တရားဝင် မှတ်ပုံတင်မထားဘဲ အတိုးနှုန်းအများကြီးနဲ့ ငွေတိုးချေစားနေသူများကို အရေးယူမယ်လို့ သိရပါတယ်။ သတင်းအပြည့်အစုံကို အောက်မှာ ဖော်ပြထားပါတယ်။သက်ဆိုင်ရာဌာန၌ မှတ်ပုံတင်ထားခြင်းမရှိဘဲ
အတိုးကြီးဖြင့် ငွေတိုးချေးစားနေသူများကို ငွေတိုးချစားမှု အက်ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းက လွှတ်တော်တွင်ပြောကြားသည်။
စက်တင်ဘာ ၂၅ ရက်က ပြုလုပ်သော ဧရာဝတီတိုင်းဒေသ ကြီး လွှတ်တော်အစည်းအဝေး တွင် မအူပင်မြို့နယ် အမှတ်(၂)မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးသက်ကိုလေးကအတိုးကြီးနှင့် ငွေတိုးချေးစားနေ သူများကြောင့်
ပြည်သူများ ဒုက္ခရောက်နေခြင်းနှင့်ပတ်သက်၍ မေးမြန်းရာ ဝန်ကြီးကယင်းကဲ့သို့ ပြန်လည် ဖြေကြားခြင်းဖြစ်သည်။‘‘ဒီငွေတိုးချေးစားမှုကိစ္စကို နစ်နာသူက ဖြေရှင်းချင်ရင် ဒီဥပဒေဟာ ရဲအရေးပိုင်တဲ့ ဥပဒေဖြစ် တယ် သက်ဆိုင်ရာရဲစခန်းမှာ တိုင်ကြားအမှုဖွင့်ပြီးတော့ဖြေရှင်းလို့ရပါတယ်’’ဟုဝန်ကြီးဦးဌေး ဝင်းက ပြောသည်။
ရာဇဝတ်မှုများ၊ အမှုအခင်း ပြဿနာများ ဖြစ်ပေါ်နေခြင်း သည် တရားမဝင် ငွေတိုးချစားမှု နှင့် ပတ်သက်နေကြောင်း ဦးသက်ကိုလေးက လွှတ်တော်တွင် ပြောသည်။ ယင်းကြောင့် ထိုကိစ္စကို အစိုးရအနေဖြင့် မည်သို့အရေး ယူမည်ဆိုသည်ကို ၎င်းက မေးမြန်းခြင်းဖြစ်သည်ပြည်သူလူထုအတွင်း တရားမဝင်ငွေတိုးချေးသူထံမှ နေ့ပြန်တိုး ဖြင့် ကျပ်တစ်သိန်းချေးပါက တစ်နေ့လျှင် ကျပ် ၂,၅၀၀ နှုန်းဖြင့် အဆိုပါချေးငွေ မဆပ်မချင်း တစ်လလျှင် ကျပ် ၇၅,၀၀၀ အထိ အတိုးပေးနေရကြောင်း ဦးသက်ကိုလေးက ပြောသည်။
ထို့ပြင် စာရွက်လွတ်၌ လက်မှတ်ရေးထိုး၊ လက်ဗွေနှိပ်ယူခြင်းများ ဆောင် ရွက်၍ ကျပ် ၁၀ သိန်းချေးယူပါက အဆိုပါအတိုးနှုန်းဖြင့် အတိုးပေါ် အတိုးဆင့်ကာ ကျပ်သိန်း ၄၀၊ ၅၀ အထိဖြစ်နေကြောင်း ၎င်းက ပြောသည်စာရွက်လွတ်ပေါ်တွင် လက်မှတ်ရေးထိုးပေးခဲ့ရသဖြင့် အိမ်၊လယ်၊ ခြံနှင့် စက်ပစ္စည်းများကို ငွေရှင်ကသိမ်းယူသည့်အခါ အမှုအခင်းများဖြစ်ပေါ်နေကြောင်း ဦးသက်ကိုလေးက ပြောသည် ထို့ပြင် နိုင်ငံတော်က ခွင့်ပြုပေးထားသည့် ပြည်ပမှ ငွေချေးပေးသည့် အဖွဲ့များလည်း ရှိ ကြောင်း၎င်းက ပြောသည်။
