Knowledge

သမီး သိခဲ့ပါပြီ အဖေ (သုံးမိနစ်လောက်အချိန်ပေးပြီးဖတ်ကြည့်စေချင်တယ်)

Written by Aung Lay

အေဖျဖစ္သူကေက်ာင္းကို လာပါတယ္ ။ကူလီသမားတစ္ေယာက္ မို႔ အေဖအဝတ္စားေတြမွာမီးေသြးေတြ ေပက်ံ႕ေနတာေပါ့ …

ဆရာမျဖစ္သူက ေဟမန္ေလးကို ” သမီး ဟိုမွာ . . ေက်ာင္းမွာ ေရွ႕မွာ မတ္တပ္ေရာက္ေစာင့္ ေနတာ ။ သမီးရဲ႕ အေဖမွတ္လား . . ” ၾကည့္လိုက္တဲ့ အခါ တကယ္ပဲ အေဖျဖစ္ေနသည္ …

” ဟုတ္ပါတယ္ ဆရာမ သမီးအေဖပါ ”ေဘးနားက သူငယ္ခ်င္းေတြက ဝိုင္းၿပီး ” ဟဲ့ ေဟမန္ အေဖကလည္း ၾကည့္ပါအုံး ညစ္ပတ္ေနလိုက္တာ . . ”” ေအးေလ ဟယ္ ။ အက်ၤ ီမွာလည္း အသစ္႐ြက္ေတြေပက်ံ႕ေနတယ္ ။ ၾကည့္ရတာ ကုန္ထမ္းၿပီး ေရာက္လာ်တာထင္တယ္ ။ ‘

” ဒါဆို ေဟမန္အေဖ က ကူလီသမားေပါ့ေနာ္ ” သူတို႔ေတြ တီးတိုးတီးတိုးေျပာေနတဲ့ စကားသံကို ၾကားရင္ ရွက္လည္း ရွက္မိ သိမ္လည္း သိမ္ငယ္မိသလိုခံစားရမိသည္ …

အဲဒါ နဲ႔ အျပင္ထြက္သြားခဲ့သည္ ။ ဆယ္တန္းေက်ာင္းသူေက်ာင္းသားေတြ မုန႔္စားဆင္းခ်ိန္မွာ အေဖက ေရာက္လာ တာကိုး . . .

သမီးေလး ထြက္လာတာ ျမင္ေတာ့ သမီးေလးမ်က္ႏွာၾကည္္ၿပီး ၿပဳံးေနမိသည္ ။တစ္မနက္ပင္ပန္းေနထားသမွ်ကိုေတာင္ ဘယ္ေရာက္သြားမွန္း မသိေတာ့ပါဘူး ။

သမီးျဖစ္သူက ”အေဖ ဘာလို႔ ေက်ာင္းေရွ႕ေရာက္လာတာလဲ ”” ေအာ္ သမီးကို မုန႔္ဖိုးလာေပးတာပါ …

မနက္က ပိုက္ဆံမရွိလို႔ သမီးကို မုန႔္ဖိုးမေပးလိုက္ရဘူးေလ . . ေရာ့ေရာ့ဒီမွာ ပိုက္ဆံ ”အေဖျဖစ္သူက ကုန္ထမ္းရင္း ရလာခဲ့တဲ့ တစ္ေထာင္တန္သုံး႐ြက္ထဲက တစ္႐ြက္ကို ယူၿပီး ေပးလိုက္သည္ …

သမီးက တစ္ေထာင္တန္ၿပဲေနလို႔ ” အေဖ သမီးကို ဒါေလး ႏွင့္ လွဲေပးပါလား ။ ဒီတစ္ေထာင္တန္က ၿပဲေနတယ္ ။ေတာ္ၾကာ ဝယ္စားလို႔ မရမွာစိုးလို႔ ”

အေဖျဖစ္သူကလည္း တစ္ေထာင္တန္ တိတ္ကပ္ထားတာေလးကို ျပန္ယူၿပီး အသစ္ခြၽတ္ခြၽတ္ေလးကို လက္ထဲထည့္ေပးလိုက္သည္ ။

သူမ်ားေတြ ဝိုင္းၾကည့္ေနတာ ေၾကာက္တယ့္ ကြၽန္မ ။ အပ်ိဳေဖာ္ဝင္ကာစ ဆိုေတာ့ ရွက္တတ္တယ္ေလ ။အေဖက ေနာက္ၿပီး အက်ၤ ီက ၿပဲစုတ္ေနတယ္ ။

ပုဆိုးကလည္း ၿပဲေနတယ္ ။ အေဖႏွင့္ ကြၽန္မကို လူေတြအျမင္မွာ တစ္မ်ိဳးျမင္မွာ စိုးရိမ္တာနဲ႔ ” အေဖ အျမန္ျပန္ေတာ့ေနာ္ . . ေတာ္ၾကာ သမီးသူငယ္ခ်င္းေတြ သြားရင္ သမီးကို ေလွာင္ေျပာင္ၿပီး စေနၾကအုံးမယ္…

” ေအာ္ေအး ေအး . .အေဖ နားလည္ပါၿပီကြယ္ . . ”

” သမီး အထဲဝင္ေတာ့ေလ . .အေဖ ဒီမွာ ခဏရပ္ၿပီးရင္ျပန္ပါ့မယ္ ”

” အေဖရယ္ ျပန္လိုက္ပါေတာ့ေနာ္ . .ဒီမွာ အၾကာႀကီးဆက္ရပ္ေနရင္ မေကာင္းဘူးေနာ္ ” ရွက္လြန္းတဲ့ ကြၽန္မ အေဖကို ႏွင္ထုတ္ေနမိသည္ ။

”ေအးပါကြယ္ . .ေအးပါ ”အေဖ ေက်ာခိုင္းၿပီး လွည့္ကာ ထြက္သြားသည္ ။ အေဖက သီရိမဂၤလာေစ်းမွာ ကုန္ထမ္းတာေလ

တစ္ခါတစ္ေလ ၅ေထာင္ရတဲ့ ေန႔လည္း ရွိသလို ။ သုံးေထာင္ ရတဲ့ ေန႔လည္းရွိတယ္ ။ တစ္ခါတစ္ေလ ၈ဝဝဝေထာင္ရတာ ရွိပါတယ္။

သမီးတို႔ အေမတို႔ အိမ္မွာ ေက်ာင္းမွာေနတဲ့ အခ်ိန္အေဖ က ေနပူႀကဲႀကဲထဲမွာ ဆိုက္ကားေပၚက ကုန္ေတြကိုမ ရင္းထမ္းရင္း သယ္ပိုးေနတယ္ ။

