တက္ကသိုလ်ဝင်တန်း သင်ရိုးများ လျှော့ချမည်
COVID-19 ဂယက်ကြောင့် လာမည့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းတက်ချိန် လျော့နည်းမည် ဖြစ်ရာ တက္ကသိုလ်ဝင်တန်း သင်ရိုးညွှန်းတန်းများကို ပြန်လည်ညှိနှိုင်းပြီး လျှော့ချမည်ဟု အခြေခံပညာ ဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။
“ဒင်ပြည့်ကြပ်ပြည့် သင်ခွင့်ရတဲ့ အချိန်မှာ Quality ကို ကြည့်တာက တပိုင်း။ အခုက ၅၁ ရက် နောက်ကျတာကိုး။ ၅၁ ရက်တောင် နောက်ကျတဲ့ အတွက် လျှော့ရမှာတွေ ရှိတယ်။ အဲဒီ ၅၁ ရက်ကို Cover ဖြစ်အောင် ဘယ်လိုလုပ်မလဲ ဆိုတာ စဉ်စားရမှာပေါ့” ဟု ၎င်းက ရှင်းပြသည်။
သို့ဖြစ်ရာ ယခုလာမည့် စာသင်နှစ်အတွက် အခြေခံပညာ ဦးစီးဌာန၊ ပညာရေး သုတေသန စီမံကိန်းနဲ့ လေ့ကျင့်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတို့က သင်ရိုးညွှန်းတန်းနှင့် ပတ်သက်ပြီး ပြန်လည်ညှိနှိုင်းမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
သင်ရိုးများနှင့် ပတ်သက်ပြီး မည်သည့်အချိန်တွင် သင်ရိုးမည်မျှ ပြီးရမည် စသည့် လစဉ်၊ အပတ်စဉ် သင်ကြားရမည့် အပိုင်းအခြားများကိုပါ ပြန်လည် ညှိနှိုင်းမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သင်ရိုးအားလုံးမှာ ပုံမှန်အခြေအနေတွင် ဖေဖော်ဝါရီလ၌ ပြီးဆုံးမည် ဖြစ်သော်လည်း COVID-19 ကြောင့် ကျောင်းတက်ရက် နောက်ကျမည် ဖြစ်သဖြင့် သင်ရိုးလျှော့ချခြင်း၊ သင်ကြားနည်းပုံစံ ပြောင်းလဲခြင်း၊ အချိန်ကာလ နောက်ဆုတ်ခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အခြေခံပညာ ကျောင်းများကို ပုံမှန် ဇွန်လတွင် ဖွင့်လှစ်သော်လည်း COVID-19 ကပ်ရောဂါကြောင့် အထက်တန်း အဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် အဆင့်လိုက် ဖွင့်လှစ်သွားမည် ဖြစ်ပြီး အထက်တန်းအဆင့် အခြေခံပညာ ကျောင်းများကို ဇူလိုင်၂၁ ရက်တွင် စတင် ဖွင့်လှစ်မည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထိုကဲ့သို့ ပြန်လည်ဖွင့်လှစ်ချိန် နောက်ကျခြင်းကြောင့် စာသင်ချိန် မလုံလောက်မှု ဖြစ်နိုင်သော်လည်း ကျောင်သား၊ ကျောင်းသူများကို သင်ကြားရန် မဖြစ်မနေ လိုအပ်သည့် သင်ခန်းစာများ ပါဝင်နိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်ရမည်သာ ဖြစ်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် (MTF) ဥက္ကဋ္ဌ ဒေါက်တာစိုင်းခိုင်မျိုးထွန်း က ပြောသည်။
