News

YBS ၄၀ နှင့်တိုက်မိပြီး သေဆုံးခဲ့သည့် မောင်နှမအတွက် ကျပ်သိန်း ၄၀ ထောက်ပံ့လှူဒါန်း

Written by Aung Lay

YBS ၄၀ ဘတ်စ်ကားနဲ့တိုက်မိပြီး သေဆုံးခဲ့တဲ့ မောင်နှမ နှစ်ယောက်အတွက် ကျပ်သိန်း ၄၀ လှူဒါန်းထားတယ်လို့ YRTA တာဝန်ရှိသူက ပြောပါတယ်။

ဇွန်လ ၂ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ကမ်းနားလမ်း၊ သင်္ဘောကျင်း မှတ်တိုင်နားမှ YBS ၄၀နဲ့ အငှားယာဉ်တိုက်မိခဲ့ရာက အငှားယာဉ်ပေါ် ပါလာတဲ့သူ ၃ ယောက် သေဆုံးခဲ့ရတာဖြစ်ပါတယ်။

သေဆုံးသွားတဲ့ မောင်နှမရဲ့ ကျန်ရစ်သူမိသားစုအတွက် ကူညီပံ့ပိုးမှု အလှူငွေ ကျပ်သိန်း ၄၀ ကို ဒီနေ့မနက် YRTA တာဝန်ရှိသူတွေက သေဆုံးသူမိဘတွေထံကို ပေးအပ်ခဲ့တယ်လို့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။

ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့ YBS ယာဉ်မောင်းဟာ မှတ်ပုံတင်ထားခြင်းမရှိတဲ့ ယာဉ်မောင်းဖြစ်တာကြောင့် ပြစ်မှုအတွက် YUPT ကုမ္ပဏီကလည်း သက်ဆိုင်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး နေရပ်လိပ်စာ အတိအကျသိနိုင်အောင်စုံစမ်းနေသလို ဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

YBS ၄၀ ရဲ့ ယာဉ်လိုင်းကုမ္ပဏီဖြစ်တဲ့ YUPT ကုမ္ပဏီကလည်း သေဆုံးသွားသူတွေအတွက် ငွေကျပ် ၃ သိန်းစီ လှူဒါန်းထောက်ပံ့မှုကို ဇွန်လ ၃ ရက်နေ့က မိသားစုထံကို ပေးအပ်ခဲ့ပါတယ်။

သတင်း- သင်းသင်းဇော် DVB TV News

Zawgyi

YBS ၄၀ ဘတ္စ္ကားနဲ႔တိုက္မိၿပီး ေသဆုံးခဲ့တဲ့ ေမာင္ႏွမ ႏွစ္ေယာက္အတြက္ က်ပ္သိန္း ၄၀ လႉဒါန္းထားတယ္လို႔ YRTA တာဝန္ရွိသူက ေျပာပါတယ္။

ဇြန္လ ၂ ရက္က ရန္ကုန္တိုင္းေဒသႀကီး၊ ကမာ႐ြတ္ၿမိဳ႕နယ္၊ ကမ္းနားလမ္း၊ သေဘၤာက်င္း မွတ္တိုင္နားမွ YBS ၄၀နဲ႔ အငွားယာဥ္တိုက္မိခဲ့ရာက အငွားယာဥ္ေပၚ ပါလာတဲ့သူ ၃ ေယာက္ ေသဆုံးခဲ့ရတာျဖစ္ပါတယ္။

ေသဆုံးသြားတဲ့ ေမာင္ႏွမရဲ႕ က်န္ရစ္သူမိသားစုအတြက္ ကူညီပံ့ပိုးမႈ အလႉေငြ က်ပ္သိန္း ၄၀ ကို ဒီေန႔မနက္ YRTA တာဝန္ရွိသူေတြက ေသဆုံးသူမိဘေတြထံကို ေပးအပ္ခဲ့တယ္လို႔ YRTA တြဲဖက္အတြင္းေရးမႉး ဦးလွေအာင္က ေျပာပါတယ္။

ယာဥ္တိုက္မႈျဖစ္ခဲ့တဲ့ YBS ယာဥ္ေမာင္းဟာ မွတ္ပုံတင္ထားျခင္းမရွိတဲ့ ယာဥ္ေမာင္းျဖစ္တာေၾကာင့္ ျပစ္မႈအတြက္ YUPT ကုမၸဏီကလည္း သက္ဆိုင္ရာ ယာဥ္ထိန္းရဲတပ္ဖြဲ႕နဲ႔ပူးေပါင္းၿပီး ေနရပ္လိပ္စာ အတိအက်သိႏိုင္ေအာင္စုံစမ္းေနသလို ဥပေဒနဲ႔အညီ အေရးယူႏိုင္ဖို႔ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

YBS ၄၀ ရဲ႕ ယာဥ္လိုင္းကုမၸဏီျဖစ္တဲ့ YUPT ကုမၸဏီကလည္း ေသဆုံးသြားသူေတြအတြက္ ေငြက်ပ္ ၃ သိန္းစီ လႉဒါန္းေထာက္ပံ့မႈကို ဇြန္လ ၃ ရက္ေန႔က မိသားစုထံကို ေပးအပ္ခဲ့ပါတယ္။

သတင္း- သင္းသင္းေဇာ္ DVB TV News

About the author

Aung Lay

Leave a Comment