ကပ်ရောဂါကာလအတွင်း လူစုလူဝေးဦးဆောင်ပြုလုပ်မှုကြောင့် သဘာဝဘေးဆိုင်ရာ ဥပဒေဖြင့်အမှုဖွင့် ထားသော နာမည်ကျော် တရားဟောဆရာဒေးဗစ်လားနှင့် ဦးဝေထွန်းတို့သည် ယနေ့ မရမ်းကုန်းမြို့နယ် တရားရုံး၌ အာမခံလျှောက်ထားရာ တရားသူကြီးက ပယ်ချလိုက်သည်။
ဒေးဗစ်လားတို့ဘက်မှ လိုက်ပါဆောင်ရွက်သည့်ရှေ့နေက ယနေ့ ရုံးချိန်းတွင် အာမခံလျှောက်ထားခဲ့ခြင်းဖြစ်ပြီး တရားလိုဘက်မှရှေ့နေက ကန့်ကွက်ခဲ့သောကြောင့် မရမ်းကုန်းမြို့နယ်တရားသူကြီးက ပယ်ချခဲ့သည်။
၎င်းတို့နှစ်ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။
အဆိုပါအမှုကို ဇွန်လ ၈ ရက်တွင် စတင်စစ်ဆေးမည်ဖြစ်သည်။ယနေ့ရုံးချိန်းသို့ ဒေးဗစ်လားအားလာရောက်ဝန်းရံသူအချို့ကလည်း တရားရုံးဝန်းအတွင်း ဆုတောင်းမှု များလည်းပြုလုပ်ခဲ့သည်။
Zawgyi
ကပ္ေရာဂါကာလအတြင္း လူစုလူေဝးဦးေဆာင္ျပဳလုပ္မႈေၾကာင့္ သဘာဝေဘးဆိုင္ရာ ဥပေဒျဖင့္အမႈဖြင့္ ထားေသာ နာမည္ေက်ာ္ တရားေဟာဆရာေဒးဗစ္လားႏွင့္ ဦးေဝထြန္းတို႔သည္ ယေန႔ မရမ္းကုန္းၿမိဳ႕နယ္ တရား႐ုံး၌ အာမခံေလွ်ာက္ထားရာ တရားသူႀကီးက ပယ္ခ်လိုက္သည္။
ေဒးဗစ္လားတို႔ဘက္မွ လိုက္ပါေဆာင္႐ြက္သည့္ေရွ႕ေနက ယေန႔ ႐ုံးခ်ိန္းတြင္ အာမခံေလွ်ာက္ထားခဲ့ျခင္းျဖစ္ၿပီး တရားလိုဘက္မွေရွ႕ေနက ကန႔္ကြက္ခဲ့ေသာေၾကာင့္ မရမ္းကုန္းၿမိဳ႕နယ္တရားသူႀကီးက ပယ္ခ်ခဲ့သည္။
၎တို႔ႏွစ္ဦးကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒပုဒ္မ ၂၅ ျဖင့္ တရားစြဲဆိုထားျခင္းျဖစ္သည္။
အဆိုပါအမႈကို ဇြန္လ ၈ ရက္တြင္ စတင္စစ္ေဆးမည္ျဖစ္သည္။ယေန႔႐ုံးခ်ိန္းသို႔ ေဒးဗစ္လားအားလာေရာက္ဝန္းရံသူအခ်ိဳ႕ကလည္း တရား႐ုံးဝန္းအတြင္း ဆုေတာင္းမႈ မ်ားလည္းျပဳလုပ္ခဲ့သည္။