Cele News

အားလုံးထင်သလို မဟုတ်ဘဲ အမှန်တရားတွေပေါ်လာပြီး အမြန်ဆုံး လွတ်မြောက်တော့မှာပါလို့ ပြောပြလာတဲ့ မင်းရာဇာ

Written by Aung Lay

အားလံုးထင္ေနသလို မဟုတ္ပါဘူး´ လို႕ေျပာသြားခဲ့တဲ့ အိမ္အကူအမ်ိဳးသမီးကိုညွဥ္းပမ္းႏွိပ္စက္မႈျဖင့္တရားစြဲခံရတဲ့ သရုပ္ေဆာင္မင္းရာဇာရဲ႕ ယေန႕ရံုးထုတ္ျမင္ကြင္းမ်ား …

ကွၽြန္ေတာ္အတြက္ အမွန္တရားေတြေပၚလာ့ပီး အျမန္ဆြံုးလြတ္ေျမာက္ေတာ့မွာပါလို႕ ေျပာျပလာတဲ့ မင္းရာဇာ

အိမ္အကူမိန္းကေလးအား အဓမၼက်င့္မႈ၊ မိန္းမကိုယ္အား အက္စစ္ျဖင့္ ပက္မႈမ်ားျဖင့္ အမႈဖြင့္ခံရထားရသည့္ သ႐ုပ္ေဆာင္ မင္းရာဇာ (ခ) မင္းကိုကို အပါအဝင္ ေလးဦးအား စတင္ၿပီး ႐ုံးတင္တရားစြဲရာတြင္ ဥပေဒႏွင့္ မညီၫြတ္မႈမ်ား ရွိေနေၾကာင္း တရားလိုဘက္က လိုက္ပါေဆာင္႐ြက္မည့္ေရွ႕ေနမ်ားက ေျပာသည္။

ေျမာက္ဥကၠလာပၿမိဳ႕နယ္ တရား႐ုံး၌ ယေန႔ ေမ ၇ ရက္ေန႔တြင္ သ႐ုပ္ေဆာင္ မင္းရာဇာ (ခ) မင္းကိုကို၊ ဇနီးျဖစ္သူ မဖူးငုံပြင့္၊ မန္ေနဂ်ာဟုဆိုသူ ေအာင္လြင္စိုး (ခ) ရခိုင္ေလးတို႔အား ပုဒ္မ ၃၂၆/၃၄ ျဖင့္လည္းေကာင္း၊ ေယာကၡမျဖစ္သူ ဦးေမာင္ေမာင္ေလးအား ပုဒ္မ ၃၂၅ ျဖင့္လည္းေကာင္း တရားစြဲတင္ရာတြင္ ကနဦး အမႈဖြင့္တိုင္ခ်က္ (FIR) မိတၱဴျဖစ္ေနျခင္း၊ ဦးေမာင္ေမာင္ေအး အား အာမခံေပးရန္ဆုံးျဖတ္ရာတြင္ ဥပေဒအရာရွိက တရားခြင္တြင္ ရွိမေန ျခင္းတို႔ကို ေထာက္ျပခဲ့ျခင္းျဖစ္သည္။

တရားလႊတ္ေတာ္ေရွ႕ေန ဦးထြန္းေအာင္ က “အမႈ ၂ ခု ဖြင့္ရင္ FIR ဆိုတဲ့ ကနဦး အမႈဖြင့္တိုင္ခ်က္က ႏွစ္ေစာင္ ျဖစ္ရမယ္။ သီးသန႔္ျဖစ္ရမယ္၊ အေၾကာင္းအရာ တူခ်င္မွလည္းတူမယ္၊ တူရင္လဲတူေနမယ္၊ သို႔ေသာ္ တိုင္စာေပၚ မွာရွိတဲ့ လက္မွတ္သည္ မူရင္းျဖစ္ရမယ္၊ အခုက မိတၱဴ ျဖစ္သြားၿပီ၊ ဒါက ဥပေဒနဲ႔ မညီတဲ့ကိစၥ၊ ဥပေဒနဲ႔ရဲမွာ တာ ဝန္ရွိတယ္၊ ရဲက တင္လာရင္လည္း ဥပေဒက လက္မခံရဘူး” ဟု ေျပာသည္။

