ၾကားသိရသမ်ွ

ကမ္ဘာကျော်လာတော့မယ့် လူတွေ သိပ်မသိသေးတဲ့ မြန်မာပြည်က နေရာလေးတစ်ခု

Written by Aung Lay

ေက်ာင္းတိုက္ ဖြင့္ခ်ိန္ မနက္ ၇ နာရီ ကေန ညေန ၆ နာရီထိ ေန႔စဥ္ဖြင့္ ပါတယ္။ေဆာင္ရန္ ေရွာင္ရန္ မိသားစု နဲ႔ပဲ သြားသြား သူငယ္ခ်င္း ေတြနဲ႔ပဲသြားအဆင္ေျပတဲ့ေနရာေလးပါ ၊ စုံတြဲနဲ႔သြားမယ္ ဆိုရင္ေတာ့ မဖြယ္မရာမလုပ္ ဖို႔ တင္းၾကပ္ ထားပါတယ္ ၊ ေအးခ်မ္း တိတ္ဆိတ္ တဲ့ေနရာမို႔ ဆူညံျခင္းလဲ မျပဳရပါဘူးေနာ္ ။

အလာေရာ အျပန္ပါဘုရားႏွစ္ခါရွိခိုးရပါတယ္။ဧည့္သည္မွတ္တမ္း စာရင္းျဖည့္ရပါတယ္။ အဂါ ရဝျဖစ္ေစမ ယ့္ အတိုအျပတ္ေတြ ဝတ္စားဆင္ယင္ျခင္းလဲ ခြင့္မျပဳပါဘူး။အမႈိက္ပုံးေတြလဲ ခပ္စိပ္စိပ္ ထားေပးထားတာမို႔ စနစ္တက်စြန႔္ ပစ္ေပးၾကဖို႔လို ပါတယ္ဗ်။ ဓါတ္ပုံမ႐ိုက္ခင္ ဘုန္းဘုန္းကို အရင္ခြင့္ေတာင္းဖို႔လဲလိုပါတယ္ ။

ဒီလိုကမာၻေက်ာ္လာမယ့္ေနရာတခုမွာ ေက်ာက္စာေစတီတဆူလုံးစာလႉဒါန္းႏိုင္သလို ကိုယ္တတ္ႏိုင္သေလာက္ အလႉေငြေတြလဲ ထည့္ ဝင္လႉဒါန္းႏိုင္ဖို႔နဲ႔ သြားေရာက္ၾကည္ညိဳသဒၵါပြါးႏိုင္ၾကဖို႔ ကုသိုလ္သတင္းစကားေလးပါး လိုက္ပါတယ္ဗ် ..‌ေနရာေလးကေတာ့ ေက်ာက္ စာ ေစတီေပါင္း (၁၃၅၀)ဆူ တည္ေဆာက္ၿပီး

ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖို႔ႀကိဳးစားေနတဲ့ စစ္ကိုင္းက “ရွင္သီဝ လိေတာရေက်ာင္းမွ ဓမၼေစတီ မ်ား” ပဲျဖစ္ပါတယ္ ဒီ ေက်ာက္စာေစတီေတြ ဟာ ဗုဒၶဘုရားရွင္ ရဲ႕သစၥာတရားေတာ္ ေတြကို ေက်းဇူးေတာ္ရွင္ မိုးကုတ္ ဆရာေတာ္ဘုရား ႀကီးရဲ႕ ဥပနိသယအတိုင္း

အဆုံးအမမ်ားကိန္းေအာင္းရာ ဓမၼေစတီေတြပဲျဖစ္ပါတယ္။တရားေဒသနာေပါင္း (၁၄၉၁)ပုဒ္ကို ထြင္းထုပူေဇာ္မွာျဖစ္ၿပီး ၂၀၁၆ သီတင္းကြၽတ္လျပည့္ေက်ာ္ကတည္းက တည္ေဆာက္ေနတာျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ ေက်ာက္စာေစတီ (၇၀၂)ဆူ အတြက္အလႉရွင္ရွိေနၿပီး (၄၀၃)ဆူ တည္ေဆာက္ၿပီးစီးေနပါၿပီ။