ဒေါက်တာစိုင်းခိုင်မျိုးထွန်း က “အချိန် ကန့်သတ်ချက် ကြောင့် Adjust လုပ်ရတာကိုး။ ဒီအချိန်ဘောင်အတွင်းမှာ အရေးကြီးတဲ့ သင်ခန်းစာတွေ ကျောင်းသားတွေအတွက် မရှိမဖြစ် ပါသွားသင့်တဲ့ အတွေးအခေါ် အယူအဆတွေ ပါသွားအောင် ဘယ်လိုသင်ခန်းစားမျိုးကို သင်ပြီး၊ ဘယ်လို သင်ခန်းစာမျိုးကို လျှော့ချရမယ် ဆိုတာကို ဆရာ၊ ဆရာမတွေနဲ့ ဝန်ကြီးဌာနက ဆုံးဖြတ်ရမယ့် ဆွေးနွေးရမယ့် အရာပေါ့ ” ဟု ဆိုသည်။
အခြေခံပညာ ဦးစီးဌာန စာရင်းများအရ မြန်မာ တနိုင်ငံလုံးတွင် အခြေခံပညာ ကျောင်းပေါင်း ၄၇,၄၄၅ ကျောင်း၊ ကိုယ်ပိုင် ကျောင်း၂,၅၀၀ ဝန်းကျင် ဘုန်းတော်ကြီး သင်ပညာရေး ကျောင်း ၁,၅၃၀ ကျောင်း ရှိသည်။
အခြေခံပညာ ကျောင်းများတွင် ဆရာ၊ ဆရာမ ၄ သိန်းကျော်၊ ကိုယ်ပိုင်ကျောင်းများတွင် ၁ သောင်းခွဲနီးပါး (၁၄,၅၃၀)နှင့် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများတွင် ၇,၇၃၇ ဦး ရှိကြောင်း သိရသည်။
Ref: ဧရာဝတီသတင်း
Zawyi
တကၠသိုလ္ဝင္တန္း သင္႐ိုးမ်ား ေလွ်ာ့ခ်မည္
COVID-19 ဂယက္ေၾကာင့္ လာမည့္ ၂၀၂၀-၂၀၂၁ ပညာသင္ႏွစ္အတြက္ ေက်ာင္းတက္ခ်ိန္ ေလ်ာ့နည္းမည္ ျဖစ္ရာ တကၠသိုလ္ဝင္တန္း သင္႐ိုးၫႊန္းတန္းမ်ားကို ျပန္လည္ညႇိႏႈိင္းၿပီး ေလွ်ာ့ခ်မည္ဟု အေျခခံပညာ ဦးစီးဌာနမွ ၫႊန္ၾကား ေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာသည္။
“ဒင္ျပည့္ၾကပ္ျပည့္ သင္ခြင့္ရတဲ့ အခ်ိန္မွာ Quality ကို ၾကည့္တာက တပိုင္း။ အခုက ၅၁ ရက္ ေနာက္က်တာကိုး။ ၅၁ ရက္ေတာင္ ေနာက္က်တဲ့ အတြက္ ေလွ်ာ့ရမွာေတြ ရွိတယ္။ အဲဒီ ၅၁ ရက္ကို Cover ျဖစ္ေအာင္ ဘယ္လိုလုပ္မလဲ ဆိုတာ စဥ္စားရမွာေပါ့” ဟု ၎က ရွင္းျပသည္။
သို႔ျဖစ္ရာ ယခုလာမည့္ စာသင္ႏွစ္အတြက္ အေျခခံပညာ ဦးစီးဌာန၊ ပညာေရး သုေတသန စီမံကိန္းနဲ႔ ေလ့က်င့္ေရး ဦးစီးဌာနႏွင့္ ျမန္မာႏိုင္ငံ စာစစ္ဦးစီးဌာနတို႔က သင္႐ိုးၫႊန္းတန္းႏွင့္ ပတ္သက္ၿပီး ျပန္လည္ညႇိႏႈိင္းမည္ ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာနမွ သိရသည္။