ယေန႔တရားခြင္တြင္ ဦးေမာင္ေမာင္ေအးမွ ပုဒ္မ ၃၂၅ ျဖင့္ တရားစြဲခံရမႈအား အာမခံေပးရန္ ေလွ်ာက္ထားခဲ့ရာ တြင္ က်ပ္ ၁၀ သိန္းတန္ အာမခံသူႏွစ္ဦးျဖင့္ အားမခံေပးေၾကာင္း တရားသူႀကီးက ဆုံးျဖတ္ခ်က္ အမိန႔္ခ်ခ်ိန္တြင္ ဥပေဒအရာရွိအေနျဖင့္ တရားခြင္အတြင္းရွိမေနျခင္းအေပၚလည္း ေရွ႕ေနမ်ားက ေထာက္ျပခဲ့သည္။

ဦးေမာင္ေမာင္ေအးအား အာမခံေပးခဲ့သူ ႏွစ္ဦးသည္ ေ႐ႊေပါက္ကံတြင္ ေနထိုင္သည့္ ဦးသိန္းျမင့္ႏွင့္ ဦးဝင္းထြန္းေနာင္ တို႔ ျဖစ္ေၾကာင္း သိရသည္။

တရားလႊတ္ေတာ္ေရွ႕ေန ဦးထြန္းေအာင္ က “႐ုံးက သူ႔ကို (ဦးေမာင္ေမာင္ေအး) အာမခံေပးတာကို မေျပာလိုဘူး၊ ဒါေပမယ့္ ႐ုံးကေခၚတဲ့အခ်ိန္မွာ ဥပေဒအရာရွိသည္ ဘာေၾကာင့္ ႐ုံးမွာမရွိရတာလဲ၊ သူေရာက္ေနရမယ္၊ တရား ခြင္မွာရွိေနရမယ္။ အခုေတာ့ သူ ဘာမွမေျပာလိုက္ဘူး၊ ႐ုံးက အာမခံေပးလိုက္တယ္” ဟု တရားခြင္အေျခအေနကို ေျပာသည္။

ယေန႔တရားခြင္ စတင္ခ်ိန္တြင္ ဥပေဒအရာရွိအေနျဖင့္ တရားခြင္တြင္ရွိ မေနခဲ့သည့္အတြက္ တရားလိုဘက္မွ လိုက္ပါေဆာင္႐ြက္မည့္ ေရွ႕ေနအဖြဲ႕က သြားေရာက္ေခၚေဆာင္ခဲ့ရၿပီးမွသာ တရားခြင္သို႔ေရာက္ရွိလာခဲ့ တရားလိုေရွ႕ေနဘက္က ေျပာသည္။

ကနဦးအမႈဖြင့္ တိုင္ၾကားခ်က္ (FIR) အား မိတၱဴျဖင့္ အမႈခြဲကာ စြဲတင္လာျခင္းႏွင့္ ပတ္သက္ၿပီး “တရားစြဲတင္တဲ့ အဖြဲ႕အစည္းေတြရဲ႕ အပိုင္းပဲျဖစ္ပါတယ္၊ တရား႐ုံးက ေဆာင္႐ြက္ခ်က္မဟုတ္ပါဘူး” ဟု ေျမာက္ဥကၠလာပၿမိဳ႕နယ္ တရား႐ုံး၊ သတင္းျပန္ၾကားေရးအရာရွိ၊ တြဲဖက္ၿမိဳ႕နယ္တရားသူႀကီး ဦးေဇယ်ာဦးက ေျပာသည္။