တည္ေဆာက္လက္ စကေတာ့ အဆူတစ္ရာနီးပါးရွိတယ္လို႔ ဆရာေတာ္အရွင္ဉာဏိႏၵ ကရွင္းျပပါတယ္ဘယ္လိုသြားရမလဲ မႏၲေလးကေန ကား/ဆိုင္ကယ္ နဲ႔ သြားရင္ ၁ နာရီေလာက္ပဲၾကာပါတယ္ ၊ ရတနာပုံတံတားႀကီးကိုေက်ာ္ၿပီး စစ္ကိုင္းေတာင္တက္လမ္းအတိုင္းသြားပါ

ဆြမ္းဦးပုညရွင္ ေစတီ သို႔ဆိုတဲ့ မုဒ္ဦးေတြ႕ရင္ အဲ့ဘက္မလိုက္ပဲ ဆန႔္က်င္ဘက္(ဘယ္ဘက္)မ်က္ႏွာခ်င္းဆိုင္က ရတနာ သိဂႌပရဟိတေက်ာင္းေဘး ဝင္သြားပါ ၊လမ္းဆုံေရာက္ရင္ ညာဘက္ခ်ိဳးၿပီး တန္းတန္းႀကီး ၁၀ မိနစ္ေလာက္ ဝင္သြား႐ုံပါပဲ ၊ လမ္းမွာ (သီတဂူဗုဒၶတကၠသိုလ္ တည္ေဆာက္ေနတာေတြလဲေတြ႕ရလိမ့္မယ္ )

သြားရင္း လမ္းေဘးေက်ာက္ေတာင္နံရံမွာ “ရွင္သီဝလိေတာရ” ဆိုတဲ့စာလုံးႀကီးလွမ္းျမင္ရပါလိမ့္မယ္ ။လမ္း က တခ်ိဳ႕ေနရာေလးေတြ ေျမလမ္းေပမယ့္ ေကာင္းပါတယ္ ကားေလးေတြပါသြားလို႔ရတယ္ ဘာေတြေတြ႕ႏိုင္မလဲ ရွင္သီဝလိေတာရ ေက်ာင္းကို ဝင္ၿပီဆိုတာနဲ႔ အရင္ဆုံး လက္ေဆးရပါတယ္ ၊

ဘုရားရွိခိုးရ ပါတယ္ ၊ ဧည့္သည္မွတ္တမ္းမွာ အမည္ အဘအမည္ လိပ္စာ ဖုန္း နံပါတ္ေတြျဖည့္ရပါတယ္ ၿပီးရင္ေတာ့ ဘုန္းဘုန္းက လာသမွ်ဘုရားဖူး အကုန္လုံးကို ေကာ္ဖီတခြက္နဲ႔ မုန႔္နဲ႔ ကိုယ္တိုင္ဧည့္ခံပါတယ္။ဒီမွာလက္ရွိတည္ေဆာက္ေပးေနတဲ့ လုပ္သားေတြ အကုန္လုံးကိုလဲ ေန႔တိုင္း ေကာ္ဖီနဲ႔ မုန႔္ေကြၽးတယ္လို႔သိရပါတယ္

( ဘုရားဖူးဧည္သည္ + လုပ္သား ေကြၽးေမြးဧည့္ခံဖို႔ တရက္စာ ၃၅၀၀၀ က်ပ္နဲ႔လဲ ကုသိုလ္ျပဳလို႔ရပါတယ္ )ဝင္ေၾကးေကာက္ခံတာ မထည့္မေနရအလႉေငြ ေကာက္ခံတာမ်ိဳးမရွိပါဘူး။ ေကာ္ဖီေသာက္ရင္း ဘုန္းဘုန္းမိန႔္ၾကားတာေတြနားေထာင္ရတာ ဗဟုသုတလဲရပါတယ္ ၊ စက်င္ေက်ာက္ ျပားခ်ပ္ႀကီးေတြကို digital စက္ႀကီးေတြနဲ႔ ဘုရားဝန္းထဲတင္ ထြင္းပါတယ္ ၊

