News

YBS ယာဉ်မောင်းတွေကိုတောင် မထိန်းသိမ်းနိုင်တဲ့ အုပ်ချုပ်သူတွေ ဖြစ်နေကြပြီလား

Written by Aung Lay

YBS (၄၀) ယာဉ်တိုက်မှုဖြစ်စဉ်မှာ ဘေးက မျက်မြင်သက်သေတစ်ဦး ပြောပြတဲ့ ဖြစ်ပျက်သွားပုံ

YBS ယာဉ်မောင်းတွေကိုတောင် မထိန်းသိမ်းနိုင်တဲ့ အုပ်ချုပ်သူတွေဖြစ်နေကြပြီလား?

မနက်က ယာဉ်တိုက်မှုဖြစ်စဉ်မှာ ဘေးက မျက်မြင်သက်သေတစ်ဦးက YBS ၂ စီး ပြိုင်မောင်းလာတယ်။

တစ်စီးကမှတ်တိုင်မှာ လမ်းပိတ်ပြီးရပ်တယ် နောက်ကားကို ညစ်တဲ့သဘော အဲဒီ့မှာ နောက်ကားက လမ်းလယ် ကွန်ကရစ်တားတုံးတွေရှိနေတာတောင် ဂရုမစိုက်ပဲ အဲဒါတွေဘေးကနေကျော်ပြီး လမ်းပြောင်းပြန်မောင်းချလိုက်တယ်။

ဟိုကားကိုပြန်ကျော်ချင်တဲ့ သဘောအဲဒီ့မှာ Taxi လေးက ညာဖက်ကနေ ဗယ်ဘက်ကို UTurn ပြန်ဝိုက်မလို့ လုပ်နေချိန်မှာ YBS (၄၀) က တိုက်ချလိုက်တာပဲ။

ကားပေါ်က ခရီးသည် လင်မယားက မနက်တိုင်းစျေးကြိုလာနေကျလင်မယားပါ ကျွန်တော်တို့နဲ့ခင်ပါတယ်။ ကောင်မလေးက ကလေးမွေးထားတာ မကြာသေးဖူးလို့ ကြားတယ်ဗျ တဲ့။

သူတို့ ပြောစကားတွေကို နားထောင်ပြီး အစိုးရက ဘယ်လိုပဲ လူလို သူလို အဆင့်ရှိရှိလုပ်ပေးပါစေ။

ရ တစ်လုံးနဲ့ ဝ တစ်လုံးသာသိတဲ့ တစ်ဘို့တည်းသမားတွေက ခုထိ ကိုယ်ရ ကိုယ်ယူ စနစ်ကို ကျင့်သုံးနေကြသေးတယ် ။

YRTA ကလည်း အဲဒါတွေကို ထိထိရောက်ရောက် စစ်ဆေး အရေးယူပေးစေချင်ပါတယ် ။ သူတို့ စည်းကမ်းမဲ့မှုကြောင့်ဘဝတွေ ပျက်ကုန်ပြီ အနာဂတ်တွေ စုပြတ်ကုန်ပြီ ကလေးတွေ မိဘမဲ့ကုန်ပြီ ဇနီးသည် မုဆိုးမဖြစ်ရပြီ သူတို့ကို မှီခိုနေရတဲ့ ဘဝတွေ ဒုက္ခရောက်ကုန်ပြီ ။

ဟိုးအရင် YBS ပြောင်းကာစလည်း မဂ်လာဒုံပြည်လမ်းမပေါ်မှာ YBS (၅၅) ယာဉ်လိုင်းကြောင့် လူတွေ သေကြသေးတယ် ။

သူတို့ကို Civic Education ပြည်သူ့နီတိသင်တန်းတွေ ပေးထားပါတယ်။ အခြားသော CSO တွေကလည်း သင်ပေးပါတယ် ဆိုပေမယ့်သူတို့ အကျင့်ကိုက အရိုးစွဲနေကြတယ်။

စိတ်ဓာတ်တွေကိုက မပြင်ကြသေးတာအဓိကကတော့ ကိုယ်ရ ကိုယ်ယူ စနစ်ကို ကြိတ်ပြီးကျင့်သုံးနေကြသေးတာပဲ။ တစ်ချို့ကားတွေဆို စပယ်ယာတွေတောင်ပါနေသေးတယ်။

ဘုန်းလက်ရုံး

Credit to အိမ်ရှင်မ

Zawgyi

YBS (၄၀) ယာဥ္တိုက္မႈျဖစ္စဥ္မွာ ေဘးက မ်က္ျမင္သက္ေသတစ္ဦး ေျပာျပတဲ့ ျဖစ္ပ်က္သြားပုံ

YBS ယာဥ္ေမာင္းေတြကိုေတာင္ မထိန္းသိမ္းႏိုင္တဲ့ အုပ္ခ်ဳပ္သူေတြျဖစ္ေနၾကၿပီလား?