သင္႐ိုးမ်ားႏွင့္ ပတ္သက္ၿပီး မည္သည့္အခ်ိန္တြင္ သင္႐ိုးမည္မွ် ၿပီးရမည္ စသည့္ လစဥ္၊ အပတ္စဥ္ သင္ၾကားရမည့္ အပိုင္းအျခားမ်ားကိုပါ ျပန္လည္ ညႇိႏႈိင္းမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ သင္႐ိုးအားလုံးမွာ ပုံမွန္အေျခအေနတြင္ ေဖေဖာ္ဝါရီလ၌ ၿပီးဆုံးမည္ ျဖစ္ေသာ္လည္း COVID-19 ေၾကာင့္ ေက်ာင္းတက္ရက္ ေနာက္က်မည္ ျဖစ္သျဖင့္ သင္႐ိုးေလွ်ာ့ခ်ျခင္း၊ သင္ၾကားနည္းပုံစံ ေျပာင္းလဲျခင္း၊ အခ်ိန္ကာလ ေနာက္ဆုတ္ျခင္းမ်ားကိုလည္း ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
အေျခခံပညာ ေက်ာင္းမ်ားကို ပုံမွန္ ဇြန္လတြင္ ဖြင့္လွစ္ေသာ္လည္း COVID-19 ကပ္ေရာဂါေၾကာင့္ အထက္တန္း အဆင့္၊ အလယ္တန္းအဆင့္၊ မူလတန္းအဆင့္ အဆင့္လိုက္ ဖြင့္လွစ္သြားမည္ ျဖစ္ၿပီး အထက္တန္းအဆင့္ အေျခခံပညာ ေက်ာင္းမ်ားကို ဇူလိုင္၂၁ ရက္တြင္ စတင္ ဖြင့္လွစ္မည္ ျဖစ္ေၾကာင္း ပညာေရး ဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။
ထိုကဲ့သို႔ ျပန္လည္ဖြင့္လွစ္ခ်ိန္ ေနာက္က်ျခင္းေၾကာင့္ စာသင္ခ်ိန္ မလုံေလာက္မႈ ျဖစ္ႏိုင္ေသာ္လည္း ေက်ာင္သား၊ ေက်ာင္းသူမ်ားကို သင္ၾကားရန္ မျဖစ္မေန လိုအပ္သည့္ သင္ခန္းစာမ်ား ပါဝင္ႏိုင္ရန္ ေဆြးေႏြးမႈမ်ား ျပဳလုပ္ရမည္သာ ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံလုံး ဆိုင္ရာ ဆရာ၊ ဆရာမမ်ား အဖြဲ႕ခ်ဳပ္ (MTF) ဥကၠ႒ ေဒါက္တာစိုင္းခိုင္မ်ိဳးထြန္း က ေျပာသည္။
ေဒါက္တာစိုင္းခိုင္မ်ိဳးထြန္း က “အခ်ိန္ ကန္႔သတ္ခ်က္ ေၾကာင့္ Adjust လုပ္ရတာကိုး။ ဒီအခ်ိန္ေဘာင္အတြင္းမွာ အေရးႀကီးတဲ့ သင္ခန္းစာေတြ ေက်ာင္းသားေတြအတြက္ မရွိမျဖစ္ ပါသြားသင့္တဲ့ အေတြးအေခၚ အယူအဆေတြ ပါသြားေအာင္ ဘယ္လိုသင္ခန္းစားမ်ိဳးကို သင္ၿပီး၊ ဘယ္လို သင္ခန္းစာမ်ိဳးကို ေလွ်ာ့ခ်ရမယ္ ဆိုတာကို ဆရာ၊ ဆရာမေတြနဲ႔ ဝန္ႀကီးဌာနက ဆုံးျဖတ္ရမယ့္ ေဆြးေႏြးရမယ့္ အရာေပါ့ ” ဟု ဆိုသည္။
အေျခခံပညာ ဦးစီးဌာန စာရင္းမ်ားအရ ျမန္မာ တႏိုင္ငံလုံးတြင္ အေျခခံပညာ ေက်ာင္းေပါင္း ၄၇,၄၄၅ ေက်ာင္း၊ ကိုယ္ပိုင္ ေက်ာင္း၂,၅၀၀ ဝန္းက်င္ ဘုန္းေတာ္ႀကီး သင္ပညာေရး ေက်ာင္း ၁,၅၃၀ ေက်ာင္း ရွိသည္။
အေျခခံပညာ ေက်ာင္းမ်ားတြင္ ဆရာ၊ ဆရာမ ၄ သိန္းေက်ာ္၊ ကိုယ္ပိုင္ေက်ာင္းမ်ားတြင္ ၁ ေသာင္းခြဲနီးပါး (၁၄,၅၃၀)ႏွင့္ ဘုန္းေတာ္ႀကီးသင္ ပညာေရး ေက်ာင္းမ်ားတြင္ ၇,၇၃၇ ဦး ရွိေၾကာင္း သိရသည္။
Ref: ဧရာဝတီသတင္း