ေခြၽးေတြ တၿပိဳင္းၿပိဳင္းလည္း က် ေပါ့ရွင့္ ။ ညေရာက္ေတာ့ သမီးက အေမ့ကို အေဖအားေျပာခိုင္းတယ္…

သမီးျဖစ္သူ အိပ္သြားေတာ့ မိန္းမက ေယာက်ာ္းကို ေျပာေလသည္ ။ ” ေယာက်ာ္း ရွင္ေညာင္းေနတာလား ”” ေအးကြာ . .ဒီေန႔ နည္းနည္း အေၾကာတတ္ေနတယ္။” ” ဒဏ္ေၾကလိမ္းေဆး လိမ္းမလား။ ကြၽန္မလိမ္းေပးမယ္ေလ” ” ေအးေကာင္းတာေပါ့ကြာ . . ဒါမွ အေၾကာေျပမွာ ” ” ၿပီးေရာ ”ေ ဆးလိမ္းၿပီးရင္း ေျပာေလသည္ ။

ေယာက်ာ္း . . ” ေအး ေျပာေလ ” ” ရွင္ မနက္က သမီးေလးဆီကို သြားတယ္ဆို ” ” ေအးဟုတ္တယ္ေလ ငါမုန႔္ဖိုးသြားေပးတာ ” ” ဘာလို႔ သြားရတာလဲရွင္ ” ” ေအာ္ မင္းကလည္းကြာ . ငါ့သမီး ေက်ာင္းဘဲ ငါသြားတာ ဘာျဖစ္လို႔လဲ ” ” ဘာျဖစ္ရမွာလဲ . .သမီးေလးက ကြၽန္မကိုေျပာတယ္။

ရွင္ကို ေက်ာင္းမလာခိုင္းနဲ႔ ။ ဘာျဖစ္လို႔လဲဆိုေတာ့ရွင့္ကို သူသူငယ္ခ်င္းေတြျမင္သြားရင္ ေလွာင္ေျပာင္မွာစိုးလို႔တဲ့ ။ ေနာက္ၿပီး ဆရာ . .ဆရာမေတြကပါ အထင္ေသးသြားလိမ့္မယ္ . .

ဒါေၾကာင့္ မုန႔္ဖိုးေပးစရာရွိရင္ တစ္ခါတည္း ေက်ာင္းသြားတာနဲ႔ ေပးလိုက္ ။မဟုတ္ရင္လည္း ကြၽန္မ သြားေပးေပးမယ္ ။ ရွင္ေတာ့ မသြားပါနဲ႔ေနာ္ ”ေ ယာက်ာ္းျဖစ္သူက ခဏတာ ၿငိမ္သက္က်သြားသည္ ။ဘာျဖစ္မွန္း မသိ ။ မ်က္ရည္ေတြ ဝိုင္းလာၿပီး ။ မက်မိေအာင္ ထိန္းကာ ။ ” ေအးပါကြာ . . ေအးပါ ။ ငါဆင္ျခင္ပါ့မယ္ ။

” ဘာလဲ ရွင္စိတ္မေကာင္းျဖစ္သြားတာလား ”

” မျဖစ္ပါဘူး ။ ငါရင္ထဲ နည္းနည္းမေကာင္း ျဖစ္သြားတယ္။ ဒါေပမယ့္ ငါနားလည္ပါတယ္ ။ သမီးေလးလည္း ရွက္မွာေပါ့

သူလည္း ရွက္တတ္တဲ့ အ႐ြယ္ေရာက္ေနၿပီဘဲ ။ ေနာက္ၿပီး ငါကလည္း ကူလီသမားကို ။ ေအးပါကြာ ေနာက္တစ္ခါ မုန႔္ဖိုးသြားေပးစရာရွိရငိ မင္းပဲ သြားေပးလိုက္ပါ

” ေအာ္ . . မိန္းမ ” ” အင္း ေျပာေလ ငါစုေနၾက စုဗူးေလး သြားယူလာခဲ့ ” ” အင္း ” ေျပာကာ ထသြားသည္ ။ အတန္ငယ္ၾကာေတာ့ ဖိုးဝ႐ုပ္ စုဗူးေလး ယူေဆာင္လာသည္ ။

ဒီစုဗူေလးက ေယာက်ာ္းျဖစ္သူ အၿမဲတမ္း ထည့္ထည့္ၿပီး စုေနတာ ။ ဘာစု ဗူးမွန္းလည္း မသိ ။ ေမးေတာ့လည္း မိန္းမ ျဖစ္တဲ့ သူကိုယ္ေတာင္ မေျပာဘူး ။

သူက ေမးတိုင္း ဘာေျပာလဲဆိုေတာ့ အဲဒီစုဗူးေဖာက္တဲ့ေ န႔က်ရင္ မင္းသိလိမ့္မယ္ တဲ့ ။ ဒါပဲ ေျပာတယ္ ။ အခုလည္း မိန္းမကေမးျပန္တယ္ ။

” ေယာက်ား္ ရွင္ ဒီစုဗူးထဲကို တစ္ေန႔ေန႔ ပိုက္ဆံေတြထည့္ေနတယ္ေနာ္ . .’ ” ေအးေလ အဲဒါ ဘာျဖစ္လို႔လဲ ” ” ကြၽန္မ နားမလည္လို႔ တစ္ခုေမးမယ္ ။

ရွင္ အဲဒီစုဗူးထဲကို ပိုက္ဆံေတြ အကုန္ ထည့္မယ္အစား တစ္ေန႔ေန႔ နည္းနည္းခ်င္းစီဘဲ ထည့္ပါလား ။ ပိုတဲ့ ပိုက္ဆံေတြကိုေတာ့ ရွင္ . . .

