News

မူဆယ်မှာ မိုးမီးလောင်တော့မယ် (လူနာအမှတ် ၂၃၁ နဲ့ ထိတွေ့ခဲ့သူ အလွန်များပြားဟုဆို)

Written by Aung Lay

မူဆယ်မှာ မိုးမီးလောင်တော့မယ် (လူနာအမှတ် ၂၃၁ နဲ့ ထိတွေ့ခဲ့သူ အလွန်များပြားဟုဆို)လူနာအမှတ် (၂၃၁) ကူးစက်ခံရပုံ အခုထိ မသိသေး၊ ထိတွေ့ခဲ့သူ အလွန်များပြားဟု သိရရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် နေထိုင်သော ကိုဗစ် ၁၉ရောဂါ ကူးစက်ခံရသည့် လူနာအမှတ်စဉ်၂၃၁ သည် မုံးပေါ်ကျေးလက်ကျန်းမာရေးဌာန တာဝန်ခံ ကျန်းမာရေးမှူး ဖြစ်ပြီး မည်သို့ ကူးစက်ခံရပုံကို မသိရှိရသေးဘဲ ၎င်းနှင့် ထိတွေ့ခဲ့သူ အများအပြား ရှိတယ်လို့ သိရပါတယ်။

ဘယ်လိုအကူးခံရတယ်ဆိုတာကို စုံစမ်းဆဲ ဖြစ်ကြောင်း၊ တရုတ်ပြည်တော်ပြန်တွေကို စစ်တဲ့နေရာမှာလည်း တာဝန်မကျခဲ့ကြောင်း၊ ဆေးထိုးတာနဲ့ ကာကွယ်ဆေးထိုးတဲ့ ကိစ္စတွေ ရှိနေလို့ ထိတွေ့မှု များပြားနေကြောင်း၊

ဘယ်နှယောက်နဲ့ ထိတွေ့ခဲ့တယ်လို့ မသိရသေးကြောင်း မူဆယ်မြို့ အခြေစိုက် ကရုဏာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောပါတယ်။ယင်းလူနာအမှတ်စဉ် ၂၃၁သည် မူဆယ်မြို့ ဟိုမိုရပ်ကွက်၊ ၄၅ကုန်းတွင် နေထိုင်ပြီး လတ်တလောတွင် အဆိုပါ နေရာအား လော့ဒေါင်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။

လက်ရှိချိန်တွင် လူနာအမှတ် ၂၃၁နှင့် ၎င်း၏ အမျိုးသားဖြစ်သူတို့ကို မူဆယ်မြို့နယ် ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကာ ရောဂါပိုးတွေ့ရှိသူနှင့် ထိတွေ့ခဲ့သူများကို ကျန်းမာရေးအဖွဲ့များက ခြေရာခံ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း မူဆယ်မြို့နယ်မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းကပြောပါတယ်။

Zawgyi

မူဆယ္မွာ မုိးမီးေလာင္ေတာ့မယ္ (လူနာအမွတ္ ၂၃၁ နဲ႔ ထိေတြ႕ခဲ့သူ အလြန္မ်ားျပားဟုဆုိ)လူနာအမွတ္ (၂၃၁) ကူးစက္ခံရပံု အခုထိ မသိေသး၊ ထိေတြ႕ခဲ့သူ အလြန္မ်ားျပားဟု သိရရွမ္းျပည္နယ္၊ မူဆယ္ၿမိဳ႕တြင္ ေနထိုင္ေသာ ကိုဗစ္ ၁၉ေရာဂါ ကူးစက္ခံရသည့္ လူနာအမွတ္စဥ္၂၃၁ သည္ မုံးေပၚေက်းလက္က်န္းမာေရးဌာန တာဝန္ခံ က်န္းမာေရးမႉး ျဖစ္ၿပီး မည္သို႔ ကူးစက္ခံရပုံကို မသိရွိရေသးဘဲ ၎ႏွင့္ ထိေတြ႕ခဲ့သူ အမ်ားအျပား ရွိတယ္လုိ႔ သိရပါတယ္။

ဘယ္လုိအကူးခံရတယ္ဆုိတာကုိ စံုစမ္းဆဲ ျဖစ္ေၾကာင္း၊ တရုတ္ျပည္ေတာ္ျပန္ေတြကုိ စစ္တဲ့ေနရာမွာလည္း တာဝန္မက်ခဲ့ေၾကာင္း၊ ေဆးထုိးတာနဲ႔ ကာကြယ္ေဆးထုိးတဲ့ ကိစၥေတြ ရွိေနလုိ႔ ထိေတြ႕မႈ မ်ားျပားေနေၾကာင္း၊

ဘယ္ႏွေယာက္နဲ႔ ထိေတြ႕ခဲ့တယ္လုိ႔ မသိရေသးေၾကာင္း မူဆယ္ၿမိဳ႕ အေျခစိုက္ က႐ုဏာလူမႈကူညီေရးအသင္း ဥကၠ႒ ဦးေသာင္းထြန္းက ေျပာပါတယ္။ယင္းလူနာအမွတ္စဥ္ ၂၃၁သည္ မူဆယ္ၿမိဳ႕ ဟိုမိုရပ္ကြက္၊ ၄၅ကုန္းတြင္ ေနထိုင္ၿပီး လတ္တေလာတြင္ အဆုိပါ ေနရာအား ေလာ့ေဒါင္း ျပဳလုပ္ထားတယ္လုိ႔ သိရပါတယ္။

လက္ရွိခ်ိန္တြင္ လူနာအမွတ္ ၂၃၁ႏွင့္ ၎၏ အမ်ိဳးသားျဖစ္သူတို႔ကို မူဆယ္ၿမိဳ႕နယ္ ခ႐ိုင္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ထားကာ ေရာဂါပိုးေတြ႕ရွိသူႏွင့္ ထိေတြ႕ခဲ့သူမ်ားကို က်န္းမာေရးအဖြဲ႕မ်ားက ေျခရာခံ စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္လ်က္ရွိေၾကာင္း မူဆယ္ၿမိဳ႕နယ္မွ ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းေက်ာ္သိန္းကေျပာပါတယ္။

About the author

Aung Lay

Leave a Comment