Cele News

မကြာမီကျရောက်လာတော့မယ့် 24 နှစ်ပြည့် မွေးနေ့လေးအတွက် ပျော်ရွှင်ရင်ခုန်နေတဲ့ ဧငြိမ်းဖြူ

Written by Aung Lay




Source-A Nyein Phyu

Unicode

ဧငြိမ်းဖြူလေးကတော့ အနုပညာအလုပ်တွေ ဖြေးဖြေးနဲ့မှန်မှန် လုပ်ကိုင်နေပြီး ပရိသတ်အားပေးမှု များစွာရရှိနေသူတစ်ယောက်ပဲဖြစ်ပါတယ်။ နိုင်ငံခြားသူလေးလို ဘိုဆန်တဲ့အလှတွေနဲ့ အမိုက်စား အရပ်ကတော့ မိန်းကလေးချင်းတောင် ကြွေသွားရလောက်တယ်လို့ ဆိုရမှာပါ ။

ဧငြိမ်းဖြူ ကတော့ အဆိုတော် ရဲရင့်အောင်ရဲ့ ချစ်သူဖြစ်ပြီး ပရိသတ်တွေအားကျနေရတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားရသလို အနုပညာအလုပ်တွေလည်း ကြိုးစားလုပ်ဆောင်နေသူလေးပါ ။အခုဆိုရင်တော့ ဧငြိမ်းဖြူက ဧပြီလထဲမှာကျရောက်တော့ သူရဲ့မွေးနေ့လေးအကြောင်းကို သူ့ရဲ့လူမှုကွန်ရက်ကနေ မျှဝေထားတာပဲဖြစ်ပါတယ်။

ဧငြိမ်းဖြူ ကတော့ ”အခုလာမဲ့ 24 ရက်နေ့ဆို 24 နှစ်ပြည့်ပြီ ဒါနဲ့ အချောလေးတွေက April မှာပဲမွေးတာတဲ့” ဆိုပြီး ရေးသားထားတာပဲဖြစ်ပါတယ်။ပရိသတ်တွေအတွက် ဧငြိမ်းဖြူလေးရဲ့ မွေးနေ့ကျရောက်တော့မယ်အကြောင်းကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ဧငြိမ်းဖြူ ရဲ့မွေးနေ့လေးအတွက် အကြိုမွေးနေ့ဆုမွန်ကောင်းလေးတောင်းပေးခဲ့ပါအုံးနော်။

About the author

Aung Lay

Leave a Comment