ယေန႔တရားခြင္အတြင္း ျဖစ္ရပ္မ်ားႏွင့္ပတ္သက္ၿပီး အမႈတြင္ ပါဝင္ျခင္းမရွိသည့္ ဥပေဒအႀကံေပး တဦးျဖစ္သူ ဦးခင္ေမာင္ျမင့္ က “အမႈစြဲတင္တာက ဥပေဒအရာရွိရဲ႕ တာဝန္ပဲ၊ ဒီလိုအမႈႀကီးေတြဆို ပိုေတာင္ ရွိေနသင့္ ပါတယ္၊ FIR ကို မိတၱဴဆြဲၿပီး တင္မတင္ဆိုတာထက္ FIR မွာ က်ဴးလြန္တဲ့ျဖစ္ရပ္တိုင္းအတြက္ သက္ဆိုင္တဲ့ အမႈေတြ ပါမပါ ပိုၿပီး အေရးႀကီးပါတယ္၊ အမႈစစ္ေဆးေပၚေပါက္ခ်က္ေတြအရ ေနာက္တိုးစြဲရမယ့္ သူေတြရွိလာရင္လဲ မိတၱဴနဲ႔ပဲ လုပ္ေလ့ရွိၾကပါတယ္၊ ဒီလို ရဲဘက္က တင္လာတာေတြကိုလည္း ဥပေဒ႐ုံးနဲ႔ တရား႐ုံးေတြက ေသခ်ာစိစစ္ၿပီးမွ လက္ခံရတာပါ” ဟု ရွင္းျပသည္။

အမႈတြင္ ကာယကံရွင္ အိမ္အကူမိန္းကေလသည္ မိန္းမကိုယ္တြင္ အက္စစ္ျဖင့္အပက္ခံရသည့္ဒဏ္ရာႏွင့္ အျခား ဒဏ္ရာမ်ားေၾကာင့္ ေျမာက္ဥကၠလာပေဆး႐ုံႀကီးတြင္ တက္ေရာက္ကုသခဲ့ရၿပီး ယခုအခါ ေဆး႐ုံမွ ဆင္းခဲ့ၿပီျဖစ္ေၾကာင္း ဦးေလးေတာ္စပ္သူ ဦးေအာင္က ေျပာသည္။

ဦးေအာင္က “ကေလးမေလးက ေဆး႐ုံက ဆင္းတာေတာ့ တပတ္ေက်ာ္ေလာက္ရွိၿပီ၊ က်န္းမာေရးက သက္သာ လာပါၿပီ၊ အနာေတာ့ မက်က္ေသးဘူး၊ ေဆးေတာ့ ထည့္ထည့္ေပးေနရတယ္လို႔ သိရတယ္” ဟု ေျပာသည္။

ေျမာက္ဥကၠလာပၿမိဳ႕နယ္တရား႐ုံးတြင္ မင္းရာဇာ အပါအဝင္ ၃ ဦးအား စြဲတင္ခဲ့သည့္ ပုဒ္မ ၃၂၆/၃၄ (ေဘးျဖစ္ေစ တတ္ေသာ လက္နက္ျဖင့္ (သို႔)နည္းျဖင့္ မိမိအလိုအေလ်ာက္ အျပင္းအထန္နာက်င္ေစမႈကို ပူးေပါင္းႀကံစည္ျခင္း) သည္ ေထာင္ဒဏ္ ၂၀ ႏွစ္ျဖစ္ေစ၊ ၁၀ ႏွစ္အထိ ေထာင္ဒဏ္တမ်ိဳးမ်ိဳးျဖစ္ေစ ခ်မွတ္ရမည့္အျပင္ ေငြဒဏ္လည္း ခ်မွတ္ႏိုင္သည့္ ပုဒ္မျဖစ္သည္။

အိမ္အကူမိန္းကေလး ဦးေခါင္းအား တုႏွင့္ထုသည့္ဟုဆိုကာ ဦးေမာင္ေမာင္ေအး တရားစြဲတင္ခဲ့သည့္ ပုဒ္မ ၃၂၅ (မိမိအလိုအေလ်ာက္ အျပင္းအထန္နာက်င္ေစမႈ) သည္ ၇ ႏွစ္အထိ ေထာင္ဒဏ္ တမ်ိဳးမ်ိဳးခ်မွတ္ရမည့္အျပင္ ေငြဒဏ္လည္းခ်မွတ္သည့္ ပုဒ္မျဖစ္သည္။

သီးျခားအေနျဖင့္လည္း အိမ္အကူမိန္းကေလးအား အဓမၼျပဳက်င့္မႈျဖင့္ သ႐ုပ္ေဆာင္ မင္းရာဇာအား ၎ေနထိုင္ ရာ တာေမြၿမိဳ႕နယ္ ရဲစခန္းတြင္ ပုဒ္မ ၃၇၆ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရၿပီး မနက္ျဖန္ ေမလ ၈ ရက္ေန႔တြင္ အေရွ႕ပိုင္းခ႐ိုင္ တရား႐ုံးသို႔ တရားစြဲတင္ဖြယ္ရွိေၾကာင္း ေရွ႕ေနမ်ားက ေျပာသည္။

