ဒိန်ချဉ် ဒိန်ချဉ် လို့ ဆိုင်ရှေ့မှာ အော်ရောင်းလို့ သောက်မယ်ဆိုပြီး ခေါ်လိုက်မိကတည်းက စမှားတာပါပဲ
ဒိန်ချဉ်တစ်ဗူး 700 တဲ့ …အေးပေါ့ အဲ့လောက်တော့ သောက်နိုင်ပါတယ်ဆိုပြီး ဝယ်သောက်မလို့ နောက်ဖေးမှာ
ပန်းကန်သွားယူတုန်းပဲ ရှိသေးတယ်…ဆိုင်က ည်ီမလေးကို မလိုင်ထည့်ရမှာလားတဲ့လေ.. ဆိုင်က ညီမလေးကလည်း
“အင်း” လို့ ပြောလိုက်တယ်တဲ့ ပိုက်ဆံလေးယူပြီး အရှေ့ထွက်ရုံပဲ ရှိသေးတယ်.. ဗူးတွေကို ပန်းကန်တွေထဲ
လျောက်ထည့်ပစ်တာတွေ့လို့.. ဟယ် ဘယ်နဗူးတောင်လဲ မေးတော့…ဒီ ခလေးမလေးက
မလိုင်ထည့်မယ်လို့ ပြောလို့တဲ့လေ…
အေးပေါ့ ဘယ်လောက်လည်း မေးတော့ ၂ ခွက်ကို 6,200 တဲ့… အရမ်းတွေကို အံ့သြလို့….ဘာကို 6,200 လဲလို့မေးတော့..
မလိုင်တစ်ဗူးကို 1200 တဲ့ ဟိုက်!!!အခု နှစ်ယောက်ပေါင်းကို 4 ဗူးတဲ့ ဒိန်ချဉ်က 2 ဗူးတဲ့
အန်တီ့ကို ဘယ်သူက ထည့်ခိုင်းလိုလဲ??
မေးတော့… ဟိုခလေးမက “အင်း” လို့ ပြော လို့ တဲ့ လေ…( တကယ်ဆို ဒိန်ချဉ် တစ်ခွက်မှာ မလိုင်ဆိုတာ ပါပြီးသားလေ…
မထည့်ဘူး ထည့်မယ်ဆိုတာ ကိုယ့်သဘောလေ..မလိုင်ကို တစ်ဗူးချင်း ရောင်းပါတယ်လို့လဲ သူမပြောဘူး…
ပန်းကန်ထဲကို ဗူးတွေ လျောက်ဖွင့်ထည့်ပ်ီးကာမှ 6,200 ကျတယ်တဲ့လေ…..)
တကယ်ကို ဒေါသထွက် လွန်းလို့….ကိုယ်တွေလိုပဲ ဘယ်နှစ်ယောက်ကို လုပ်စား ပြီးပြီ လဲ မသိဘူး…
တစ်နပ်စား ဦးနှောက်တွေ တစ်ခွက်ကို 3100 နဲ့ တန်တဲ့ အရသာရှိရင်လည်း တစ်မျိုးပါ အခုဟာက
မြေနီကုန်းဈေးလမ်းထဲက 500 တန် ဒိန်ချဉ်ရဲ့ဖင်ဖျားတောင် မမှီဘူးလေ…
ချဉ် စုတ် နေ တာ ပဲ ကိုယ်တွေလို မခံရအောင် ပုံနှင့်တကွ တင်ပေးလိုက်တယ်…။ ။
သိမ့် #naethitmyanmar
Zawgyi
သိမ့် #naethitmyanmar