မနက္က ယာဥ္တိုက္မႈျဖစ္စဥ္မွာ ေဘးက မ်က္ျမင္သက္ေသတစ္ဦးက YBS ၂ စီး ၿပိဳင္ေမာင္းလာတယ္။

တစ္စီးကမွတ္တိုင္မွာ လမ္းပိတ္ၿပီးရပ္တယ္ ေနာက္ကားကို ညစ္တဲ့သေဘာ အဲဒီ့မွာ ေနာက္ကားက လမ္းလယ္ ကြန္ကရစ္တားတုံးေတြရွိေနတာေတာင္ ဂ႐ုမစိုက္ပဲ အဲဒါေတြေဘးကေနေက်ာ္ၿပီး လမ္းေျပာင္းျပန္ေမာင္းခ်လိုက္တယ္။

ဟိုကားကိုျပန္ေက်ာ္ခ်င္တဲ့ သေဘာအဲဒီ့မွာ Taxi ေလးက ညာဖက္ကေန ဗယ္ဘက္ကို UTurn ျပန္ဝိုက္မလို႔ လုပ္ေနခ်ိန္မွာ YBS (၄၀) က တိုက္ခ်လိုက္တာပဲ။

ကားေပၚက ခရီးသည္ လင္မယားက မနက္တိုင္းေစ်းႀကိဳလာေနက်လင္မယားပါ ကြၽန္ေတာ္တို႔နဲ႔ခင္ပါတယ္။ ေကာင္မေလးက ကေလးေမြးထားတာ မၾကာေသးဖူးလို႔ ၾကားတယ္ဗ် တဲ့။

သူတို႔ ေျပာစကားေတြကို နားေထာင္ၿပီး အစိုးရက ဘယ္လိုပဲ လူလို သူလို အဆင့္ရွိရွိလုပ္ေပးပါေစ။

ရ တစ္လုံးနဲ႔ ဝ တစ္လုံးသာသိတဲ့ တစ္ဘို႔တည္းသမားေတြက ခုထိ ကိုယ္ရ ကိုယ္ယူ စနစ္ကို က်င့္သုံးေနၾကေသးတယ္ ။

YRTA ကလည္း အဲဒါေတြကို ထိထိေရာက္ေရာက္ စစ္ေဆး အေရးယူေပးေစခ်င္ပါတယ္ ။ သူတို႔ စည္းကမ္းမဲ့မႈေၾကာင့္ဘဝေတြ ပ်က္ကုန္ၿပီ အနာဂတ္ေတြ စုျပတ္ကုန္ၿပီ ကေလးေတြ မိဘမဲ့ကုန္ၿပီ ဇနီးသည္ မုဆိုးမျဖစ္ရၿပီ သူတို႔ကို မွီခိုေနရတဲ့ ဘဝေတြ ဒုကၡေရာက္ကုန္ၿပီ ။

ဟိုးအရင္ YBS ေျပာင္းကာစလည္း မဂ္လာဒုံျပည္လမ္းမေပၚမွာ YBS (၅၅) ယာဥ္လိုင္းေၾကာင့္ လူေတြ ေသၾကေသးတယ္ ။

သူတို႔ကို Civic Education ျပည္သူ႔နီတိသင္တန္းေတြ ေပးထားပါတယ္။ အျခားေသာ CSO ေတြကလည္း သင္ေပးပါတယ္ ဆိုေပမယ့္သူတို႔ အက်င့္ကိုက အ႐ိုးစြဲေနၾကတယ္။

စိတ္ဓာတ္ေတြကိုက မျပင္ၾကေသးတာအဓိကကေတာ့ ကိုယ္ရ ကိုယ္ယူ စနစ္ကို ႀကိတ္ၿပီးက်င့္သုံးေနၾကေသးတာပဲ။ တစ္ခ်ိဳ႕ကားေတြဆို စပယ္ယာေတြေတာင္ပါေနေသးတယ္။

ဘုန္းလက္႐ုံး

Credit to အိမ္ရွင္မ

About the author

Aung Lay

Leave a Comment