အိမ္အကူမိန္းကေလးႏွင့္ ပတ္သက္ၿပီး တရားစြဲခံရမႈမ်ားအေပၚ သ႐ုပ္ေဆာင္မင္းရာဇာ က “ထင္ေနၾကတဲ့အတိုင္း အားလုံးကမဟုတ္ပါဘူး၊ အသံဖိုင္ေတြထဲက အကုန္အမွန္ေတြ မဟုတ္ပါဘူး၊ က်ေနာ္ တရားဥပေဒ အတိုင္း ရင္ဆိုင္သြားမွာပါ” ဟု ယေန႔ တရား႐ုံးက ျပန္အထြက္တြင္ ဧရာဝတီသို႔ ေျပာသြားသည္။

CegabarPhoto Kaung Sat

Unicode

အားလုံးထင်နေသလို မဟုတ်ပါဘူး´ လို့ပြောသွားခဲ့တဲ့ အိမ်အကူအမျိုးသမီးကိုညှဉ်းပမ်းနှိပ်စက်မှုဖြင့်တရားစွဲခံရတဲ့ သရုပ်ဆောင်မင်းရာဇာရဲ့ ယနေ့ရုံးထုတ်မြင်ကွင်းများ …

ကျှွန်တော်အတွက် အမှန်တရားတွေပေါ်လာ့ပီး အမြန်ဆွုံးလွတ်မြောက်တော့မှာပါလို့ ပြောပြလာတဲ့ မင်းရာဇာ

အိမ်အကူမိန်းကလေးအား အဓမ္မကျင့်မှု၊ မိန်းမကိုယ်အား အက်စစ်ဖြင့် ပက်မှုများဖြင့် အမှုဖွင့်ခံရထားရသည့် သရုပ်ဆောင် မင်းရာဇာ (ခ) မင်းကိုကို အပါအဝင် လေးဦးအား စတင်ပြီး ရုံးတင်တရားစွဲရာတွင် ဥပဒေနှင့် မညီညွတ်မှုများ ရှိနေကြောင်း တရားလိုဘက်က လိုက်ပါဆောင်ရွက်မည့်ရှေ့နေများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ် တရားရုံး၌ ယနေ့ မေ ၇ ရက်နေ့တွင် သရုပ်ဆောင် မင်းရာဇာ (ခ) မင်းကိုကို၊ ဇနီးဖြစ်သူ မဖူးငုံပွင့်၊ မန်နေဂျာဟုဆိုသူ အောင်လွင်စိုး (ခ) ရခိုင်လေးတို့အား ပုဒ်မ ၃၂၆/၃၄ ဖြင့်လည်းကောင်း၊ ယောက္ခမဖြစ်သူ ဦးမောင်မောင်လေးအား ပုဒ်မ ၃၂၅ ဖြင့်လည်းကောင်း တရားစွဲတင်ရာတွင် ကနဦး အမှုဖွင့်တိုင်ချက် (FIR) မိတ္တူဖြစ်နေခြင်း၊ ဦးမောင်မောင်အေး အား အာမခံပေးရန်ဆုံးဖြတ်ရာတွင် ဥပဒေအရာရှိက တရားခွင်တွင် ရှိမနေ ခြင်းတို့ကို ထောက်ပြခဲ့ခြင်းဖြစ်သည်။

တရားလွှတ်တော်ရှေ့နေ ဦးထွန်းအောင် က “အမှု ၂ ခု ဖွင့်ရင် FIR ဆိုတဲ့ ကနဦး အမှုဖွင့်တိုင်ချက်က နှစ်စောင် ဖြစ်ရမယ်။ သီးသန့်ဖြစ်ရမယ်၊ အကြောင်းအရာ တူချင်မှလည်းတူမယ်၊ တူရင်လဲတူနေမယ်၊ သို့သော် တိုင်စာပေါ် မှာရှိတဲ့ လက်မှတ်သည် မူရင်းဖြစ်ရမယ်၊ အခုက မိတ္တူ ဖြစ်သွားပြီ၊ ဒါက ဥပဒေနဲ့ မညီတဲ့ကိစ္စ၊ ဥပဒေနဲ့ရဲမှာ တာ ဝန်ရှိတယ်၊ ရဲက တင်လာရင်လည်း ဥပဒေက လက်မခံရဘူး” ဟု ပြောသည်။

