Knowledge

ဈေးမရောင်းရတဲ့ အပြင် ဗိုက်ကပါ ဆာနေလို့ မခံနိုင်တော့တဲ့ အဆုံး ထိုင်ငိုချပစ် ခဲ့တဲ့ အမျိုးသားရဲ့အဖြစ်

Written by Aung Lay




Credit

Zawgyi

အင်ဒိုနီးရှားနိုင်ငံက အမျိုးသားတစ်ယောက် ဟာ မျှော်လင့်ချက်တွေ လုံးဝပျောက်ဆုံးသွားတဲ့အဆုံးမှာတော့ အိမ်နောက်ဖေး က လမ်းကြားလေး တစ်ခုမှာ ထိုင်ငိုခဲ့ပါတော့တယ်။Facebook စာမျက်နှာ တစ်ခုမှာ ဖော်ပြထားချက် အရ ဗိုက်က တအားဆာလောင် နေခဲ့ပြီး သူရောင်းချနေတဲ့ ပစ္စည်းတွေကလည်း တစ်ခုမှ ရောင်းမရတဲ့ အဆုံး ဝမ်းနည်းလွန်းလို့ ငိုကြွေးခဲ့တာ ဖြစ်ကြောင်း သိရှိရပါတယ်။

အဆိုပါ အမျိုးသားဟာ မုန့်အခြောက်ထုပ်လေး တွေကို ရောင်းချနေခဲ့တာ ဖြစ်ပေမဲ့လည်း ဈေးဦးလေးတောင် မပေါက်ခဲ့ပါဘူး။ဒါကြောင့် အနီးအနား ဝန်းကျင်မှ လူအချို့ က အဆိုပါ အမျိုးသားရဲ့ ဗိုက်ဆာ နေပုံ ၊ ရေဆာလောင် နေပုံကို မြင်ပြီးနောက်အဆိုပါ အမျိုးသားကို သောက်ရေ တိုက်ခဲ့ ကြပြီး ကူညီ ပေးခဲ့ကြပါတယ်။ထို့ကြောင့် ” အနီးအနားဝန်ကျင် မှာ ဈေး လှည့်ပတ် ရောင်းချနေကြသူတွေကို ကိုယ် တတ်နိုင်သလောက် ကူညီသင့်ပါတယ်

အဝေးမှာရှိနေတဲ့ သူတွေကို ကူညီဖို့ထက် ကိုယ့် အနီးအနားမှာ အကူအညီ အများကြီးလိုနေတဲ့သူတွေရှိတယ်” ဆိုတာ ယခု အဖြစ်အပျက်က သတိရစေခဲ့သလိုပါပဲ ။အချို့သော သူတွေကလည်း အဆိုပါ အမျိုးသား ဟာ ဘယ်လောက်ပဲ ဗိုက်ဆာနေပါစေ သူ့ရဲ့ရောင်းကုန်တွေကို လုံးဝမထိပဲ သစ္စာရှိရှိ ဈေးရောင်းချသူအဖြစ် အချို့လူတွေက ချီးကျူး ခဲ့ကြပါသေးတယ် ။

Credit

About the author

Aung Lay

Leave a Comment