အဆိုပါအဖွဲ့များကို ကျေးရွာတစ်ရွာ လျှင် တစ်ဖွဲ့သာ ငွေချေးခွင့်ပြုထားသော်လည်း ပြည်သူများအနေဖြင့်ထိုအဖွဲ့တိုင်းတွင် ငွေချေးယူကာ တစ်ဖွဲ့ချေး၊ တစ်ဖွဲ့ဆပ် စနစ်ဖြင့် ဆောင်ရွက်နေသော ကြောင့် ဆင်းရဲမှုမှ လွတ်ကင်းရန် ခက်ခဲနေကြောင်း ၎င်းက ပြော ကြားသည်။
‘‘ငွေချေးထားတဲ့သူက ဒီငွေချေးပေးတဲ့ အဖွဲ့တွေဆီကို ဆပ်ဖို့ နောက်ဆုံးမှာ ဒီအတိုးကြီးနဲ့ ငွေချေးတဲ့ နေ့ပြန်တိုးသမားဆီပဲ ပြန်ရောက်သွားတယ်။ ဒါနဲ့တင် သံသရာလည်နေတယ်’’ ဟု ဦးသက်ကို လေးက ပြောသည်
မြန်မာနိုင်ငံတွင် ၁၉၄၅ က စတင်ကာ ငွေတိုးချစားသူများ အက်ဥပဒေကို ပြဋ္ဌာန်းထားပြီး ထိုဥပဒေသည် လက်ရှိအချိန်အထိ အသက်ဝင်နေကြောင်း ဝန်ကြီး ဦးဌေးဝင်းက ပြောသည်။ထိုဥပဒေတွင် ငွေတိုးချစား လုပ်ကိုင်လိုသူသည် သက်ဆိုင်ရာဌာန၌ မှတ်ပုံတင်ရမည်ဖြစ်သည်သက်တမ်းကုန်ဆုံးပါက သက်တမ်းတိုးရမည်ဖြစ်ပြီး သုံးနှစ်ပြည့် ပါက အသစ်ထပ်မံ လျှောက်ထား ရမည်ဖြစ်သည်ထို့ပြင် မှတ်ပုံတင်မထားပါက ငွေတိုးချစားခြင်း ဆောင်ရွက် ခွင့်မရှိသကဲ့သို့ မှတ်ပုံတင်ထားသည့်တိုင် ဥပဒေပါ စည်းကမ်းများ နှင့် မညီညွတ်ပါက အရေးယူနိုင် ကြောင်း ငွေတိုးချေစားသူများ အက်ဥပဒေတွင် ဖော်ပြထားသည်။
(လေးစားမှုဖြင့် ခရက်ဒစ်)
Zawgyi
တရားဝင္ မွတ္ပုံတင္မထားဘဲ အတိုးႏႈန္းအမ်ားႀကီးနဲ႔ ေငြတိုးေခ်စားေနသူမ်ားကို အေရးယူမယ္လို႔ သိရပါတယ္။ သတင္းအျပည့္အစုံကို ေအာက္မွာ ေဖာ္ျပထားပါတယ္။သက္ဆိုင္ရာဌာန၌ မွတ္ပုံတင္ထားျခင္းမရွိဘဲ
အတိုးႀကီးျဖင့္ ေငြတိုးေခ်းစားေနသူမ်ားကို ေငြတိုးခ်စားမႈ အက္ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း ဧရာဝတီ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး ဦးေဌးဝင္းက လႊတ္ေတာ္တြင္ေျပာၾကားသည္။
စက္တင္ဘာ ၂၅ ရက္က ျပဳလုပ္ေသာ ဧရာဝတီတိုင္းေဒသ ႀကီး လႊတ္ေတာ္အစည္းအေဝး တြင္ မအူပင္ၿမိဳ႕နယ္ အမွတ္(၂)မဲဆႏၵနယ္မွ တိုင္းေဒသႀကီးလႊတ္ ေတာ္ကိုယ္စားလွယ္ ဦးသက္ကိုေလးကအတိုးႀကီးႏွင့္ ေငြတိုးေခ်းစားေန သူမ်ားေၾကာင့္
ျပည္သူမ်ား ဒုကၡေရာက္ေနျခင္းႏွင့္ပတ္သက္၍ ေမးျမန္းရာ ဝန္ႀကီးကယင္းကဲ့သို႔ ျပန္လည္ ေျဖၾကားျခင္းျဖစ္သည္။‘‘ဒီေငြတိုးေခ်းစားမႈကိစၥကို နစ္နာသူက ေျဖရွင္းခ်င္ရင္ ဒီဥပေဒဟာ ရဲအေရးပိုင္တဲ့ ဥပေဒျဖစ္ တယ္ သက္ဆိုင္ရာရဲစခန္းမွာ တိုင္ၾကားအမႈဖြင့္ၿပီးေတာ့ေျဖရွင္းလို႔ရပါတယ္’’ဟုဝန္ႀကီးဦးေဌး ဝင္းက ေျပာသည္။