အဝတ္စားျဖစ္ျဖစ္ ဝယ္ဝတ္ပါလား ။ အဲဒါဆိုရင္ အဲဒီအဝတ္စားသစ္နဲ႔ ရွင္သမီးေလး ဆီသြားလို႔ရတာေပါ့ မဟုတ္ဘူးလား ”

” မဟုတ္ဘူး ။ ငါ ဖယ္လည္းမဖယ္ဘူး ။ ဒီစုဗူးထဲကို ထည့္ရတာကလည္း အေၾကာင္းရွိတယ္ ။ တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္က်ရင္ ငါဒီစုဗူးထဲထည့္ရတဲ့ ရည္႐ြယ္ခ်က္ကို မင္းသိလိမ့္မယ္ ”

” ရွင္ က လွ်ိဳ႕ဝွက္လြန္းတယ္ ။ ကြၽန္မေတာင္ မေျပာျပဘူးေနာ္ ” ” ဒါကေတာ့ကြာ လူတစ္ေယာက္ရဲ႕ လွ်ိဳဝွက္ခ်က္ဆ္ိုတာရွိရတယ္ေလ ။ အဲဒီလွ်ိဳဝွက္ခ်က္ကိုလည္း ဘယ္သူေမွ ပးမသိရဘူး ။ ဒါမွ လွ်ိဳဝွက္ခ်က္ေခၚတာ …

” ဟုတ္ပါၿပီ ရွင္ . . ဟုတ္ပါၿပီ ”

အေဖက အၿမဲတမ္း မိသားစု ေရွ႕မွာ ၿပဳံးသည္ ။ အေဖ့ကို ၾကည့္လိုက္ရင္ စိတ္ညစ္စရာ စိတ္ပင္ပန္းစရာ မရွိသလိုပဲ ။ ေနာက္ၿပီး ထူးဆန္းတာက ေဖေဖဟာ ဘယ္ေတာ့မွ ေနထိုင္မေကာင္းဘူးဆိုတာ မရွိသလိုဘဲ။

အၿမဲတမ္း အလုပ္ပဲ လုပ္ေနတယ္ ။ ေနပူႀကဲႀကဲထဲမွာ ။ မိုးရာသီ ဆိုရင္လည္း မိုးေရေတြထဲမွာ ။ ေဆာင္းရာသီဆိုရင္လည္း ေအေအးခ်မ္းခ်မ္း ခိုက္ခိုက္တုန္ေနတဲ့ အခ်ိန္မွာ အက်ၤ ီစြပ္ကြၽယ္ အျဖဴ လက္ျပတ္ႏွင့္အၿမဲ အလုပ္လုပ္ေနတတ္တယ္ ။

တစ္ေန႔ ကြၽန္မ အိမ္ျပန္လာရင္း လမ္းမွာစဥ္းစားမိသည္။ ” ငါေတာင္ ဆယ္တန္းစာေမးပြဲၿပီးၿပီဘဲ ။>အေဖႏွင့္ စကားမေျပာရတာ ။ ေလွ်ာက္မသြားရတာ အေတာ္ၾကာၿပီ ။ အေမႏွင့္ကေတာ့ ေတႊုျဖစ္တယ္ ။

စကားေျပာျဖစ္တယ္ ။ အေဖကေတာ့ ငါအိပ္မွ အိမ္ျပန္လာတယ္ ။ ဒီေန႔ကစၿပီး အေဖ့ကို ငါေကာင္းေကာင္းစကားေျပာလို႔ရၿပီ ။ ေလွ်ာက္သြားမယ္။ ေလွ်ာက္လည္မယ္ ” အေတြးျဖင့္ အိမ္ေရာက္လာေတာ့ အေမက င္ိုေနသည္ ။ တရႈိက္ရႈိက္နဲ႔ကို ။

” အေမ . . အေမ ဘာျဖစ္တာလဲ ။ အေမ ဘာလိုငိုေနတာလဲ ”

” သမီး . . ညဥ္း . .ညဥ္း အေဖ ကားတ္ိုက္ခံရၿပီးဆုံးၿပီ ။ ”

” ရွင္ ! ” ကြၽန္မနားထဲမွာ အေဖဆိုတာ ဆုံးၿပီးစကားလုံးဝ မယုံႏိုင္ဘူး ။ အေဖက ကားတိုက္ခံရတာ ။ မူးၿပီးလွဲက်တာတဲ့ ။

လမ္းမမွာ မူးၿပီးလွဲတုန္းက ကားေတြတက္ႀကိတ္လို႔ ။ အပိုင္းပိုင္း ျဖစ္သြားၿပီတဲ့ ။ ကံဆိုးလိုက္တဲ့ ကြၽန္မတို႔ အေဖ။

ညေရာက္ေတာ့ အေမ က ပစ္တိုင္းေထာင္ ဖိုးဝ႐ုပ္ အ႐ုပ္ေလးကို ယူလာသည္ ။ အေမကေျပာတယ္ ။

” သမီး နင့္အေဖက ေဟာ့ဒီ အ႐ုပ္ေလးကို ညတ္ိုင္းပိုက္ဆံေလးေတြ ထည့္ထည့္ေပးတယ္ ။

အဲဒီအ႐ုပ္ေလးကို တယုတယ သူျမတ္ႏိုးတယ္ ။ ဒီထဲမွာ ဘာရွိလဲဆိုတာေတာင္ သူကလြဲၿပီး အေမကိုယ့္ေတာင္ မေျပာျပဘူး ။

အခု ဒီထဲမွာ ဘာရွိလဲဆိုတာ အေမတို႔ ေတြ ေဖာက္ၾကည့္ရေအာင္ ”

ခြမ္းခနဲ ခြဲပစ္လိုက္သည္ ။ ကြၽန္မက စိတ္ဝင္စားစြာၾကည့္ေနမိသည္ ။ ပစ္တိုင္းေထာင္ အ႐ုပ္ေလးကြဲသြားေတာ့ အထဲထဲမွာ ပိုက္ဆံေတြ အမ်ားႀကီးဘဲ . .ေနာက္ၿပီး စာတစ္ေစာင္ပါေတႊုတယ္ ။ စာတစ္ေစာင္ကို အေမက ေကာက္ကာငင္ကာ ယူဖတ္လိုက္သည္ ။

အိုစာဖတ္လိုက္တာနဲ႔ ေမေမ့ မ်က္ဝန္းေတြ မဟားတအားစိုလာၿပီး စာေတာင္ဆက္မဖတ္ႏိုင္ေတာ့ဘူး ။ ငိုႀကီးခ်က္မျဖင့္ ငိုခ်ေတာ့သည္ ။ အေမ့ကို ၾကည့္ၿပီး ကြၽန္မလည္း လန႔္ထိတ္ကာ လက္ထဲကစာကို ဆြဲယူၿပီး ဖတ္လိုက္သည္ ။

” သမီး . . အေဖ သမီးကို ခ်စ္တယ္ ။ အရမ္းခ်စ္တယ္။အရမ္းခ်စ္လို႔လည္း ေငြေတြစုထားတယ္ ။ အဲဒီေငြေတြကေဟာ့ဒီက ငါ့သမီးေလး တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္မွာ မဂၤလာေဆာင္မယ္ ။ လက္ထပ္တဲ့ အခ်ိန္က်ရင္ သုံးဖို႔ပါ ။

