စာသင်ခန်းလား ကလပ်တစ်ခုလား မသဲကွဲတော့တဲ့ ဗွီယိုဖိုင်။ ကဲ မိဘတွေရေ ကြည့်ကြပါအုံးဗျာ ဖြစ်ပျက်နေတာကို
မိဘဖြစ်သူများမှာတော့ သားသမီးလေးတွေ ပညာတတ်တွေဖြစ်အောင်၊ လောကကြီးမှာ ပညာမဲ့ပီး မဆင်းရဲရအောင်ဆိုတဲ့ စေတနာ မေတ္တာတွေနဲ့ ကုန်းရုန်းရှာဖွေပီး ကျောင်းထားပေးကြပါတယ်။ သားသမီးများမှာတော့ ပညာတတ်ဖြစ်မဖြစ်တော့မသိ စာသင်ခန်းထဲမှာတောင် အတွဲကိုယ်စီနဲ့ဗျာ။
မိသားစုတစ်စုမှသည် နိုင်ငံတစ်နိုင်အထိ မျိုးဆက်သစ်လူငယ်တွေ ပညာတတ်လိမ္မာရေးကြားရှိမှသာ အဲဒီမိသားစု အဲဒီနိုင်ငံ နောင်တစ်ချိန်မှာ အေးချမ်းသာယာတိုးတက်မှာဖြစ်ပါတယ်။ အခုလူငယ်တွေဟာ နောင်တစ်ချိန်မှာ အိမ်ထောင်ဦးစီး နိုင်ငံတာဝန်ထမ်းဆောင်ကြသူတွေဖြစ်လာကြအုံးမှာပါ။ အဲလို လူငယ်တွေ တောက်ပြောင်အောင် လိမ္မာအောင် ပညာတတ်အောင် သင်ကြားဆုံးမတာဟာ စာသင်ခန်းကလည်း အဓိက အခန်းကဏ္ဍမှာပါပါတယ်ဗျာ။
ဒီလိုအရွယ်လေးတွေမှာ၊ ဒီလိုပညာသင်ကြားချိန်မှာ၊ ဒီလိုစာသင်ခန်းကြီးထဲမှာ ကျောင်းသူကျောင်းသားလေးတွေရဲ့ အတွဲလိုလို ROတာလိုလို ဘာလိုလို ညာလိုလို အနေအထားကြီးကို ကျောင်းသားမိဘ အုပ်ထိမ်းသူများမြင်တွေ့ရင် ရင်နာမိမှာ အမှန်ပါ။ေ
ကျာင်းသားမိဘ အတော်များများမှာ အဆင်ပြေချမ်းသားကြတာမဟုတ်ပါ။ မိသားစု စားဝတ်နေရေးအတွက် ဆင်းရဲပင်ပန်းကြီးစွာ ကြိုးစားရှာဖွေရုန်းကန်ရင်း ခြစ်ကုတ်ပီး သားသမီးလေးတွေကို ကျောင်းထားရတာပါ။ လင်ရှာဖို့ မယားရှာဖို့ ကျူဖို့ ညုဖို့ ရိုဖို့ ထားတာမဟုတ်ပါဘူး။
လက်ရှိ လိင်ပညာပေး သင်ခန်းစာတွေနဲ့ပတ်သက်ပီးလည်း လူထုအကြားမှာ ဝေဖန်မှုတွေမြင့်တက်နေပါတယ်။ ဒီဗွီယိုလေးကိုကြည့်ပီးမှ ဝေဖန်ကြပါလို့လဲပြောလိုပါတယ်။ နောက်ဆုံးအနေနဲ့ပြောလိုတာက လိမ္မာကြိုးစားတဲ့ ကျောင်းသားများလည်းရှိသလို စည်းကမ်းပြည့်ဝတဲ့ ဆရာဆရာမများ ကျောင်းများကို စော်ကားလိုခြင်း၊ ဗွီယိုထဲက ကျောင်းသားကျောင်းသူလေးများကို စော်ကားလိုခြင်းမဟုတ်ဘဲ လွဲမှားနေတဲ့ ပညာရေးလောကကို ပြသလိုရင်းဖြစ်ပီး တာဝန်ရှိသူများတွေ့ရှိသိမြင်ကာ ပြင်ဆင်ထိမ်းသိမ်းနိုင်စေရန်သာရည်ရွယ်ကြောင်းပါခများ။ #ဖေဖေကြီး
Zawgyi