Cele News

အွန်လိုင်းဆယ်လီ ငြိမ်းမြတ်သူကို သွားလှအောင်ပြုပြင်ဖို့အတွက် ငွေကြေးအားလုံးအကုန်ကျခံပြီး ကူညီပေးမယ်ဆိုတဲ့ ထက်အောင်ရှိုင်း

Written by Aung Lay

Tik Tok တွေဆော့ရင်း လူသိများလာခဲ့တဲ့ ငြိမ်းမြတ်သူတစ်ယောက် ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ခြိမ့်ကေကိုနဲ့အတူ သီချင်း MTV တစ်ပုဒ်ရိုက်ကူးခဲ့ပါသေးတယ်။ ဒီနောက်မှာတော့ အလှအပဆိုင်ရာ ဆေးခန်းတစ်ခုမှာ အလှအပပြင်ဆင်မှုလေးတွေလုပ်ခဲ့ပြီးနောက်

ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကိုရော အားပေးမှုတွေကိုပါ တပြိုင်နက်ရရှိခဲ့ပါတယ်။ သူမကို ဝေဖန်သူအများစုဟာ ထင်ထင်ရှားရှားဖြစ်နေ တဲ့ သူမရဲ့သွားနဲ့ပတ်သက်ပြီးပြောကြတာများပါတယ်။

သူမ တင်လိုက်တဲ့ပုံလေးတွေကို အများစုကဝေဖန်နေတာမြင်ပြီး မော်ဒယ်သရုပ်ဆောင် ထက်အောင်ရှိုင်းက စိတ်မကောင်းဖြစ်တာ ကြောင့် Brace (သွားညှိကုထုံး) လုပ်ပေးချင်တဲ့ အကြောင်း ပြောပြလာခဲ့ပါတယ်။ မညီမညာဖြစ်နေတဲ့ သွားပိုင်ရှင်တွေအတွက်တော့ Brace တပ်တာဟာ အတော်လေးကို ထိရောက်တဲ့နည်းလမ်းတစ်ခုပါ။

ဒီလိုကူညီမယ့်အကြောင်းကိုလည်း ” ဒီညီမလေးကို brace တပ်ပေးချင်ပါတယ်.. share ထားတဲ့ caption တွေနဲ့ comment တွေ ဖတ်ရတာ တကယ်စိတ်မကောင်းဘူး သူကိုယ်တိုင်လက်ခံရင်

ကျနော်အားလုံးအကုန်ကျခံပီး brace တပ်ပေးမယ် ” ဆိုပြီး ထက်အောင်ရှိုင်းက ငြိမ်းမြတ်သူရဲ့ ပုံရိပ်တွေကို share ပြီး ရေးသားခဲ့တာပါ။ စေတနာကောင်းတဲ့မင်းသား ဒီထက်ပိုပြီးအောင်မြင်ပါစေ။

Zawgyi






About the author

Aung Lay

Leave a Comment