖစ္ ႏိုင္ေခ် ၁၆.၆၇ ရာခိုင္ႏႈန္းရွိသလို ၂၊ ၃၊ ၄၊ ၅၊ ၆ ျဖစ္ႏိုင္ေခ်ကလည္း ၁၆.၆၇ ရာခိုင္ ႏႈန္းအသီးသီး အညီအမွ်ရွိပါတယ္။
ဒါေၾကာင့္လည္း ျမန္မာႏိုင္ငံမွာ တရားမ၀င္ဘူးဆုိတဲ့ ႏွစ္လုံးထီမွာ ၀၀ ကေန ၉၉ အထိ ဂဏန္းအလုံးေရ စုစုေပါင္း ၁၀၀ ပဲရွိတဲ့အတြက္
ဂဏန္းတစ္လုံးထဲ ထီထုိးထားရင္ ေတာင္မွ ထီေပါက္ႏိုင္ေျခ တစ္ရာခိုင္ႏႈန္းႀကီးမ်ားေတာင္မွရွိပါတယ္။ ဘယ္ဂဏန္းျဖစ္ ျဖစ္ပါ။
ေလးငါးလုံးထုိးထားရင္ ထီေပါက္ႏိုင္ေျခ ၄.၅ %ရာခိုင္ႏႈန္း အထိတက္လာၿပီး ထီေပါက္ဖုိ႔ ျဖစ္ႏိုင္ ေျခရာခိုင္ႏႈန္းမ်ားလာပါတယ္။
သုိ႔ေသာ္လည္း ဂဏန္းသုံးလုံးရွိတဲ့ ခ်ဲထီ မွာေတာ့ (၀၀၀) သုည သုံးလုံးကေန ကိုးသုံးလုံး (၉၉၉) အထိ ဂဏန္းေပါင္း တစ္ေထာင္ရွိ လာတဲ့အတြက္
ဂဏန္းတစ္လုံးကို ထီထုိးထားမယ္ဆုိရင္ ထီေပါက္ႏိုင္ေျခ Probabilityက ၀.၁ ရာခိုင္ႏႈန္ ပဲရွိပါေတာ့တယ္။ ထီဂဏန္း ၁၀ လုံးထုိးထားမွ
ထီေပါက္ႏိုင္ေျခ ၁ ရာခိုင္ႏႈန္းပဲရွိေတာ့တဲ့ အတြက္ ထီေပါက္ဖုိ႔ အလားအလာနည္းလာပါတယ္။ ဂဏန္း ႏွစ္လုံးထက္ ဂဏန္းသုံးလုံးက ထီေပါက္ဖုိ႔ပိုၿပီး ခက္ခဲလာပါတယ္။
သူမ်ားႏိုင္ငံေတြက ေအာင္ဘာေလလုိ အစုိးရထီေတြမွာ ဂဏန္း ၆ လုံးပဲရွိတဲ့အတြက္ ၀၀၀,၀၀၀ ကေန ၉၉၉,၉၉၉ အထိ ဆုိရင္
ဂဏန္းအလုံးေရတစ္သန္း၊ ထီအေစာင္ေရ တစ္သန္းပဲရွိပါတယ္။ ထီတစ္ေစာင္ထုိးထားရင္ တစ္သန္းမွာ တစ္ေစာင္ ထီေပါက္ႏႈန္းျဖစ္ တာမို႔
ရာခိုင္ႏႈန္းအားျဖင့္ ၀.၀၀၀၁ ရာခိုင္ႏႈန္းရွိတာမုိ႔ သိပ္မဆုိးလွပါဘူး။ ျမန္မာ့ေအာင္ဘာေလထီမွာ က်ေတာ့ ျပည္သူေတြကို ေစတနာမထားလိုက္ပုံက
ဂဏန္းေျခာက္လုံးေရွ႕မွာ အက္ၡရာ ၄၀ လုံးကို ထပ္ထည့္ပါတယ္။ စုစုေပါင္းထီဂဏန္းအလုံးေရအၾကမ္းဖ်င္း ၄၀ သန္း၊
ထီေစာင္ေရ ၄၀ သန္းအထိ ေဖာင္းပြမ်ားျပားလာ ပါတယ္။ ၄၀ သန္း မွာ တစ္ ေစာင္ျဖစ္တဲ့အတြက္ ထီေပါက္ဖုိ႔ ၄၀ ဆပိုမုိၿပီး ခက္ခဲသြားပါၿပီ။
