ၾကားသိရသမ်ွ

စိတ်ထဲကြေကွဲစရာ နာရေးသတင်းလေးပါ

Written by Aung Lay

စိတ္ထဲေၾကကြဲစရာ နာေရးသတင္းေလးပါ ။ စည္းကမ္းမဲ့ေမာင္းတိုက္ၿပီးေျပးတဲ့လူ႔ငႏြားေရမင္း သက္ရွည္က်န္းမာပါေစ ။

သုံးဦးေသဆုံးသည့္ YBS (၄၀)ယာဥ္တိုက္မႈမွ ယာဥ္ေမာင္းက ယာဥ္ေမာင္းအျဖစ္ မွတ္ပုံတင္ထားျခင္း မရွိ

ယမန္ေန႔က လူ ၃ ဦးေသဆုံးခဲ့သည့္ YBS (၄၀)ယာဥ္တိုက္မႈျဖစ္ပြားခဲ့ရာ ယင္းYBS (၄၀)၏ ယာဥ္ေမာင္းသည္ YRTA တြင္ ယာဥ္ေမာင္းအျဖစ္ မွတ္ပုံတင္ထားျခင္းမရွိဘဲ ယာဥ္ပိုင္ရွင္က တက္ေရာက္ေမာင္းႏွင္

ခိုင္းျခင္းျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႉအာဏာပိုင္အဖြဲ႕(YRTA )မွ ယေန႔ ဇြန္လ ၃ ရက္တြင္ သိရသည္။

ထို႔ေၾကာင့္ ဥပေဒေၾကာင္းအရသာမက YRTA စည္းမ်ဥ္းအတိုင္း ထိေရာက္စြာအေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။ဇြန္ ၂ရက္ နံနက္ ၆နာရီခန႔္က ရန္ကုန္တိုင္းေဒသႀကီး ၊ အေနာက္ပိုင္းခရိုင္၊

ကမာရြတ္ၿမိဳ႕နယ္ ၊အမွတ္ (၄)ရပ္ကြက္၊ ဘုရင့္ေနာင္လမ္းမႀကီးတြင္ YBS(၄၀)ႏွင့္ Taxi မ်က္ႏွာခ်င္းဆိုင္တိုက္မိ၍ တကၠစီယာဥ္ေပၚပါ ၃ ဦးစလုံးပြဲခ်င္းၿပီး ေသဆုံးခဲ့သည္။

အဆိုပါ ယာဥ္တိုက္မႈျဖစ္ပြားခဲ့သည့္ YBS ယာဥ္ေမာင္းမွာ ထြက္ေျပးတိမ္းေရွာင္ေနသျဖင့္ သက္ဆိုင္ရာယာဥ္လိုင္းမွတစ္ဆင့္ ရွာေဖြေနၿပီး YRTA မွ ခြင့္ျပဳခ်က္ထုတ္ေပးထားသည့္ Smart Card ယာဥ္ေမာင္းမွတ္ပုံတင္ထားျခင္းလည္းမရွိေပ။

“သက္ဆိုင္ရာယာဥ္လိုင္းက အစီရင္ခံစာကို ေတာင္းထားပါတယ္။ယာဥ္တိုက္မႈျဖစ္ပြားခဲ့တဲ့ ယာဥ္ေမာင္းကထြက္ေျပးသြားလို႔ လိုက္စုံစမ္းေနပါတယ္။ ယာဥ္ပိုင္ရွင္ကေနဆက္စပ္ၿပီး

စုံစမ္းတာလုပ္ေနတယ္ၾကားတယ္။ယာဥ္ေမာင္းက YRTA မွာ မွတ္ပုံတင္ထားတာမရွိပါဘူး။ အေရးယူဖို႔က သူရဲ့ဥပေဒေၾကာင္းအရလည္းအေရးယူမယ္။ ဒီဘက္က ေပၚေပါက္တဲ့အေပၚမူတည္ၿပီး

YRTA စည္းကမ္းနဲ႔လည္းအေရးယူမွာပါ။”ဟုရန္ကုန္တိုင္းေဒသႀကီး အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မွအာဏာပိုင္အဖြဲ႕(YRTA )တြဲဖက္အတြင္းေရးမႉးဦးလွေအာင္က ျမန္မာတိုင္းမ္သို႔ ယေန႔ဇြန္ ၃ ရက္တြင္ ေျပာၾကားသည္။

ရန္ကုန္ၿမိဳ႕တြင္း ေမာင္းႏွင္ေနသည့္ YBS ခရီးသည္တင္ယာဥ္ေမာင္းမ်ား စည္းကမ္းေဖာက္ဖ်က္မႈမ်ားကို ထိန္းခ်ဳပ္နိုင္ရန္အတြက္ နည္းပညာအသုံးျပဳထားသည့္ Smart Card မ်ားထုတ္ေပးထားသည္။

လက္ရွိတြင္ YBS ယာဥ္လိုင္းကုမၸဏီမ်ားမွ ယာဥ္ေမာင္း ၄,၈၀ဝ ေက်ာ္ကို Smart Card ထုတ္ေပးထားရာ ယင္းSmart card မ်ားတြင္YBS ယာဥ္ ေမာင္းႏွင္ခဲ့သည့္

