ငယ်ငယ် ကအလုပ်တွေအတူလု ပ်ခဲ့ တဲ့ သက်တူရွယ် တူသူငယ်ချင်းတွေဖြစ်ပေမယ့် အခုချိန်ထိ နုပျိုနေဆဲဖြစ်တဲ့ စိုင်းစိုင်းကို အားကျနေတဲ့ စမိုင်းလ်
စိုင်းစိုင်းခမ်းလှိုင်နဲ့ စမိုင်းလ်ကတော့ သက်တူရွယ်တူ သူငယ်ချင်းတွေဖြစ်ပြီး မော်ဒယ်လ်တွေအဖြစ် အနုပညာလောကထဲကို တစ်ချိန်တည်း ဝင်ရောက်ခဲ့သူတွေဖြစ်ပါတယ်။ လက်ရှိမှာတော့ စိုင်းစိုင်းခမ်းလှိုင်က တစ်ကိုယ်တည်း လူပျိုကြီးအဖြစ် အသက်လေးဆယ်ကျော်အရွယ်ကိုရောက်နေပြီဆိုပေမယ့် စမိုင်းလ်ကတော့ အိမ်ထောင်ကျပြီး အရွယ်ရောက်ပြီး သမီးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ကလေးမေမေတစ်ယောက်ဖြစ်နေပြီ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ စမိုင်းလ်က သူ့ရဲ့အနုပညာလောကထဲ စတင်ဝင်ရောက်လာတဲ့ အမှတ်တရတွေနဲ့အတူတူ စမိုင်းလ်နဲ့သူ့ကို တစ်နိုင်ငံလုံးက သတိထားမိတဲ့အကြောင်းတွေကို ပြောပြလာပါတယ်။ စိုင်းစိုင်းရဲ့ ပို့စ်အောက်မှာ စမိုင်းလ်က “အရင်တုန်းကအချိန်တွေလွမ်းပါတယ်။ အဲတုန်းကတည်းကအမြဲကြိုးစားတဲ့သူတစ်ယောက် အခုလိုအချိန်မှာထိပ်ဆုံးကရပ်တည်နေနိုင်တာကျေနပ်ပါတယ်ဟာ🥰 လူပျိုနဲ့ခေးမေဖြစ်သွားတော့ ငါ့မှာတော့အိုရွဲနေချိန် သူကအခုထိနုရွလှပတုန်းလေးဖြစ်နေတုန်း 😩😫😭😭” ဆိုပြီး ပြောထားပါတယ်။
စိုင်းစိုင်းကလည်း အနုပညာလောကမှာ ထိပ်ဆုံးက ရပ်တည်အောင်မြင်နေသလို စမိုင်းလ်ကလည်း ဒီနေ့ဒီအချိန်ထိ ပရိသတ်ကြားမှာ ထင်ရှားနေဆဲ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ စမိုင်းလ်တို့ သူငယ်ချင်းနှစ်ယောက်ကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်နော်။
Zawgyi
ငယ္ငယ္ ကအလုပ္ေတြအတူလု ပ္ခဲ့ တဲ့ သက္တူရြယ္ တူသူငယ္ခ်င္းေတြျဖစ္ေပမယ့္ အခုခ်ိန္ထိ ႏုပ်ိဳေနဆဲျဖစ္တဲ့ စိုင္းစိုင္းကို အားက်ေနတဲ့ စမိုင္းလ္
စိုင္းစိုင္းခမ္းလွိုင္နဲ႔ စမိုင္းလ္ကေတာ့ သက္တူရြယ္တူ သူငယ္ခ်င္းေတြျဖစ္ၿပီး ေမာ္ဒယ္လ္ေတြအျဖစ္ အႏုပညာေလာကထဲကို တစ္ခ်ိန္တည္း ဝင္ေရာက္ခဲ့သူေတြျဖစ္ပါတယ္။ လက္ရွိမွာေတာ့ စိုင္းစိုင္းခမ္းလွိုင္က တစ္ကိုယ္တည္း လူပ်ိဳႀကီးအျဖစ္ အသက္ေလးဆယ္ေက်ာ္အရြယ္ကိုေရာက္ေနၿပီဆိုေပမယ့္ စမိုင္းလ္ကေတာ့ အိမ္ေထာင္က်ၿပီး အရြယ္ေရာက္ၿပီး သမီးႏွစ္ေယာက္ကို ပိုင္ဆိုင္ထားတဲ့ ကေလးေမေမတစ္ေယာက္ျဖစ္ေနၿပီ ျဖစ္ပါတယ္။
ဒီေန႔မွာေတာ့ စမိုင္းလ္က သူ႔ရဲ့အႏုပညာေလာကထဲ စတင္ဝင္ေရာက္လာတဲ့ အမွတ္တရေတြနဲ႔အတူတူ စမိုင္းလ္နဲ႔သူ႔ကို တစ္နိုင္ငံလုံးက သတိထားမိတဲ့အေၾကာင္းေတြကို ေျပာျပလာပါတယ္။ စိုင္းစိုင္းရဲ့ ပို႔စ္ေအာက္မွာ စမိုင္းလ္က “အရင္တုန္းကအခ်ိန္ေတြလြမ္းပါတယ္။ အဲတုန္းကတည္းကအျမဲႀကိဳးစားတဲ့သူတစ္ေယာက္ အခုလိုအခ်ိန္မွာထိပ္ဆုံးကရပ္တည္ေနနိုင္တာေက်နပ္ပါတယ္ဟာ🥰 လူပ်ိဳနဲ႔ေခးေမျဖစ္သြားေတာ့ ငါ့မွာေတာ့အိုရြဲေနခ်ိန္ သူကအခုထိႏုရြလွပတုန္းေလးျဖစ္ေနတုန္း 😩😫😭😭” ဆိုၿပီး ေျပာထားပါတယ္။
စိုင္းစိုင္းကလည္း အႏုပညာေလာကမွာ ထိပ္ဆုံးက ရပ္တည္ေအာင္ျမင္ေနသလို စမိုင္းလ္ကလည္း ဒီေန႔ဒီအခ်ိန္ထိ ပရိသတ္ၾကားမွာ ထင္ရွားေနဆဲ မင္းသမီးတစ္လက္ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ခ်စ္စရာေကာင္းတဲ့ စိုင္းစိုင္းခမ္းလွိုင္နဲ႔ စမိုင္းလ္တို႔ သူငယ္ခ်င္းႏွစ္ေယာက္ကိုၾကည့္ၿပီး သေဘာက်ေနၾကမယ္ ထင္ပါတယ္ေနာ္။