ထြက္လာတဲ့ ထီေပါက္မဲ က ေရာင္းမကုန္တဲ့ ထီလက္မွတ္ထဲက ျဖစ္ေနလို႔၊ ပယ္တဲ့အထဲကျဖစ္ေနလို႔
အစားထုိးဆုမဲ ျပန္ျပန္ႏႈိက္ႏႈိက္ေနရတာလည္း စနစ္မက် ပုံစံမက် မမွန္ကန္ျပန္ပါဘူး။
ထီကို တစ္ေစာင္တည္းထုိးခ်င္ရင္လည္း လုံး၀မလြယ္ပါဘူး။ သုံးေစာင္တြဲ၊ ငါးေစာင္တြဲ၊ ဆယ္ေစာင္တြဲ၊ ထီအေစာင္ေရ ၃၀၊ ၄၀ ေက်ာ္ပါတဲ့
မဂၤလာစုံတြဲဆုိၿပီး ဂ်င္းထည့္ခံရျပန္ ပါတယ္။ ေပါက္မဲဆုႀကီးဆုိတာ ထီလက္မွတ္တစ္ေစာင္ခ်င္းစီနဲ႔ပဲ သက္ဆုိင္တာျဖစ္ပါတယ္။
သို႔ေသာ္ ထီကိုတစ္ေစာင္တည္းထုိးဖုိ႔ဆုိတာ ျမန္မာျပည္မွာမလြယ္ကူပါဘူး။ ငါးေစာင္တြဲ၊ ဆယ္ေစာင္တြဲစသျဖင့္ ထီေရာင္းတဲ့ထီသည္ တြဲခ်င္သလို တြဲထားတာေတြကို လိုက္ထုိးေန ရပါတယ္။ လြတ္လပ္စြာ ေရြးခ်ယ္ခြင့္ အျပည့္အ၀မရဘဲ ကန္႔သတ္ထားတဲ့ ေရြးခ်ယ္ခြင့္ သာရပါတယ္။ ထီသည္တြဲထားတဲ့ ဆယ္ေစာင္ တြဲစတဲ့ အထဲက ကိုယ္ႀကိဳက္တဲ့ ထီတစ္ ေစာင္တည္း ေရြးထုိးခ်င္တယ္ဆုိရင္ ထီသည္ကမႀကိဳက္ပါဘူး။ သူတြဲထားတဲ့အတြဲ ပ်က္ သြားတာကိုး။
ဒါေပမဲ့ ငါးေစာင္တြဲ၊ ဆယ္ေစာင္တြဲ ဘယ္လိုပဲထုိးပါေစ သူမ်ားႏိုင္ငံထက္ ထီေပါက္ ဖုိ႔အဆ ၄၀ ေလာက္ပိုၿပီး ခက္ခဲေန တာပါပဲ။ သူမ်ားႏိုင္ငံရဲ႕ ထီတစ္ေစာင္ေပါက္ႏိုင္ေခ် ရာခိုင္ႏႈန္းကိုမီခ်င္ရင္ ထြက္သမွ်အက္ၡရာ ၄၀ လုံးထြက္ရင္ ထီအေစာင္ ၄၀၊ အက္ၡရာ ၅၀ ထြက္ရင္ ထီအေစာင္ ၅၀ လိုက္ထုိးမွသာ တူညီႏိုင္၊ မီႏိုင္ပါတယ္။ ျမန္မာႏိုင္ငံ လူဦး ေရ ၅၅ သန္းမွာ ၆၁ ရာခိုင္ႏႈန္း က မိခင္နဲ႔ကေလးေတြလုိ႔ဆုိတယ္။
ဒီလိုဆုိရင္ ၃၃.၃၅ သန္းဟာ မိခင္နဲ႔ကေလးေတြျဖစ္ၿပီး ၂၁.၆၅ သန္းသာ လွ်င္ အရြယ္ေရာက္ၿပီး လူႀကီးမ်ား၊ ေယာက္်ားမ်ားလို႔ယူဆရပါမယ္။