ကိုယ္ေရးအခ်က္အလက္အျပည့္စုံ Data မ်ားသိမ္းဆည္းၿပီး Smart card ထုတ္ေပးထားသည့္ယာဥ္ေမာင္းမ်ားကိုသာ YBS ယာဥ္လိုင္းအတြင္း ေမာင္းႏွင္ခြင့္ေပးထားသည္။

နိုင္ေအာင္ 03 JUN 2020 | ပုံ crd ေပးပါတယ္။

Unicode

စိတ်ထဲကြေကွဲစရာ နာရေးသတင်းလေးပါ ။ စည်းကမ်းမဲ့မောင်းတိုက်ပြီးပြေးတဲ့လူ့ငနွားရေမင်း သက်ရှည်ကျန်းမာပါစေ ။

သုံးဦးသေဆုံးသည့် YBS (၄၀)ယာဉ်တိုက်မှုမှ ယာဉ်မောင်းက ယာဉ်မောင်းအဖြစ် မှတ်ပုံတင်ထားခြင်း မရှိ

ယမန်နေ့က လူ ၃ ဦးသေဆုံးခဲ့သည့် YBS (၄၀)ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ယင်းYBS (၄၀)၏ ယာဉ်မောင်းသည် YRTA တွင် ယာဉ်မောင်းအဖြစ် မှတ်ပုံတင်ထားခြင်းမရှိဘဲ ယာဉ်ပိုင်ရှင်က တက်ရောက်မောင်းနှင်

ခိုင်းခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှူအာဏာပိုင်အဖွဲ့(YRTA )မှ ယနေ့ ဇွန်လ ၃ ရက်တွင် သိရသည်။

ထို့ကြောင့် ဥပဒေကြောင်းအရသာမက YRTA စည်းမျဉ်းအတိုင်း ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ဇွန် ၂ရက် နံနက် ၆နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး ၊ အနောက်ပိုင်းခရိုင်၊

ကမာရွတ်မြို့နယ် ၊အမှတ် (၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးတွင် YBS(၄၀)နှင့် Taxi မျက်နှာချင်းဆိုင်တိုက်မိ၍ တက္ကစီယာဉ်ပေါ်ပါ ၃ ဦးစလုံးပွဲချင်းပြီး သေဆုံးခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် YBS ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် သက်ဆိုင်ရာယာဉ်လိုင်းမှတစ်ဆင့် ရှာဖွေနေပြီး YRTA မှ ခွင့်ပြုချက်ထုတ်ပေးထားသည့် Smart Card ယာဉ်မောင်းမှတ်ပုံတင်ထားခြင်းလည်းမရှိပေ။

“သက်ဆိုင်ရာယာဉ်လိုင်းက အစီရင်ခံစာကို တောင်းထားပါတယ်။ယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့ ယာဉ်မောင်းကထွက်ပြေးသွားလို့ လိုက်စုံစမ်းနေပါတယ်။ ယာဉ်ပိုင်ရှင်ကနေဆက်စပ်ပြီး

စုံစမ်းတာလုပ်နေတယ်ကြားတယ်။ယာဉ်မောင်းက YRTA မှာ မှတ်ပုံတင်ထားတာမရှိပါဘူး။ အရေးယူဖို့က သူရဲ့ဥပဒေကြောင်းအရလည်းအရေးယူမယ်။ ဒီဘက်က ပေါ်ပေါက်တဲ့အပေါ်မူတည်ပြီး

YRTA စည်းကမ်းနဲ့လည်းအရေးယူမှာပါ။”ဟုရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှအာဏာပိုင်အဖွဲ့(YRTA )တွဲဖက်အတွင်းရေးမှူးဦးလှအောင်က မြန်မာတိုင်းမ်သို့ ယနေ့ဇွန် ၃ ရက်တွင် ပြောကြားသည်။

ရန်ကုန်မြို့တွင်း မောင်းနှင်နေသည့် YBS ခရီးသည်တင်ယာဉ်မောင်းများ စည်းကမ်းဖောက်ဖျက်မှုများကို ထိန်းချုပ်နိုင်ရန်အတွက် နည်းပညာအသုံးပြုထားသည့် Smart Card များထုတ်ပေးထားသည်။

လက်ရှိတွင် YBS ယာဉ်လိုင်းကုမ္ပဏီများမှ ယာဉ်မောင်း ၄,၈၀ဝ ကျော်ကို Smart Card ထုတ်ပေးထားရာ ယင်းSmart card များတွင်YBS ယာဉ် မောင်းနှင်ခဲ့သည့်

ကိုယ်ရေးအချက်အလက်အပြည့်စုံ Data များသိမ်းဆည်းပြီး Smart card ထုတ်ပေးထားသည့်ယာဉ်မောင်းများကိုသာ YBS ယာဉ်လိုင်းအတွင်း မောင်းနှင်ခွင့်ပေးထားသည်။

About the author

Aung Lay

Leave a Comment