ယနေ့တရားခွင်တွင် ဦးမောင်မောင်အေးမှ ပုဒ်မ ၃၂၅ ဖြင့် တရားစွဲခံရမှုအား အာမခံပေးရန် လျှောက်ထားခဲ့ရာ တွင် ကျပ် ၁၀ သိန်းတန် အာမခံသူနှစ်ဦးဖြင့် အားမခံပေးကြောင်း တရားသူကြီးက ဆုံးဖြတ်ချက် အမိန့်ချချိန်တွင် ဥပဒေအရာရှိအနေဖြင့် တရားခွင်အတွင်းရှိမနေခြင်းအပေါ်လည်း ရှေ့နေများက ထောက်ပြခဲ့သည်။

ဦးမောင်မောင်အေးအား အာမခံပေးခဲ့သူ နှစ်ဦးသည် ရွှေပေါက်ကံတွင် နေထိုင်သည့် ဦးသိန်းမြင့်နှင့် ဦးဝင်းထွန်းနောင် တို့ ဖြစ်ကြောင်း သိရသည်။

တရားလွှတ်တော်ရှေ့နေ ဦးထွန်းအောင် က “ရုံးက သူ့ကို (ဦးမောင်မောင်အေး) အာမခံပေးတာကို မပြောလိုဘူး၊ ဒါပေမယ့် ရုံးကခေါ်တဲ့အချိန်မှာ ဥပဒေအရာရှိသည် ဘာကြောင့် ရုံးမှာမရှိရတာလဲ၊ သူရောက်နေရမယ်၊ တရား ခွင်မှာရှိနေရမယ်။ အခုတော့ သူ ဘာမှမပြောလိုက်ဘူး၊ ရုံးက အာမခံပေးလိုက်တယ်” ဟု တရားခွင်အခြေအနေကို ပြောသည်။

ယနေ့တရားခွင် စတင်ချိန်တွင် ဥပဒေအရာရှိအနေဖြင့် တရားခွင်တွင်ရှိ မနေခဲ့သည့်အတွက် တရားလိုဘက်မှ လိုက်ပါဆောင်ရွက်မည့် ရှေ့နေအဖွဲ့က သွားရောက်ခေါ်ဆောင်ခဲ့ရပြီးမှသာ တရားခွင်သို့ရောက်ရှိလာခဲ့ တရားလိုရှေ့နေဘက်က ပြောသည်။

ကနဦးအမှုဖွင့် တိုင်ကြားချက် (FIR) အား မိတ္တူဖြင့် အမှုခွဲကာ စွဲတင်လာခြင်းနှင့် ပတ်သက်ပြီး “တရားစွဲတင်တဲ့ အဖွဲ့အစည်းတွေရဲ့ အပိုင်းပဲဖြစ်ပါတယ်၊ တရားရုံးက ဆောင်ရွက်ချက်မဟုတ်ပါဘူး” ဟု မြောက်ဥက္ကလာပမြို့နယ် တရားရုံး၊ သတင်းပြန်ကြားရေးအရာရှိ၊ တွဲဖက်မြို့နယ်တရားသူကြီး ဦးဇေယျာဦးက ပြောသည်။