အိမ္ေထာင္ဦးစီးနဲ႔အရြယ္ေရာက္ၿပီးသား ပ်ဳိပ်ဳိအုိအုိ ေယာက္်ား ၂၁ သန္းေက်ာ္မွာ ေအာင္ဘာေလထီအေစာင္ေရက ၄၄ သန္း၀န္းက်င္ပါ။
ကံကိုအားမကိုးလို႔၊ ကံမေကာင္း တတ္လို႔ ထီမထုိးဘူးဆုိတဲ့သူေတြကလည္း အမ်ားႀကီးပါ။ ဒါေၾကာင့္ ထီလက္ မွတ္ေတြ လစဥ္ေရာင္း မကုန္ တာ၊ ပိုလွ်ံေနတာဟာ မထူးဆန္းပါဘူး။
လူဦးေရ ၇ သန္းရွိတဲ့ စင္ကာပူမွာ အစုိးရထီဟာ ဂဏန္းေျခာက္လုံး၊ ေစာင္ေရ တစ္သန္းပဲထုတ္ပါတယ္။ လူဦးေရ သန္း ၇၀ ေလာက္ရွိတဲ့
ထိုင္းႏိုင္ငံမွာ ဂဏန္းခုနစ္လုံး၊ ေစာင္ေရ ၁၀ သန္းပဲထုတ္ပါတယ္။ ျမန္မာႏိုင္ငံလူဦးေရ ၅၅ သန္းမွာ ေစာင္ေရ ၁၀ သန္း၊
ဂဏန္းခုနစ္လုံးဆုိရင္ေတာင္မွ လြန္ခ်င္ခ်င္ျဖစ္ေန ပါၿပီ။ အက္ၡရာေတြထပ္ထည့္ၿပီး ထီကစားတာဟာ တရားလြန္ပါ တယ္။
ထီေရာင္းရေငြက်ျပန္ေတာ့ ေခတ္အဆက္ဆက္မွာ တစ္၀က္ေလာက္က ၄၀ ရာခိုင္ႏႈန္း အစုိးရက ယူပါတယ္။ ပိုင္ရွင္မဲ့ ထီဆုေတြ၊ ဆုေငြလာ မထုတ္တဲ့
ထီလက္မွတ္ေတြကလည္း တစ္ႏွစ္တစ္ႏွစ္မွာ သိန္းေပါင္းေသာင္းခ်ီ သိမ္းယူရ ျပန္ပါတယ္။ တကယ္ကေတာ့ အခြန္ေကာက္သလို ၁၅-၂၀ ရာခိုင္ ႏႈန္းေလာက္ပဲ အစုိးရကယူၿပီး ၈၀ ရာခိုင္ႏႈန္း ကို ဆုေၾကးအျဖစ္ ခ်ီးျမႇင့္သင့္ပါတယ္။ အခုေတာ့ ဆင္းရဲမြဲေတမႈေလွ်ာ့ခ်ဖုိ႔လိုအပ္ ေနတဲ့ ဆင္းရဲတဲ့ႏိုင္ငံမွာ အစုိးရက အျမတ္ႀကီးစားသလို ျဖစ္ေနပါ တယ္။
ဆုေၾကးေတြကိုလည္း ေခတ္ကာလနဲ႔အညီ ေျပာင္းလဲရမွာပါ။ ကေလးကလား က်ပ္ေငြငါးေသာင္းဆု (ေဒၚလာ ၃၀) ေတာ့ မလုပ္ သင့္ပါဘူး။ ငါးေသာင္းဆုေပါက္လုိ႔ နီးစပ္ရာထီဆိုင္မွာ ျပန္ေရာင္း ရင္ ထီဆုိင္က လမ္းစရိတ္ သုံးေလးငါးေထာင္ ျဖတ္တဲ့ အတြက္ ထီေပါက္သူက မစုိ႔မပုိ႔ေငြကေလး ၄၅,၀၀၀ ေလာက္ပဲရပါတယ္။ ကိုယ္တိုင္ကိုယ္က် ဆုေၾကးထုတ္ေပး ရာဌာနကို လာဖုိ႔ဆုိတာကလည္း