ရာဇဝတ္မႈမ်ား၊ အမႈအခင္း ျပႆနာမ်ား ျဖစ္ေပၚေနျခင္း သည္ တရားမဝင္ ေငြတိုးခ်စားမႈ ႏွင့္ ပတ္သက္ေနေၾကာင္း ဦးသက္ကိုေလးက လႊတ္ေတာ္တြင္ ေျပာသည္။ ယင္းေၾကာင့္ ထိုကိစၥကို အစိုးရအေနျဖင့္ မည္သို႔အေရး ယူမည္ဆိုသည္ကို ၎က ေမးျမန္းျခင္းျဖစ္သည္ျပည္သူလူထုအတြင္း တရားမဝင္ေငြတိုးေခ်းသူထံမွ ေန႔ျပန္တိုး ျဖင့္ က်ပ္တစ္သိန္းေခ်းပါက တစ္ေန႔လွ်င္ က်ပ္ ၂,၅၀၀ ႏႈန္းျဖင့္ အဆိုပါေခ်းေငြ မဆပ္မခ်င္း တစ္လလွ်င္ က်ပ္ ၇၅,၀၀၀ အထိ အတိုးေပးေနရေၾကာင္း ဦးသက္ကိုေလးက ေျပာသည္။
ထို႔ျပင္ စာ႐ြက္လြတ္၌ လက္မွတ္ေရးထိုး၊ လက္ေဗြႏွိပ္ယူျခင္းမ်ား ေဆာင္ ႐ြက္၍ က်ပ္ ၁၀ သိန္းေခ်းယူပါက အဆိုပါအတိုးႏႈန္းျဖင့္ အတိုးေပၚ အတိုးဆင့္ကာ က်ပ္သိန္း ၄၀၊ ၅၀ အထိျဖစ္ေနေၾကာင္း ၎က ေျပာသည္စာ႐ြက္လြတ္ေပၚတြင္ လက္မွတ္ေရးထိုးေပးခဲ့ရသျဖင့္ အိမ္၊လယ္၊ ၿခံႏွင့္ စက္ပစၥည္းမ်ားကို ေငြရွင္ကသိမ္းယူသည့္အခါ အမႈအခင္းမ်ားျဖစ္ေပၚေနေၾကာင္း ဦးသက္ကိုေလးက ေျပာသည္ ထို႔ျပင္ ႏိုင္ငံေတာ္က ခြင့္ျပဳေပးထားသည့္ ျပည္ပမွ ေငြေခ်းေပးသည့္ အဖြဲ႕မ်ားလည္း ရွိ ေၾကာင္း၎က ေျပာသည္။
အဆိုပါအဖြဲ႕မ်ားကို ေက်း႐ြာတစ္႐ြာ လွ်င္ တစ္ဖြဲ႕သာ ေငြေခ်းခြင့္ျပဳထားေသာ္လည္း ျပည္သူမ်ားအေနျဖင့္ထိုအဖြဲ႕တိုင္းတြင္ ေငြေခ်းယူကာ တစ္ဖြဲ႕ေခ်း၊ တစ္ဖြဲ႕ဆပ္ စနစ္ျဖင့္ ေဆာင္႐ြက္ေနေသာ ေၾကာင့္ ဆင္းရဲမႈမွ လြတ္ကင္းရန္ ခက္ခဲေနေၾကာင္း ၎က ေျပာ ၾကားသည္။
‘‘ေငြေခ်းထားတဲ့သူက ဒီေငြေခ်းေပးတဲ့ အဖြဲ႕ေတြဆီကို ဆပ္ဖို႔ ေနာက္ဆုံးမွာ ဒီအတိုးႀကီးနဲ႔ ေငြေခ်းတဲ့ ေန႔ျပန္တိုးသမားဆီပဲ ျပန္ေရာက္သြားတယ္။ ဒါနဲ႔တင္ သံသရာလည္ေနတယ္’’ ဟု ဦးသက္ကို ေလးက ေျပာသည္
ျမန္မာႏိုင္ငံတြင္ ၁၉၄၅ က စတင္ကာ ေငြတိုးခ်စားသူမ်ား အက္ဥပေဒကို ျပ႒ာန္းထားၿပီး ထိုဥပေဒသည္ လက္ရွိအခ်ိန္အထိ အသက္ဝင္ေနေၾကာင္း ဝန္ႀကီး ဦးေဌးဝင္းက ေျပာသည္။ထိုဥပေဒတြင္ ေငြတိုးခ်စား လုပ္ကိုင္လိုသူသည္ သက္ဆိုင္ရာဌာန၌ မွတ္ပုံတင္ရမည္ျဖစ္သည္သက္တမ္းကုန္ဆုံးပါက သက္တမ္းတိုးရမည္ျဖစ္ၿပီး သုံးႏွစ္ျပည့္ ပါက အသစ္ထပ္မံ ေလွ်ာက္ထား ရမည္ျဖစ္သည္ထို႔ျပင္ မွတ္ပုံတင္မထားပါက ေငြတိုးခ်စားျခင္း ေဆာင္႐ြက္ ခြင့္မရွိသကဲ့သို႔ မွတ္ပုံတင္ထားသည့္တိုင္ ဥပေဒပါ စည္းကမ္းမ်ား ႏွင့္ မညီၫြတ္ပါက အေရးယူႏိုင္ ေၾကာင္း ေငြတိုးေခ်စားသူမ်ား အက္ဥပေဒတြင္ ေဖာ္ျပထားသည္။
(ေလးစားမႈျဖင့္ ခရက္ဒစ္)