အေဖ့လို ကူလီသမားတစ္ေယာက္ဟာဆိုရင္ သမီးေလးအတြက္ အရွက္ရေစမွာ အေဖသိပါတယ္ ။ ဒါေၾကာင့္ေဖေဖ အဲဒီမဂၤလာပြဲကို မတက္ေရာက္ေတာ့ဘူးသမီး ။

မျမင္ကြယ္ရာ တစ္ေထာင့္တစ္ေနရာကဘဲ ဝမ္းသာပိီတိနဲ႔ အေဖ လက္ခုပ္တီးေနမွာပါ ။ အေဖမ်က္ရည္ေတြျဖင့္ ၿပဳံးၿပီး ေက်နပ္ေနမွာပါကြယ္ ။ေဖေဖလို လူရာမဝင္တဲ့ အေဖ့ ဘယ္မွာလဲလို႔ သားရွင္ ဘက္က ေမးလာရင္ ။

ေဖေဖဟာ အစကႀကီးတည္းက ေသသြားခဲ့ပါၿပီးလို႔ ေျပာလိုက္ပါကြယ္ ။ ေဖေဖ နားလည္ပါတယ္ ။ ေဖေဖဟာ ကူလီသမားတစ္ေယာက္ ပညာမတတ္။ စာမတတ္ ။ ငါသမီးေလးလို ႐ုပ္ေခ်ာ ပညာတတ္ ေလးရဲ႕ အေဖျဖစ္ဖို႔ မထိုက္တန္ဘူး ။

သမီးေလးကို လည္း အရွက္မရေစခ်င္ပါဘူး ။ ေဖေဖဟာဆိုရင္ျဖင့္ အေဖလို႔ မေခၚထိုက္တဲ့လူတစ္ေယာက္ပါ ။ အေဖ့ေၾကာင့္ ငါ့သမီးေလး အရွက္ရမွာ အေဖမလိုလားဘူး။ ဒါေၾကာင့္ အေဖပိုက္ဆံေတြထားခဲ့မယ္ေနာ္ ။

ေနာက္ၿပီး ဒီစုဗူးေလး ေဖာက္တဲ့ အဲအခ်ိန္ဟာ မဂၤလာပြဲက်င္းပ ဖို႔ တစ္ရက္အလိုဆိုတာေဖေဖသိတယ္ ။

အေဖလည္း ရွိမွာ မဟုတ္ေတာ့ဘူး ။သမီးေလး မျမင္ကြယ္ရာတစ္ေနရာသြားၿပီး သြားေရွာင္ေန မွာပါ ။ သမီးကို ခ်စ္ျခင္းမ်ားစြာျဖင့္ ေဖေဖ ” စာဆုံးသြားေတာ့ မ်က္ရည္ေတြဟာ မဖိတ္ေခၚဘဲ >ပါးေပၚသို႔ စီးက်လာသည္ ။ အေဖရဲ႕ေမတၱာကို ခံစားရင္းအသံေတာင္ မထြက္ႏိုင္ေလာက္ေအာင္ သမီးျဖစ္သူကတရႈိက္ရႈိက္ငိုေနမိသည္ ။

ေဖေဖ့ကို ေက်ာင္းမလာခိုင္းတဲ့ ကြၽန္မ ။ ေက်ာင္းလာရင္အရွက္ရပါတယ္တဲ့ ။ ပင္ပင္ပန္းပန္း ေနပူႀကဲထဲထီးမေဆာင္း ဘာမေဆာင္းျဖင့္ တကူတကမုန႔္ဖိုးလာေပးတဲ့ ေဖေဖ့က္ို မွ ကြၽန္မ ဟာ အင္မတန္မွ မိုက္မဲလြန္းလွစြာျဖင့္ ႏွင္ထုတ္ခဲ့မိတယ္ ။

ေနာင္တရပါတယ္ ။ အရမ္းကို ေနာင္တရပါတယ္ ။တစ္ေထာင္တန္က စုတ္ေနလို႔ စားလို႔ မရမွာစိုးလို႔ လဲခိုင္းခဲ့တဲ့ ကြၽန္မ ။ အခ်ိန္တိုင္း အားရင္ အလုပ္ပတ္တကုတ္ကုတ္လုပ္ေနရတာလဲ သိၿပီ ။ ဘာလို႔ ေနမေကာင္းရင္ ေနေကာင္းပါတယ္ဆိုတာလည္း သိၿပီ။

ရာသီေတြအလီလီေျပာင္းသြားလည္း မပင္မပန္း အလုပ္ေတြ လုပ္တာလည္း သိၿပီ ။ တစ္ေန႔လုံးေညာင္းေနရတာ ဘာေၾကာင့္လဲ အခုသိၿပီ ။ ေဖေဖ့မွာ ဝတ္စရာမရွိတာ အခုသိၿပီ ။ အက်ၤ ီသစ္တစ္စုံေတာင္ မဝယ္ဘဲေနခဲ့တာ ရင္ထုနာလိုက္တာရွင္ ။

ငါ့အတြက္ ။ ငါ့အတြက္အ

ရာအားလုံးကို သူ႔သမီးျဖစ္တဲ့ ငါ့အတြက္ေပးဆပ္ခဲ့တာပါလား ။ ေဖေဖရယ္ ေတာင္းပန္ပါတယ္ ။ အစက အဲလိုမွန္း မသိလို႔ ေျပာမိတာပါ ။

ေဖေဖဟာ အေဖေခၚထိုက္တဲ့ ဖခင္ေကာင္တစ္ေယာက္ပါေလာကမွာ ဖခင္ေတြရဲ႕ေမတၱာဟာ အျပင္ပန္းဝတၳဳေတြထက္သာပါတယ္ဆိုတာ အခု သမီးေကာင္းေကာင္းသိလိုက္ရပါၿပီ ။

သမီးလိုက္ရတဲ့ အခ်ိန္ကလည္း အရမ္းေနာက္က်သြားၿပီ ။ ေစာေစာသိခဲ့ရင္ ေဖေဖ ေက်ာင္းလာ တာလည္း မျငဴစူေတာ့ဘူး ။ ဒါငါ့အေဖလို႔လည္း အမ်ားျမင္မွာ ေအာ္ေျပာရမွာလည္း မရွက္ေတာ့ဘူး ။

ေဖေဖကို ႏွင္းေပးဖို႔ ႏွိပ္ေပးဖို႔လည္း မျဖစ္ႏိုင္ေတာ့ဘူး ။ေဖေဖ့ရဲ႕ စုတ္ျပတ္သက္တဲ့ အက်ၤ ီေလးေတြ ေ႐ႊထည္ေတြထက္ တန္ဖိုးႀကီးတယ္ဆိုတာ သမီးသိလိုက္ရၿပီ