အခ်ိန္ေရာ ေငြပါကုန္တာမို႔ ငါးေသာင္းဆုနဲ႔ေတာ့ မလာၾက တာမ်ားပါတယ္။ တကယ္ ေတာ့ ခုေခတ္ေငြတန္ဖုိးက်ဆင္းပုံအရ ဆုိရင္ အနိမ့္ဆုံးဆုေၾကးဟာ ငါးသိန္းဆုေလာက္ျဖစ္ရမွာပါ။ ငါးေသာင္းဆု ဆုေပါင္း တစ္သိန္းအစား ငါးသိန္းဆုေစာင္ေရ ၅,၀၀၀ ဆုိတာမ်ဳိး စသည္ျဖင့္ လုပ္ရမွာျဖစ္ပါတယ္။
ကိုယ့္အိတ္ထဲက ပိုက္ဆံထုတ္ေပးရတာမဟုတ္ဘဲ ေခတ္အဆက္ဆက္ ေအာင္ဘာေလထီဌာန တာ၀န္ရွိသူေတြဟာ ျပည္သူေတြ အေပၚ တာ၀န္မေက်ခဲ့၊
ေစတနာမထားႏိုင္ခဲ့ၾကပါဘူး။ ထီေပါက္ဖုိ႔ အက္ၡရာေတြနဲ႔ ခက္ခဲေအာင္လုပ္႐ုံသာမက ၂၀၀ တန္ထီလက္မွတ္ကို ၂၀၀ နဲ႔ထုိးႏိုင္ေအာင္၊
၅၀၀ တန္ထီလက္မွတ္ ကို ၅၀၀ နဲ႔ထုိးႏိုင္ေအာင္ လုပ္ေပးႏိုင္ခဲ့ျခင္း မရွိပါဘူး။
ခ်ဲထီကို တရားမ၀င္၊ မေကာင္းေျပာၿပီး ခ်ဲထီထက္ အျမတ္ႀကီးစားေနတာ၊ ဆုိးေနတာ ေအာင္ဘာေလထီ ျဖစ္ေနပါတယ္။ ထီေရာင္းေကာင္း တဲ့လက်ျပန္ေတာ့
ထီေစာင္ေရကုန္ရင္ကုန္သလို အက္ၡရာသစ္ေတြ ထပ္တုိးၿပီး အက္ၡရာ ၅၀ ေက်ာ္အထိ ထပ္ၿပီး႐ိုက္ထုတ္ေရာင္းစား ပါေသးတယ္။ အဲဒီေတာ့ ထီေပါက္ဖုိ႔
ရာခိုင္ႏႈန္းပိုၿပီး က်ဆင္းလာပါ တယ္။ သန္း ၄၀ မွာ တစ္ေစာင္ရမယ့္ ထီဆုႀကီးေတြဟာ သန္း ၅၀ မွာ တစ္ေစာင္ဆုိတာမ်ဳိး ေဖာင္းပြလာပါတယ္။
ကိုုယ့္အိတ္ထဲက ပိုက္ဆံမေပးရဘဲႏွင့္ ျပည္သူေတြအေပၚ ေစတနာနည္းပါးလြန္းတယ္လို႔ ေအာင္ဘာေလထီဌာနက တာ၀န္ရွိ လူႀကီးေတြကို ထင္ျမင္ယူဆပါတယ္။
ကမာၻ႕ထိပ္တန္းႏိုင္ငံႀကီးေတြက အစုိးရေတြ ရပ္တည္လည္ပတ္ေနတာဟာ အခြန္ဘ႑ာေငြနဲ႔ ျဖစ္ပါတယ္။ ထီဆုိတဲ့ေလာင္းကစားက ေငြရွာၿပီး အစုိးရအဖြဲ႕လည္ ပတ္ေနတာ မဟုတ္ပါဘူး။
တုိင္းျပည္ဘ႑ာအတြက္ဆုိေသာ္လည္း ကစားပြဲတစ္ခုအေနနဲ႔ မွ်မွ်တတ “Fair Play” ျဖစ္ဖုိ႔လိုပါတယ္။ ထုိင္းနဲ႔စင္ကာပူက ထီနည္းစနစ္ေတြကို ေလ့လာအတုယူ ၾကဖုိ႔၊ ျပဳျပင္ေျပာင္းလဲဖုိ႔ ေအာင္ဘာေလထီဌာနက တာ၀န္ရွိေသာ လူပုဂ္ၢိဳလ္မ်ားကို တုိက္တြန္းလိုပါတယ္။
ထြန္းျမတ္ခ်ဳိ (Freeman)