သြားေလ့လာလို႔လဲရပါတယ္ ေက်ာက္စာေစတီ တဆူမွာ မ်က္ႏွာေလးဘက္ပါၿပီး မွန္ကာထားပါတယ္ ေပၚမွာ ထီးပုံအဝိုင္းမိုးထားၿပီး အဲ့အေပၚမွာမွ ေစတီတည္ထားပါတယ္ ။ေအာက္ေျခမွာေတာ့အလႉရွင္နာမည္ေတြ ကဗ်ည္းထိုးေပးထားတာေတြ႕ခဲ့ရပါတယ္ ။ျမန္မာဘာသာနဲ႔ပဲထြင္းထုထားတာမို႔စိတ္ဝင္စားရင္ အကုန္လိုက္ဖတ္ လို႔ရပါတယ္။

ေစတီ (၂၈)ဆူ အတန္းလိုက္ေလးေတြ အဆင့္ဆင့္တည္ထားတာ အရမ္းၾကည္ညိဳဖို႔ေကာင္းပါတယ္ လက္ ရွိကမာၻ႔အႀကီးဆုံးစာအုပ္ႀကီးအျဖစ္ ဂင္းနစ္စံခ်ိန္ဝင္ထားတဲ့ ကုသိုလ္ေတာ္ဘုရားက ေက်ာက္စာခ်ပ္ေပါင္း (၇၂၉)ခ်ပ္ပါ (တခ်ပ္ႏွစ္မ်က္ ႏွာ) ၊ အခု တည္ေဆာက္ေနတဲ့ ရွင္သီဝလိေတာရကေတာ့ ေက်ာက္စာေစတီေပါင္း

(၁၃၅၀) နဲ႔ တဆူမွာ ေလးမ်က္ႏွာနဲ႔ ေက်ာက္စာမ်က္ ႏွာေပါင္း (၅၄၀၀)ဆိုေတာ့ အရည္အတြက္အားျဖင့္ ပိုမ်ားမွာဖို႔ ဂင္းနစ္စံခ်ိန္သိပ္တင္ဖို႔ ေမွ်ာ္လင့္တယ္လို႔ ဘုန္းဘုန္းက မိန႔္ၾကား ပါတယ္။crd : panpyoelat

Unicode

ကျောင်းတိုက် ဖွင့်ချိန် မနက် ၇ နာရီ ကနေ ညနေ ၆ နာရီထိ နေ့စဉ်ဖွင့် ပါတယ်။ဆောင်ရန် ရှောင်ရန် မိသားစု နဲ့ပဲ သွားသွား သူငယ်ချင်း တွေနဲ့ပဲသွားအဆင်ပြေတဲ့နေရာလေးပါ ၊ စုံတွဲနဲ့သွားမယ် ဆိုရင်တော့ မဖွယ်မရာမလုပ် ဖို့ တင်းကြပ် ထားပါတယ် ၊ အေးချမ်း တိတ်ဆိတ် တဲ့နေရာမို့ ဆူညံခြင်းလဲ မပြုရပါဘူးနော် ။

အလာရော အပြန်ပါဘုရားနှစ်ခါရှိခိုးရပါတယ်။ဧည့်သည်မှတ်တမ်း စာရင်းဖြည့်ရပါတယ်။ အဂါ ရဝဖြစ်စေမ ယ့် အတိုအပြတ်တွေ ဝတ်စားဆင်ယင်ခြင်းလဲ ခွင့်မပြုပါဘူး။အမှိုက်ပုံးတွေလဲ ခပ်စိပ်စိပ် ထားပေးထားတာမို့ စနစ်တကျစွန့် ပစ်ပေးကြဖို့လို ပါတယ်ဗျ။ ဓါတ်ပုံမရိုက်ခင် ဘုန်းဘုန်းကို အရင်ခွင့်တောင်းဖို့လဲလိုပါတယ် ။