ေဖေဖ ကို ပိုင္ဆိုင္ရတာဟာ ေလာကမွာ အႀကီးမားဆုံးေသာ ဆုလာဘ္ႀကီးတစ္ခုဆိုတာ သမီးေကာင္းေကာင္းသိလိုက္ပါၿပီဆိုကာ ။

ငိုသံပါပါ လႈိက္လႈိက္ဝဲဝဲျဖင့္ ” အေဖ ” လို႔ အက်ယ္ေအာ္ေခၚလိုက္မိပါေတာ့သည္ ။

Message. . ဖခင္ဆိုတာ သားသမီးေတြကို ခ်စ္ပါ သည္ ။ သို႔ေသာ္ ထုတ္မခ်စ္ျပတတ္ဘူး တကယ္လိုအပ္လာၿပီဆိုရင္ အသက္ေတာင္ ေပးဖို႔ ဝန္မေလးဘူး။

မိန္းမေတြ သားသမီးေတြမထင္မွတ္ထားတာကို စဥ္းစားၿပီး လုပ္ေပးထားတတ္ပါတယ္..

Unicode

အဖေဖြစ်သူကကျောင်းကို လာပါတယ် ။ကူလီသမားတစ်ယောက် မို့ အဖေအဝတ်စားတွေမှာမီးသွေးတွေ ပေကျံ့နေတာပေါ့ …

ဆရာမဖြစ်သူက ဟေမန်လေးကို ” သမီး ဟိုမှာ . . ကျောင်းမှာ ရှေ့မှာ မတ်တပ်ရောက်စောင့် နေတာ ။ သမီးရဲ့ အဖေမှတ်လား . . ” ကြည့်လိုက်တဲ့ အခါ တကယ်ပဲ အဖေဖြစ်နေသည် …

” ဟုတ်ပါတယ် ဆရာမ သမီးအဖေပါ ”ဘေးနားက သူငယ်ချင်းတွေက ဝိုင်းပြီး ” ဟဲ့ ဟေမန် အဖေကလည်း ကြည့်ပါအုံး ညစ်ပတ်နေလိုက်တာ . . ”” အေးလေ ဟယ် ။ အင်္ကျ ီမှာလည်း အသစ်ရွက်တွေပေကျံ့နေတယ် ။ ကြည့်ရတာ ကုန်ထမ်းပြီး ရောက်လာျတာထင်တယ် ။ ‘

” ဒါဆို ဟေမန်အဖေ က ကူလီသမားပေါ့နော် ” သူတို့တွေ တီးတိုးတီးတိုးပြောနေတဲ့ စကားသံကို ကြားရင် ရှက်လည်း ရှက်မိ သိမ်လည်း သိမ်ငယ်မိသလိုခံစားရမိသည် …

အဲဒါ နဲ့ အပြင်ထွက်သွားခဲ့သည် ။ ဆယ်တန်းကျောင်းသူကျောင်းသားတွေ မုန့်စားဆင်းချိန်မှာ အဖေက ရောက်လာ တာကိုး . . .

သမီးလေး ထွက်လာတာ မြင်တော့ သမီးလေးမျက်နှာကြည်ပြီး ပြုံးနေမိသည် ။တစ်မနက်ပင်ပန်းနေထားသမျှကိုတောင် ဘယ်ရောက်သွားမှန်း မသိတော့ပါဘူး ။

သမီးဖြစ်သူက ”အဖေ ဘာလို့ ကျောင်းရှေ့ရောက်လာတာလဲ ”” အော် သမီးကို မုန့်ဖိုးလာပေးတာပါ …

မနက်က ပိုက်ဆံမရှိလို့ သမီးကို မုန့်ဖိုးမပေးလိုက်ရဘူးလေ . . ရော့ရော့ဒီမှာ ပိုက်ဆံ ”အဖေဖြစ်သူက ကုန်ထမ်းရင်း ရလာခဲ့တဲ့ တစ်ထောင်တန်သုံးရွက်ထဲက တစ်ရွက်ကို ယူပြီး ပေးလိုက်သည် …

သမီးက တစ်ထောင်တန်ပြဲနေလို့ ” အဖေ သမီးကို ဒါလေး နှင့် လှဲပေးပါလား ။ ဒီတစ်ထောင်တန်က ပြဲနေတယ် ။တော်ကြာ ဝယ်စားလို့ မရမှာစိုးလို့ ”

အဖေဖြစ်သူကလည်း တစ်ထောင်တန် တိတ်ကပ်ထားတာလေးကို ပြန်ယူပြီး အသစ်ချွတ်ချွတ်လေးကို လက်ထဲထည့်ပေးလိုက်သည် ။

သူများတွေ ဝိုင်းကြည့်နေတာ ကြောက်တယ့် ကျွန်မ ။ အပျိုဖော်ဝင်ကာစ ဆိုတော့ ရှက်တတ်တယ်လေ ။အဖေက နောက်ပြီး အင်္ကျ ီက ပြဲစုတ်နေတယ် ။

ပုဆိုးကလည်း ပြဲနေတယ် ။ အဖေနှင့် ကျွန်မကို လူတွေအမြင်မှာ တစ်မျိုးမြင်မှာ စိုးရိမ်တာနဲ့ ” အဖေ အမြန်ပြန်တော့နော် . . တော်ကြာ သမီးသူငယ်ချင်းတွေ သွားရင် သမီးကို လှောင်ပြောင်ပြီး စနေကြအုံးမယ်…

” အော်အေး အေး . .အဖေ နားလည်ပါပြီကွယ် . . ”

” သမီး အထဲဝင်တော့လေ . .အဖေ ဒီမှာ ခဏရပ်ပြီးရင်ပြန်ပါ့မယ် ”

” အဖေရယ် ပြန်လိုက်ပါတော့နော် . .ဒီမှာ အကြာကြီးဆက်ရပ်နေရင် မကောင်းဘူးနော် ” ရှက်လွန်းတဲ့ ကျွန်မ အဖေကို နှင်ထုတ်နေမိသည် ။

”အေးပါကွယ် . .အေးပါ ”အဖေ ကျောခိုင်းပြီး လှည့်ကာ ထွက်သွားသည် ။ အဖေက သီရိမင်္ဂလာဈေးမှာ ကုန်ထမ်းတာလေ