ယနေ့တရားခွင်အတွင်း ဖြစ်ရပ်များနှင့်ပတ်သက်ပြီး အမှုတွင် ပါဝင်ခြင်းမရှိသည့် ဥပဒေအကြံပေး တဦးဖြစ်သူ ဦးခင်မောင်မြင့် က “အမှုစွဲတင်တာက ဥပဒေအရာရှိရဲ့ တာဝန်ပဲ၊ ဒီလိုအမှုကြီးတွေဆို ပိုတောင် ရှိနေသင့် ပါတယ်၊ FIR ကို မိတ္တူဆွဲပြီး တင်မတင်ဆိုတာထက် FIR မှာ ကျူးလွန်တဲ့ဖြစ်ရပ်တိုင်းအတွက် သက်ဆိုင်တဲ့ အမှုတွေ ပါမပါ ပိုပြီး အရေးကြီးပါတယ်၊ အမှုစစ်ဆေးပေါ်ပေါက်ချက်တွေအရ နောက်တိုးစွဲရမယ့် သူတွေရှိလာရင်လဲ မိတ္တူနဲ့ပဲ လုပ်လေ့ရှိကြပါတယ်၊ ဒီလို ရဲဘက်က တင်လာတာတွေကိုလည်း ဥပဒေရုံးနဲ့ တရားရုံးတွေက သေချာစိစစ်ပြီးမှ လက်ခံရတာပါ” ဟု ရှင်းပြသည်။

အမှုတွင် ကာယကံရှင် အိမ်အကူမိန်းကလေသည် မိန်းမကိုယ်တွင် အက်စစ်ဖြင့်အပက်ခံရသည့်ဒဏ်ရာနှင့် အခြား ဒဏ်ရာများကြောင့် မြောက်ဥက္ကလာပဆေးရုံကြီးတွင် တက်ရောက်ကုသခဲ့ရပြီး ယခုအခါ ဆေးရုံမှ ဆင်းခဲ့ပြီဖြစ်ကြောင်း ဦးလေးတော်စပ်သူ ဦးအောင်က ပြောသည်။

ဦးအောင်က “ကလေးမလေးက ဆေးရုံက ဆင်းတာတော့ တပတ်ကျော်လောက်ရှိပြီ၊ ကျန်းမာရေးက သက်သာ လာပါပြီ၊ အနာတော့ မကျက်သေးဘူး၊ ဆေးတော့ ထည့်ထည့်ပေးနေရတယ်လို့ သိရတယ်” ဟု ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်တရားရုံးတွင် မင်းရာဇာ အပါအဝင် ၃ ဦးအား စွဲတင်ခဲ့သည့် ပုဒ်မ ၃၂၆/၃၄ (ဘေးဖြစ်စေ တတ်သော လက်နက်ဖြင့် (သို့)နည်းဖြင့် မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေမှုကို ပူးပေါင်းကြံစည်ခြင်း) သည် ထောင်ဒဏ် ၂၀ နှစ်ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။

အိမ်အကူမိန်းကလေး ဦးခေါင်းအား တုနှင့်ထုသည့်ဟုဆိုကာ ဦးမောင်မောင်အေး တရားစွဲတင်ခဲ့သည့် ပုဒ်မ ၃၂၅ (မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေမှု) သည် ၇ နှစ်အထိ ထောင်ဒဏ် တမျိုးမျိုးချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်သည့် ပုဒ်မဖြစ်သည်။

သီးခြားအနေဖြင့်လည်း အိမ်အကူမိန်းကလေးအား အဓမ္မပြုကျင့်မှုဖြင့် သရုပ်ဆောင် မင်းရာဇာအား ၎င်းနေထိုင် ရာ တာမွေမြို့နယ် ရဲစခန်းတွင် ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရပြီး မနက်ဖြန် မေလ ၈ ရက်နေ့တွင် အရှေ့ပိုင်းခရိုင် တရားရုံးသို့ တရားစွဲတင်ဖွယ်ရှိကြောင်း ရှေ့နေများက ပြောသည်။

အိမ်အကူမိန်းကလေးနှင့် ပတ်သက်ပြီး တရားစွဲခံရမှုများအပေါ် သရုပ်ဆောင်မင်းရာဇာ က “ထင်နေကြတဲ့အတိုင်း အားလုံးကမဟုတ်ပါဘူး၊ အသံဖိုင်တွေထဲက အကုန်အမှန်တွေ မဟုတ်ပါဘူး၊ ကျနော် တရားဥပဒေ အတိုင်း ရင်ဆိုင်သွားမှာပါ” ဟု ယနေ့ တရားရုံးက ပြန်အထွက်တွင် ဧရာဝတီသို့ ပြောသွားသည်။

CegabarPhoto Kaung Sat

About the author

Aung Lay

Leave a Comment