ဒီလိုကမ္ဘာကျော်လာမယ့်နေရာတခုမှာ ကျောက်စာစေတီတဆူလုံးစာလှူဒါန်းနိုင်သလို ကိုယ်တတ်နိုင်သလောက် အလှူငွေတွေလဲ ထည့် ဝင်လှူဒါန်းနိုင်ဖို့နဲ့ သွားရောက်ကြည်ညိုသဒ္ဒါပွါးနိုင်ကြဖို့ ကုသိုလ်သတင်းစကားလေးပါး လိုက်ပါတယ်ဗျ ..‌နေရာလေးကတော့ ကျောက် စာ စေတီပေါင်း (၁၃၅၀)ဆူ တည်ဆောက်ပြီး

ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖို့ကြိုးစားနေတဲ့ စစ်ကိုင်းက “ရှင်သီဝ လိတောရကျောင်းမှ ဓမ္မစေတီ များ” ပဲဖြစ်ပါတယ် ဒီ ကျောက်စာစေတီတွေ ဟာ ဗုဒ္ဓဘုရားရှင် ရဲ့သစ္စာတရားတော် တွေကို ကျေးဇူးတော်ရှင် မိုးကုတ် ဆရာတော်ဘုရား ကြီးရဲ့ ဥပနိသယအတိုင်း

အဆုံးအမများကိန်းအောင်းရာ ဓမ္မစေတီတွေပဲဖြစ်ပါတယ်။တရားဒေသနာပေါင်း (၁၄၉၁)ပုဒ်ကို ထွင်းထုပူဇော်မှာဖြစ်ပြီး ၂၀၁၆ သီတင်းကျွတ်လပြည့်ကျော်ကတည်းက တည်ဆောက်နေတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ကျောက်စာစေတီ (၇၀၂)ဆူ အတွက်အလှူရှင်ရှိနေပြီး (၄၀၃)ဆူ တည်ဆောက်ပြီးစီးနေပါပြီ။

တည်ဆောက်လက် စကတော့ အဆူတစ်ရာနီးပါးရှိတယ်လို့ ဆရာတော်အရှင်ဉာဏိန္ဒ ကရှင်းပြပါတယ်ဘယ်လိုသွားရမလဲ မန္တလေးကနေ ကား/ဆိုင်ကယ် နဲ့ သွားရင် ၁ နာရီလောက်ပဲကြာပါတယ် ၊ ရတနာပုံတံတားကြီးကိုကျော်ပြီး စစ်ကိုင်းတောင်တက်လမ်းအတိုင်းသွားပါ

ဆွမ်းဦးပုညရှင် စေတီ သို့ဆိုတဲ့ မုဒ်ဦးတွေ့ရင် အဲ့ဘက်မလိုက်ပဲ ဆန့်ကျင်ဘက်(ဘယ်ဘက်)မျက်နှာချင်းဆိုင်က ရတနာ သိင်္ဂီပရဟိတကျောင်းဘေး ဝင်သွားပါ ၊လမ်းဆုံရောက်ရင် ညာဘက်ချိုးပြီး တန်းတန်းကြီး ၁၀ မိနစ်လောက် ဝင်သွားရုံပါပဲ ၊ လမ်းမှာ (သီတဂူဗုဒ္ဓတက္ကသိုလ် တည်ဆောက်နေတာတွေလဲတွေ့ရလိမ့်မယ် )

သွားရင်း လမ်းဘေးကျောက်တောင်နံရံမှာ “ရှင်သီဝလိတောရ” ဆိုတဲ့စာလုံးကြီးလှမ်းမြင်ရပါလိမ့်မယ် ။လမ်း က တချို့နေရာလေးတွေ မြေလမ်းပေမယ့် ကောင်းပါတယ် ကားလေးတွေပါသွားလို့ရတယ် ဘာတွေတွေ့နိုင်မလဲ ရှင်သီဝလိတောရ ကျောင်းကို ဝင်ပြီဆိုတာနဲ့ အရင်ဆုံး လက်ဆေးရပါတယ် ၊