တစ်ခါတစ်လေ ၅ထောင်ရတဲ့ နေ့လည်း ရှိသလို ။ သုံးထောင် ရတဲ့ နေ့လည်းရှိတယ် ။ တစ်ခါတစ်လေ ၈ဝဝဝထောင်ရတာ ရှိပါတယ်။

သမီးတို့ အမေတို့ အိမ်မှာ ကျောင်းမှာနေတဲ့ အချိန်အဖေ က နေပူကြဲကြဲထဲမှာ ဆိုက်ကားပေါ်က ကုန်တွေကိုမ ရင်းထမ်းရင်း သယ်ပိုးနေတယ် ။

ချွေးတွေ တပြိုင်းပြိုင်းလည်း ကျ ပေါ့ရှင့် ။ ညရောက်တော့ သမီးက အမေ့ကို အဖေအားပြောခိုင်းတယ်…

သမီးဖြစ်သူ အိပ်သွားတော့ မိန်းမက ယောကျာ်းကို ပြောလေသည် ။ ” ယောကျာ်း ရှင်ညောင်းနေတာလား ”” အေးကွာ . .ဒီနေ့ နည်းနည်း အကြောတတ်နေတယ်။” ” ဒဏ်ကြေလိမ်းဆေး လိမ်းမလား။ ကျွန်မလိမ်းပေးမယ်လေ” ” အေးကောင်းတာပေါ့ကွာ . . ဒါမှ အကြောပြေမှာ ” ” ပြီးရော ”ေ ဆးလိမ်းပြီးရင်း ပြောလေသည် ။

ယောကျာ်း . . ” အေး ပြောလေ ” ” ရှင် မနက်က သမီးလေးဆီကို သွားတယ်ဆို ” ” အေးဟုတ်တယ်လေ ငါမုန့်ဖိုးသွားပေးတာ ” ” ဘာလို့ သွားရတာလဲရှင် ” ” အော် မင်းကလည်းကွာ . ငါ့သမီး ကျောင်းဘဲ ငါသွားတာ ဘာဖြစ်လို့လဲ ” ” ဘာဖြစ်ရမှာလဲ . .သမီးလေးက ကျွန်မကိုပြောတယ်။

ရှင်ကို ကျောင်းမလာခိုင်းနဲ့ ။ ဘာဖြစ်လို့လဲဆိုတော့ရှင့်ကို သူသူငယ်ချင်းတွေမြင်သွားရင် လှောင်ပြောင်မှာစိုးလို့တဲ့ ။ နောက်ပြီး ဆရာ . .ဆရာမတွေကပါ အထင်သေးသွားလိမ့်မယ် . .

ဒါကြောင့် မုန့်ဖိုးပေးစရာရှိရင် တစ်ခါတည်း ကျောင်းသွားတာနဲ့ ပေးလိုက် ။မဟုတ်ရင်လည်း ကျွန်မ သွားပေးပေးမယ် ။ ရှင်တော့ မသွားပါနဲ့နော် ”ေ ယာကျာ်းဖြစ်သူက ခဏတာ ငြိမ်သက်ကျသွားသည် ။ဘာဖြစ်မှန်း မသိ ။ မျက်ရည်တွေ ဝိုင်းလာပြီး ။ မကျမိအောင် ထိန်းကာ ။ ” အေးပါကွာ . . အေးပါ ။ ငါဆင်ခြင်ပါ့မယ် ။

” ဘာလဲ ရှင်စိတ်မကောင်းဖြစ်သွားတာလား ”

” မဖြစ်ပါဘူး ။ ငါရင်ထဲ နည်းနည်းမကောင်း ဖြစ်သွားတယ်။ ဒါပေမယ့် ငါနားလည်ပါတယ် ။ သမီးလေးလည်း ရှက်မှာပေါ့

သူလည်း ရှက်တတ်တဲ့ အရွယ်ရောက်နေပြီဘဲ ။ နောက်ပြီး ငါကလည်း ကူလီသမားကို ။ အေးပါကွာ နောက်တစ်ခါ မုန့်ဖိုးသွားပေးစရာရှိရငိ မင်းပဲ သွားပေးလိုက်ပါ

” အော် . . မိန်းမ ” ” အင်း ပြောလေ ငါစုနေကြ စုဗူးလေး သွားယူလာခဲ့ ” ” အင်း ” ပြောကာ ထသွားသည် ။ အတန်ငယ်ကြာတော့ ဖိုးဝရုပ် စုဗူးလေး ယူဆောင်လာသည် ။

ဒီစုဗူလေးက ယောကျာ်းဖြစ်သူ အမြဲတမ်း ထည့်ထည့်ပြီး စုနေတာ ။ ဘာစု ဗူးမှန်းလည်း မသိ ။ မေးတော့လည်း မိန်းမ ဖြစ်တဲ့ သူကိုယ်တောင် မပြောဘူး ။

သူက မေးတိုင်း ဘာပြောလဲဆိုတော့ အဲဒီစုဗူးဖောက်တဲ့ေ န့ကျရင် မင်းသိလိမ့်မယ် တဲ့ ။ ဒါပဲ ပြောတယ် ။ အခုလည်း မိန်းမကမေးပြန်တယ် ။

” ယောကျာ်း ရှင် ဒီစုဗူးထဲကို တစ်နေ့နေ့ ပိုက်ဆံတွေထည့်နေတယ်နော် . .’ ” အေးလေ အဲဒါ ဘာဖြစ်လို့လဲ ” ” ကျွန်မ နားမလည်လို့ တစ်ခုမေးမယ် ။

ရှင် အဲဒီစုဗူးထဲကို ပိုက်ဆံတွေ အကုန် ထည့်မယ်အစား တစ်နေ့နေ့ နည်းနည်းချင်းစီဘဲ ထည့်ပါလား ။ ပိုတဲ့ ပိုက်ဆံတွေကိုတော့ ရှင် . . .