ဘုရားရှိခိုးရ ပါတယ် ၊ ဧည့်သည်မှတ်တမ်းမှာ အမည် အဘအမည် လိပ်စာ ဖုန်း နံပါတ်တွေဖြည့်ရပါတယ် ပြီးရင်တော့ ဘုန်းဘုန်းက လာသမျှဘုရားဖူး အကုန်လုံးကို ကော်ဖီတခွက်နဲ့ မုန့်နဲ့ ကိုယ်တိုင်ဧည့်ခံပါတယ်။ဒီမှာလက်ရှိတည်ဆောက်ပေးနေတဲ့ လုပ်သားတွေ အကုန်လုံးကိုလဲ နေ့တိုင်း ကော်ဖီနဲ့ မုန့်ကျွေးတယ်လို့သိရပါတယ်

( ဘုရားဖူးဧည်သည် + လုပ်သား ကျွေးမွေးဧည့်ခံဖို့ တရက်စာ ၃၅၀၀၀ ကျပ်နဲ့လဲ ကုသိုလ်ပြုလို့ရပါတယ် )ဝင်ကြေးကောက်ခံတာ မထည့်မနေရအလှူငွေ ကောက်ခံတာမျိုးမရှိပါဘူး။ ကော်ဖီသောက်ရင်း ဘုန်းဘုန်းမိန့်ကြားတာတွေနားထောင်ရတာ ဗဟုသုတလဲရပါတယ် ၊ စကျင်ကျောက် ပြားချပ်ကြီးတွေကို digital စက်ကြီးတွေနဲ့ ဘုရားဝန်းထဲတင် ထွင်းပါတယ် ၊

သွားလေ့လာလို့လဲရပါတယ် ကျောက်စာစေတီ တဆူမှာ မျက်နှာလေးဘက်ပါပြီး မှန်ကာထားပါတယ် ပေါ်မှာ ထီးပုံအဝိုင်းမိုးထားပြီး အဲ့အပေါ်မှာမှ စေတီတည်ထားပါတယ် ။အောက်ခြေမှာတော့အလှူရှင်နာမည်တွေ ကဗျည်းထိုးပေးထားတာတွေ့ခဲ့ရပါတယ် ။မြန်မာဘာသာနဲ့ပဲထွင်းထုထားတာမို့စိတ်ဝင်စားရင် အကုန်လိုက်ဖတ် လို့ရပါတယ်။

စေတီ (၂၈)ဆူ အတန်းလိုက်လေးတွေ အဆင့်ဆင့်တည်ထားတာ အရမ်းကြည်ညိုဖို့ကောင်းပါတယ် လက် ရှိကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးအဖြစ် ဂင်းနစ်စံချိန်ဝင်ထားတဲ့ ကုသိုလ်တော်ဘုရားက ကျောက်စာချပ်ပေါင်း (၇၂၉)ချပ်ပါ (တချပ်နှစ်မျက် နှာ) ၊ အခု တည်ဆောက်နေတဲ့ ရှင်သီဝလိတောရကတော့ ကျောက်စာစေတီပေါင်း

(၁၃၅၀) နဲ့ တဆူမှာ လေးမျက်နှာနဲ့ ကျောက်စာမျက် နှာပေါင်း (၅၄၀၀)ဆိုတော့ အရည်အတွက်အားဖြင့် ပိုများမှာဖို့ ဂင်းနစ်စံချိန်သိပ်တင်ဖို့ မျှော်လင့်တယ်လို့ ဘုန်းဘုန်းက မိန့်ကြား ပါတယ်။crd : panpyoelat

About the author

Aung Lay

Leave a Comment