အဝတ်စားဖြစ်ဖြစ် ဝယ်ဝတ်ပါလား ။ အဲဒါဆိုရင် အဲဒီအဝတ်စားသစ်နဲ့ ရှင်သမီးလေး ဆီသွားလို့ရတာပေါ့ မဟုတ်ဘူးလား ”

” မဟုတ်ဘူး ။ ငါ ဖယ်လည်းမဖယ်ဘူး ။ ဒီစုဗူးထဲကို ထည့်ရတာကလည်း အကြောင်းရှိတယ် ။ တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် ငါဒီစုဗူးထဲထည့်ရတဲ့ ရည်ရွယ်ချက်ကို မင်းသိလိမ့်မယ် ”

” ရှင် က လျှို့ဝှက်လွန်းတယ် ။ ကျွန်မတောင် မပြောပြဘူးနော် ” ” ဒါကတော့ကွာ လူတစ်ယောက်ရဲ့ လျှိုဝှက်ချက်ဆိုတာရှိရတယ်လေ ။ အဲဒီလျှိုဝှက်ချက်ကိုလည်း ဘယ်သူမှေ ပးမသိရဘူး ။ ဒါမှ လျှိုဝှက်ချက်ခေါ်တာ …

” ဟုတ်ပါပြီ ရှင် . . ဟုတ်ပါပြီ ”

အဖေက အမြဲတမ်း မိသားစု ရှေ့မှာ ပြုံးသည် ။ အဖေ့ကို ကြည့်လိုက်ရင် စိတ်ညစ်စရာ စိတ်ပင်ပန်းစရာ မရှိသလိုပဲ ။ နောက်ပြီး ထူးဆန်းတာက ဖေဖေဟာ ဘယ်တော့မှ နေထိုင်မကောင်းဘူးဆိုတာ မရှိသလိုဘဲ။

အမြဲတမ်း အလုပ်ပဲ လုပ်နေတယ် ။ နေပူကြဲကြဲထဲမှာ ။ မိုးရာသီ ဆိုရင်လည်း မိုးရေတွေထဲမှာ ။ ဆောင်းရာသီဆိုရင်လည်း အေအေးချမ်းချမ်း ခိုက်ခိုက်တုန်နေတဲ့ အချိန်မှာ အင်္ကျ ီစွပ်ကျွယ် အဖြူ လက်ပြတ်နှင့်အမြဲ အလုပ်လုပ်နေတတ်တယ် ။

တစ်နေ့ ကျွန်မ အိမ်ပြန်လာရင်း လမ်းမှာစဉ်းစားမိသည်။ ” ငါတောင် ဆယ်တန်းစာမေးပွဲပြီးပြီဘဲ ။>အဖေနှင့် စကားမပြောရတာ ။ လျှောက်မသွားရတာ အတော်ကြာပြီ ။ အမေနှင့်ကတော့ တွှေုဖြစ်တယ် ။

စကားပြောဖြစ်တယ် ။ အဖေကတော့ ငါအိပ်မှ အိမ်ပြန်လာတယ် ။ ဒီနေ့ကစပြီး အဖေ့ကို ငါကောင်းကောင်းစကားပြောလို့ရပြီ ။ လျှောက်သွားမယ်။ လျှောက်လည်မယ် ” အတွေးဖြင့် အိမ်ရောက်လာတော့ အမေက ငိုနေသည် ။ တရှိုက်ရှိုက်နဲ့ကို ။

” အမေ . . အမေ ဘာဖြစ်တာလဲ ။ အမေ ဘာလိုငိုနေတာလဲ ”

” သမီး . . ညဉ်း . .ညဉ်း အဖေ ကားတိုက်ခံရပြီးဆုံးပြီ ။ ”

” ရှင် ! ” ကျွန်မနားထဲမှာ အဖေဆိုတာ ဆုံးပြီးစကားလုံးဝ မယုံနိုင်ဘူး ။ အဖေက ကားတိုက်ခံရတာ ။ မူးပြီးလှဲကျတာတဲ့ ။

လမ်းမမှာ မူးပြီးလှဲတုန်းက ကားတွေတက်ကြိတ်လို့ ။ အပိုင်းပိုင်း ဖြစ်သွားပြီတဲ့ ။ ကံဆိုးလိုက်တဲ့ ကျွန်မတို့ အဖေ။

ညရောက်တော့ အမေ က ပစ်တိုင်းထောင် ဖိုးဝရုပ် အရုပ်လေးကို ယူလာသည် ။ အမေကပြောတယ် ။

” သမီး နင့်အဖေက ဟော့ဒီ အရုပ်လေးကို ညတိုင်းပိုက်ဆံလေးတွေ ထည့်ထည့်ပေးတယ် ။

အဲဒီအရုပ်လေးကို တယုတယ သူမြတ်နိုးတယ် ။ ဒီထဲမှာ ဘာရှိလဲဆိုတာတောင် သူကလွဲပြီး အမေကိုယ့်တောင် မပြောပြဘူး ။

အခု ဒီထဲမှာ ဘာရှိလဲဆိုတာ အမေတို့ တွေ ဖောက်ကြည့်ရအောင် ”

ခွမ်းခနဲ ခွဲပစ်လိုက်သည် ။ ကျွန်မက စိတ်ဝင်စားစွာကြည့်နေမိသည် ။ ပစ်တိုင်းထောင် အရုပ်လေးကွဲသွားတော့ အထဲထဲမှာ ပိုက်ဆံတွေ အများကြီးဘဲ . .နောက်ပြီး စာတစ်စောင်ပါတွှေုတယ် ။ စာတစ်စောင်ကို အမေက ကောက်ကာငင်ကာ ယူဖတ်လိုက်သည် ။

အိုစာဖတ်လိုက်တာနဲ့ မေမေ့ မျက်ဝန်းတွေ မဟားတအားစိုလာပြီး စာတောင်ဆက်မဖတ်နိုင်တော့ဘူး ။ ငိုကြီးချက်မဖြင့် ငိုချတော့သည် ။ အမေ့ကို ကြည့်ပြီး ကျွန်မလည်း လန့်ထိတ်ကာ လက်ထဲကစာကို ဆွဲယူပြီး ဖတ်လိုက်သည် ။

” သမီး . . အဖေ သမီးကို ချစ်တယ် ။ အရမ်းချစ်တယ်။အရမ်းချစ်လို့လည်း ငွေတွေစုထားတယ် ။ အဲဒီငွေတွေကဟော့ဒီက ငါ့သမီးလေး တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မင်္ဂလာဆောင်မယ် ။ လက်ထပ်တဲ့ အချိန်ကျရင် သုံးဖို့ပါ ။

အဖေ့လို ကူလီသမားတစ်ယောက်ဟာဆိုရင် သမီးလေးအတွက် အရှက်ရစေမှာ အဖေသိပါတယ် ။ ဒါကြောင့်ဖေဖေ အဲဒီမင်္ဂလာပွဲကို မတက်ရောက်တော့ဘူးသမီး ။

မမြင်ကွယ်ရာ တစ်ထောင့်တစ်နေရာကဘဲ ဝမ်းသာပီတိနဲ့ အဖေ လက်ခုပ်တီးနေမှာပါ ။ အဖေမျက်ရည်တွေဖြင့် ပြုံးပြီး ကျေနပ်နေမှာပါကွယ် ။ဖေဖေလို လူရာမဝင်တဲ့ အဖေ့ ဘယ်မှာလဲလို့ သားရှင် ဘက်က မေးလာရင် ။

ဖေဖေဟာ အစကကြီးတည်းက သေသွားခဲ့ပါပြီးလို့ ပြောလိုက်ပါကွယ် ။ ဖေဖေ နားလည်ပါတယ် ။ ဖေဖေဟာ ကူလီသမားတစ်ယောက် ပညာမတတ်။ စာမတတ် ။ ငါသမီးလေးလို ရုပ်ချော ပညာတတ် လေးရဲ့ အဖေဖြစ်ဖို့ မထိုက်တန်ဘူး ။

သမီးလေးကို လည်း အရှက်မရစေချင်ပါဘူး ။ ဖေဖေဟာဆိုရင်ဖြင့် အဖေလို့ မခေါ်ထိုက်တဲ့လူတစ်ယောက်ပါ ။ အဖေ့ကြောင့် ငါ့သမီးလေး အရှက်ရမှာ အဖေမလိုလားဘူး။ ဒါကြောင့် အဖေပိုက်ဆံတွေထားခဲ့မယ်နော် ။

နောက်ပြီး ဒီစုဗူးလေး ဖောက်တဲ့ အဲအချိန်ဟာ မင်္ဂလာပွဲကျင်းပ ဖို့ တစ်ရက်အလိုဆိုတာဖေဖေသိတယ် ။

အဖေလည်း ရှိမှာ မဟုတ်တော့ဘူး ။သမီးလေး မမြင်ကွယ်ရာတစ်နေရာသွားပြီး သွားရှောင်နေ မှာပါ ။ သမီးကို ချစ်ခြင်းများစွာဖြင့် ဖေဖေ ” စာဆုံးသွားတော့ မျက်ရည်တွေဟာ မဖိတ်ခေါ်ဘဲ >ပါးပေါ်သို့ စီးကျလာသည် ။ အဖေရဲ့မေတ္တာကို ခံစားရင်းအသံတောင် မထွက်နိုင်လောက်အောင် သမီးဖြစ်သူကတရှိုက်ရှိုက်ငိုနေမိသည် ။

ဖေဖေ့ကို ကျောင်းမလာခိုင်းတဲ့ ကျွန်မ ။ ကျောင်းလာရင်အရှက်ရပါတယ်တဲ့ ။ ပင်ပင်ပန်းပန်း နေပူကြဲထဲထီးမဆောင်း ဘာမဆောင်းဖြင့် တကူတကမုန့်ဖိုးလာပေးတဲ့ ဖေဖေ့ကို မှ ကျွန်မ ဟာ အင်မတန်မှ မိုက်မဲလွန်းလှစွာဖြင့် နှင်ထုတ်ခဲ့မိတယ် ။

နောင်တရပါတယ် ။ အရမ်းကို နောင်တရပါတယ် ။တစ်ထောင်တန်က စုတ်နေလို့ စားလို့ မရမှာစိုးလို့ လဲခိုင်းခဲ့တဲ့ ကျွန်မ ။ အချိန်တိုင်း အားရင် အလုပ်ပတ်တကုတ်ကုတ်လုပ်နေရတာလဲ သိပြီ ။ ဘာလို့ နေမကောင်းရင် နေကောင်းပါတယ်ဆိုတာလည်း သိပြီ။

ရာသီတွေအလီလီပြောင်းသွားလည်း မပင်မပန်း အလုပ်တွေ လုပ်တာလည်း သိပြီ ။ တစ်နေ့လုံးညောင်းနေရတာ ဘာကြောင့်လဲ အခုသိပြီ ။ ဖေဖေ့မှာ ဝတ်စရာမရှိတာ အခုသိပြီ ။ အင်္ကျ ီသစ်တစ်စုံတောင် မဝယ်ဘဲနေခဲ့တာ ရင်ထုနာလိုက်တာရှင် ။

ငါ့အတွက် ။ ငါ့အတွက်အ

ရာအားလုံးကို သူ့သမီးဖြစ်တဲ့ ငါ့အတွက်ပေးဆပ်ခဲ့တာပါလား ။ ဖေဖေရယ် တောင်းပန်ပါတယ် ။ အစက အဲလိုမှန်း မသိလို့ ပြောမိတာပါ ။

ဖေဖေဟာ အဖေခေါ်ထိုက်တဲ့ ဖခင်ကောင်တစ်ယောက်ပါလောကမှာ ဖခင်တွေရဲ့မေတ္တာဟာ အပြင်ပန်းဝတ္ထုတွေထက်သာပါတယ်ဆိုတာ အခု သမီးကောင်းကောင်းသိလိုက်ရပါပြီ ။

သမီးလိုက်ရတဲ့ အချိန်ကလည်း အရမ်းနောက်ကျသွားပြီ ။ စောစောသိခဲ့ရင် ဖေဖေ ကျောင်းလာ တာလည်း မငြူစူတော့ဘူး ။ ဒါငါ့အဖေလို့လည်း အများမြင်မှာ အော်ပြောရမှာလည်း မရှက်တော့ဘူး ။

ဖေဖေကို နှင်းပေးဖို့ နှိပ်ပေးဖို့လည်း မဖြစ်နိုင်တော့ဘူး ။ဖေဖေ့ရဲ့ စုတ်ပြတ်သက်တဲ့ အင်္ကျ ီလေးတွေ ရွှေထည်တွေထက် တန်ဖိုးကြီးတယ်ဆိုတာ သမီးသိလိုက်ရပြီ

ဖေဖေ ကို ပိုင်ဆိုင်ရတာဟာ လောကမှာ အကြီးမားဆုံးသော ဆုလာဘ်ကြီးတစ်ခုဆိုတာ သမီးကောင်းကောင်းသိလိုက်ပါပြီဆိုကာ ။

ငိုသံပါပါ လှိုက်လှိုက်ဝဲဝဲဖြင့် ” အဖေ ” လို့ အကျယ်အော်ခေါ်လိုက်မိပါတော့သည် ။

Message. . ဖခင်ဆိုတာ သားသမီးတွေကို ချစ်ပါ သည် ။ သို့သော် ထုတ်မချစ်ပြတတ်ဘူး တကယ်လိုအပ်လာပြီဆိုရင် အသက်တောင် ပေးဖို့ ဝန်မလေးဘူး။

မိန်းမတွေ သားသမီးတွေမထင်မှတ်ထားတာကို စဉ်းစားပြီး လုပ်ပေးထားတတ်ပါတယ်..

About the author

Aung Lay

Leave a Comment